အခန်း ၁၆၈၇
Vol. 113 Ch. 1687
အပိုင်း ( 1687 ) လော့ရွှေဟန်က လက်စားချေခြင်း။
သို့သော်လည်း ပြိုင်ပွဲတွင် အခြားသော စည်းမျဉ်းအချို့ ရှိသေးသည်။
ဥပမာအားဖြင့် အရှုံးပေးခြင်း။
ပြိုင်ပွဲမစခင်မှာ အရှုံးပေးနိုင်သည်။ သို့ရာတွင် အရှုံးပေးလိုက်ပါက ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားမည်ဖြစ်ပြီး ကြိုတင်ဖယ်ထုတ်ခံရလိမ့်မည်။ သို့သော်လည်း သူတို့၏ အမှတ်များကို ထိန်းထားနိုင်သည်။
ဥပမာအားဖြင့်၊ လူတစ်ဦးက ငါးမှတ်ရထားပြီးမှ ပိုအားကောင်းသော ပြိုင်ဘက်နှင့် တွေ့ဆုံပါက၊ တိုက်ပွဲမစတင်မီတွင် ရှုံးနိမ့်ကြောင်းဝန်ခံနိုင်သည်။ ဤနည်းဖြင့် ၎င်း၏ငါးမှတ်ကို ထိန်းထားနိုင်သော်လည်း ပြိုင်ပွဲများတွင် ပါဝင်ခွင့် ဆုံးရှုံးလိမ့်မည်။
သို့ရာတွင်... တိုက်ပွဲစတင်သည်နှင့် အရှုံးပေးခွင့် မရှိတော့ပါ
တိုက်ပွဲစတင်သည်နှင့် တိုက်ပွဲစင်မြင့်မှ အမြန်ပြေးဆင်းခြင်း သို့မဟုတ် တစ်စုံတစ်ဦး သတ်ဖြတ်ခြင်းခံရမှ တိုက်ပွဲ ပြီးဆုံးမည်ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ယောက်က တိုက်ပွဲစင်မြင့်မှ အမြန်ပြေးဆင်းနိုင်လျှင် ရှုံးနိမ့်ခြင်းဟု သတ်မှတ်သည်။ ထိုသူက လက်ရှိအမှတ်များကို ထိန်းထားနိုင်ရုံသာမက ပြိုင်ပွဲများတွင်လည်း ဆက်လက်ပါဝင်နိုင်လိမ့်မည်။
အရှုံးပေးခြင်းနှင့် တိုက်ပွဲစင်မြင့်မှ ဆင်းပြေးခြင်းက အတူတူ ဖြစ်သည်။
သို့ရာတွင်... အသတ်ခံလိုက်ရလျှင်တော့ အမှတ်များက သုညသို့ ကျဆင်းသွားမည် ဖြစ်သည်။
တစ်နည်းဆိုရသော် အမှတ်မည်မျှ ရရှိထားပါစေ၊ အသတ်ခံရသည်နှင့် အမှတ်အားလုံးကို လျှော့ခံရလိမ့်မည်။
ထို့ကြောင့် အကောင်းဆုံးရွေးချယ်မှုမှာ အရှုံးမပေးဘဲ တိုက်ပွဲစင်မြင့်မှ ပြေးဆင်းခြင်း ဖြစ်သည်။
ထို့ပြင်၊ ဤပြိုင်ပွဲက တင်းပေါင်ညီလာခံငယ်နှင့် ခြားနားသည်။ ဤတိုက်ပွဲတွင် သူတော်စင်လက်နက်များကို အသုံးမပြုရန် တားမြစ်ထားခြင်း မရှိပါ။
နောက်ဆုံးတွင်... တင်းပေါင်ညီလာခံကြီးတွင် ပါဝင်ကြသူအားလုံးက အလွန် အစွမ်းထက်ကြသည်။ သူတို့ထဲတွင် အတော်များများက သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်နေကြ၏။ သူတော်စင်လက်နက်များကို အသုံးပြုမှသာ ၎င်းတို့၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ကြမည် ဖြစ်သည်။
ဤတွင်၊ အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။ ညီလာခံတွင် အနိုင်ရရှိသူက အပိုဆယ်မှတ် ရရှိမည် ဖြစ်သည်။
