← Chapters

အခန်း ၁၆၉၀

Vol. 113 Ch. 1690

အခန်း ၁၆၉၀

Vol. 113 Ch. 1690

အပိုင်း ( 1690 ) လုယွမ်ကို သတ်ခြင်း။

"မဆိုးပါဘူး၊ မင်းက ငါ့ရဲ့ လက်သီးတစ်ချက်ကို ခံနိုင်တယ်။ ထပ်လာစမ်း"

လုယွမ်က ဟိန်းဟောက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခန္ဓာကိုယ်က သတ္တုတောင်တစ်ခုကဲ့သို့ဖြစ်နေပြီး လုမင်ထံ ခုန်ဝင်သွား၏။

လုမင်က လျိုယွမ်လက်အိတ်အတွင်းသို့ ယွမ်ချီစွမ်းအင်များ ပို့လွှတ်ကာ လုယွမ်ကို ရင်ဆိုင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့က တိုက်ခိုက်မှု ဒါဇင်နှင့်ချီကာ ဖလှယ်ခဲ့ကြသည်။

"ဒီလုမင်က အတော်သန်မာတာပဲ။ သူက လုယွမ်ကို တကယ်ကြီး ရင်ဆိုင်နိုင်တယ်"

"ဒါက တကယ်ကို အံ့သြစရာပဲ၊ အရင်က လုမင်ဟာ သူ့ရဲ့ အင်အားအပြည့်ကို မထုတ်ဖော်ခဲ့ဘူးလား"

"ကြည့်ကြစမ်း၊ လုမင်ရဲ့ အငွေ့အသက်တွေ ပေါ်ထွက်လာပြီ။ သူက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ကို ရောက်နေပြီပဲ"

"ဒါက တကယ်ကို သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ပဲ။ သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်နဲ့ ဒီလောက်ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်းရှိနေတာ အံ့ဩစရာပဲ"

လူတော်တော်များများက အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။

ယခင်က လုမင်သည် သူတော်စင်တစ်ပိုင်း ဒုတိယအဆင့် ပါရမီရှင်ကို အနိုင်ယူနိုင်ခဲ့သော်လည်း တိုက်ခိုက်မှုများစွာ ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့်ပင်၊ ယခု လုမင်က လုယွမ်ကို အမှန်တကယ် ရင်ဆိုင်နိုင်နေသောအခါ လူတိုင်း တုန်လှုပ်သွားကြတော့သည်။

"ဝုန်း... ဝုန်း"

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက်က တိုက်ကွက်ဒါဇင်နှင့်ချီကာ ဖလှယ်ခဲ့ကြသည်။

'ချီးပဲ'

လုယွမ်က သူ့စိတ်ထဲမှ အော်ဟစ်လိုက်သည်။ သူက လုမင်ကို ချက်ချင်း မဖယ်ရှားနိုင်သေးသဖြင့် စိုးရိမ်ပူပန်စပြုလာ၏။

'အချိန်တန်ပြီ'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတ ပြုလုပ်လိုက်သောအခါ တံဆိပ်တော်တံခါးခြောက်ခု ပေါ်လာပြီး လုယွမ်ကို ချုပ်နှောင်လိုက်၏။ လုယွမ်၏ လှုပ်ရှားမှုများက ရုတ်တရက် အေးခဲကာ ရပ်တန့်သွားတော့သည်။

"မကောင်းတော့ဘူး"

လုယွမ် မျက်နှာပျက်သွားသည်။

"သတ်"

လုမင်က နဂါးနက်လှံကိုထုတ်ပြီး လုယွမ်၏ဒန်တျန်ကို ထိုးသွင်းလိုက်၏။

"စွပ်"

နဂါးနက်လှံက လုယွမ်၏ ဒန်တျန်ကို ထိုးဖောက်သွားသည်။ လုယွမ်လည်း လက်မခံနိုင်စွာ အော်ဟစ်ပြီး သေဆုံးသွားတော့သည်။

"လုယွမ် သေပြီ"

