အခန်း ၁၆၉၆
Vol. 114 Ch. 1696
အပိုင်း ( 1696 ) နိယာမ ပညာရှင်။
ရှဲ့နျန်ကျွင်းသည် နတ်ဘုရားသားတော်တွင် အခြား လျှို့ဝှက်ကျင့်စဉ်တစ်ခုရှိနေကြောင်း သူ့အား ပြောပြခဲ့ဖူးသည်။ ထိုကျင့်စဉ်ကို အသုံးပြုလိုက်သည်နှင့် အချိန်တိုအတွင်း သူ၏ ခွန်အားသည် သိသိသာသာ တိုးလာပေလိမ့်မည်။
ထို့ကြောင့် သတိထားရမည် ဖြစ်သည်။
"လုမင်... မင်း သေချင်နေတာပဲ။ မင်း ငါ့ကို ဖိအားပေးတယ်။ မြင့်မြတ်သော ပေါက်ကွဲခြင်းကျင့်စဉ်"
နတ်ဘုရားသားတော်က ဟိန်းဟောက်လိုက်သည်။
"ဝုန်း"
ထိုအချိန်တွင် နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်က မြင့်မြတ်သော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မြင့်မြတ်သောအလင်း ချပ်ဝတ်တန်ဆာက ပေါက်ကွဲသွားပြီး အလင်းတန်းတစ်ခုကဲ့သို့ သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွား၏။
ဤအခိုက်အတန့်တွင် နတ်ဘုရားသားတော်၏ အရှီန်အဝါက တဟုန်ထိုးတက်လာပြီး တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
"ဘာ၊ နတ်ဘုရားသားတော်မှာ နောက်ထပ် လျှို့ဝှက်ပညာရပ်တစ်ခု ရှိနေသေးတာလား"
"ကြောက်စရာကောင်းလိုက်တဲ့ လျှို့ဝှက်ကျင့်စဥ်ပဲ။ သူ့ရဲ့ အရှိန်အဝါက အရှိန်အဟုန်ပြင်းပြင်းနဲ့ မြင့်တက်နေတုန်းပဲ"
"သူ့ရဲ့ အငွေ့အသက်တောင် ပြောင်းသွားပြီ"
လူတော်တော်များများက အော်ဟစ်လိုက်ကြသည်။
"ယား"
ထိုအချိန်တွင် နတ်ဘုရားသားတော်က သားရဲကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများ နီရဲလာပြီး သူ့မျက်နှာပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်လာ၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖြူစင်သန့်ရှင်းသော အလင်းရောင်က မသန့်စင်တော့ဘဲ သွေးအရိပ်အယောင်များ ပေါ်လာတော့သည်။
"လုမင်... သေပေတော့"
နတ်ဘုရားသားတော်က ဟိန်းဟောက်ပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ ထိုက်ကျိအင်းကွက်က ပျက်စီးပြီး လေထဲတွင် ပျံ့လွင့်သွား၏။
တစ်ချိန်တည်းမှာပင် ဓားအလင်းသည် လုမင်၏ လှံရှည်ကို ထိမှန်သွားသည်။ လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွား၏။ သူ့ဆီသို့ အနှိုင်းမဲ့အင်အားတစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရကာ သူ လွင့်စဉ်သွားတော့သည်။
"သတ်"
နတ်ဘုရားသားတော်က ဟိန်းဟောက်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဓားဖြင့် ခုတ်ချလိုက်၏။ ဓားအလင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပုံရသည့် ကြောက်စရာကောင်းသော စွမ်းအားမျိုးဖြင့် ထွက်ပေါ်လာတော့သည်။
