← Chapters

အခန်း ၁၆၈၁

Vol. 113 Ch. 1681

အခန်း ၁၆၈၁

Vol. 113 Ch. 1681

အပိုင်း ( 1681) ငေါက်ငမ်းသံ တစ်ချက်ဖြင့် လူတစ်ယောက်ကို သတ်ခြင်း။

အခြေအနေက လွန်ခဲ့သည့် သုံးနှစ်ကနှင့် ပို၍ တူလာသည်။ သို့ရာတွင်... ချိုးရင်ရင်နှင့် ဆုလဲ့က တိုက်ခိုက်မှုအားလုံးကို ခုခံကာကွယ်နိုင်မည်လော။

မကြာမီ၊ ကောင်းကင်အဆိပ်ဂိုဏ်း၏ အလှည့်သို့ ကျရောက်လာသည်။

"ချိုးရင်ရင်က စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အထူးကျွမ်းကျင်သူဖြစ်ရမယ်။ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက သန်မာပြီး ပုံရိပ်ယောင်တွေကို ဖန်တီးနိုင်တယ်။ ဒါကြောင့် မင်းလုပ်ရမှာက ငြိမ်ငြိမ်လေး ရပ်နေပြီး အဆိပ်‌ပိုးကောင်တွေနဲ့ ချိုးရင်ရင်ကို ကိုင်တွယ်လိုက်ရုံပဲ"

လော့ရွှေဟန်က ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်ထံသို့ အသံပို့လွှတ်ကာ ပြောလိုက်သည်။

ကောင်းကင်အဆိပ်ဂိုဏ်းမှ ပါရမီရှင်၏ မျက်လုံးများက တောက်ပလာသည်။ သူက လော့ရွှေဟန်အား ကျေးဇူးတင်ကြောင်း ဖော်ပြရန် လက်ယှက်ပြလိုက်၏။

'ဟမ့်၊ လုမင်... မင်းက စိတ်ဝိညာဉ်စွမ်းအား သန်မာတဲ့သူကို စေလွှတ်လိုက်ရုံနဲ့ ငါ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား။ အခု သူ ဘယ်လိုသေသွားမလဲဆိုတာ ကြည့်ရအောင်'

လော့ရွှေဟန်က အေးစက်စက်ဖြင့် လုမင်ကို လှမ်းကြည့်လိုက်သည်။

လော့ရွှေဟန်၏ အကြည့်ကို အာရုံခံမိသောအခါ လုမင်၏ နှုတ်ခမ်းများက လှောင်ပြောင်သရော်ဟန်ဖြင့် တွန့်ကွေးသွားလေသည်။

‌ထိုအချိန်တွင် ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်က တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်ဆင်းကာ ချိုးရင်ရင်ကို စိန်ခေါ်လိုက်သည်။

ချိုးရင်ရင်က တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားပြီးနောက် ဘေးဘက်တွင် မလှုပ်မယှက် ရပ်လိုက်၏။

နှစ်ယောက်သား မျက်နှာချင်းဆိုင်မိသည်နှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်က သူ့ခန္ဓာကိုယ်မှ အဆိပ်ငွေ့များကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ အဆိပ်ပိုးကောင်များက သူ့ခန္ဓာကိုယ်မှ ပျံထွက်သွားပြီး သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေတော့သည်။

သို့သော်... ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်က ကိုယ်တိုင် တိုက်ခိုက်ခြင်းမျိုး မပြုပါ။ ထိုအစား သူ့ပတ်ဝန်းကျင်မှ အဆိပ်ငွေ့များက ချိုးရင်ရင်ဆီသို့ တိုးသွားခဲ့သည်။

ထိုအချိန်တွင်၊ ချိုးရင်ရင်၏ မျက်လုံးများက နက်မှောင်သွားသည်။ ၎င်းတို့က မှောင်မိုက်ပြီး နားလည်ရခက်သော‌ တွင်းနက်ကြီးနှစ်ခုကဲ့သို့ပင်။

ထိုအချိန်တွင်၊ ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်က သူ့ပတ်ဝန်းကျင်မှ မြင်ကွင်းများ ပြောင်းလဲသွားကြောင်း သိလိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက ငရဲပြည်ပမာ ဖြစ်သွား၏။ မရေမတွက်နိုင်သော နတ်ဆိုးမိစ္ဆာများက ၎င်းတို့၏ နတ်ဆိုးလက်နက်များကို ဝှေ့ယမ်းကာ သူ့အား တိုက်ခိုက်လာကြတော့သည်။

"ထင်ယောင်ထင်မှားတွေ... ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲ"

ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်က သူ့ကိုယ်သူ တီးတိုးပြောဆိုရင်း မလှုပ်မယှက်ရပ်ကာ ရန်သူများကို ထိုးခုတ်ခွင့်ပြုလိုက်သည်။