လူများစွာတို့ တုန်လှုပ်သွားကြသည်။

"အစွမ်းထက်လိုက်တဲ့ ချိတ်ပိတ်နည်းလမ်း... လုမင်က ချိတ်ပိတ်နည်းလမ်းကို ကောင်းကောင်းသိတယ်။ အခုလေးတင် သူက လုယွမ်ကို တမင်တကာ အချိန်ဆွဲပြီး တိုက်ခိုက်နေတာလေ၊ လုယွမ်နဲ့ လိုက်လျောညီထွေဖြစ်လာမှ ချိတ်ပိတ်နည်းလမ်းနဲ့ လုယွမ်ကို ရုတ်တရက် အေးခဲသွားအောင် လုပ်လိုက်တာ... လုယွမ်က ဘယ်လိုလုပ်ပြီး ခုခံနိုင်ပါတော့မလဲဗျာ"

"တကယ်တော့ ဒါကလည်း လုမင်ရဲ့ ဗျူဟာပဲလေ။ လုယွမ်က သတိပေါ့လျော့တာလည်း ပါတာပေါ့"

လူတော်တော်များများက လုမင်၏ ဗျူဟာနှင့် လုယွမ်က ပေါ့လျော့မှုကြောင့် သေဆုံးသွားသည်ဟု ထင်မှတ်ခဲ့ကြသည်။

"လု...မင်"

ပွဲကြည့်စင်မှာတော့ လော့ရွှေဟန်၏ အကြည့်များက ရေခဲတမျှ အေးစက်နေတော့သည်။

လုမင်က လုယွမ်ကို အမှန်တကယ် သတ်ခဲ့သည်။ ဤနည်းအားဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်းက အားနည်းချက်ဖြစ်လိမ့်မည်။

လုယွမ် သေဆုံးခြင်းကြောင့် သူ၏ အမှတ်များက သုညသို့ ပြန်ရောက်သွားသည်။ ၎င်းက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ စုစုပေါင်းရမှတ်များအတွက် ဆိုးရွားစွာ သက်ရောက်မှုရှိလိမ့်မည်။

မူလက၊ ကောင်းကင်နတ်ဘုရားဂိုဏ်းသည် ကျန်လူ ဆယ့်ရှစ်ယောက်တို့တွင် ကြီးစွာသော အားသာချက် ရှိသည်။

ကျန်ဆယ့်ရှစ်ယောက်အနက် သုံးဦးက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဖြစ်၏။

လော့ရွှေဟန်အပြင် လုယွမ်နှင့် အဆင့်တူသော ပါရမီရှင်တစ်ယောက်လည်း ရှိသေးသည်။

ထို့ပြင်၊ လုယွမ်ကဲ့သို့ ပါရမီရှင်တစ်ဦးက ထွတ်မြတ် ပါရမီရှင်ဆယ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် အသတ်ခံရမည့်သူ မဟုတ်ပါ။ အကယ်၍ သူက တိုက်ပွဲစင်မြင့်ပေါ်မှ ပြေးဆင်းရန်ကိုသာ ဆုံးဖြတ်ထားလျှင် ထွတ်မြတ်ပါရမီရှင်များပင်လျှင် သတ်နိုင်မည် မဟုတ်ပေ။

ထိုအတိုင်း ဆက်သွားပါက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အမှတ်များသည် မကြာမီ နဂါးနတ်ဘုရားတောင်ကြားကို ကျော်သွားမည် ဖြစ်သည်။ ထိုအချိန်တွင် လုမင်ကို သူက သတ်လိုက်ပြီး ပထမနေရာကို ရယူနိုင်သရွေ့၊ ကောင်းကင်နတ်ဘုရားဂိုဏ်းသည် ပထမ ဖြစ်ရပေလိမ့်မည်။

သို့ရာတွင်၊ လုယွမ်ကို ပေါ့လျော့မှုကြောင့် လုမင်၏လက်တွင် သေဆုံးသွားမည်ဟု မည်သူထင်ထားခဲ့မည်နည်း။ ယခုအခါ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အခြေအနေက အနည်းငယ် စိုးရိမ်နေရပြီ ဖြစ်သည်။

'လုမင် သေရမယ်'