မရေမတွက်နိုင်သော ရွန်းများက ဒုတိယခန္ဓာ လုမင်ထံမှ ပေါ်လာပြီး အမျိုးမျိုးသော လက်နက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ လက်နက်များက နတ်ဘုရားသားတော်ထံ ပျံသန်းသွား၏။ တစ်ချိန်တည်းမှာပင်၊ ထိုက်ကျိအစီရင်ဓာတ်ပြားက တောက်ပလာပြီး ထိုက်ကျိအင်းကွက်တစ်ခု ပြန်ပေါ်လာသည်။ ထို့နောက်တွင်၊ ထိုက်ကျိအင်းကွက်က နှစ်ပိုင်းကွဲသွားပြီး ယင်နှင့်ယန်ငါး ဓားနှစ်လက်အဖြစ် ပြောင်းလဲကာ နတ်ဘုရားသားတော်ကို ခုတ်ပိုင်းလိုက်တော့သည်။
"ဝုန်း... ဝုန်း"
နတ်ဘုရားသားတော်၏ ဓားအလင်းက ဒုတိယခန္ဓာ လုမင်၏ အစီရင်ဖြင့် ဖွဲ့စည်းထားသော လက်နက်အမျိုးမျိုးကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ ဓားအလင်းက ယင်နှင့်ယန်ငါး ဓားနှစ်လက်ကို ဆက်လက်ထိမှန်သွား၏။
"ထန်... ထန်"
ကြမ်းတမ်းသော ဓားစွမ်းအင်လှိုင်းများက အရပ်ရပ်သို့ ဖြာထွက်သွားသည်။
ယင်နှင့်ယန်ငါး ဓားများလည်း လွင့်စဉ်သွားပေသည်။
"ဝုန်း"
ကောင်းကင်တွင် ဧရာမ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခု ပေါ်ပေါက်လာပြီး နတ်ဘုရားသားတော်ကို ဖိချလိုက်သည်။ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်၏ နောက်ကွယ်တွင် မူလခန္ဓာလုမင်က ကပ်ပါလာပြီး သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခုဖြင့် နတ်ဘုရားသားတော်ကို တိုက်ခိုက်လိုက်၏။
"မြင့်မြတ်သောအလင်းဓားချက်၊ ချိုးဖျက်လော့"
နတ်ဘုရားသားတော်က ဟိန်းဟောက်ပြီး ဓားဖြင့် ခုတ်လိုက်သည်။ အလင်းဓားမှ ဓားချီအလင်းက ကောင်းကင်သို့ ထိုးတက်သွား၏။ ၎င်းက ကမ္ဘာကို နှစ်ပိုင်းခွဲသွားသကဲ့သို့ ဧရာမ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ထိုးခုတ်လိုက်တော့သည်။
"ရွှမ်း"
ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသည်။ ဓားအလင်းက အမှန်တကယ်ပင် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို လျင်မြန်စွာ ခွဲထွက်သွား၏။
"ဝုန်း"
နောက်ဆုံးတွင် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ပေါက်ကွဲသွားတော့သည်။ ဓားအလင်းက ထိုမျှနှင့် မရပ်တန့်ဘဲ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်၏ နောက်ကွယ်ရှိ လုမင်နှင့် တိုက်မိသွားသည်။
သူတော်စင်လက်နက်များက တစ်ခုပြီးတစ်ခု ပေါ်လာပြီး လုမင်၏ရှေ့မှ တားဆီးလိုက်၏။ သို့သော်လည်း ကြောက်စရာကောင်းသော တုန်ခါမှုများ ဆက်လက် ထွက်ပေါ်လာပြီး လုမင်၏ ခန္ဓာကိုယ်က လေထဲသို့ တစ်ဖန် လွင့်ပျံသွားပြန်တော့သည်။
'ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ အင်အားလဲ'
လုမင် တုန်လှုပ်သွားမိသည်။
လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီးနောက် နတ်ဘုရားသားတော်၏ အင်အားက အဆများစွာ တိုးတက်လာသည်။
သို့သော်၊ လုမင်က မကြောက်ပေ။ ထိုအစား သူ၏ မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်ချင်စိတ်တို့ ပေါ်လာသည်။
"တိုက်ခိုက်... တိုက်ခိုက်... တိုက်ခိုက်"
လုမင်က နောက်မဆုတ်ပေ။ သူ့ကိုယ်သူ ဟန်ချက်ညီအောင် ချက်ချင်းထိန်းချုပ်ပြီး ဒုတိယခန္ဓာနှင့်အတူ နတ်ဘုရားသားတော်ကို တစ်ချိန်တည်း တိုက်ခိုက်လိုက်သည်။ တိုက်ခိုက်မှုမျိုးစုံက နတ်ဘုရားသားတော်ကို တရစပ်တိုက်ခိုက်ကြ၏။
နတ်ဘုရားသားတော်က မဟာသူတော်စင်ဓားကို တင်းတင်းဆုပ်ကိုင်ထားသည်။ ဓားအလင်းတစ်ခု ဖြတ်သန်းသွားတိုင်း လုမင်၏ တိုက်ခိုက်မှုအမျိုးမျိုးကို ဖျက်ဆီးပစ်လိုက်ကြသည်။
ထို့နောက် ဓားချက်များ ဆက်လက်ထုတ်ဖော်လိုက်၏။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဓားအလင်းများက လုမင်းဆီသို့ ဖြတ်သန်းလာတော့သည်။
"ဝုန်း... ဝုန်း"
ပေါက်ကွဲသံများနှင့်အတူ လုမင်၏ အမျိုးမျိုးသော တိုက်ခိုက်မှုများက ပျက်စီးသွားသည်။ သူ့ခန္ဓာကိုယ်ကလည်း ဆုတ်သွားရ၏။
"သတ်"
နတ်ဘုရားသားတော်က ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ မူလခန္ဓာ လုမင်ကို တိုက်ခိုက်လိုက်တော့သည်။
"ထန်... ထန်... ထန်"
ဓားအလင်းများ ကျရောက်လာပြီး လုမင်ကို ဝန်းရံထားသည့် သူတော်စင်လက်နက်များကို တစ်ခုပြီးတစ်ခု လွင့်စဉ်သွားစေခဲ့သည်။
ဒိုင်းတစ်ခုဆိုလျှင် ဓားအလင်းများ ထိမှန်ပြီးနောက် အက်ကြောင်းတစ်ခုပင် ပေါ်လာတော့သည်။
"လုမင်၊ မင်း ဒီနေ့ သေကိုသေရမယ်"
လုမင်ကို ဆက်လက်တိုက်ခိုက်ရင်း နတ်ဘုရားသားတော်က အေးစက်စက် ပြောလိုက်သည်။
"ရွှစ်..."
ဓားအလင်းတစ်ခုက လုမင်၏ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလုမတတ် ဖြစ်သွား၏။
သို့သော်လည်း လုမင်က ပူဖောင်းလေးကို အကူအညီတောင်းရန် မခေါ်ပါ။
ပူဖောင်းလေးက ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သောကြောင့် လုမင်၏ တိုက်ခိုက်မှုစွမ်းရည်အဖြစ် ထည့်မတွက်နိုင်ပေ။ ပူဖောင်းလေးကို ခေါ်လိုက်လျှင် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာသူတော်စင်က ဝင်ရောက်စွက်ဖက်မည် ဖြစ်သည်။
ထို့ကြောင့် သူ့ကိုယ်သူသာ အားကိုးရလိမ့်မည်။
"ဝှစ်..."
