အခန်း ၁၆၇၈
Vol. 112 Ch. 1678
အပိုင်း ( 1678 ) မင်းက ကိုယ့်မျက်နှာကို ပြန်ရိုက်မိတာ မနာဘူးလား။
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားကို ကိုင်တွယ်ရန် လွန်ခဲ့သော သုံးနှစ်ကကဲ့သို့ လက်တွဲခဲ့ကြောင်း လူတိုင်းသိလိုက်ကြသည်။
"လာစမ်းပါ"
နဂါးနတ်ဘုရားတောင်ကြားမှ တပည့်က တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားသည်။ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်ကို ရန်စနေသောအကြည့်ဖြင့် ကြည့်လိုက်၏။
"မင်းက အတော်မောက်မာနေတာပဲ။ မင်းက မြန်မြန်သေချင်နေမှတော့ ကူညီပေးမယ်"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်က အေးစက်စက် ပြောလိုက်သည်။
"မင်းက ငါ့ကိုသတ်ချင်နေတာလား။ ဒါဆိုရင် ငါတို့ ဘာဖြစ်လို့ အလောင်းအစားမလုပ်ရမှာလဲ။ မင်းငါ့ကို မသတ်နိုင်ရင် မင်း ဒူးထောက်ပြီး ငါ့ကို အရိုအသေပေးရမယ်"
နဂါးနတ်ဘုရားတောင်ကြား၏ တပည့်က လှောင်ပြောင်လိုက်သည်။
ကျောက်စိမ်းအဆောင်တစ်ခုကို ပိုင်ဆိုင်ထားခြင်းကြောင့် သူ့အသက်ကို ကာကွယ်ရန် ယုံကြည်မှု ရှိလာကာ သတ္တိလည်း ပိုကောင်းလာ၏။
"ကောင်လေး၊ မင်းက တကယ်ကို သေချင်နေတာပဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်က ချက်ချင်း တိုက်ခိုက်လိုက်သည်။
နဂါးနတ်ဘုရားတောင်ကြား၏ တပည့်က တိုက်ပွဲစင်မြင့်အစွန်းသို့ ချက်ချင်း လှည့်ပြေးလေ၏။
သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်က သူ့ကို ခဏချင်းလိုက်မီလာကာ ဓားဖြင့် ခုတ်ထစ်လိုက်သည်။ သို့သော်... ယခင်တိုက်ပွဲကဲ့သို့ပင် နဂါးနတ်ဘုရားတောင်ကြား၏ တပည့်ကို တောက်ပသောအလင်းရောင်က လွှမ်းခြုံသွားသည်။ နောက်အခိုက်အတန့်တွင် သူက မီတာသုံးရာအကွာတွင် ပြန်ပေါ်လာပြီး တိုက်ပွဲစင်မြင့်မှ ပြေးထွက်သွား၏။
"မင်းငါ့ကိုသတ်လို့မရဘူးလို့ ငါပြောပါတယ်။ မင်းက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူဖြစ်ရင်တောင် ဘာဖြစ်လဲ"
နဂါးနတ်ဘုရားတောင်ကြား၏ တပည့်က မာနထောင်လွှားစွာ ပြောလိုက်သည်။
"ချီးပဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်လည်း အံတကြိတ်ကြိတ်ဖြင့်ကြည့်ကာ အမှတ်စဉ်နှစ် စင်မြင့်သို့ ပြန်သွားတော့သည်။
"နောက်ထပ် အဆောင်တစ်ခု သုံးလိုက်ပြန်ပြီ... လူတိုင်းမှာ တစ်ခုစီရှိတယ်လို့တော့ ငါ့ကို မပြောနဲ့"
"မဖြစ်နိုင်ပါဘူး၊ ဒီလို အဆောင်မျိုးက အရမ်း အဖိုးတန်တယ်။ နဂါးနတ်ဘုရားတောင်ကြားမှာ အများကြီး မရှိနိုင်ဘူး"
ပတ်ဝန်းကျင်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။
"နဂါးနတ်ဘုရားတောင်ကြားက သူတို့အသက်ကို ကယ်တင်ဖို့ ဒီလောက်အဖိုးတန်တဲ့ ရတနာတစ်ခုကို ပေးအပ်ထားတာပဲ။ တကယ်ကို စေတနာပါပေမဲ့... အသက်မသေရုံလေး ကာကွယ်နိုင်တာက ဘာအသုံးဝင်မှာလဲ။ မင်းတို့ ဒီအတိုင်းရှုံးနိမ့်နေရင် နဂါးနတ်ဘုရားတောင်ကြားက ပထမဆုံး ဖယ်ထုတ်ခံရလိမ့်မယ်"
လော့ရွှေဟန်က အေးစက်စက် ပြောလိုက်သည်။
