← Chapters

အခန်း ၁၆၈၈

Vol. 113 Ch. 1688

အခန်း ၁၆၈၈

Vol. 113 Ch. 1688

အပိုင်း ( 1688 ) လူတစ်ယောက်ကို သတ်ခြင်း။

လျိုသဲက အရှုံးပေးခဲ့သည်။ ကျစ်ဖုန်းလည်း တစ်မှတ်ရရှိပြီး ပွဲကြည့်စင်သို့ ပြန်သွားလေသည်။

ထို့နောက် ပိုယွမ်ကွေ့က ဆက်လက်မဲနှိုက်ကာ ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

တတိယအကျော့တွင် မဲကျသော ပါရမီရှင်နှစ်ဦး၏ ကျင့်ကြံမှုက သိပ်မကွာပေ။

တစ်ယောက်က သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ သူတော်စင်တစ်ပိုင်း ပထမအဆင့် ဖြစ်သည်။

အမှန်တွင် ဒုတိယအချီကို ဝင်နိုင်သူများ အားလုံးနီးပါးက သူတော်စင်တစ်ပိုင်းအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ထဲတွင် အများစုက မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာများရှိပြီး တချို့က အလယ်လတ် မြေကမ္ဘာ ဝိညာဉ်ခန္ဓာများ ဖြစ်၏။

၎င်းတို့က စန်းပြည်နယ်ရှိ ထိပ်တန်းဂိုဏ်းဆယ်ခု၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။ တစ်ယောက်ချင်းစီက လွန်စွာ အစွမ်းထက်ကြပေသည်။

ဤအဆင့်တွင် သူတော်စင်တစ်ပိုင်း ပထမအဆင့် ကျင့်ကြံသူက တိုက်ပွဲစင်မြင့်မှ ပြေးဆင်းရန်သာ အားထုတ်ခဲ့သည်။ အဆင့်တစ်ခုသာ ခြားနားမှုကြောင့် ပထမအဆင့် သူတော်စင်တစ်ပိုင်း ပညာရှင်ကို သတ်ရန် မဖြစ်နိုင်ပေ။ နောက်ဆုံးတွင်၊ ပထမအဆင့် သူတော်စင်တစ်ပိုင်း ပါရမီရှင်က အနည်းငယ် ပေးဆပ်ပြီး တိုက်ပွဲစင်မြင့်မှ ပြေးထွက်နိုင်ခဲ့သည်။

ဤနည်းဖြင့် အနည်းဆုံးတော့ ဆက်လက်ယှဉ်ပြိုင်နိုင်ဦးမည်။

ပွဲများကို ဆက်လက် ပြုလုပ်နေခဲ့သည်။ မကြာခင်မှာ ပွဲပေါင်း သုံးဆယ်ကျော် ပြီးသွားပြီ။

လူအချို့က အရှုံးပေးသွားပြီး အချို့မှာလည်း အသတ်ခံခဲ့ရသည်။

ထွတ်မြတ် ပါရမီရှင် ဆယ်ဦးအနက် တစ်ဦးနှင့် တွေ့ဆုံခဲ့သူများက ချက်ချင်း အရှုံးပေးခဲ့၏။ သူတို့ကြားမှ ကွာဟချက်က ကြီးမားလွန်းလှသည်။ သူတို့၏ ကံဆိုးမှုကိုသာ အပြစ်ဆိုရမည်။

နဂါးနတ်ဘုရားတောင်ကြားတွင်လည်း အရှုံးပေးခဲ့ရသူ အနည်းငယ် ရှိခဲ့သည်။ သို့သော်လည်း ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့မှာ ကံကောင်းကြ၏။ သူတို့၏ ပြိုင်ဘက်များက ပထမအဆင့် သူတော်စင်တစ်ပိုင်းများ ဖြစ်ကြသည်။