လော့ရွှေဟန်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

"လော့ရွှေဟန်၊ မင်းရဲ့အလှည့်က မကြာခင်ရောက်လာမှာပါ။ လုယွမ်ရဲ့အနောက်ကို ငါ မင်းကိုလိုက်ပို့ပေးမယ်"

လုမင်က လော့ရွှေဟန်ကို သွေးစွန်းနေသော လှံဖြင်ချိန်ရွယ်ပြီး ပြောလိုက်သည်။ ထို့နောက် ပွဲကြည့်စင်သို့ ပြန်လျှောက်သွားလေသည်။

ထို့နောက် တိုက်ပွဲက ဆက်လက်ဖြစ်ပွားခဲ့သည်။

နောက်ထပ်တိုက်ပွဲက လူအုပ်၏ စိတ်ဝင်စားမှုကို ခံရပြန်သည်။

လော့‌ရှန်းနှင့် ထွတ်မြတ်ပါရမီရှင်တစ်ဦးတို့၏ တိုက်ပွဲပင်။

လော့ရှန်းသည် ယခင်က ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့ဖူးသည်။ သေခြင်းရှင်ခြင်းဓားသိုင်းကို အသုံးပြုပြီးသည်နှင့် မည်သူမျှ သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ယခုဆိုလျှင် သူ၏ကျင့်ကြံမှုက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

ယခု ထွတ်မြတ်ပါရမီရှင်ထဲမှ တစ်ယောက်နှင့် ရင်ဆိုင်ရလျှင် သူ၏စွမ်းဆောင်မှုက မည်သို့ရှိမည်နည်း။

သို့သော်လည်း တိုက်ပွဲစတင်သောအခါ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

ဓားအလင်းက လွှမ်းခြုံသွားပြီး ထွတ်မြတ်ပါရမီရှင်ကို အပြတ်အသတ် ချေမှုန်းခဲ့၏။

တိုက်ကွက် တစ်ဒါဇင်ခန့်ဖြင့် ထွတ်မြတ်ပါရမီရှင်ဟာ အန္တရာယ်ကျရောက်နေပြီ။ နောက်ဆုံးမှာတော့ ထိုပါရမီရှင်ဟာ ဒဏ်ရာဒဏ်ချက်များဖြင့် အစွမ်းကုန်သုံး၍ စင်အောက်ကို ပြေးဆင်းသွားရသည်။

ယင်းက လူတိုင်းကို မယုံကြည်နိုင်အောင် ဖြစ်စေသည်။

သူတော်စင်တစ်ပိုင်း ဒုတိယအဆင့် ကျင့်ကြံမှုဖြင့် သူသည် ထွတ်မြတ်ပါရမီရှင်တစ်ဦးကို အနိုင်ယူခဲ့သည်။ ဤကဲ့သို့သော တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းလှပေသည်။

"သူက အတော်အစွမ်းထက်တယ်။ ငါက သူ့ရဲ့ပြိုင်ဘက် မဟုတ်တော့ဘူး"

ကျစ်ဖုန်းက ခါးသီးသောအမူအရာဖြင့် ပြောလိုက်သည်။

တိုက်ပွဲစင်မြင့်မှ လော့ရှန်း၏ ရုပ်သွင်ကိုကြည့်ရင်း အခြား ထွတ်မြတ်ပါရမီရှင်များလည်း လေးနက်မှုကို ခံစားလိုက်ကြရလေသည်။

'သေခြင်းရှင်ခြင်းဓားဂိုဏ်းမှာ ဒီလိုလူမျိုး ဘယ်လိုလုပ်ပြီ ရှိနိုင်မှာလဲ'

လော့ရွှေဟန်၏ အမူအရာက လူအုပ်ကြားတွင် အဆိုးဆုံးဖြစ်သည်။

လော့ရှန်းက ယခုအချိန်မှာပင် ဤမျှအစွမ်းထက်နေပါက၊ သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ဖြတ်ကျော်သွားလျှင် သူပင် ယှဉ်နိုင်တော့မည် မဟုတ်ပါ။ စန်းပြည်နယ်၏ ထွတ်မြတ်ပါရမီရှင်စာရင်းကလည်း အနာဂတ်တွင် ပြောင်းလဲသွားလိမ့်မည် မဟုတ်လော။