ထို့ကြောင့် ပထမနေရာက အထူးအရေးကြီးပေသည်။ ဆယ်မှတ်သာ ဖြစ်လင့်ကစား အနိုင်အရှုံးကို အဆုံးဖြတ်ပေးနိုင်သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းက နှစ်များစွာအတွင်း ပြိုင်ပွဲများစွာကို အနိုင်ရရှိခဲ့ရာတွင် ပထမနေရာက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပေသည်။
"ကိုင်း၊ စည်းမျဥ်းတွေကို ရှင်းပြပြီးပြီမို့ အခု ဒုတိယအချီစလိုက်ရအောင်။ ငါက ကျပန်းမဲနှိုက်ပြီး မဲကျတဲ့ လူနှစ်ယောက်က တိုက်ခိုက်ရမယ်။ လူအားလုံး တိုက်ခိုက်ပြီးရင် တစ်ကျော့ပြီးလိမ့်မယ်"
ပိုယွမ်ကွေ့က ပြောလိုက်သည်။ ထို့နောက် ဒုတိယအချီတွင် ပါဝင်သူ လူရှစ်ဆယ်၏ အမည်များပါသည့် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်၏။
ပိုယွမ်ကွေ့က နာမည် နှစ်ခုကို နှိုက်ယူလိုက်သည်။
"လုံပင်းနဲ့ လော့ရွှေဟန်"
ပိုယွမ်ကွေ့က နာမည်များကို ကြေညာလိုက်သည်။
လူအများက အံ့ဩသွား၏။ လော့ရွှေဟန်က ဒုတိယအချီတွင် ပထမဆုံး တိုက်ခိုက်ရမည့်သူ ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။
လော့ရွှေဟန်က ထရပ်ပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာသည်။
နဂါးနတ်ဘုရားတောင်ကြားဘက်မှလည်း လူငယ်တစ်ဦးက မျက်နှာမသာမယာဖြင့် မတ်တပ်ရပ်လိုက်၏။
လုံပင်းက နဂါးနတ်ဘုရားတောင်ကြား၏ လူ ဆယ့်ငါးဦးထဲမှ တစ်ဦး ဖြစ်သည်။
လုံပင်း မျက်နှာပျက်နေသည်။ သူ၏ ပထမဆုံးပြိုင်ဘက်က လော့ရွှေဟန် ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားပေ။
သို့သော်လည်း စုစုပေါင်း လူရှစ်ဆယ်ရှိပြီး ၎င်းတို့ထဲမှ ဆယ့်ငါးယောက်က နဂါးနတ်ဘုရားတောင်ကြားမှ ဖြစ်သည်။ ထို့အတွက် သူရှုံးနိမ့်လျှင်ပင် ဖြေသာဦးမည်။
"လုံပင်း၊ မင်းက လော့ရွှေဟန်ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ စင်ပေါ်တက်ပြီးတာနဲ့ အရှုံးပေးလိုက်ပါ"
ကျစ်ဖုန်းက လုံပင်းကို သတိပေးလိုက်သည်။
လုံပင်းက ခေါင်းညိတ်ပြပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွား၏။
"ဟားဟားဟား၊ ငါက တော်တော်ကံကောင်းပုံရတယ်။ ပထမအချီမှာတင် နဂါးနတ်ဘုရားတောင်ကြားရဲ့ လူနဲ့ တွေ့ရတော့မယ်"
လော့ရွှေဟန်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်သွားသည်။ သူက လှောင်ပြောင်ရယ်မောလိုက်၏။
"ကိုင်း၊ တိုက်ပွဲစလိုက်ရအောင်"
ပိုယွမ်ကွေ့က ကြေညာသည်။
"အရှုံးပေးလိုက်ပါ"