အဆင့်တူတွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်း၏ တိုက်ခိုက်နိုင်စွမ်းက သံသယဖြစ်စရာ မလိုပေ။ သူတို့နှစ်ဦးစလုံးက သူတို့၏ ပြိုင်ဘက်များကို အနိုင်ယူကာ တစ်မှတ်စီ ရရှိခဲ့ကြသည်။

လုမင်က သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ လော့ရှန်းကို အာရုံစိုက်နေသည်။ စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် သူနှင့် ယှဉ်ပြိုင်ခဲ့ဖူးသော လော့‌ရှန်းက အလွန်အစွမ်းထက်လာ၏။

ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း။

သူ၏ ဝိညာဉ်ခန္ဓာကလည်း မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာ ဖြစ်သည်။

'သူက သူ့ရဲ့ဓားဝိညာဉ်ကို ဆယ့်ငါးနှစ်ကြာအောင် လေ့ကျင့်ထားခဲ့တာ... အခုဝောာ့ သူ့ရဲ့ဓားဝိဥာဉ်က သူ့ရဲ့ဝိညာဉ်ခန္ဓာထဲကို ပြန်လည်ဝင်ရောက်လာနေပြီ။ ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုနည်းလမ်းလဲ'

လုမင်က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

လုမင်၏ ကျင့်ကြံမှုက မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ သို့ရာတွင်... လော့ရှန်း၏ ကျင့်ကြံမှုအရှိန်က သူ့ထက် မနိမ့်ကျပေ။ တကယ်ကို တုန်လှုပ်စရာ ဖြစ်သည်။

ထို့ပြင်၊ လော့ရှန်း၏ တိုက်ခိုက်နိုင်စွမ်းက နားမလည်နိုင်လောက်အောင်ပင်။

ကောင်းကင်အဆိပ်ဂိုဏ်းမှ ပထမအဆင့် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူက တိုက်ပွဲစင်မြင့်မှ ဆင်းပြေးရန် ကြိုးစားသော်လည်း လော့ရှန်း၏ ဓားတစ်ချက်တည်းဖြင့် သေဆုံးသွားရသည်။

"ဒီလူက အတော်သန်မာတယ်"

ကျစ်ဖုန်းသည်ပင် မျက်ခုံးပင့်ကာ လေးနက်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

"လုမင်နဲ့ ဟူရှောင်"

ဤအခိုက်အတန့်တွင် မဲကျသူနှစ်ဦး၏ နာမည်များကို ကြေညာလိုက်သံ ထွက်ပေါ်လာသည်။ လုမင်၏အလှည့် ကျရောက်လာပြီ။

လုမင်က မတ်တပ်ထရပ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိုက်ပွဲစင်မြင့်ပေါ်တွင် ပေါ်လာသည်။

လုမင်၏ ပြိုင်ဘက်က နတ်ဆိုးရဲတိုက်မှ သူတော်စင်တစ်ပိုင်း ပထမအဆင့် လူငယ်တစ်ဦး ဖြစ်၏။

ဟူရှောင်က ဟိန်းဟောက်ပြီး သူ၏ မူလပုံစံဖြစ်သော ဧရာမသားရဲ ကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူက ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် လုမင်ကိုကြည့်ပြီး အော်ပြောလိုက်၏။

"လုမင်၊ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက အားကောင်းပေမဲ့ ငါ မင်းကိုမကြောက်ဘူး။ တိုက်ခိုက်ကြစို့"

လုမင်က တင်းပေါင်ညီလာခံ မစတင်မီတွင် သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ ကျင့်ကြံသူများကို အလွယ်တကူ သတ်ခဲ့သည်။ သို့သော်၊ ထိုလူများ၏ ဝိညာဉ်ခန္ဓာများက အဆင့်မြင့်မဟုတ်ပေ။ တစ်ဖက်တွင်၊ ဟူရှောင်၏ ဝိညာဉ်ခန္ဓာက အဆင့်မြင့်အဆင့် ဖြစ်သည်။

