← Chapters

အခန်း ၁၆၈၆

Vol. 113 Ch. 1686

အခန်း ၁၆၈၆

Vol. 113 Ch. 1686

အပိုင်း ( 1686 ) အဆင့်သတ်မှတ်ခြင်း။

"ကောင်းပြီ၊ မင်းရဲ့ လေအမြုတေတွေကို ထုတ်လိုက်ပါ"

ပိုယွမ်ကွေ့က ပြောလိုက်သည်။

လော့ရွှေဟန်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ တောက်ပသော လေအမြုတေများက လေထဲတွင် ပေါ်လာ၏။ စုစုပေါင်း လေအမြုတေ လေးဆယ့်သုံးခု ရှိသည်။

"လေအမြုတေ လေးဆယ့်သုံးခု၊ မဆိုးဘူး"

ပိုယွမ်ကွေ့က မှတ်ချက်ချလိုက်သည်။ ထို့နောက် သူ့ဘေးမှ တစ်စုံတစ်ယောက်က လော့ရွှေဟန်၏ လေအမြုတေ အရေအတွက်ကို မှတ်တမ်းတင်လိုက်လေသည်။

လော့ရွှေဟန်၏ မျက်နှာက အေးစက်ပြီး ဂုဏ်ယူဝံ့ကြွားမှုတို့ ပေါ်နေသည်။ အခြားသူများ၏ လေအမြုတေက သူ့ထက် ပိုများမည်ဟု မယုံပေ။

ထို့နောက်၊ အခြားသော ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်များကလည်း ၎င်းတို့၏ လေအမြုတေများကို ထုတ်ယူလိုက်ကြသည်။

ဒုတိယလူတွင် လေအမြုတေ အရေအတွက်က နည်းပါးသွားပြီး နှစ်ဆယ့်ငါးခုသာ ရှိပေသည်။

သို့သော်လည်း ဆယ်ဦးမြောက်အထိသာ လေအမြုတေ နှစ်ဆယ်စီ ရှိသည်။

လူ ဆယ့်တစ်ဦးမြောက်သို့ ရောက်လာသောအခါ သူ့တွင် မရှိဘူးဟု ခေါင်းယမ်းပြလိုက်သည်။ ဆယ်ယောက်မြောက်မှစပြီး ကျန်ဆယ်ယောက်စလုံးက ခေါင်းယမ်းကာ ဘေးကို လျှောက်သွားကြလေသည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းက သူတို့ရဲ့ လေအမြုတေတွေကို အသန်မာဆုံး လူဆယ်ယောက်ဆီ ပြန်ပေးအပ်လိုက်ကြပုံရတယ်"

ကျစ်ဖုန်းက ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ လေအမြုတေ ဖြန့်ဝေခြင်းက သူတို့ချည်းမဟုတ်ကြောင်း ထင်ရှားသည်။ အခြားဂိုဏ်းများကလည်း ၎င်းတို့၏ လေအမြုတေများကို ဖြန့်ဝေခဲ့ပေသည်။ အားနည်းသူများက ဒုတိယအချီတွင် ဝင်ရောက်နိုင်ရန် မျှော်လင့်ရင်း သန်မာသူများကို လေအမြုတေများ ပေးအပ်ခဲ့ကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ နောက်ပိုင်း ဂိုဏ်းအများစုက ၎င်းတို့၏ လေအမြတေများကို ဖြန့်ဝေခဲ့ကြောင်း မြင်လာရသည်။ အစွမ်းထက်သူများတွင်သာ လေအမြုတေများရှိပြီး အားနည်းသူများမှာတော့ တစ်ခုမျှပင် မရှိပေ။

ဟုတ်သည်၊ အင်အားစုတိုင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းကဲ့သို့ လေအမြုတေ အများကြီးရှိရန် မဖြစ်နိုင်ပါ။ အင်အားစုတချို့၏ အသန်မာဆုံးလူများက လေအမြုတေ နှစ်ဆယ်ကျော်သာရှိပြီး တချို့လူများဆိုလျှင် လေအမြုတေ ဆယ်ခုခန့်သာ ရှိကြသည်။