လော့ရွှေဟန်က လျစ်လျူရှုစွာ ပြောလိုက်သည်။
လုံပင်း၏ မျက်လုံးများတွင် ရုန်းကန်မှု အရိပ်အယောင်တို့ ပေါ်လာသည်။ ဤကဲ့သို့ အရှုံးပေးလိုက်ပါက၊ တင်းပေါင်ညီလာခံကြီးတွင် သူ၏နေရာက ရပ်တန့်သွားမည်ဖြစ်ပြီး အမှတ်တစ်မှတ်မျှ ရရှိတော့မည် မဟုတ်ပေ။
ဒုတိယအချီတွင်... အမှတ် တစ်မှတ်စီက နဂါးနတ်ဘုရားတောင်ကြားအတွက် ကြီးမားသော အထောက်အကူ ဖြစ်စေနိုင်သည်။ အခြားဂိုဏ်းများအတွက်လည်း ထို့အတူပင် ဖြစ်၏။
ထို့ကြောင့် သူ ဤအတိုင်း အရှုံးမပေးလိုပေ။
ရုတ်တရက်၊ လုံပင်းက ခြေတစ်ချက်ဆောင့်ပြီး တိုက်ပွဲကွင်းပြင်အစွန်းသို့ ပြေးသွားသည်။
တိုက်ပွဲစင်မြင့်မှ ပြေးဆင်းလိုက်နိုင်သရွေ့ ဤအချီတွင် သူရှုံးသွားပြီဟု ယူဆရပေလိမ့်မည်။ သို့သော်လည်း သူက နောက်တစ်ဆင့်တွင် ဆက်လက်ယှဉ်ပြိုင်နိုင်ဦးမည် ဖြစ်သည်။ သူက သူတော်စင်တစ်ပိုင်း ပထမအဆင့် ကျင့်ကြံမှုအခြေခံ ရှိ၏။ ထို့ကြောင့် သူ့အနေဖြင့် နောက်အကျော့များတွင် အမှတ်များ ရယူနိုင်သေးသည်။
"မကောင်းတော့ဘူး"
လုံပင်းက အရှုံးမပေးဘဲ တိုက်ပွဲစင်မြင့်မှ ပြေးဆင်းရန် ကြိုးစားနေကြောင်း မြင်လိုက်ရသဖြင့် ကျစ်ဖုန်းနှင့် အခြားသူများ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
တိုက်ပွဲ မစတင်မီတွင် အရှုံးမပေးပါက အရှုံးပေးရန် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
"ဟားဟားဟား၊ မင်းက အရှုံးမပေးချင်မှတော့ မင်းကို ငါလိုက်ပို့ပေးမယ်"
လော့ရွှေဟန်က ဝမ်းသာအားရ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်ကို သန့်စင်သောအလင်းရောင်က လွှမ်းခြုံသွား၏။ သူက အလင်းတန်းတစ်ခုကဲ့သို့ လှုပ်ရှားလိုက်ပြီး လုံပင်းကို ချက်ချင်း ဖမ်းမိသွားတော့သည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဝါးပုံရိပ်ကြီးတစ်ခုက လုံပင်းဆီသို့ ကျရောက်လာခဲ့သည်။
လုံပင်း၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက ဦးတည်ချက်ပြောင်းကာ အခြားတစ်ဖက်သို့ လှည့်ပြေးသွား၏။
"မင်း မလွတ်နိုင်ဘူး"
လော့ရွှေဟန်၏ မျက်လုံးများတွင် အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာသည်။ သူ့လက်ထဲတွင် နတ်ဘုရားအပြစ်ပေးလှံတစ်လက် ပေါ်လာပြီး လျှပ်စီးလက်သလို ပစ်လွှတ်လိုက်တော့သည်။
"စွပ်"
နတ်ဘုရားအပြစ်ပေးလှံက လုံပင်း၏ ခြေထောက်တစ်ဖက်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။ လုံပင်း၏ ခြေထောက်က ပေါက်ကွဲသွား၏။ လုံပင်းမှာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ပစ်လဲသွားတော့သည်။