ဒိုင်က ပွဲစတင်ကြောင်း‌ ကြေညာလိုက်သောအခါ ဟူရှောင်က စတင်လှုပ်ရှားလိုက်သည်။

ထက်မြိသော လက်သည်းများဖြင့် လုမင်ကို ခုန်အုပ်ပြီး ကုပ်ခြစ်တိုက်ခိုက်လိုက်၏။

သို့သော်လည်း လုမင်က ပိုမြန်သည်။ သူက ဟူရှောင်၏ရှေ့တွင် ချက်ချင်း ပေါ်လာပြီး မေးရိုးကို လက်သီးဖြင့် ပင့်ထိုးလိုက်၏။ ဟူရှောင်၏ ကြီးမားသော ခန္ဓာကိုယ်က လွင့်စဉ်သွားသည်။ သူဟာ တိုက်ပွဲစင်မြင့်ပေါ်တွင် ပြန်မထနိုင်မီ အကြိမ်အနည်းငယ် လှိမ့်သွားခဲ့ပေသည်။

ဟူရှောင်မှာ ပြန်ထလာသော်လည်း ဆက်လက် မတိုက်ခိုက်ဝံ့တော့ဘဲ စင်ပေါ်မှ ဆင်းပြေးသွားသည်။

လုမင်ကလည်း နေရာတွင် ရပ်လိုက်ပြီး သူ့ကို မတားခဲ့ပေ။ ဟူရှောင်က တိုက်ပွဲစင်မြင့်ပေါ်မှ အပြေးအလွှား ဆင်းသွားသည်ကို ကြည့်နေလိုက်သည်။

နတ်ဆိုးရဲတိုက်နှင့် နဂါးနတ်ဘုရားတောင်ကြားက ကောင်းမွန်သော ဆက်ဆံရေး ရှိ၏။ ထို့ကြောင့် ဟူရှောင်ကိုသတ်ရန် မ‌လိုပေ။ ထို့ပြင် လုမင်၏ သူ၏ တိုက်ပွဲစွမ်းရည်ကို အလွန်အကျွံ မပြသနိုင်သေးပါ။ မဟုတ်ပါက၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများကို ဆွဲဆောင်နိုင်မည် မဟုတ်ချေ။

"ဟမ့်၊ လုမင်ရဲ့ တိုက်ပွဲစွမ်းရည်က သာမန်လောက်ပဲ ရှိပုံရတယ်။ သူ့အမြန်နှုန်းက နည်းနည်းမြန်ပြီး အင်အားကြီးမားပေမဲ့ ဒီလောက်ပဲ။ သူက ဟူရှောင်ကို ဒဏ်ရာရစေနိုင်ပေမဲ့ မသတ်ခဲ့ဘူး"

"ဒါက သာမာန်ပါပဲ။ နတ်ဆိုးသားရဲတွေက မွေးရာပါ ခံနိုင်ရည်မြင့်မားကြတယ်။ လုမင်ရဲ့ ကျင့်ကြံမှုကလည်း သိပ်ပြီး မမြင့်မားဘူးလေ"

ပတ်ဝန်းကျင်တွင် လူများက ဆွေးနွေးလိုက်ကြသည်။

လုမင်ကတော့ ပြုံးရုံသာပြုံးပြီး ဘေးကို ပြန်လျှောက်သွားလေသည်။ ဤပွဲတွင် သူ တစ်မှတ်ရရှိခဲ့သည်။

ပွဲများ ဆက်ဖြစ်နေဆဲပင်။

မကြာမီ၊ ပွဲပေါင်းရှစ်ဆယ် ပြီးသွားသည်။

ပြိုင်ပွဲပြီးဆုံးပြီးနောက်တွင် လူရှစ်ဆယ်က ခြောက်ဆယ်သာ ဆက်လက် ပါဝင်ယှဉ်ပြိုင်နိုင်လိမ့်မည်။