အင်အားစုများက တစ်ခုပြီးတစ်ခု စာရင်းပေးလိုက်ကြလေသည်။

လော့ရွှေဟန်က လုမင်နှင့် အခြားသူများကိုကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ဘာလဲ... ဘာဖြစ်နေတာလဲ... နဂါးနတ်ဘုရားတောင်ကြားက လေအမြုတေတွေကို စစ်ဆေးဖို့ ဘာဖြစ်လို့ မလာကြတာလဲ။ မင်းတို့မှာ လေအမြုတေတွေ နည်းပါးလွန်းလို့လား"

"ငါတို့ရဲ့ လေအမြုတေက အရမ်းများတာကြောင့် မင်းတို့ ကြောက်ရွံ့သွားမှာစိုးလို့ပါ"

ထျန်းချွေးက ပြုံးလိုက်၏။

"အရမ်းများတာလား။ မင်းက အရှက်မရှိဘူးပဲ"

လော့ရွှေဟန်က လှောင်ပြောင်လိုက်သည်။

"သွားရအောင်"

ထိုအချိန်တွင် ကျစ်ဖုန်းက ရှေ့မှဦးဆောင်ကာ ပိုယွမ်ကွေ့ဆီသို့ လျှောက်သွားသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ လေအမြုတေများ လေထဲတွင် ပေါ်လာ၏။ စုစုပေါင်း လေအမြုတေ သုံးဆယ့်တစ်ခု ရှိသည်။

"ဟားဟားဟား... လေအမြုတေ သုံးဆယ့်တစ်ခုပဲ ရှိတာလား။ ကျစ်ဖုန်း... မင်းက စန်းပြည်နယ်ရဲ့ ထွတ်မြတ်ပါရမီရှင် ဆယ်ဦးထဲမှာ နောက်ဆုံးကိုရောက်နေပြီပဲ"

လော့ရွှေဟန်က ရယ်မောလိုက်သည်။

စင်စစ်တွင်၊ ယခင် ထွတ်မြတ်ပါရမီရှင်အားလုံးက လေအမြုတေ သုံးဆယ်ကျော် ရှိသည်။ အားလုံးတွင် ကျစ်ဖုန်းက အနည်းဆုံးပင်။

ကျစ်ဖုန်း၏ လေအမြုတေက အခြား ပါရမီရှင်များလောက် မများပါ။ ဤနေရာတွင်၊ အခြားသော ပါရမီရှင်အချို့က ကျန်တပည့်များထံမှ လေအမြုတေအချို့ကို ယူဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အရေအတွက် များနေခဲ့ခြင်းပင်။

ကျစ်ဖုန်းကတော့ နဂါးနတ်ဘုရားတောင်ကြား၏ အခြား တပည့်များထံမှ မယူခဲ့ပါ။

သူ့အတွေးက လုမင်တို့နှင့် အတူတူ ဖြစ်သည်။ လုံလောက်သော အရေအတွက် ရှိနေသရွေ့ အဆင်ပြေလိမ့်မည်။

ကျစ်ဖုန်းက ပြုံးရုံသာပြုံးပြီး လော့ရွှေဟန်ကို လျစ်လျူရှုလိုက်သည်။ ထို့နောက်တွင် လုမင်က ရှေ့သို့ လျှောက်သွား၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ လေအမြုတေသုံးဆယ် ပေါ်လာတော့သည်။

လော့ရွှေဟန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက လှောင်ပြောင်လိုက်၏။

"လေအမြုတေ သုံးဆယ်လား။ နဂါးနတ်ဘုရားတောင်ကြားက တပည့်အတော်များများရဲ့ လေအမြုတေတွေကို မင်း ယူထားပုံရတယ်"

