← Chapters

အခန်း ၁၆၈၃

Vol. 113 Ch. 1683

အခန်း ၁၆၈၃

Vol. 113 Ch. 1683

အပိုင်း ( 1683 ) တင်းပေါင်ညီလာခံ စတင်ပြီ။

လုမင် သဘောပေါက်သွားပြီ။

ရှဲ့နျန်ကျွင်းက အလွန် ရည်မှန်းချက်ကြီးသည်။ သူမက ကောင်းကင်နတ်ဘုရားဂိုဏ်းတစ်ခုလုံးကို ထိန်းချုပ်ချင်နေ၏။

သို့သော်... ကောင်းကင်နတ်ဘုရားဂိုဏ်းကို ထိန်းချုပ်ရာတွင် နတ်ဘုရားသားတော်က နောက်ထပ် ဂိုဏ်းချုပ်နေရာအတွက် ရေပန်းအစားဆုံးဖြစ်သောကြောင့် နတ်ဘုရားသားတော်ကို ပထမဦးစွာ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ နတ်ဘုရားသားတော် ရှိနေသေးပါက ရှဲ့နျန်ကျွင်းအတွက် ကောင်းကင်နတ်ဘုရားဂိုဏ်းကို ထိန်းချုပ်ရန် ပို၍ခက်ခဲလိမ့်မည်။

လုမင်၏ လက်ကိုငှားပြီး နတ်ဘုရားသားတော်ကို ဖယ်ရှားလိုသောကြောင့် ဤလျှို့ဝှက်ချက်ကို ပြောပြခဲ့ခြင်း ဖြစ်သည်။

"ငါက အခုမှ သူတော်စင်တစ်ပိုင်းအဆင့်ပဲ ရှိသေးတာပါ။ နတ်ဘုရားသားတော်က တောက်ပသောသူတော်စင်နယ်ပယ် အဆင့်မြင့် အဆင့်ကို ရောက်နေပြီ။ မင်း ဒီလျှို့ဝှက်ချက်ကို ပြောပြခဲ့ရင်တောင် ငါက နတ်ဘုရားသားတော်နဲ့ မယှဉ်နိုင်မှာကို ကြောက်ရတယ်"

လုမင်က ရှဲ့နျန်ကျွင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"လုမင်... နင်က ရှမ်းဟွမ်တိုက်ကြီးရဲ့ ဝေးလံခေါင်သီတဲ့အရပ်က မိသားစုငယ်လေးကနေ လာခဲ့တဲ့သူပါ... ဒါပေမဲ့ ရှမ်းဟွမ်တိုက်ကြီးရဲ့ အထွတ်အထိပ် ပညာရှင်တွေကိုတောင်သတ်... နဂါးမဟာမိတ်ကို ထူထောင်ပြီး ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးကို ပေါင်းစည်းနိုင်ခဲ့တာ။ နတ်ဘုရားသားတော်က နင့်အတွက် ပြဿနာမဟုတ်ဘူးလို့ ငါယုံကြည်တယ်"

ရှဲ့နျန်ကျွင်းက ပြောလိုက်သည်။ ထို့နောက် ဆွဲဆောင်နေသလို လှပစွာ ပြုံးပြရင်း လှည့်ထွက်သွားလေသည်။

'ဒီမိန်းကလေးက အတော် ရည်မှန်းချက်ကြီးတယ်'

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ သို့သော်လည်း ရှဲ့နျန်ကျွင်း၏ သတင်းအချက်အလက်များက သူ့အတွက် အလွန်အသုံးဝင်ကြောင်း ဝန်ခံရမည်။

နတ်ဘုရားသားတော်က တောက်ပသောသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ ဖြတ်သွားသည့်အပြင်၊ အချိန်တိုအတွင်း တိုက်ခိုက်နိုင်စွမ်းကို များစွာ တိုးတက်လာစေနိုင်သည့် လျှို့ဝှက်ကျင့်စဉ်တစ်ခုကိုလည်း တတ်မြောက်ထားသည်။