မူလခန္ဓာလုမင်က လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ဒုတိယခန္ဓာက ရှေ့သို့ တိုးလာပြီး နတ်ဘုရားကို ဖိနှိပ်ရန် ထိုက်ကျိအစီရင်ဓာတ်ပြားကို ထိန်းချုပ်လိုက်၏။
"ထန်"
နတ်ဘုရားသားတော်က ဓားချက် ထုတ်ဖော်လိုက်သည်။ ထိုက်ကျိအစီရင်ဓာတ်ပြားက တုန်ခါပြီး လွင့်စဉ်သွားပေသည်။
ဤနေရာတွင်၊ ထိုက်ကျိအစီရင်ဓာတ်ပြားက အားနည်းခြင်းမဟုတ်ပေ။ ဒုတိယခန္ဓာ၏ ကျင့်ကြံမှုက အကန့်အသတ်ရှိပြီး ၎င်း၏ စွမ်းအားများစွာကို မထုတ်လွှတ်နိုင်ခြင်းကြောင့် ဖြစ်သည်။
"သတ်"
နတ်ဘုရားသားတော်က မူလလန္ဓာ လုမင်ကို ပစ်မှတ်ထားကာ ထပ်မံတိုက်ခိုက်လိုက်သည်။
လုမင်က အစွမ်းကုန် တားဆီးရန် ကြိုးစားသော်လည်း နတ်ဘုရားသားတော်ကို မယှဉ်နိုင်ပေ။ သူက ထက်ဝက်ပိုင်းဖြတ်ခံရလုနီးဖြစ်ကာ တိုက်ခိုက်မှုကို ကပ်သီလေး ရှောင်တိမ်းနိုင်ခဲ့သည်။
"လုမင်မှာ နည်းလမ်းမရှိတော့ဘူး။ သူက အစွမ်းကုန် အသုံးပြုပြီးပြီ"
"ဟုတ်တယ်၊ သူက သန်မာပါတယ်... ဒါပေမဲ့ သူက နတ်ဘုရားသားတော်ကို မယှဉ်နိုင်ဘူး။ သူ ဒီမှာပဲ သေရတော့မယ်"
"သနားစရာပဲ"
ဤတိုက်ပွဲတွင် လုမင်က သူ၏ စွမ်းရည်အားလုံးကို အသုံးပြုခဲ့ပြီးဖြစ်ကြောင်း ထင်ရှားသည်။ ကံမကောင်းချင်တော့ သူသည် နတ်ဘုရားသားတော်ကို မယှဉ်နိုင်ခဲ့ပေ။
"ရွှပ်"
ဓားအလင်းတစ်ခု ဖြတ်သန်းသွားပြီး လုမင်၏ ခန္ဓာကိုယ်မှ သွေးများဖြာထွက်လာခဲ့သည်။
"လုမင်၊ မင်းမှာ အခွင့်အရေးမရှိတော့ဘူး"
နတ်ဘုရားသားတော်က အော်ဟစ်လိုက်သည်။ သူက လေပြင်းမုန်တိုင်းကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။ လုမင်က အန္တရာယ်ရှိနေပြီ။
သို့သော်လည်း လုမင်၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက ကစဉ့်ကလျားနိယာအကို အစွမ်းကုန် ထုတ်ဖော်ရင်း နတ်ဘုရားသားတော်နှင့် တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒုတိယခန္ဓာသည်လည်း နတ်ဘုရားသားတော်ကို အဆက်မပြတ် တိုက်ခိုက်လိုက်၏။
'ကစဉ့်ကလျား နိယာမ၊ နတ်ဘုရားသားတော်... မင်းကို အသုံးချပြီး ကစဉ့်ကလျားနိယာမကို အဆင့်တက်မယ်'
အန္တရာယ်ကြားတွင် လုမင်၏စိတ်က အလွန်တည်ငြိမ်သနေသည်။ သူ၏ အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့က အလွန်စူးစိုက်နေ၏။ သူ့ခန္ဓာကိုယ်ထဲမှ ယွမ်ချီစွမ်းအင်က လွန်ကဲစွာလည်ပတ်နေပြီး ကစဉ့်ကလျားနိယာမကလည်း အစွန်းရောက် သက်ဝင်နေတော့သည်။
အန္တရာယ်များလေလေ၊ အလားအလာကို ပို၍ လှုံ့ဆော်နိုင်လေလေ ဖြစ်သည်။
"ရွှပ်"
လုမင်၏ပခုံးကို ဓားအလင်းတစ်ခုက ထိုးဖောက်ဝင်ရောက်လာသည်။ သို့သော်လည်း လုမင်၏ ဝိညာဉ်ခန္ဓာက သာမန်မဟုတ်ဘဲ ကစဉ့်ကလျားချီအရိပ်အယောင် ပါဝင်နေ၏။ ၎င်းက အလယ်အလတ်အဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာများထက်ပင် အားနည်းသည် မဟုတ်ပေ။ သူ၏ ဝိညာဉ်ခန္ဓာက ဒဏ်ရာကို ချက်ချင်းကုသနေပြီး ဓားချီ၏ အဖျက်စွမ်းအားကို အလွန်အကျွံ မထိခိုက်စေရန် ဖျက်ဆီးပစ်လိုက်သည်။
'ကစဉ့်ကလျား နိယာမ၊ ကစဉ့်ကလျား နိယာမ...'
