← Chapters

အခန်း ၁၆၈၀

Vol. 112 Ch. 1680

အခန်း ၁၆၈၀

Vol. 112 Ch. 1680

အပိုင်း ( 1680 ) အဲဒါကြောင့် ရပ်လိုက်ဖို့‌ ပြောတာ။

"ကောင်မလေး၊ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ အညံ့ခံပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဝင်ပါ... မင်းကို ချမ်းသာပေးမယ်"

ချိုင်ယင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဤသို့သော မိန်းကလေးတစ်ယောက်ကို သတ်ပစ်ရန်က ရှက်စရာပင်။

"မဟုတ်ဘူး... မဟုတ်ဘူး"

ဆုလဲ့က ခေါင်းကို တွင်တွင်ခါလိုက်သည်။

"ငါ အရှုံးမပေးဘူး။ ငါက နဂါးနတ်ဘုရားတောင်ကြားက တပည့်တစ်ယောက်ပါ။ ငါ နင့်ကို မသတ်ချင်တာကြောင့် ဒီမှာပဲရပ်လိုက်ဖို့ ပြောနေတာ"

"ဘာကြီး"

လူအတော်များများ အံသြသွားကြသည်။

ချိုင်ယင်ကို မသတ်လိုသောကြောင့် ရပ်လိုက်ကြရန် ပြောခြင်းဖြစ်သလော။

လူတော်တော်များများက ခေါင်းယမ်းကာ ရယ်မောလိုက်ကြသည်။

ချိုင်ယင်က တင်းပေါင်ညီလာခံတွင် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ်က လုမင်ကဲ့သို့ မကောင်းဆိုးရွားမဟုတ်လျှင် ချိုင်ယင်ကို မည်သူမျှ သတ်နိုင်မှာမဟုတ်ပါ။ အလွန်ဆုံး သူ့ကို အနိုင်ယူနိုင်မျှသာ ရှိမည်။

"ကောင်မစုတ်လေး၊ မင်းက အပြစ်ကင်းတဲ့ ဟန်ဆောင်နေတာပဲ။ မင်းက သေချင်နေတာ"

ချိုင်ယင် ဒေါသထွက်သွားသည်။ သူ့မျက်လုံးများမှာလည်း အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်သွား၏။

ဆုလဲ့က သူနှင့်ကစားနေတာဟုပင် သူထင်ခဲ့သည်။

"ဝုန်း"

ချိုင်ယင်၏ ခန္ဓာကိုယ်က တောက်ပလာပြီး ဆုလဲ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ အဝါရောင် လက်ဝါးကြီးတစ်ဖက်က ဆုလဲ့အပေါ်ကို ဖိချလိုက်၏။

ချိုင်ယင်က ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သန့်စင်သောကျင့်စဉ်ကို မလေ့ကျင့်ပေ။ သူ လေ့ကျင့်ထားသည်က သက်သက်ဖြစ်သည်။

ဆုလဲ့၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံ ထွက်ပေါ်လာသည်။ ထို့နောက် ဆုလဲ့က လက်ဖဝါးတစ်ဖက်ကို တွန်းထုတ်လိုက်သည်။

"ဝုန်း"

ဆုလဲ့၏ လက်သေးသေးလေးက ဧရာမ လက်ဝါးကြီးကို ပုတ်လိုက်သည်။ ဧရာမ လက်ဝါးကြီးက အေးခဲသွားပုံရပြီး ကွဲအက်သွား၏။

"တောင်ဖြိုလက်သီး"

ချိုင်ယင်က တိုက်ခိုက်မှု မအောင်မြင်သောကြောင့် လက်နှစ်ဖက်စလုံးဖြင့် အပြင်းအထန် ထိုးကြိတ်လိုက်သည်။ ဧရာမ လက်သီးကြီးများက တောင်ကြီးများကဲ့သို့ ဆုလဲ့ထံ တိုးဝင်လာတော့သည်။

ဆုလဲ့၏ ခန္ဓာကိုယ်ကလေးက ဧရာမ လက်သီးကြီးများအောက်တွင် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ပုံ ရသည်။

နဂါးနတ်ဘုရားတောင်ကြားမှ လူအချို့၏ နှလုံးသားများကလည်း အခုန်မြန်လွန်းသဖြင့် လည်ချောင်းထဲသို့ပင် ရောက်လာတော့မည်ဟု ထင်ရလေသည်။

ရုတ်တရက်၊ ဆုလဲ့၏ ခန္ဓာကိုယ်ပေါ်တွင် မဟူရာရောင် ယင်မြစ်တစ်စင်း ပေါ်လာသည်။ မြစ်ကြီးက ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ရာ အေးစက်သောလေကို ထုတ်လွှတ်လိုက်သည်။