လုမင်၏ ကျင့်ကြံမှုက နိမ့်ကျနေချိန်တွင်၊ သူ၏ တိုက်ခိုက်နိုင်စွမ်းကို အချိန်တိုအတွင်း တိုးမြှင့်နိုင်စေမည့် လျှို့ဝှက်ကျင့်စဉ်များစွာနှင့် ထိတွေ့ခွင့်ရခဲ့သည်။ သို့သော်လည်း၊ ထိုလျှို့ဝှက်ကျင့်စဉ်များ၊ ပညာရပ်များက လူတစ်ဦး၏ ကျင့်ကြံမှု အဆင့်နိမ့်သည့်အခါ၌သာ အသုံးဝင်သည်။ သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်တွင် ထိုလျှို့ဝှက်ကျင့်စဉ်များက လုံးဝ အသုံးမဝင်ပေ။

ဤနည်းဖြင့် လုမင်က သူ့ကိုယ်သူ ပြင်ဆင်ထားရတော့မည် ဖြစ်သည်။ မဟုတ်ဘဲ၊ နတ်ဘုရားသားတော်က ရုတ်တရက် ပေါက်ကွဲထွက်လျှင် သူ အန္တရာယ်ရှိလိမ့်မည်။

"တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်လား"

လုမင်လည်း ခပ်တိုးတိုးရေရွတ်ရင်း သူ့အခန်းထဲသို့ ပြန်သွားခဲ့သည်။

ထို့နောက် တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်ပြီး အစစ်အမှန်နဂါးအရိုးတစ်ခုကို ထုတ်ယူကာ ဝါးမျိုပြီး သန့်စင်လေသည်။

ဤအစစ်အမှန်နဂါးအရိုးကို လုမင်က အဓိပတိရတနာခန်းမမှ ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က မဟာသူတော်စင်နယ်ပယ် အစစ်အမှန်နဂါးကြီး၏ အရိုးများဖြစ်ကြပြီး ဝိညာဉ်အနှစ်သာရများလည်း အပြည့်ရှိ၏။

အချိန်များ ကုန်လွန်လာပြီး တစ်ရက်ပြီးတစ်ရက် ကုန်သွားသည်။ မကြာမီ၊ တင်းပေါင်ညီလာခံ စတင်မည့်အချိန် ရောက်လာပြီ။

လုမင်လည်း နောက်ဆုံးတွင် အစစ်အမှန်နဂါးအရိုး ကီလိုဂရမ် တစ်ထောင့်ငါးရာလုံးကို သန့်စင်ခဲ့သည်။

"မလုံလောက်သေးဘူး"

လုမင် သက်ပြင်းချလိုက်သည်။

မဟာသူတော်စင်အဆင့် အစစ်အမှန်နဂါးအရိုး ကီလိုဂရမ်တစ်ထောင့်ငါးရာစလုံးကို သန့်စင်ပြီးသည့်တိုင် လုမင်၏ ဝိညာဉ်ခန္ဓာက မပြောင်းလဲသေးပေ။ ၎င်းက ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာ ဖြစ်နေဆဲ ဖြစ်သည်။

ကောင်းကင်ဝိညာဉ်ခန္ဓာကို မြှင့်တင်ရန်အတွက် လိုအပ်သော အစစ်အမှန်နဂါး အနှစ်သာရ ပမာဏက စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။

လုမင်၏ ခန္ဓာကိုယ်ထဲတွင် အနှစ်သာရစွမ်းအင် ပမာဏများစွာကို သိမ်းဆည်းထားသော်လည်း ဆင့်ကဲပြောင်းလဲရန် မလုံလောက်သေးပေ။ အနာဂတ်တွင် သူ၏စွမ်းအင်များ ပေါက်ကွဲပြီး မတိုးတက်မီ အစစ်အမှန်နဂါး အနှစ်သာရများကို ပို၍ သန့်စင်ထားရမည် ဖြစ်သည်။

"တင်းပေါင်ညီလာခံအတွက် အချိန်နီးနေပြီ"

လုမင်လည်း တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်လိုက်သည်။

သူ တောင်နှင့်မြစ်ပန်းချီကားမှ ထွက်လိုက်သည်နှင့် တပြိုင်နက် ထျန်းချွေး၊ ရွယ်နင်ရှင်း၊ ဆုလဲ့၊ ချိုးရင်ရင်၊ ချိုးဟောက်နှင့် လုရှန်းရှန်းတို့ ရောက်လာကြ၏။