ဤစကားများက လုမင်၏ စိတ်ထဲတွင် အမြဲပေါ်လာသည်။
သူ၏ စိတ်ဝိညာဉ်က လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိသွားပုံရ၏။
သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံ။
နတ်ဘုရားသားတော်၏ ပြင်းထန်သော ခြိမ်းခြောက်မှုကို ရင်ဆိုင်သောအခါ၊ လုမင်က နောက်ဆုံးတွင် ထိုအခြေအနေသို့ တစ်ဖန် ရောက်ရှိသွားခဲ့သည်။
"ဝမ်"
ထိုအချိန်တွင်၊ ကောင်းကင်ယံမှ မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုက လုမင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
"အဲဒါက... ကစဉ့်ကလျားနိယာမပဲ"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"လုမင် အဆင့်တက်သွားပြီဟ၊ သူက နတ်ဘုရားသားတော်နဲ့ တိုက်ပွဲမှာ အမှန်တကယ် အဆင့်တက်သွားခဲ့ပြီ"
"မယုံနိုင်စရာပဲ၊ သူက ကစဉ့်ကလျားနိယာမကို ဖြတ်ကျော်နိုင်ခဲ့တယ်။ ကြည့်ရတာ တိုက်ပွဲစည်းချက်က နောက်တစ်ခါ ပြောင်းလဲဦးတော့မယ်"
လူတိုင်း တုန်လှုပ်သွားကြသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပညာရှင်များလည်း မတ်တတ်ထရပ်လိုက်ကြ။ သူတို့ထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
"သူ့ခန္ဓာကိုယ်က ကစဉ့်ကလျားနိယာနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်တစ်ခုလိုတယ်။ ရှန်းကျစ်၊ သူ့ကို အခုသတ်လိုက်တော့"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာသူတော်စင်က အော်ဟစ်လိုက်သည်။
"လုမင်၊ သတိထား"
ခရမ်းရောင်နဂါး တောင်ကြားသခင်ကလည်း လုမင်ကို သတိပေးရန် အော်ဟစ်လိုက်၏။
တိုက်ပွဲဟာ အရေးကြီးသော အခိုက်အတန့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း လူတိုင်းသိကြသည်။
လုမင်က ကစဉ့်ကလျားနိယာမနှင့် လိုက်လျောညီထွေဖြစ်သွားလျှင် တိုက်ပွဲကို ပြောင်းပြန်လှန်ကာ နတ်ဘုရားသားတော်ကို သတ်နိုင်ပေလိမ့်မည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။ အကယ်၍၊ ထပ်မံ အဆင့်တက်ခဲ့လျှင် သူက နတ်ဘုရားသားတော်ကို အမှန်တကယ် အနိုင်ယူနိုင်လိမ့်မည်။
ထို့ပြင် နတ်ဘုရားသားတော်၏ လျှို့ဝှက်ကျင့်စဉ်က အချိန်တိုအတွင်း သူ၏ခွန်အားကို တိုးစေနိုင်သည်။ သို့သော်လည်း ထိုအချိန်က တိုတောင်း၏။ ထိုအချိန်ရောက်ပါက နတ်ဘုရားသားတော် သေရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထို့ကြောင့် နတ်ဘုရားသားတော်က ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရမည် ဖြစ်သည်။