ကျန်လူနှစ်ဆယ်က အသတ်ခံရသည် သို့မဟုတ် အရှုံးပေးခဲ့ကြသည်။

နောက်ဆုံးတွင်၊ စန်းပြည်နယ်၏ ထွတ်မြတ်ပါရမီရှင် ဆယ်ဦးအနက် ကိုးဦးက တင်းပေါင်ညီလာခံတွင် ပါဝင်ခဲ့သည်။ ကျန်တစ်ဦးကတော့ တင်းပေါင်ညီလာခံငယ်တွင် ဖယ်ထုတ်ခံရသည့် ဂိုဏ်းများမှ ဖြစ်သောကြောင့် မပါဝင်နိုင်ခဲ့ပေ။

ဤပါရမီရှင်ကိုးဦးက လူကိုးဦးကို အရှုံးပေးစေရန် လုံလောက်သည်။

အရှုံးပေးခြင်း သို့မဟုတ် အသတ်ခံခဲ့ရသည့် အခြားသူများလည်း ရှိသေးသည်။ ထို့ကြောင့် ဤတစ်ကျော့အပြီးတွင် လူခြောက်ဆယ်သာ ကျန်ခဲ့သည်။

ကျန်သော လူအရေအတွက်ကလည်း နောက်ပိုင်းအကျော့များတွင်ပင် တဖြည်းဖြည်း နည်းပါးသွားလိမ့်မည်။

ဤအချီတွင် နဂါးနတ်ဘုရားတောင်ကြားမှ လူတစ်ဦးသေဆုံးပြီး သုံးဦးက ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ လူ ဆယ့်တစ်ယောက် ကျန်၏။

ထိုလူဆယ့်တစ်ယောက်တွင် ရှစ်ဦးက အနိုင်ရရှိပြီး ရမှတ် ရှစ်မှတ် ရခဲ့သည်။

ဤရမှတ်က လက်ရှိအချိန်ထိ ထိပ်တန်း အင်အားစုကြီးဆယ်ခုတွင် ပထမအဆင့် ဖြစ်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းက ခြောက်မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့ပေသည်။

"ဟမ့်၊ အခုလောလောဆယ်တော့ သူတို့ကို ဦးဆောင်နေပါစေ။ နောက်ဆုံး အမှတ်ရတဲ့သူတွေကို သတ်လိုက်တဲ့အခါ သူတို့ ဘာတတ်နိုင်ဦးမလဲ ကြည့်ရအောင်"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဧရိယာတွင် လော့ရွှေဟန်က အေးစက်စက် ပြောလိုက်သည်။

ထို့နောက် ပိုယွမ်ကွေ့က ကျန်လူခြောက်ဆယ်၏ အမည်များကို သေတ္တာတစ်ခုထဲသို့ထည့်ကာ ဒုတိယအချီ ပွဲစဉ်များအတွက် မဲများကို စတင်နှိုက်လိုက်သည်။

"လုမင်၊ ရှီယု"

ပိုယွမ်ကွေ့က အမည်များကို ကြေညာလိုက်၏။

"ဒုတိယအချီရဲ့ ပထမအကျော့မှာ ငါဖြစ်နေဖို့ မမျှော်လင့်ထားဘူး"

လုမင်လည်း ပြုံးပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုရားဂိုဏ်းနယ်မြေမှ လူငယ်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်ဆင်းလာ၏။

'ဒါက ကောင်းကင်ဘုံရှင်ဘုရားသခင်ဂိုဏ်းရဲ့ တပည့်ပဲ၊ နောက်ဆုံးတော့ ရောက်လာပြီ'

လုမင်၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်လာသည်။

"မင်း အရှုံးပေးမှာလား"

လုမင်က မေးလိုက်သည်။

"ဟမ့်၊ ငါက မင်းကို ဘာဖြစ်လို့ အရှုံးပေးရမှာလဲ။ မင်းက ငါ့ကိုသတ်​နိုင်​မယ်​ ထင်​လို့လား"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင် ရှီယုက လှောင်ပြောင်လိုက်၏။