"နဝမမြောက် ဆရာတူညီလေး၊ မင်း နောက်ဆုံးတော့ ထွက်လာပြီ။ တင်းပေါင်ညီလာခံက စတင်တော့မယ်လေ၊ တခြားသူတွေနဲ့ သွားတွေ့ကြရအောင်"

ထျန်းချွေးက ပြောလိုက်သည်။

"ကောင်းပြီ"

လုမင် ခေါင်းညိတ်လိုက်သည်။ သူတို့အဖွဲ့က မြေကွက်ကျယ်တစ်ခုဆီသို့ ပျံသန်းသွား၏။ သူတို့ ရောက်လာသောအခါတွင် လူများစွာ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

‌ထိုနေရာတွင်၊ တင်းပေါင်ညီလာခံတွင် ပါဝင်မည့်သူများ ရှိနေကြလေသည်။ လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့လည်း ထိုသူများဆီသို့ ဆင်းသက်လိုက်သည်။

"ဂိုဏ်းတူညီလေး လုမင်"

ကျစ်ဖုန်းက လုမင်ကို နှုတ်ဆက်လိုက်သည်။

အခြား လူတချို့ကလည်း လုမင်ကို နှုတ်ဆက်ကြ၏။ လုမင်လည်း ပြုံးပြလိုက်သည်။

ဟုတ်သည်၊ ရင်ကျစ်စုန့်ကဲ့သို့ လုမင်ကို အေးစက်စက်ဖြင့် ကြည့်နေသူများလည်း ရှိသေးသည်။

သူတို့ကို နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များက ဝိုင်းရံထားကြသည်။ သူတို့ထဲတွင် အကြီးအကဲများပင် ရှိသေးသည်။

"ဒုတိယ ဆရာတူအစ်ကို၊ တတိယ ဆရာတူအစ်ကို"

လုမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ၏ ဒုတိယ ဆရာတူအစ်ကို လုံယွမ်ရှန်နှင့် တတိယ ဆရာတူအစ်ကို ရန်ထျန်းကျုံးတို့ကို တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်ကလည်း ခေါင်းညိတ်ပြီး လုမင်ကို ပြုံးပြကြလေသည်။

ထိုအချိန်တွင် ခရမ်းရောင်၀တ်စုံ၀တ် အဘိုးအိုတစ်ဦးက လေထဲမှ လျှောက်လှမ်းလာသည်။ သူ့ဘေးမှာလည်း အားကောင်းသော အရှိန်အဝါများဖြင့် အကြီးအကဲများ ရှိနေကြသေးသည်။

"ခရမ်းရောင်နဂါး တောင်ကြားသခင်"

လူတစ်ယောက်က အော်လိုက်သည်။

လုမင်၏ မျက်လုံးများ အရောင်လက်သွား၏။ ခရမ်းရောင်နဂါး တောင်ကြားသခင်ကိုယ်တိုင် လာရောက်မည်ဟု သူ မမျှော်လင့်ထားပေ။

နဂါးနတ်ဘုရားတောင်ကြား၏ တောင်ကြားခုနစ်ခု ရှိသည့်အနက် ခရမ်းရောင်နဂါးတောင်ကြားသည် ထိပ်တန်းသုံးနေရာတွင် ရှိသည်။ ခရမ်းရောင်နဂါး တောင်ကြားသခင်က နဂါးနတ်ဘုရားတောင်ကြား၏ ထိပ်သီး အကျော်အမော်တစ်ဦးလည်း ဖြစ်ချေသည်။

"ဒီတစ်ခေါက်မှာ တင်းပေါင်ညီလာခံကို ငါ ဦးဆောင်မယ်။ နဂါးနတ်ဘုရားတောင်ကြားအတွက် အစွမ်းကုန် ကြိုးစားကြပါ။ တင်းပေါင်ညီလာခံမှာ ကောင်းကျိုးဆောင်နိုင်သူတိုင်းကို ဂိုဏ်းက ကြီးကြီးမားမား ဆုချီးမြှင့်လိမ့်မယ်။ ဒါပေမဲ့ မင်းတို့ရဲ့ လုံခြုံရေးက အဓိက ဦးစားပေးပဲ၊ နားလည်လား"