"မဟုတ်ဘူး၊ ငါ အနာဂတ်မှာ အခွင့်အလမ်းရှာပြီး လော့ရှန်းကို ဖယ်ရှားရမယ်'

လော့ရွှေဟန်၏ မျက်လုံးများက အေးစက်စက်အလင်းတို့ တောက်ပလာသည်။ စန်းပြည်နယ်ရှိ နံပါတ်တစ် ထွတ်မြတ်ပါရမီရှင်ဟူသော သူ၏ပလ္လင်ကို အခြားသူများအား မပေးနိုင်ပေ။

'လော့ရှန်းရဲ့ ဓားချက်က တစ်ခါတလေ မြန်တယ်၊ တစ်ခါတလေကျ နှေးနေပြန်ရော... အဲဒါက မှန်းလို့မရဘူး။ မဟုတ်မှလွဲ... ဒါက ဒဏ္ဍာရီလာ အရှိန်အဟုန်နိယာမများ ဖြစ်နိုင်မလား'

လုမင်၏ မျက်လုံးများက တွေးဆမှုအရိပ်အယောင်များ ပေါ်လာသည်။

နဝမနဂါး၏ မှတ်ဉာဏ်အပိုင်းအစများထဲမှ တစ်စိတ်တစ်ပိုင်းကို ရရှိထားသူအနေဖြင့် လုမင်၏ အသိအမြင် ဗဟုသုတမှာ အခြားသူများထက် သာလွန်သည်။

လော့ရှန်း၏ နိယာမက အရှိန်အဟုန်နိယာမ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း သူ ပြောနိုင်ပေသည်။

ကမ္ဘာပေါ်တွင် အမြင့်ဆုံး နိယာမဆယ်ခုက အသန်မာဆုံးဖြစ်သည်မှာ သေချာသည်။

သို့သော်... အမြင့်ဆုံး နိယာမဆယ်ခုအောက်တွင် သာမန်နိယာမများထက် အဆများစွာ ကြောက်စရာကောင်းသည့် နိယာမအချို့ ရှိသေးသည်။ အရှိန်အဟုန်နိယာမက ထိုအထဲမှဖြစ်ပြီး အမြင့်ဆုံး နိယာမဆယ်ခုပြီးနောက် ဒုတိယအဆင့် ဖြစ်သည်။

လော့ရှန်း၏ တိုက်ပွဲပြီးနောက် လော့ရွှေဟန်နှင့် အခြားပါရမီရှင်တစ်ဦး တိုက်ခိုက်ရန်အလှည့် ဖြစ်သည်။

ထိုပါရမီရှင်က ထွတ်မြတ်ပါရမီရှင် ဆယ်ဦးပြီးနောက် ဒုတိယလိုက်သော်လည်း လော့ရွှေဟန်ကိုတော့ မည်သို့မျှ မဆန့်ကျင်နိုင်ပေ။ သူ့ကို လော့ရွှေဟန်က အပြတ်ဖိနှိပ်ထားသည်။ နောက်ဆုံးမှာတော့ တိုက်ပွဲစင်မြင့်မှ မလွတ်မြောက်နိုင်ပဲ လော့ရွှေဟန်၏ အသတ်ခံခဲ့ရပေသည်။

သူ့ပြိုင်ဘက်ကို သတ်လိုက်ပြီးနောက် လော့ရွှေဟန်က ဒေါသမာန်အပြည့်ဖြင့် လုမင်ကို ကြည့်လိုက်သည်။

လုမင်က လုယွမ်ကို သတ်နိုင်သော်လည်း လုယွမ်မှ ပေါ့လျော့ခဲ့သောကြောင့်ပင်။ သို့ရာတွင်၊ လော့ရွှေဟန်က သူ၏ပြိုင်ဘက်ကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များဖြင့် အပြတ်ဖိနှိပ်ပြီး သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