မဟူရာမြစ်ကြီးက ဆုလဲ့၏ ခန္ဓာကိုယ်ကို ဝန်းရံထား၏။ သူမက လက်ဝါးဖြင့် ပေါ့ပေါ့ပါးပါး ရိုက်လိုက်သောအခါ ကြောက်စရာကောင်းအောင် အေးစက်နေသော ရေစီးကြောင်းများ ထွက်လာတော့သည်။ တောင်ကြီးကဲ့သို့ ဧရာမ လက်သီးများ ကွဲအက်သွားကြသည်။

ထို့နောက်တွင် ဆုလဲ့က ချိုင်ယင်ဆီသို့ ပြေးသွားသည်။ လက်ဝါးရိုက်သံနှင့်အတူ၊ မဟူရာမြစ်ကြီးက မဟူရာနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွား၏။ မဟူရာနဂါးကြီးက လေထဲတွင် ကခုန်နေကာ သူ့လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ချိုင်ယင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ သို့သော်... မဟူရာနဂါးကြီး ဖြတ်သန်းသွားရာ နေရာတိုင်းမှ သူ၏ တိုက်ခိုက်မှုများအားလုံး ပျက်စီးသွား၏။

ချိုင်ယင် အံ့ဩသွားသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့ရှေ့တွင် မြေဝါရောင် နံရံ ဆယ့်ရှစ်ခု ပေါ်လာ၏။ သူက မဟူရာနဂါးကြီး၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

သို့သော် ရွှမ်ယင် မဟူရာနဂါးကြီးက ဟိန်းဟောက်ပြီး ရွှမ်ယင်မြစ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှမ်ယင်မြစ်က လျင်မြန်စွာ ကျယ်ပြန့်လာပြီး ချိုင်ယင်ကို ဖုံးအုပ်လိုက်တော့သည်။

"သိမ်းလိုက်"

ဆုလဲ့က ခပ်တိုးတိုးပြောပြီး ရွှမ်ယင်မြစ်ကြီးကို ပြန်ရုတ်သိမ်းလိုက်သည်။ ချိုင်ယင်က တိုက်ပွဲစင်မြင့်ပေါ်တွင် တောင့်တောင့်ကြီး ရပ်နေ၏။ သူ့ခန္ဓာကိုယ်မှာတော့ အသက်ဓာတ် ရောင်ဝါမရှိတော့ပေ။

သေပြီ။

ချိုင်ယင်မှာ ဆုလဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။

"ခွမ်း"

ထိုအချိန်တွင် ချိုင်ယင်၏ ခန္ဓာကိုယ်က ရေခဲတုံးကဲ့သို့ ကွဲအက်သွားသည်။

လူအားလုံးက အသက်ပြင်းပြင်းရှူရင်း တအံ့တဩဖြင့် ဆုလဲ့ကို ကြည့်လိုက်ကြလေသည်။

ရှက်ရွံ့တတ်ပြီး အန္တရာယ်ကင်းပုံရသော ဆုလဲ့က ချိုင်ယင်ကို အမှန်တကယ် သတ်ပစ်လိုက်သည်။

ချိုင်ယင်က မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာဖြင့် ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ဆုလဲ့က သူ့ကို အလွယ်တကူ သတ်နိုင်ခဲ့ပေသည်။

"ကောင်းတယ်ဟေ့"

နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များက ကျေနပ်အားရစွာ အော်ဟစ်လိုက်ကြသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှာတော့ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

လော့ရွှေဟန်၏ မျက်နှာကလည်း ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေပြီ ဖြစ်သည်။

မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာဖြင့် ပါရမီရှင်တစ်ဦး ကျဆုံးသွားပြီ။ ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာဖြင့် ပါရမီရှင်တစ်ဦးက စန်းပြည်နယ်၏ ထွတ်မြတ် ပါရမီရှင်ဆယ်ဦးအနက် တစ်ဦးဖြစ်လာရန် အလားအလာ ရှိပေသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းက လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ပို၍ အားကောင်းလာခဲ့သည်။ သူတို့က စန်းပြည်နယ်ရှိ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်လာခဲ့၏။ ထို့ကြောင့်လည်း ပါရမီရှင် အများအပြားကို ခေါ်ယူနိုင်ခဲ့ပေသည်။ အခြားဂိုဏ်းများဆိုလျှင် ပါရမီရှင်တစ်ဦး၊ နှစ်ဦးရှိလျှင်ပင် လုံလောက်သည်။

'နဂါးနတ်ဘုရားတောင်ကြားက လွန်ခဲ့တဲ့သုံးနှစ်က သူတို့လုပ်ခဲ့တဲ့အတိုင်း ကစားပွဲတွေကို ပြောင်းပြန်လှန်တော့မှာလား'