ပြောမဲ့သော ပြောရသော်လည်း သူ မကျေနပ်လှပေ။ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များကိုသတ်မည်ဟု ကြုံးဝါးထားသော်လည်း ယခုအခါ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များက လွတ်မြောက်သွားကြသည်။
"ဟုတ်လား"
လုမင်က အမူအရာမပြောင်းဘဲ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
စိန်ခေါ်မှုများက ဆက်ဖြစ်နေပြီး မကြာမီ ကောင်းကင်အဆိပ်ဂိုဏ်း၏ အလှည့်သို့ ကျရောက်လာသည်။
မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်အဆိပ်ဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြား၏ တပည့်ကို စိန်ခေါ်ရန် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်လိုက်၏။ သို့သော် နဂါးနတ်ဘုရားတောင်ကြား၏ တပည့်က အသက်ကယ်အဆောင်ဖြင့် တိုက်ပွဲစင်မြင့်မှ ပြေးထွက်ခဲ့ပေသည်။
လူတိုင်း တုန်ယင်သွားကြသည်။
'နတ်နဂါးတောင်ကြားက လူတိုင်းကို အဆောင်တွေ ပေးနေတယ်လို့တော့ မပြောနဲ့'
သို့သော်လည်း ဤအရာက အသုံးမဝင်ပါ။ သူတို့ ရှင်သန်နိုင်လျှင်ပင် ဂိုဏ်းကြီးသုံးခု၏ ပစ်မှတ်ထားခံနေရသည်။ သူတို့က သေချာပေါက် ရှုံးနိမ့်ပြီး ပထမဆုံး ဖယ်ထုတ်ခံရသူ ဖြစ်လာလိမ့်မည်။ ထိုအချိန်တွင်၊ သူတို့က တင်းပေါင်ညီလာခံ၌ပင် ပါဝင်နိုင်မည် မဟုတ်တော့ပါ။
လွန်ခဲ့တဲ့သုံးနှစ်က လုမင် ရှိခဲ့သည်။ နောက်ဆုံးတွင် လုမင်တစ်ဦးတည်းဖြင့် အားလုံးကို အနိုင်ယူခဲ့ပေသည်။
ဤတစ်ခါမှာတော့ နဂါးနတ်ဘုရားတောင်ကြားတွင် မည်သူရှိသနည်း။
ထို့ပြင်၊ ဤတစ်ခေါက်မှာ နဂါးနတ်ဘုရားတောင်ကြားမှ ပါရမီရှင်များ၏ အရည်အချင်းက လွန်ခဲ့သည့် သုံးနှစ်ကထက် နိမ့်ကျသည်ဟု ပြောကြသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှာတော့ သူတို့၏ ပါရမီရှင်များက လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုအားကောင်းလာကြ၏။ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာဖြင့် ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ပါရမီရှင်လေးဦးပင် ရှိသေးသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှာလည်း လွန်ခဲ့သော သုံးနှစ်ကထက် အားနည်းခဲ့သည် မဟုတ်ပေ။
ထိုအခြေအနေမျိုးတွင် နဂါးနတ်ဘုရားတောင်ကြားအတွက် လုံးဝ အခွင့်အရေးမရှိတော့ပါ။
ပြိုင်ပွဲက ဆက်လက်ကျင်းပနေပြီး မကြာမီ၊ နဂါးနတ်ဘုရားတောင်ကြားက စိန်ခေါ်ရမည့်အလှည့် ရောက်လာသည်။
လွန်ခဲ့သော သုံးနှစ်ကနှင့် ကွာခြားသည်မှာ ယခုတစ်ကြိမ်တွင် နဂါးနတ်ဘုရားတောင်ကြားရှိ တပည့်များက အသက်ကယ် အဆောင်များရှိပြီး အေးအေးလူလူ တန်ပြန်တိုက်ခိုက်နိုင်ခြင်းပင်။
နဂါးနတ်ဘုရားတောင်ကြား၏ လူငယ်ခေါင်းဆောင်က ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူကို စေလွှတ်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကိုသတ်ခဲ့သည်။
ကောင်းကင်ဘုနတ်ဘုရားဂိုဏ်းမှ တပည့်များနှင့် လော့ရွှေဟန်၏ မျက်နှာက မည်းမှောင်သွားသည်။
သူတို့က နဂါးနတ်ဘုရားတောင်ကြားမှ တပည့်တစ်ဦးကိုပင် မသတ်နိုင်သေးပေ။ သို့ရာတွင်၊ သူတို့ထဲမှ တစ်ယောက်ကို နဂါးနတ်ဘုရားတောင်ကြားက သတ်ပစ်လိုက်သည်။