လော့ရွှေဟန်က ခြေတစ်လှမ်းတိုးကာ လုံပင်း၏ရှေ့တွင် ပေါ်လာသည်။ သူက အေးစက်စက်ဖြင့် ပြောလိုက်၏။
"ငါ့ကို ရင်ဆိုင်ရတာတောင် အရှုံးမပေးချင်ဘူး။ မင်းက သေချင်နေတာပဲ"
သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သန့်စင်သော အလင်းတစ်ခုက လုံပင်း၏ လက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်သည်။ သွေးများ ဖြာဆင်းသွားသည်။
"အား... လော့ရွှေဟန်၊ မင်း ငါ့ကို သတ်ချင်ရင်သတ်လိုက်... ငါ့ကို နှိမ့်ချနေစရာ မလိုဘူး"
လုံပင်းက အော်ဟစ်လိုက်သည်။
"ဒုန်း"
လော့ရွှေဟန်က လုံပင်း၏မျက်နှာကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။ သူက လှောင်ပြောင်ပြောဆိုလိုက်၏။
"ငါ မင်းကို သတ်မယ်၊ မသတ်ဘူး ဆိုတာက မင်းပြောနေစရာ မလိုဘူး။ မင်းတို့ နဂါးနတ်ဘုရားတောင်ကြားရဲ့လူတွေက ရဲတင်းလွန်းပြီး ငါ့ကို စော်ကားဝံ့တယ်။ မင်းတို့အားလုံးက တကယ်ကို သေသင့်တယ်"
"ရွှပ်"
သန့်စင်သော အလင်းတန်းတစ်ခုက လုံပင်း၏ အခြားလက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်ပြန်သည်။
"ချီးပဲကွာ... လော့ရွှေဟန်၊ မင်းလုပ်ထားနှင့်ဦး"
ကျစ်ဖုန်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
နဂါးနတ်ဘုရားတောင်ကြားမှ အခြားလူများလည်း ဒေါသတကြီး ဖြစ်နေကြတော့သည်။
လုမင်၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ်တို့မှာလည်း ပို၍ အေးစက်လာခဲ့သည်။
လော့ရွှေဟန်က ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းပင်။ လုံပင်းကို တစ်ချက်တည်းဖြင့် သတ်နိုင်သော်လည်း နဂါးနတ်ဘုရားတောင်ကြားနှင့် လုမင်ကို လက်စားချေရန်အတွက် နှိပ်စက်နေခဲ့ခြင်း ဖြစ်သည်။
"ဟားဟားဟား၊ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် လုမင်ကိုပဲ အပြစ်တင်လိုက်ပါ။ သူက အကောင်းအဆိုးကို မသိဘူး"
လော့ရွှေဟန်က ရယ်မောလိုက်သည်။ လုံပင်း၏ ခန္ဓာကိုယ်ကလည်း ပေါက်ကွဲသွားတော့သည်။
လော့ရွှေဟန်က လက်စားချေလိုက်ရသောကြောင့် ကျေနပ်အားရသောအကြည့်ဖြင့် လုမင်ကိုကြည့်ကာ ပြုံးလိုက်သည်။
"မင်းတို့ နဂါးနတ်ဘုရားတောင်ကြားက ဒုတိယအချီမှာ လူအများကြီး ရှိနေရင်တောင် ဘာဖြစ်လဲ။ လူဘယ်လောက်ပဲရှိရှိ ငါက သူတို့အားလုံးကို သတ်ပစ်လိုက်မယ်"