ခရမ်းရောင်နဂါး တောင်ကြားသခင်က သူတို့ရှေ့မှာ ဆင်းသက်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့"

လူငယ်တိုင်းက ပြန်ဖြေလိုက်ကြ၏။

"ကောင်းပြီ၊ သွားကြစို့"

ခရမ်းရောင်နဂါး တောင်ကြားသခင်နှင့် အခြား အကြီးအကဲအချို့က လေထဲသို့ ပျံတက်သွားကြသည်။ လုမင်နှင့် အခြားသူများလည်း သူတို့နောက်မှ လိုက်ကြလေသည်။ သူတို့နောက်မှာတော့ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်အများအပြားက ကြည့်ရှုရန် လိုက်ပါလာကြသည်။

တင်းပေါင်ညီလာခံ၏ တည်နေရာမှာ စန်းတောင်၏ အမြင့်ဆုံး ‌တောင်ထိပ်တွင် ဖြစ်သည်။

ထိုနေရာတွင် ထိုင်ခုံတန်းများဖြင့် ဝန်းရံထားသည့် ကြီးမားသော တိုက်ပွဲစင်မြင့်တစ်ခု ရှိနေသည်။ ၎င်းက အလွန်ကြီးမားပြီး တစ်ချိန်တည်းတွင် လူပေါင်းသိန်းချီကာ နေရာချထားနိုင်ပေသည်။

လုမင်နှင့် အခြားများ ဆင်းသက်လာသောအခါတွင် အခြားသော ဂိုဏ်းအချို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။

နဂါးနတ်ဘုရားတောင်ကြားမှ လူများက ကျပန်း ထိုင်ခုံနေရာကို ရွေးချယ်ကာ ဆင်းသက်လိုက်ကြသည်။ သူတို့က လူဦးရေ ထောင်ဂဏန်းခန့်ရှိသော်လည်း သေးငယ်သော ဧရိယာကိုသာ ပြည့်စေခဲ့ပေသည်။

ထို့နောက်တွင် တခြားဂိုဏ်းများလည်း တစ်ခုပြီးတစ်ခု ရောက်ရှိလာကြသည်။ ဂိုဏ်းတစ်ခုစီတွင် လူဦးရေပေါင်း ထောင်ချီကာ ရှိ၏။

သေခြင်းရှင်ခြင်းဓားဂိုဏ်းတစ်ခုသာ ခြွင်းချက် ဖြစ်သည်။ သူတို့က လူတစ်ရာခန့်သာ ရောက်ရှိလာကြလေသည်။

သေခြင်းရှင်ခြင်းဓားဂိုဏ်းက အမြဲတမ်း လူအနည်းဆုံး ဖြစ်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

လေတိုးသံများကို ကြားရပြီး အင်အားစုတချို့ ထပ်ရောက်လာကြသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်း စသည်ဖြင့်...

ကောင်းကင်နတ်ဆိုးဂိုဏ်း ရောက်လာသောအခါ၊ လုမင်က တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲတွင် စိတ်ပျက်မှု အရိပ်အယောင်တို့ ပေါ်လာ၏။

ရှဲ့နျန်ချင်းကို သူ မတွေ့ရပေ။

မော့ယန်က ရက်စက်ကြမ်းကြုတ်သော အပြုံးမျိုးဖြင့် လုမင်ကိုကြည့်ကာ ပြုံးပြသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းတွင်လည်း ‌လော့ရွှေဟန်က လုမင်အား အေးစက်စက်ဖြင့် လှမ်းကြည့်နေ၏။

"ဟမ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်တွင် ရှဲ့နျန်ကျွင်းကို မြင်လိုက်ရသောအခါ လုမင် အနည်းငယ် အံ့သြသွားသည်။ အကြောင်းမူ၊ ရှဲ့နျန်ကျွင်းက ပြိုင်ပွဲဝင်ထိုင်ခုံတွင် ရှိမနေဘဲ ပရိသတ်ထိုင်ခုံတွင် ထိုင်နေသောကြောင့်ပင်။