နတ်ဆိုးများက အရိပ်များကဲ့သို့ သူ့ကို ဖြတ်သန်းသွားကြလေသည်။

"ဟားဟားဟား... အသုံးမဝင်ဘူး။ ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲ"

ကောင်းကင်အဆိပ်ဂိုဏ်း၏ လူငယ်လေးမှာ အလွန်ဝမ်းသာသွားသည်။ သူက ယွမ်ချီစွမ်းအင်ကို ဖြန့်ကျက်ရင်း အဆိပ်ငွေ့များကို ပို၍ ထုတ်လွှတ်လိုက်၏။ ပုံရိပ်ယောင်များကြောင့် ချိုးရင်ရင်က မည်သည့်နေရာတွင်ရှိမှန်း သူ မမြင်နိုင်ပါ။ သို့ရာတွင်... အဆိပ်ငွေ့များကို‌ တိုက်ပွဲစင်မြင့်တစ်ခုလုံးသို့ ဖြန့်ကျက်နေသရွေ့ သာမန်ဝိညာဉ်ခန္ဓာသာရှိသော ချိုးရင်ရင်က ကြာရှည်ထိန်းထားနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင်၊ ချိုးရင်ရင်က လှုပ်ရှားလာပြီး ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်ဆီသို့ လျှောက်သွားသည်။

လူအများက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြ၏။ ချိုးရင်ရင်က ထိုကဲ့သို့ပင် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်တစ်ဦးကို သတ်ပစ်ခဲ့သည် မဟုတ်ပါလား။

ယခုလည်း ထိုကဲ့သို့ ထပ်မံဖြစ်လာတော့မည်လော။

ချိုးရင်ရင်က ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်အရှေ့သို့ ရောက်လာပြီး ဓားဖြင့် ထိုးလိုက်သည်။

သို့သော် ထိုအချိန်တွင်၊ ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်ကို လှည့်ပတ်ပျံသန်းနေသော အဆိပ်ပိုးကောင်များက ဓားတစ်လက်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး ချိုးရင်ရင်ကို တိုက်ခိုက်လိုက်၏။ ချိုးရင်ရင်၏ အမူအရာက ပြောင်းသွားသည်။ သူမက ဓားရှည်ဖြင့် တိုက်ခိုက်ခြင်းကို တားဆီးခဲ့သော်လည်း သူ့ခန္ဓာကိုယ်က တုန်ခါကာ လွင့်သွားရသေးသည်။

တစ်ချိန်တည်းမှာပင်၊ အဆိပ်ငွေ့များက ချိုးရင်ရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူမ၏ အကာအကွယ် ယွမ်ချီစွမ်းအင်နှင့် တာအိုနယ်မြေကို ဆုပ်ဖြဲသွားခဲ့သည်။

"ဟားဟားဟား၊ ဒီနည်းလမ်းက အသုံးမဝင်ဘူးကွ။ ကောင်းကင်အဆိပ်ဂိုဏ်းရဲ့ အဆိပ်ပိုးကောင်တွေက သူ့ရန်သူရဲ့ အငွေ့အသက်ကို အာရုံခံနိုင်ပြီး အလိုအလျောက် တိုက်ခိုက်နိုင်တယ်။ ဒီမိန်းကလေး သေမှာ သေချာတယ်"

လော့ရွှေဟန်က ထရပ်ပြီး အားရကျေနပ်စွာ လှောင်ပြောင်ရယ်မောလိုက်သည်။

"မင်း မျက်နှာကို နောက်တစ်ကြိမ် ရိုက်ခံရမှာ မကြောက်ဘူးလား"

လုမင်က လော့ရွှေဟန်ကို လျစ်လျူရှုစွာ ကြည့်လိုက်၏။

"ဟမ့်၊ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက သန်မာပြီး ပုံရိပ်ယောင်တွေကို ဖန်တီးနိုင်ပေမဲ့ သူ့ကို ဘာမှမလုပ်နိုင်တော့ဘူးလို့ မထင်လိုက်နဲ့။ အခုချိန်မှာ သူ့ရဲ့ ပုံရိပ်ယောင်အားလုံးက အသုံးမဝင်တော့ဘူး။ သူ့ရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် သေရမှာ သေချာတယ်"

လော့ရွှေဟန်က ယုံကြည်မှုအပြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

သို့သော် ထိုအချိန်တွင် တိုက်ပွဲစင်မြင့်ပေါ်မှ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။

"သေ"