"လော့ရွှေဟန်... မင်း ငါနဲ့တွေ့တဲ့အခါ ချက်ချင်း အရှုံးပေးလိုက်တာ ပိုကောင်းမယ်။ မဟုတ်ရင် မင်းကို သေခြင်းဆိုးနဲ့ သေရစေမယ်"
လုမင်က အံကိုတင်းတင်းကြိတ်ထားရင်းမှ ပြောလိုက်သည်။
လော့ရွှေဟန်ကို သူ သတ်ရမည်။
"မင်းက ငါ့ကိုသတ်ချင်နေတာလား။ ငါမင်းကိုစောင့်နေမယ်"
လော့ရွှေဟန်က အေးစက်စက် ပြောလိုက်သည်။
ထို့နောက် တိုက်ပွဲစင်မြင့်မှ ထွက်သွား၏။
ပထမအကျော့ ပြိုင်ပွဲက ထိုအတိုင်းပင် ပြီးဆုံးသွားလေသည်။
"ဂိုဏ်းတူ ညီငယ်၊ ညီမငယ်တို့... မင်းတို့ထက် အများကြီးသန်မာတဲ့သူကို ရင်ဆိုင်ရရင် ချက်ချင်း အရှုံးပေးလိုက်ပါ။ ကံစမ်းဖို့ မကြိုးစားကြနဲ့"
ကျစ်ဖုန်းက နဂါးနတ်ဘုရားတောင်ကြားမှ အခြားပါဝင်သူများထံ အသံပို့လွှတ်ကာ ပြောလိုက်သည်။
လူတိုင်းက ခေါင်းညိတ်လိုက်၏။
ကျင့်ကြံမှု ကွာခြားချက်က အလွန်ကြီးမားနေလျှင် တိုက်ပွဲစင်မြင့်မှ ပြေးထွက်နိုင်မည် မဟုတ်ပါ။
"ဒုတိယကျော့က ကျစ်ဖုန်းနဲ့ လျိုသဲ"
ပိုယွမ်ကွေ့၏ အသံကို ကြားလိုက်ရသည်။
"ဒုတိယအကျော့က ငါ့အလှည့်ပဲ"
ကျစ်ဖုန်းက ထရပ်ကာ တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လိုက်သည်။
"ငါ တကယ်ကံဆိုးတာပဲ"
ကောင်းကင်ဘုရင်နန်းတော်၏ ဧရိယာမှ လူငယ်တစ်ဦးက မတ်တပ်ရပ်လိုက်သည်။
သူ့အတွက် ပထမဆုံးပွဲတွင် ထွတ်မြတ်ပါရမီရှင်ဆယ်ဦးမှ တစ်စုံတစ်ယောက်နှင့် တွေ့ရသည်အထိ ကံဆိုးမည်ဟု မထင်ထားပေ။
"ဂိုဏ်းတူညီလေး၊ အရှုံးပေးလိုက်ပါ"
ကောင်းကင်ဘုရင်နန်းတော်၏ လူငယ်ခေါင်းဆောင်က တိုက်တွန်းလိုက်သည်။
လျိုသဲက တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာသည်။ ထို့နောက် ပိုယွမ်ကွေ့က ပြိုင်ပွဲစတင်ရန် ကြေညာသည်နှင့် အရှုံးပေးလိုက်၏။
အရှုံးပေးလိုက်ခြင်းကြောင့် ကြိုတင် ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။ နောက်တစ်ဆင့်တွင် သူပါဝင်နိုင်တော့မည် မဟုတ်ပေ။
ဤနည်းဖြင့် လူခုနစ်ဆယ့်ရှစ်ယောက်သာ ကျန်သည်။
ပုံမှန်ဆိုလျှင် လူရှစ်ဆယ်စလုံး အလှည့်ကျ တိုက်ခိုက်ရမည်ဖြစ်သောကြောင့် နောက်ဆုံးတွင် လူတိုင်း အချီရှစ်ဆယ် တိုက်ခိုက်ကြရမည် ဖြစ်သည်။ သို့ရာတွင်၊ လက်တွေ့မှာတော့ ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေရန် မဖြစ်နိုင်ပေ။
ပြိုင်ပွဲအတွင်း၌ အရှုံးပေးသူများ သို့မဟုတ် အသတ်ခံရသူများလည်း အဆက်မပြတ် ပေါ်လာမည် ဖြစ်သည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ လူအရေအတွက်က ပို၍ နည်းပါးလာလိမ့်မည်။