လုမင်လည်း ပြုံးရုံသာ ပြုံးပြီး ဘာမှမပြောတော့ပေ။

"စမယ်"

ပိုယွမ်ကွေ့က ကြေညာလိုက်သည်။

ပိုယွမ်ကွေ့၏ စကားသံအဆုံးတွင် ရှီယုက တိုက်ပွဲစင်မြင့်အစွန်းသို့ ပြေးသွား၏။

သူက လုမင်ကို မယှဉ်နိုင်မှန်း သိသော်လည်း တိုက်ပွဲစင်မြင့်မှ ဆင်းပြေးရန်တော့ ပြဿနာမရှိနိုင်ပေ။

သူက အမှတ်တစ်မှတ် ရထားပြီးပြီမို့ အလဟသ မဖြစ်လိုပါ။

လုမင်၏ နှုတ်ခမ်းများက မသိမသာ တွန့်ကွေးသွားသည်။ သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ရှီယုအနီးသို့ ချက်ချင်း ရောက်သွား၏။ နဂါးနက်လှံက သူ့လက်ထဲတွင် ပေါ်လာပြီး ရှီယုကို ထိုးသွင်းလိုက်တော့သည်။

ရှီယု တုန်လှုပ်သွားသည်။ လုမင်ကို ထိုမျှမြန်ဆန်မည်ဟု မထင်ထားခဲ့ပေ။ သူ့လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာသည်။ ၎င်းက သူတော်စင်လက်နက် ဖြစ်၏။ သူက လုမင်ကို ချက်ချင်း ထိုးခုတ်လိုက်တော့သည်။

"ထန်"

ဓားနှင့် နဂါးနက်လှံတို့ တိုက်မိသွားကြသည်။ ရှီယု၏ ခန္ဓာကိုယ်က တုန်ခါပြီး နောက်သို့ ဆယ်မီတာကျော်ခန့် လျှောကျသွား၏။ လုမင်၏ ခန္ဓာကိုယ်သည်လည်း တုန်ခါသွားလေသည်။

"လုမင်၊ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက ဒီလောက်ပဲလားကွ။ တိုက်ခိုက်ကြစို့"

လုမင်က သူ့အား ဆယ်မီတာကျော်သာ တွန်းထုတ်နိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း တုန်လှုပ်သွားကြောင်း မြင်လိုက်ရပြီးနောက် ရှီယု၏ယုံကြည်မှုများ မြင့်မားလာသည်။

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူ့လက်ထဲတွင် နဂါးနက်လှံကိုကိုင်ပြီး ရှီယုနှင့် တိုက်ပွဲ စတင်ခဲ့၏။

ဟုတ်သည်၊ ဤသည်မှာ လုမင်က တမင်ဖန်တီးနေသော တိုက်ပွဲတစ်ခုပင်။ သူက သူ၏အင်အားကို လျှို့ဝှက်ထားခြင်း ဖြစ်သည်။ သူသာ ရှီယုကို တစ်ချက်တည်းဖြင့် သတ်လိုက်ပါက၊ နောက်ပိုင်းတွင် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်များက သူ့ကို မရင်ဆိုင်ဝံ့တော့ဘဲ ချက်ချင်း အရှုံးပေးသွားလိမ့်မည်။

ထို့ကြောင့် လုမင်က သရုပ်ဆောင်ရသေးသည်။

တိုက်ကွက် ဆယ်ကွက်ကျော် ရင်ဆိုင်နေခဲ့ပြီးမှ နဂါးနက်လှံဖြင့် ရှီယု၏ဒန်တျန်ကို ထိုးဖောက်ကာ ပွဲသိမ်းလိုက်သည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်က ဒီလောက်ပါပဲ"

လုမင်က သူ၏လှံကို ပြန်ဆွဲနှုတ်ပြီး လော့ရွှေဟန်အား စိန်ခေါ်သလို ကြည့်လိုက်သည်။

All Chapters