ချိုးရင်ရင်က အော်လိုက်သည်။ သူမ၏ အနက်ရောင် မျက်လုံးအစုံမှ ဓားနှစ်လက် ထွက်ပေါ်လာပြီး ကောင်းကင်အဆိပ်ဂိုဏ်းမှ ပါရမီရှင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ကောင်းကင်အဆိပ်ဂိုဏ်းမှ ပါရမီရှင်၏ ခန္ဓာကိုယ်ကို ပြင်းထန်သော အဆိပ်ငွေ့များက ဝန်းရံထားသော်လည်း နာကျင်စွာ အော်ဟစ်လိုက်ရ၏။ နောက်အခိုက်တွင် သူ့ခန္ဓာကိုယ်က တုံးခနဲ ပစ်လဲသွားတော့သည်။

သေပြီ။ ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်မှာ ထိုကဲ့သို့ပင် သေဆုံးသွားရသည်။

'ဒါက ဘယ်လိုဖြစ်နိုင်မလဲ'

လူတိုင်း တုန်လှုပ်သွားကြသည်။

ချိုးရင်ရင်၏ အော်သံတစ်ချက်ကိုသာ ကြားလိုက်ရပြီး ကောင်းကင်အဆိပ်ဂိုဏ်းမှ ထိပ်တန်း ပါရမီရှင် သေဆုံးသွားခြင်း ဖြစ်၏။ ထိုလူငယ်က ထိပ်တန်းမှ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

"ဒုန်း"

လော့ရွှေဟန်က ဒေါသတကြီးဖြင့် သူ့ထိုင်ခုံလက်ရန်းကို ရိုက်ချလိုက်ရာ အပိုင်းပိုင်း ကွဲကြေသွားသည်။ သူ့မျက်နှာကလည်း ပူ‌စပ်ပူလောင် ဖြစ်နေ၏။

ချိုးရင်ရင် သေပြီဟု သူပြောခဲ့သော်လည်း နောက်အခိုက်အတန့်တွင် ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်သာ သေဆုံးသွားခဲ့သည်။

ယင်းက သူ့မျက်နှာကို ရိုက်လိုက်သကဲ့သို့ပင်။

"လော့ရွှေဟန်... မင်းရဲ့မျက်နှာ မရောင်သေးဘူးလား"

လုမင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

အရာအားလုံးက လုမင်၏ မျှော်လင့်ချက်အတိုင်း ဖြစ်ပေသည်။

ချိုးရင်ရင်၏ လက်ရှိ စိတ်ဝိညာဉ်စွမ်းအားက သန်မာလွန်းလှသည်။ ၎င်းက နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ညီမျှ၏။

ယခင်က ချိုးရင်ရင်ဟာ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပညာရှင်အဆင့် စိတ်ဝိညာဉ်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။ ယခုတော့ ချိုးရင်ရင်သည် သူမ၏စွမ်းအားကို အမြင့်ဆုံး ထုတ်လွှတ်ပြီး နတ်ဘုရားဓားကျင့်စဉ်အား အသုံးပြုခဲ့၏။ ထို့ကြောင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ ပါရမီရှင်မှာ ခုခံနိုင်စွမ်းမရှိခဲ့ဘဲ သူ၏ နတ်ဘုရားဝိညာဉ် ဖျက်ဆီးခံလိုက်ရတော့သည်။

ဤပြိုင်ပွဲတွင် အသန်မာဆုံး ကျင့်ကြံသူက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူသာဖြစ်ပေရာ ချိုးရင်ရင်က အတားအဆီးမရှိတော့ပေ။

လွန်ခဲ့သည့်သုံးနှစ်က တင်းပေါင်ညီလာခံငယ်တွင် ပါဝင်ခဲ့စဉ်က လုမင်၏ စိတ်ဝိညာဉ်စွမ်းအားသည်ပင် လက်ရှိ ချိုးရင်ရင်လောက် မသန်မာခဲ့ပါ။

လုမင်၏ စကားသံက လော့ရွှေဟန်၏ မျက်နှာကို နီရဲသွားစေခဲ့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့၏ ပါရမီရှင်များအားလုံး တိတ်ဆိတ်သွားကြသည်။

ငေါက်ငမ်းသံတစ်ချက်ဖြင့် ချိုးရင်ရင်က ထိပ်တန်း ပါရမီရှင်တစ်ဦးကို သတ်ပစ်လိုက်၏။ ရှေ့ဆက်ပြီး မည်သို့ယှဉ်ပြိုင်ရမည်နည်း။

သူမ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ဤကဲ့သို့ တိုက်ခိုက်မှုကို ဘယ်နှစ်ခါ ထုတ်ဖော်နိုင်မှန်း သူတို့မသိပေ။

ချိုးရင်ရင်က ပြိုင်ဘက်၏ သိုလှောင်လက်စွပ်ကို ယူကာ စင်ပေါ်သို့ ပြန်တက်ခဲ့သည်။ ပြိုင်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲပင်။

ယခုအခါ နဂါးနတ်ဘုရားတောင်ကြားတွင် လူနှစ်ယောက်သာ ကျန်တော့သော်လည်း သူတို့ကို စိန်ခေါ်ဝံ့သူ မရှိပါဘူး။