လုမင်က လော့ရွှေဟန်ကို ဂရုမစိုက်သလို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အထင်မြင်သေးပြီး ရှုတ်ချမှုများ ပြည့်နှက်နေသဖြင့် လော့ရွှေဟန်ကို ပို၍ပင် မကျေမနပ် ဖြစ်စေခဲ့ပေသည်။

ထို့နောက်တွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းကလည်း ရှေ့သို့တိုးလာပြီး လေအမြုတေ အခုသုံးဆယ်စီ ထုတ်ပေးလိုက်သဖြင့် အခြားသူများ အံ့ဩခဲ့ရသည်။

လော့ရွှေဟန်၏ မျက်နှာက ပို၍ပင် မှုန်ကုပ်လာတော့သည်။ သူက လှောင်ပြောင်လိုက်သည်။

"မင်းတို့ နဂါးနတ်ဘုရားတောင်ကြားက မင်းတို့အပေါ်မှာ လေအမြုတေအားလုံးကို ပေးအပ်ထားပုံရတယ်။ ပထမအဆင့် သူတော်စင်တစ်ပိုင်းအဆင့် လူနှစ်ယောက်ကို လေအမြုတေတွေ အများကြီးပေးထားတာက ပညာမဲ့ရာကျလွန်းတယ်။ ကြည့်ရတာ မင်းတို့ နဂါးနတ်ဘုရားတောင်ကြားက တောင်ကြားက အောက်ခြေမှာပဲ ရှိလိမ့်မယ်"

တခြားသူတွေလည်း အံ့သြသွားကြလေသည်။ လုမင်နှင့် အခြားသူများက နဂါးနတ်ဘုရားတောင်ကြား၏ လေအမြုတေများကို စုစည်းယူထားပုံရသည်။ ထို့ကြောင့် သူတို့တွင် လေအမြုတေများ အများကြီးရှိနေကြခြင်းပင်။

မဟုတ်လျှင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့၏ ပထမအဆင့် သူတော်စင်တစ်ပိုင်း ကျင့်ကြံမှုဖြင့် လေအမြုတေသုံးဆယ်စီ ရရှိနိုင်မည် မဟုတ်ပေ။

"အရူး"

ထျန်းချွေးက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။ လော့ရွှေဟန်၏ မျက်နှာက အေးစက်သွား၏။

ထျန်းချွေးက သူ့ကို အရူးဟု ခေါ်ဝံ့သည်။

"မင်း သေချင်နေတာပဲ"

လော့ရွှေဟန်၏ မျက်လုံးများက တောက်ပလာသည်။

ထို့နောက် နဂါးနတ်ဘုရားတောင်ကြားမှ အခြားလူများက ရှေ့သို့တိုးလာကာ ၎င်းတို့၏ လေ‌အမြုတေများကို ထုတ်ယူလိုက်ကြသည်။

နှစ်ဆယ့်ခြောက်ခု၊ နှစ်ဆယ့်ငါးခု၊ နှစ်ဆယ့်သုံးခု...

အဆုံးတွင်၊ လုမင်တို့လေးဦးအပါအဝင် နဂါးနတ်ဘုရားတောင်ကြား၏ လူဆယ့်ငါးယောက် ထွက်လာခဲ့သည်။ ထို့နောက် တစ်ဦးလျှင် လေအမြုတေ နှစ်ဆယ်ကျော် ထုတ်ပေးခဲ့ကြ၏။

လော့ရွှေဟန်နှင့် အခြားသူများလည်း အံ့ဩမဆုံးအောင် ဖြစ်နေကြတော့သည်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

အထူးသဖြင့် ပြိုင်ပွဲတွင်ပါဝင်သည့် အခြားဂိုဏ်းများမှ ပါရမီရှင်များအတွက် ဖြစ်၏။ ထိုသားရဲများ၏ အရှိန်အဟုန်နှင့် ဖမ်းဆီးရန် မည်မျှခက်ခဲမှန်း သူတို့ ကောင်းကောင်းသိကြသည်။