"ဒီနေ့ နဂါးနတ်ဘုရားတောင်ကြားက ပထမဆုံး ဖယ်ရှားခံရလိမ့်မယ်"
လော့ရွှေဟန်က အေးစက်စက် ပြောလိုက်သည်။
"လော့မျိုးရိုးနဲ့ကောင်... မင်းရဲ့ပါးစပ်ကို ပိတ်ထားလို့ရမလား။ မင်းက ပွဲမစခင်ကတည်းက ငါ့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေကို သတ်ချင်တယ်လို့ တဖွဖွပြောနေတာပဲ။ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေကို ချေမှုန်းဖို့ မင်းပါးစပ်ကို အားကိုးလို့ရတယ် ထင်နေတာလား။ ကိုယ့်မျက်နှာကို ပြန်ရိုက်မိတဲ့အခါ နာကျင်မှုကို မခံစားရဘူးလား"
လုမင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဟားဟားဟား"
"ဟားဟား၊ ရယ်ရတယ်ဟေ့"
ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် လုမင်အနားရှိ အခြားသူများက ရယ်မောလိုက်ကြသည်။ နဂါးနတ်ဘုရားတောင်ကြား၏ အခြားတပည့်များကလည်း ဟားတိုက်ကာ ရယ်မောကြ၏။
လော့ရွှေဟန်က သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားကာ သူ့သွေးကြောများပင် ထောင်ထလာတော့သည်။
မကြာမီ ၊ ပထမအချီပြီးပြီး ဒုတိယအကျော့ကို စတင်ခဲ့သည်။
ဒုတိယအကျော့ကလည်း ပထမအကြိမ်နှင့် အတူတူပင်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က နဂါးနတ်ဘုရားတောင်ကြားကို စိန်ခေါ်ရန် ၎င်းတို့၏ ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။ သို့သော်... နဂါးနတ်ဘုရားတောင်ကြားမှ လူတိုင်းတွင် အဆောင်များ ရှိကြသောကြောင့် မည်သူမျှ မသေခဲ့ကြပေ။
အခြားသော ဂိုဏ်းပေါင်းစုံမှ လူအားလုံး အံသြသွားကြသည်။
နဂါးနတ်ဘုရားတောင်ကြားတွင် သူတို့ကိုယ်သူတို့ ကာကွယ်ရန် အဆောင်များ အများကြီးရှိသည်။
ဤအဆောင်မျိုးက အခြားနေရာများတွင် အသုံးမ၀င်ပါ။ ခွန်အားကွာခြားချက် အလွန်ကြီးမားပါက ရန်သူသည် ၎င်းတို့ကို အလွယ်တကူ သတ်နိုင်မည် ဖြစ်သည်။
သို့ရာတွင်၊ တိုက်ပွဲစင်မြင့်မှာတော့ မတူတော့ပေ။
တိုက်ပွဲစင်မြင့်တွင် မီတာသုံးရာက တိုက်ပွဲစင်မြင့်မှ လွတ်မြောက်ပြီး အသက်ကိုကယ်တင်ရန် လုံလောက်သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းနှစ်ခုလည်း ဘာမျှမတတ်နိုင်ကြပေ။ ထို့ထက် ကောင်းကင်နတ်ဘုရားဂိုဏ်းကို သွေးအန်စေသည့်အရာမှာ နဂါးဘုရားတောင်ကြားက သူတို့ကို စိန်ခေါ်သောအခါ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အားနည်းသူကိုသတ်ရန် ၎င်းတို့၏ ကျွမ်းကျင်သူများကို စေလွှတ်လိုက်ခြင်းပင်။
သူတို့က နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များကို မသတ်နိုင်သော်လည်း... နဂါးနတ်ဘုရားတောင်ကြားက သူတို့ကို သတ်နိုင်နေသည်။
ထို့နောက်ပိုင်း ပွဲစဉ်တိုင်းက အတူတူပင်။
အလှည့်တိုင်းတွင် နဂါးနတ်ဘုရားတောင်ကြားက တပည့်သုံးဦးကို ဆုံးရှုံးရသော်လည်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်တစ်ဦးကို သတ်ခဲ့သည်။
မကြာခင်မှာပဲ ရှစ်ကြိမ်မြောက် ပြီးသွားပြီ။
နဂါးနတ်ဘုရားတောင်ကြားမှ လူ နှစ်ဆယ့်လေးဦး ရှုံးနိမ့်ခဲ့ပြီး လူ ဆယ့်နှစ်ဦးသာ ကျန်ရှိတော့သည်။