လူတော်တော်များများ၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာခဲ့သည်။

ဆုလဲ့က အဆင့်မြင့် ပါရမီရှင်ကိုပင် အမှန်တကယ် သတ်နိုင်ခဲ့၏။ သူမက တိုက်ပွဲ၏ ရေစီးကြောင်းကို ပြောင်းလဲရန် အမှန်တကယ် ခွန်အားရှိသည်။

အခြားဂိုဏ်းများ၏ ထိပ်တန်း ပါရမီရှင်များက ဆုလဲ့အား ကြောက်ရွံ့မှုတို့ဖြင့် လေးလေးနက်နက် ကြည့်လိုက်ကြလေသည်။

နဂါးနတ်ဘုရားတောင်ကြားမှ လူများစွာကတော့ လုမင်အား သဘောကျစွာ ကြည့်လိုက်ကြ၏။

ဆုလဲ့နှင့် ချိုးရင်ရင်တို့ကို လုမင်မှ အကြံပြုထားခြင်းဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ သို့ရာတွင်... သူတို့ကို ဤမျှ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

လုမင်လည်း ကျေနပ်စွာ ပြုံးလိုက်သည်။ တူညီသောအဆင့်ရှိ ဝိညာဉ်ခန္ဓာများကြားတွင်လည်း ခွန်အားကွာခြားချက်များ ရှိ၏။ ဆုလဲ့၏ လျှို့ဝှက်ဆန်းကြယ်သော ရွှမ်ယင်နဂါး ဝိညာဉ်ခန္ဓာက ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။

"ငါ နင့်ကို အဝေးကြီး မသွားဖို့ ပြောပေမဲ့ နင်က နားမှမထောင်တာ"

ဆုလဲ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူမ၏အသံက တိုးသော်လည်း လူတိုင်းကြားနေရ၏။ လူတော်တော်များများ ဆွံ့အသွားကြသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများမှာတော့ သွေးချင်စိတ်ဖြစ်နေကြတော့သည်။

ဆုလဲ့၏ တိုက်ခိုက်နိုင်စွမ်းက ဤမျှအားကောင်းနေမှန်း မည်သူက ကြိုသိပါမည်နည်း။

ဆုလဲ့က တစ်ယောက်တည်း ရေရွတ်ကာ ပါဝင်သူစင်မြင့်ပေါ်သို့ ပြန်တက်ခဲ့သည်။

"ဂုဏ်းတူအစ်ကိုလုမင်၊ ကျွန်မ... ကျွန်မရဲ့ လှုပ်ရှားမှုက အဆင်ပြေရဲ့လား"

ဆုလဲ့က လုမင်ကိုကြည့်ပြီး မဝံ့မရဲ မေးလိုက်သည်။

"အင်း၊ မဆိုးပါဘူး။ ဒါပေမဲ့ ဆုလဲ့... မင်းရဲ့ရန်သူတွေကို ရင်ဆိုင်တဲ့အခါမှာ သက်ညှာမပေးရဘူး။ မဟုတ်ရင် မင်းနဲ့ မင်းမိသားစုကို ပြန်သတ်သွားလိမ့်မယ်။ နားလည်ရဲ့လား"

လုမင် ပြောလိုက်၏။

"ဟုတ်၊ ဆုလဲ့ နားလည်ပါတယ်"

ဆုလဲ့က ခေါင်းညိတ်လိုက်လေသည်။

ယင်းက ကောင်းကင်နတ်ဘုရားသခင်ဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့မှ တပည့်များ၏ နှလုံးသားများကို လေးလံသွားစေခဲ့သည်။။

"ငါတို့ရဲ့ နည်းဗျူဟာကို ပြောင်းလဲရမယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လူငယ်ခေါင်းဆောင်က ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားသခင်ဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ လူငယ်ခေါင်းဆောင်များ မျက်နှာမကောင်းကြပေ။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

အစပိုင်းတွင် သူတို့ဟာ နဂါးနတ်ဘုရားတောင်ကြားကို ဦးစွာ ချေမှုန်းပစ်ချင်ခဲ့ကြသည်။

ယခုမူ၊ နဂါးနတ်ဘုရားတောင်ကြားတွင် ထိပ်တန်း ပါရမီရှင်များကိုပင် သတ်နိုင်သော ဆုလဲ့ ရှိ၏။ ယင်းက ပြဿနာကြီး ဖြစ်သည်။ အလှည့်ကျ ဆက်လက် တိုက်ခိုက်နေလျှင် သူတို့ လွယ်မည် မဟုတ်ပေ။