ယခုတော့ နဂါးနတ်ဘုရားတောင်ကြားက လေအမြုတေ အများကြီးကို ရရှိခဲ့ကြပြီ။

လော့ရွှေဟန်၏ မျက်နှာက နီရဲသွားသည်။

"နဂါးနတ်ဘုရားတောင်ကြားမှာ လေအမြုတေ အများကြီးမရှိပါဘူး... လူ ဆယ့်ငါး‌ယောက်ပဲ တစ်ယောက်ကို လေအမြုတေ နှစ်ဆယ်ကျော်စီ ရခဲ့တာ။ ဂိုဏ်းတူညီငယ်၊ ညီမငယ်ငါးယောက်မှာ ဘာမှမရခဲ့ဘူး။ ငါ ရှက်ရွံ့မိတယ်... ငါ ရှက်ရွံ့မိပါတယ်"

ထျန်းချွေးက လော့ရွှေဟန်ကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။

"ဖူး... ဟားဟားဟား..."

ကြည့်ရှုသူအချို့... အထူးသဖြင့် နဂါးနတ်ဘုရားတောင်ကြား၏ လူများက ကျယ်လောင်စွာ ရယ်မောကြလိုက်သည်။

ထျန်းချွေးက လော့ရွှေဟန်ကို လှောင်ပြောင်သရော်နေခြင်းပင်။

"တချို့လူတွေက တကယ်ကို အရေထူတယ်။ တခြားသူတွေက သူ့ကို မရိုက်ချင်ကြပေမဲ့ မျက်‌နှာကြီးကို အတင်းလိုက်ထိုးပေးနေတယ်။ သူက ပါးရိုက်ခံရတာကို စွဲလမ်းနေတာများလား"

လုမင် ပြောလိုက်သည်။ သူ့စကားက ပို၍ အဓိပ္ပါယ်ပြည့်ဝပြီး ရှုတ်ချမှုတို့ ပြည့်နေ၏။

လော့ရွှေဟန်၏ မျက်နှာက ‌မည်းမှောင်နေပြီး ဒေါသကြောင့် သူတကိုယ်လုံး တဆတ်ဆတ်တုန်နေတော့သည်။

လော့ရွှေဟန်လည်း သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

"မင်းတို့ ကံကောင်းသွားလို့ပါ၊ ဒုတိယအချီမှာ မင်းတို့ရဲ့ ကိုယ်ပိုင်ခွန်အားကိုပဲ အားကိုးရလိမ့်မယ်။ အဲဒီအခါ မင်းတို့ ဘယ်လိုသေရမလဲဆိုတာ ကြည့်ရသေးတာပေါ့"

"မင်းရဲ့စကားကို မင်း မှတ်ထားပါ"

လုမင်က အေးစက်စက် ပြောလိုက်သည်။ ခဏချင်းမှာပင် နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းကြားတွင် တိုက်ပွဲခေါ်သံများ ပေါ်လာတော့သည်။

ထို့နောက် နှစ်ဖက်စလုံးက ဘေးဘက်သို့ ဆုတ်ခွာသွားကာ ငြိမ်သက်စွာ စောင့်နေလိုက်ကြသည်။

မကြာမီတွင်၊ လူအားလုံးကို ရေတွက်ပြီးသွားသောကြောင့် ပိုယွမ်ကွေ့က အဆင့်သတ်မှတ်ချက်များကို စတင်ကြေငြာလိုက်သည်။

ပိုယွမ်ကွေ့က ထိပ်တန်းလူရှစ်ဆယ်ကိုသာ ကြေညာခဲ့၏။ ခြွင်းချက်မရှိဘဲ၊ နဂါးနတ်ဘုရားတောင်ကြား၏ လူဆယ့်ငါးယောက်စလုံးက ဒုတိယအချီသို့ ဝင်ရောက်ခဲ့ကာ ဒုတိယအချီတွင် လူအများဆုံးဂိုဏ်း ဖြစ်လာခဲ့ပေသည်။