ရှဲ့နျန်ကျွင်းက မပါဝင်ဘူးလား။

လွန်ခဲ့သော ခုနစ်ရက်က လုမင်သည် ရှဲ့နျန်ကျွင်းကို မြင်သောအခါ သူမ၏ ကျင့်ကြံမှုက အလွန်နက်နဲသည်ဟု ယောင်ဝါးဝါး ခံစားလိုက်ရသည်။ သူမက အနည်းဆုံး သူတော်စင်တစ်ပိုင်းဖြစ်နိုင်ပြီး၊ သူမ၏နယ်ပယ်က လုမင်ထက်ပင် အားကောင်းနေလိမ့်မည်။ သို့သော်လည်း ရှဲ့နျန်ချင်းက ကောင်းစွာလျှို့ဝှက်ထားသောကြောင့် လုမင်လည်း သူမ၏ ကျင့်ကြံမှုအဆင့်ကို အတိအကျ မမြင်နိုင်ခဲ့ပေ။

ထိုသို့သော ကျင့်ကြံမှုဖြင့် သူမက အဘယ်ကြောင့် မပါဝင်သနည်း။ လုမင် အနည်းငယ် အံ့ဩသွားသည်။

တင်းပေါင်ညီလာခံကြီးကို ကျင်းပသည့်အခါတိုင်း အင်အားစုကြီး ဆယ်ခုသာ ပါဝင်မည် ဖြစ်သည်။ တင်းပေါင်ညီလာခံတွင် အခြားသော ထိပ်တန်းအင်အားစုကြီး သုံးခုကို ဖယ်ရှားခဲ့ပြီး ဖြစ်ပေသည်။ သို့သော်လည်း လာရောက်ကြည့်ရှုသူ အများအပြား ရှိနေဆဲ ဖြစ်သည်။

ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးဂိုဏ်းအပြင်၊ စောင့်ကြည့်ရန် ရောက်လာကြသော ဂိုဏ်းငယ်များနှင့် အင်အားစုများလည်း ရှိသေးသည်။

နောက်ဆုံးတွင်... ဤသည်က သုံးနှစ်မှ တစ်ကြိမ်သာ ကျင်းပသော စန်းပြည်နယ်၏ အကြီးမားဆုံးပွဲဖြစ်သည်။ သဘာဝအတိုင်း၊ လူများစွာကို ဆွဲဆောင်ခဲ့ပေသည်။

"အဲဒါ နတ်ဘုရားသားတော်ပဲ၊ နတ်ဘုရားသားတော် ရောက်လာပြီ"

ရုတ်တရက်၊ လူတစ်​​ယောက်​က ​အော်​ဟစ်​လိုက်​သည်​။

လူတိုင်းက ချက်ချင်း လှမ်းကြည့်လိုက်ကြ၏။

နတ်ဘုရားသားတော်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ထံမှ မြင့်မြတ်သော အလင်းရောင်များလည်း ဖြာထွက်နေ၏။ သူ့ကိုကြည့်ရသည်မှာ စစ်မှန်သည့် နတ်ဘုရား၏ သားတော်ကဲ့သို့ပင်။

တမင်တကာ ထုတ်ဖော်ထားခြင်း မရှိသော်လည်း သူ့ထံမှ ပြင်းထန်သော ဖိအားကို အားလုံး ခံစားလိုက်ရသည်။

သူက တိုင်းခန်းလှည့်လည်နေသော ဘုရင်တစ်ပါးကဲ့သို့ တိုက်ပွဲစင်မြင့်အထက် လေထဲတွင် ဝံ့ကြွားစွာရပ်ကာ ငုံ့ကြည့်လိုက်သည်။

"လုမင်... မင်း တင်းပေါင်ညီလာခံကို ကျော်ဖြတ်နိုင်မယ်လို့ ငါ မျှော်လင့်တယ်"

နတ်ဘုရားသားတော်က လုမင်ကိုကြည့်ကာ လျစ်လျူရှုစွာ ပြောလိုက်သည်။

All Chapters