လုမင်ကတော့ လော့ရွှေဟန်ကို ဂရုမစိုက်ဘဲ ပြုံးရုံသာ ပြုံးလိုက်လေသည်။

"ဂိုဏ်းတူညီလေး လုမင်၊ လော့ရွှေဟန်ရဲ့ တိုက်ခိုက်နိုင်စွမ်းက လွန်ခဲ့တဲ့သုံးနှစ်ကထက် ပိုကြောက်စရာကောင်းလာတယ်။ မင်း သူ့ကိုအနိုင်ယူဖို့ ယုံကြည်မှုမရှိရင် အရှုံးပေးလိုက်ပါ"

ကျစ်ဖုန်းက ပြောလိုက်သည်။

လော့ရွှေဟန်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်။ သူသည်ပင် လော့ရွှေဟန်ကို ရင်ဆိုင်ရပါက အနိုင်ရရှိရန် အခွင့်အလမ်း လုံးဝ မရှိပေ။

"ကျွန်မရဲ့ ဆရာက မရှုံးပါဘူးနော်။ ဆရာနဲ့တွေ့ရင် အဲဒီ လော့ရွှေဟန်က ‌ရှုရှုးပါကျတဲ့အထိ အရိုက်ခံရမှာသေချာတယ်"

လုရှန်းရှန်းက မပျော်မရွှင်ဖြစ်ပြီး နှုတ်ခမ်းစူလိုက်သည်။

လုရှန်းရှန်း၏ အမြင်တွင် လုမင်က အသန်မာဆုံးဖြစ်သည်။ သူက အခြားသူကို မည်သို့ရှုံးနိမ့်နိုင်မည်နည်း။

"ဟုတ်ပါပြီကွာ၊ မင်းရဲ့ဆရာက အသန်မာဆုံးပဲ"

ကျစ်ဖုန်းလည်း ခါးသက်သက်ဖြင့် ပြုံးလိုက်မိသည်။

"ဟွန့်"

ထိုမှသာ ကလေးမလေးက ပြုံးလိုက်လေသည်။

"ဒီကောင်မလေး"

လုမင်လည်း လုရှန်းရှန်း၏ ဦးခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်သည်။

နောက်ပိုင်း တိုက်ပွဲများက အလွန်ပြင်းထန်သည်။ ကျန်ရှိသော ပါရမီရှင်များက သဘာဝအတိုင်း အရှုံးပေးခြင်း မရှိပေ။ တိုက်ပွဲများ အလွန်တရာ ပြင်းထန်ခဲ့သည်။

ထိုပွဲပြီးနောက်တွင် လူဆယ့်ခြောက်ယောက်သာ ကျန်တော့သည်။

နဂါးနတ်ဘုရားတောင်ကြားက ဦးဆောင်နေဆဲ ဖြစ်သည်။

အချီသစ်တစ်ခု စတင်ပြီ။ ပထမတိုက်ပွဲမှာ ကျစ်ဖုန်းနှင့် ဝမ့်ကျန့်တို့ကြားမှ တိုက်ပွဲ ဖြစ်သည်။

စင်စစ်တွင်၊ ဤအဆင့်များမှာ မဲဆွဲနည်းကို အသုံးမပြုတော့ပါ။ နောက်ဆုံးတွင် လူအရေအတွက်က အလွန်နည်းပါးနေပြီ ဖြစ်သည်။ မဲဆွဲနည်းကို ဆက်သုံးနေပါက တူညီသော‌လူနှစ်ယောက် ထပ်မံကျရောက်လျှင် မည်သို့ဖြစ်မည်နည်း။ ထို့ကြောင့် မလိုအပ်တော့ပေ။

နောက်ပွဲစဉ်များတွင် ပိုယွမ်ကွေ့ကိုယ်တိုင် စီစဉ်ပေးရမည် ဖြစ်သည်။

ထိုပွဲတွင် ကျစ်ဖုန်းက အစွမ်းကုန်ကြိုးစားသော်လည်း ကံမကောင်းစွာဖြင့် ဝမ့်ကျန်းကို ရှုံးနိမ့်ခဲ့ပေသည်။

"လုမင်းနဲ့ လော့ရွှေဟန်"

ပိုယွမ်ကွေ့က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

All Chapters