မကြာမီ၊ နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ဖြစ်သည်။ ဆုလဲ့က တိုက်ပွဲစင်မြင့်သို့ လှမ်းဝင်ကာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ထိပ်တန်းပါရမီရှင်များထဲမှ တစ်ဦးကို ကြည့်လိုက်သည်။

ထိုပါရမီရှင်က လေးနက်သော အမူအရာဖြင့် ဆင်းသက်သွား၏။ ထိုသူက ဆုလဲ့နှင့် နှစ်ကွက်မျှသာ ယှဉ်ပြိုင်ပြီး ဆက်လက် မတိုက်ခိုက်ဝံ့ဘဲ နောက်လှည့်ကာ စင်ပေါ်မှ ထွက်ပြေးတော့သည်။

"ရွှမ်ယင်မြစ်"

ဆုလဲ့က ခပ်တိုးတိုး ပြောလိုက်သည်။ မဟူရာရောင် မြစ်ကြီးက ထိုသူနောက်သို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွား၏။

"မလုပ်နဲ့"

ထိုသူက သွေးပျက်ချောက်ချားစွာ အော်ဟစ်ပြီး အစွမ်းရှိသမျှ ရုန်းကန်လိုက်သည်။ သို့သော်... မလွတ်မြောက်နိုင်ဘဲ သေဆုံးသွားတော့သည်။

မဟူရာမြစ်ထဲမှာ အေးခဲပြီး သေဆုံးသွားရသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ထိပ်တန်း ပါရမီရှင်နှစ်ဦး သေဆုံးသွားပြီ။

"ချီးပဲ"

"ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ ဘာဆက်လုပ်ကြမလဲ။ နဂါးနတ်ဘုရားတောင်ကြားရဲ့ မိန်းကလေးနှစ်ယောက်က သန်မာလွန်းတယိ။ ငါတို့က သူတို့ကို မယှဉ်နိုင်ဘူး"

ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့၏ ထိပ်တန်း ပါရမီရှင်များ တုန်လှုပ်ချောက်ချားကုန်ကြသည်။

ဆုလဲ့နှင့် ချိုးရင်ရင်က သူတို့ကို ပစ်မှတ်ထားလျှင် သူတို့ သေလိမ့်မည်။

ဂိုဏ်းသုံးဂိုဏ်း၏ ကျန်ရှိသော ထိပ်တန်း ပါရမီရှင်အားလုံး အထူးကြောက်လန့်ကုန်ကြသည်။ သူတို့၏ အရည်အချင်းများဖြင့် ဤနေရာတွင် မသေချင်ကြပေ။

"လုမင်... တင်းပေါင်ညီလာခံမှာ နဂါးနတ်ဘုရားတောင်ကြားကို သွေးနဲ့ ပြန်ပေးဆပ်စေရမယ်"

လော့ရွှေဟန်က သွားကြားထဲမှ ထွက်သောလေသံဖြင့် ကြုံးဝါးလိုက်သည်။ ထို့နောက် လေထဲသို့ ခုန်လွှားကာ ထွက်ခွာသွား၏။

နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို သူ မကြည့်ချင်တော့ပေ။ ရလဒ်က ဆုံးဖြတ်ပြီးသွားပုံရသည်။

ဂိုဏ်းသုံးဂိုဏ်း၏ ကျန်ရှိသော ပါရမီရှင်များင တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ သူတို့က အသက်မသေရေးကိုသာ အာရုံစိုက်လိုက်ကြသည်။

ဟုတ်သည်၊ သူတို့၏ အသက်ကို ကယ်တင်နိုင်သော်လည်း ရှက်စရာကောင်းလှ၏။

မော့ယန်လည်း မတ်တပ်ထရပ်ပြီး ထွက်ခွာသွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက စိန်ခေါ်ရမည့် အလှည့်ကျသောအခါ ထိပ်တန်းပါရမီရှင်တစ်ဦးကို စေလွှတ်လိုက်သည်။ သို့သော်၊ သူက နဂါးနတ်ဘုရားတောင်ကြားကို မစိန်ခေါ်ခဲ့ပေ။ ထိုအစား၊ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ထိပ်တန်း ပါရမီရှင်တစ်ဦးကို စိန်ခေါ်ခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးက တိုက်ကွက် အနည်းငယ် ဖလှယ်ပြီးနောက် တိုက်ပွဲစင်မြင့်မှ ပြိုင်တူ ထွက်သွားကြလေသည်။

ယင်းကြောင့် ပရိသတ်က လှောင်ပြောင်လိုက်ကြသည်။

အထူးသဖြင့် နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များက အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်ကာ ရယ်မောနေကြတော့သည်။

All Chapters