ထိုအချိန်တွင် တင်းပေါင်ညီလာခံ၌ပင် ပါဝင်နိုင်တော့မည် မဟုတ်ပါ။

သူတို့ခမျာ လွန်ခဲ့သည့်သုံးနှစ်ကကဲ့သို့ တူညီသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ကြသည်။ ထိပ်တန်း အင်အားစုဆယ်ခုတွင် ၎င်းတို့၏ ရပ်တည်ချက်ကို ဆက်ထိန်းထားရန် အားနည်းသော ဂိုဏ်းတချို့ကို ဖယ်ရှားပစ်နိုင်ခဲ့လေသည်။

ယင်းက သူတို့ကို အသည်းနာစေသည်။ သူတို့သည် မူလက အရှိန်အဟုန်ဖြင့် နဂါးနတ်ဘုရားတောင်ကြားကို ဦးစွာ ဖယ်ရှားလိုခဲ့သည်။ ယခုမူ သူတို့က လွန်ခဲ့သော သုံးနှစ်ကကဲ့သို့ တူညီသောလမ်းကို လျှောက်လှမ်းနေရပြီ။ ဒီ့ထက်ပိုပြီး ကမောက်ကမဖြစ်တာ မရှိနိုင်တော့ပေ။

အထူးသဖြင့် ဂိုဏ်းကြီးသုံးခုမှ လော့ရွှေဟန်၊ မော့ယန်နှင့် အခြား အဆင့်မြင့် ပါရမီရှင်များမှာ ပို၍ မျက်နှာပျက်လာခဲ့ကြသည်။

လွန်ခဲ့သည့်သုံးနှစ်က သူတို့လုပ်ခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်လာတော့မည်လော။

လူတော်တော်များများက ထိုသို့ တွေးလိုက်မိကြသည်။

ထိုသို့ဖြစ်လျှင် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းကြီးနှစ်ခုက ကြီးစွာသော အရှက်ရလိမ့်မည်။

ထို့နောက်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းက အားနည်းသော အင်အားစုကို စိန်ခေါ်ရန်အတွက် လူများကို စေလွှတ်ခဲ့သည်။ နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်သို့ ရောက်သောအခါ သူတို့ဂိုဏ်းကြီးသုံးခု၏ ထိပ်တန်းပါရမီရှင်များကို ဆက်လက်သတ်ဖြတ်ရန် လူများကို စေလွှတ်ခဲ့၏။

သို့သော်လည်း အဓိက ဂိုဏ်းကြီးသုံးခုမှာ လက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။

ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဆက်ဖြစ်နေခဲ့သည်။

‌အကျော့များစွာကြာပြီးနောက်... နောက်ဆုံးတွင် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့မှ အားနည်းသော အုပ်စုသုံးခုကို ဖယ်ရှားပစ်ခဲ့သည်။

ဤသို့ဖြင့် ထိပ်တန်း အင်အားစုဆယ်ခု မွေးဖွားလာ၏။

ထိပ်တန်း အင်အားစုဆယ်ခုမွေးဖွားပြီးနောက် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က နောက်ဆုံးတွင် နဂါးနတ်ဘုရားတောင်ကြားကို ဆန့်ကျင်ခဲ့ကြသည်။

"နဂါးဘုရားတောင်ကြားကို အလှည့်ကျ ချေမှုန်းကြရအောင်"

ဂိုဏ်းကြီးသုံးခုမှ ပါရမီရှင်များ၏ မျက်လုံးများက ခက်ထန်မှုတို့ ပေါ်လာသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားကို စိန်ခေါ်ရန် ထိပ်တန်း ပါရမီရှင်ကို ဦးစွာစေလွှတ်ခဲ့သည်။ ထိုတိုက်ပွဲတွင် ရေခဲနဂါးတောင်ကြားမှ ပါရမီရှင် ရှုံးနိမ့်သွား၏။

ထို့နောက် ကောင်းကင်နတ်ဆိုးဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြား၏ လူငယ်ခေါင်းဆောင်ကို တိုက်ခိုက်ရန် ထိပ်တန်း ပါရမီရှင်တစ်ဦးကို စေလွှတ်ခဲ့သည်။ တိုက်ပွဲက အလွန်ပြင်းထန်သော်လည်း နောက်ဆုံးတွင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ပါရမီရှင်က ပိုအားကောင်းလာ၏။ သူက နဂါးနတ်ဘုရားတောင်ကြား၏ လူငယ်ခေါင်းဆောင်ကို အနိုင်ယူခဲ့သည်။

ထိုသို့ဖြင့် ချိုးရင်ရင်နှင့် ဆုလဲ့သာလျှင် နဂါးနတ်ဘုရားတောင်ကြားတွင် ကျန်တော့သည်။

All Chapters