သို့သော်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူရှစ်ဦးလည်း နဂါးနတ်ဘုရားတောင်ကြား၏ အသတ်ခံခဲ့ရသည်။ ၎င်းတို့အားလုံးက ပါရမီရှင်များဖြစ်သောကြောင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ သွေးအန်ခဲ့ရပေသည်။
လွန်ခဲ့သည့် သုံးနှစ်က နဂါးနတ်ဘုရားတောင်ကြား၏ သတ်ဖြတ်ခံရခြင်း ခံစားချက်ကို နောက်ဆုံးတွင် သူတို့လည်း မြည်းစမ်းခဲ့ကြရသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းအတွက် လွတ်လမ်းမရှိပေ။ သူတို့၏ ဆုံးရှုံးမှုများကို လျှော့ချရန်အတွက် နဂါးနတ်ဘုရားတောင်ကြားကို တတ်နိုင်သမျှ မြန်မြန်ဖယ်ရှားရုံသာ ရှိသည်။
ကိုးကြိမ်မြောက်တွင်...
"ဝှစ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။ အားကောင်းသော ရောင်ဝါတစ်ခုက ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွား၏။
သူက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည်။
သူက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အသန်မာဆုံး ပါရမီရှင်လေးပါးတွင် တစ်ဦးမဟုတ်သော်လည်း၊ ပါရမီရှင်တစ်ဦး ဖြစ်နေသေးသည်။
သူက နဂါးနတ်ဘုရားတောင်ကြားကို မော့ကြည့်လိုက်သည်။
နဂါးနတ်ဘုရားတောင်ကြားမှ ကျန်ရှိသောလူ ဆယ့်နှစ်ယောက်က ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများ ဖြစ်၏။
"ဟိုမိန်းကလေး၊ ဆင်းခဲ့စမ်း"
ကောင်းကင်နတ်ဘုရာူဂိုဏ်းမှ ပါရမီရှင်က ချိုးရင်ရင်ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
'နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီ'
ချိုးရင်ရင်၏ မျက်လုံးများက တောက်ပလာပြီး
တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လှမ်းသွားလေသည်။
"မင်းမှာ အသက်ကယ်အဆောင် ရှိတယ် မဟုတ်လား။ ဒီလိုဆိုရင် မင်းကိုယ်တိုင်ပဲ တိုက်ပွဲစင်မြင့်ပေါ်ကနေ ဆင်းသွားလိုက်ပါ။ ငါ လက်မပါချင်ဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်က ပြောလိုက်သည်။
ချိုးရင်ရင်၏ ကျင့်ကြံမှုက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ ထို့ပြင် သူမက သန်မာပုံမရဘဲ သူမ၏အသက်ဓာတ်ကလည်း မပြင်းထန်ပါ။ သူမက သာမန် ဝိညာဉ်ခန္ဓာပိုင်ရှင်ဖြစ်ကြောင်း ထင်ရှားသည်။
နဂါးနတ်ဘုရားတောင်ကြားက သာမန် ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် လူတစ်ယောက်ကိုပင် စေလွှတ်ခဲ့၏။ သူတို့တွင် တခြားပါရမီရှင်များ မရှိတော့ပုံပင်။
"ကျစ်ဖုန်း... လုမင်၊ မင်းတို့က သာမန် ဝိညာဉ်ခန္ဓာနဲ့ မိန်းကလေးတစ်ယောက်ကို တကယ် ပါဝင်ခွင့်ပေးထားကြတာပဲ။ နဂါးနတ်ဘုရားတောင်ကြားက ဒီလောက်တောင် အခြေအနေဆိုးနေပြီလား။ သင့်တင့်လျောက်ပတ်တဲ့လူကိုတောင် မလွှတ်နိုင်ဘူးလား"
လော့ရွှေဟန်က လှောင်ပြောင်လိုက်သည်။
နဂါးနတ်ဘုရားတောင်ကြားကို လှောင်ပြောင်ရန် အခွင့်အရေးတိုင်းကို သူက လက်မလွှတ်ခဲ့ပေ။
"ခဏနေမှ မင်းမျက်နှာကို ထပ်မရိုက်မိစေနဲ့"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။