ဒုတိယလူအများဆုံးရှိသော ကောင်းကင်နတ်ဘုရားသခင်ဂိုဏ်းတွင် လူဆယ်ယောက်သာ ရှိသည်။

လူဦးရေအနည်းဆုံးဂိုဏ်းက ဒုတိယအချီကို လူလေးဦးသာ ဝင်ရောက်နိုင်ခဲ့၏။

ဒုတိယအချီတွင် စုစုပေါင်း အင်အားစုဆယ်ခုနှင့် ပါဝင်သူ လူရှစ်ဆယ် ရှိခဲ့သည်။ ပျမ်းမျှအားဖြင့် ဂိုဏ်းတစ်ခုစီတွင် လူရှစ်ယောက် ရှိရမည်။ နဂါးနတ်ဘုရားတောင်ကြားကတော့ လူဆယ့်ငါးဦး ရှိနေသောကြောင့် နှစ်ဆနီးပါး ဖြစ်ခဲ့သည်။

လုမင်က အဆင့်ကိုးနေရာတွင် ရပ်တည်ပြီး ကျစ်ဖုန်းပြီးလျှင် ဒုတိယဖြစ်ချေသည်။

ဟုတ်သည်၊ လုမင်၏ တိုက်ခိုက်နိုင်စွမ်းကိုတော့ စန်းပြည်နယ်၏ ထွတ်မြတ်ပါရမီရှင်ဆယ်ဦးနှင့် ယှဉ်ပြိုင်နိုင်မည်ဟု မည်သူမျှ မထင်ပေ။

လေအမြုတေအရေအတွက်က တိုက်ခိုက်နိုင်စွမ်းကို ကိုယ်စားမပြုပါ။ နောက်ဆုံးတွင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းသည်ပင် လေအမြုတေ အခုသုံးဆယ်စီ ရရှိခဲ့ကြသည် မဟုတ်လော။

နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များက လေအမြုတေ နှစ်ဆယ်ကျော်‌ ရရှိခဲ့သောကြောင့် ထိပ်တန်းဆယ်ဦး သို့မဟုတ် လူနှစ်ဆယ်တွင် အဆင့်သတ်မှတ်ခံရသည်။

ကံကောင်းခြင်း...

နဂါးနတ်ဘုရားတောင်ကြားက ကံကောင်းခြင်းကြောင့် လေအမြုတေ အများအပြား ရှိခဲ့သည်ဟုသာ လူအများက ယုံကြည်ခဲ့ပေသည်။

အဆင့်သတ်မှတ်ချက်များ ကြေငြာပြီးနောက် လူတိုင်းက ၎င်းတို့၏ ထိုင်ခုံများသို့ ပြန်သွားကာ ဒုတိယအချီ စတင်ရန် စောင့်ဆိုင်းခဲ့ကြသည်။

ပိုယွမ်ကွေ့က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ဒုတိယအချီ၏ စည်းမျဉ်းများကို စတင်ကြေညာလိုက်၏။

ယခင်က ပြောခဲ့သလိုပင်၊ ဒုတိယအ‌ချီ ပြိုင်ပွဲကို မဲချကာ ယှဉ်ပြိုင်ရမှာ ဖြစ်သည်။ လူတစ်ဦးကို တစ်ပွဲ စီ တိုက်ခိုက်ရမည်ဖြစ်ပြီး အနိုင်ရရှိပါက တစ်မှတ်ရလိမ့်မည်။

အဆုံးတွင် စုစုပေါင်း ရမှတ်အများဆုံးရရှိသော အင်အားစုက အနိုင်ရရှိမည် ဖြစ်သည်။

All Chapters