← Chapters

အခန်း ၁၇၀၁

Vol. 114 Ch. 1701

အခန်း ၁၇၀၁

Vol. 114 Ch. 1701

အပိုင်း ( 1701 ) သစ္စာဖောက်။

မိစ္ဆာဝိညာဉ်အကြီးအကဲက လေထဲတွင်ရပ်ကာ အေးစက်စက် ပြောလိုက်သည်။

နောက်ထပ် ကျွမ်းကျင်သူများက လုမင်သို့ ပြေးသွားကြ၏။ လုမင်နှင့် ပူဖောင်းလေးက ပူးပေါင်းကာ ပြင်းထန်သော တိုက်ပွဲကို စတင်လိုက်တော့သည်။

လုမင်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းဖြင့် တောက်ပသော သူတော်စင်နယ်ပယ် ကြီးမားသော ပြည့်စုံခြင်းအဆင့် မဟုတ်ပါက မည်သူမျှ သူ့ကိုမတားဆီးနိုင်ပေ။

"မင်းတို့ မြန်မြန်လုပ်ပြီး တိုက်ပွဲကိုအဆုံးသတ်ကြစမ်း"

မိစ္ဆာဝိညာဉ်အကြီးအကဲက သူ့နောက်မှ လူလတ်ပိုင်း အမျိုးသားလေးယောက်ကို အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ"

လူလတ်ပိုင်း အမျိုးသားလေးယောက်က ခေါင်းညိတ်လိုက်သည်။ သူတို့၏ အမူအရာများက ပျင်းရိပျင်းတွဲ၊ သူတို့က ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ပြီး ရှေ့သို့ လှမ်းတက်လိုက်ကြသည်။

ဤသည်မှာ မဟာသူတော်စင် အရှိန်အဝါများ ဖြစ်၏။

လူတိုင်း၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

တစ်ဖက်လူများတွင် ဤတိုက်ပွဲကိုလှည့်ရန် လုံလောက်သော မဟာသူတော်စင်လေးဦး ရှိ၏။

သူတို့ထဲမှ တစ်ယောက်က လုမင်ကိုဦးတည်ကာ တိုက်ခိုက်လိုက်တော့သည်။

"မကောင်းတော့ဘူး"

ရန်ထျန်းကျုံး၊ လုံယွမ်ရှန်နှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။

လုမင်က မဟာသူတော်စင်နယ်ပယ် ပညာရှင်များကို ရင်ဆိုင်လျှင် အခွင့်အရေးမရှိပေ။

"သတ်"

အပြောင်းအလဲမရှိ‌သော အမူအရာဖြင့် လူလတ်ပိုင်း အမျိုးသားက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးပုံရိပ်တစ်ခုက လုမင်ဆီသို့ ကျရောက်လာ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် လုမင်၏အမူအရာမှာ တင်းမာလာတော့သည်။

လုမင်က လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း လူလတ်ပိုင်းအမျိုးသားက အရိပ်တစ်ခုကဲ့သို့ သူ့နောက်မှ လိုက်လာခဲ့သည်။

"တွိ... တွိ"

ပူဖောင်းလေးက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နေရာက ပြောင်းလဲသွားသည်။ အချိန်နှင့်ဟင်းလင်းပြင် နိယာမက စီးဆင်းလာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို ဖိအားပေးလိုက်၏။

သို့သော်လည်း တစ်ဖက်လူ၏ ကျင့်ကြံမှုအခြေခံက အလွန်အားကောင်းသည်။ မဟာသူတော်စင်တစ်ပါး၏ လှုပ်ရှားမှုတိုင်းက တောင်နှင့်မြစ်များကို ဖျက်ဆီးပစ်နိုင်ပေသည်။

သူတော်စင်စွမ်းအင်က လူလတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး အချိန်နှင့်ဟင်းလင်းပြင် နိယာမကို ဖြတ်ကျော်သွားခဲ့သည်။ သူက လုမင်ကို ဆက်လက်တိုက်ခိုက်လိုက်၏။

"ဝုန်း"

လက်ဝါးရိုက်ချက် ကျ‌ရောက်လာပြီးနောက် လုမင်၏ရုပ်သွင်မှာ မှန်သားကဲ့သို့ ကွဲကြေသွားသည်။ ထို့နောက် သူ့ပုံရိပ်က မီတာရာဂဏန်းအကွာတွင် ပြန်ပေါ်လာ၏။ သူ့မျက်လုံးများမှာတော့ လေးနက်မှုတို့ ပြည့်နေတော့သည်။

မဟာသူတော်စင်တစ်ပါးက အားကောင်းလွန်းလှသည်။ သူက လုံးဝ မရင်ဆိုင်နိုင်ပေ။

"ဝှစ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက လုမင်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

သူ့အရှိန်က အံ့မခန်း မြန်ဆန်လွန်းပြီး လုမင်အနီးသို့ ခဏချင်းရောက်လာ၏။

"ဂါး"

နဂါးဟိန်းဟောက်သံနှင့်အတူ ခရမ်းရောင်နဂါးကြီးတစ်ကောင်က လူလတ်ပိုင်း အမျိုးသားဆီသို့ ပြေးဝင်လာသည်။ လူလတ်ပိုင်းအမျိုးသားက ခရမ်းရောင်နဂါးကြီးကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သော်လည်း သူကိုယ်တိုင် နောက်ကိုဆုတ်သွားရလေသည်။

ခရမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး ခရမ်းရောင်နဂါး တောင်ကြားသခင်က လုမင်အနားတွင် ပေါ်လာသည်။ ထိုအချိန်တွင် ခရမ်းရောင်နဂါး တောင်ကြားသခင်ကို ခရမ်းရောင်နဂါးအကြေးခွံများက ဖုံးလွှမ်းထား၏။ အကြေးခွံများက ခရမ်းရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပပြီး ကြည်လင်နေသည်။ ခရမ်းရောင်နဂါး တောင်ကြားသခင်၏ ဦးခေါင်းတွင် နဂါးချိုနှစ်ချောင်းလည်း ရှိသေးသည်။ ဤသည်မှာ ခရမ်းရောင်နဂါး တိုက်ခိုက်ရေးခန္ဓာကို အပြည့်အဝ ထုတ်ဖော်လိုက်ခြင်း၏ ပြယုဂ် ဖြစ်သည်။

ခရမ်းရောင်နဂါး တောင်ကြားသခင်က လုမင်၏အနားသို့ ရောက်လာသည်။ သူ့ပြိုင်ဘက်ကလည်း နောက်မှ လိုက်လာပြီး တိုက်ခိုက်၏။

"အားလုံး စုဝေးပြီး ဖောက်ထွက်ကြစို့"

ခရမ်းရောင်နဂါး တောင်ကြားသခင်က အော်ပြောလိုက်သည်။ သူက နဂါးလက်သည်းဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ ထို့နောက်တွင်၊ သူတော်စင်စွမ်းအင်ဖြင့် လုမင်ကို သူနှင့်အတူ ခေါ်ဆောင်သွား၏။

"ကောင်းပြီ၊ အတူတူစုဝေးကြစို့"

သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ မဟာသူတော်စင်က အော်ပြောလိုက်သည်။

"စုဝေးကြစို့"

အခြားအင်အားစုကြီးများမှ မဟာသူတော်စင်များကလည်း အော်ပြောကြလေသည်။

ဂိုဏ်းပေါင်းစုံမှ သူတော်စင်များနှင့် သာမန်တပည့်များက စုရုံးလာကြသည်။ နဂါးနတ်ဘုရားတောင်ကြားနှင့် သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ လူများက ပထမဆုံး စုရုံးခဲ့ကြသည်။

စုရုံးပြီးသောအခါ အချင်းချင်း ထောက်ပံ့ပြီး အစွမ်းကုန် ခုခံကာကွယ်ကြ၏။

ထို့နောက် တန်ကြေးအနည်းငယ်ပေးဆပ်ပြီး အခြားဂိုဏ်းများလည်း တဖြည်းဖြည်း စုရုံးလာကြသည်။

ပထမတော့ ဂိုဏ်းတစ်ခု၊ ထိုမှ နှစ်ခု ပေါင်းစည်းခဲ့ပြီး တဖြည်းဖြည်းနှင့် ဂိုဏ်းပေါင်းစုံက စုရုံးလာကြတော့သည်။

အဆုံးတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများပင် ကြီးလေးသော တန်ကြေးတစ်ခု ပေးဆပ်ပြီးနောက် အင်အားစုအားလုံးနှင့် စုရုံးခဲ့ကြသည်။

လုမင်သည် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူတစ်ဝက်ခန့် မရှိတော့တာကို တွေ့လိုက်ရသည်။

မူလက လူပေါင်းထောင်နှင့်ချီကာ ရှိခဲ့သော်လည်း ယခုအခါ လူ နှစ်ထောင်အောက်သာ ကျန်ရှိတော့သည်။ ဆုံးရှုံးမှုက အလွန်ကြီးမားသည်။

သို့သော်လည်း ရှဲ့နျန်ကျွင်းကို ကောင်းမွန်စွာ ကာကွယ်ထားပုံရကာ ဘာမျှမဖြစ်ပေ။

အင်အားစုကြီး ဆယ့်သုံးခုက စက်ဝိုင်းသဏ္ဍာန် ဖွဲ့စည်းခဲ့သည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လူများက ဝိုင်းရံထား၏။ သူတို့က လူတိုင်းကို ဝိုင်းရံထားပြီး အဆက်မပြတ် တိုက်ခိုက်နေကြသည်။

သို့သော်လည်း အင်အားစုကြီး ဆယ့်သုံးခုက ပူးပေါင်းကာ ရန်သူများ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့ကြပေသည်။

"သူတော်စင်နယ်ပယ်အောက်က လူတွေ အရမ်းများနေတယ်။ အားလုံးကို ခေါ်ထုတ်သွားဖို့ မလွယ်ဘူး"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"သူတော်စင်နယ်ပယ်အောက်က သူတွေ... ငါ့ရဲ့ တောင်နဲ့မြစ်ပန်းချီကားထဲကို ဝင်ကြ"

လုမင်က အော်ပြောပြီး တောင်နှင့်မြစ် ပန်းချီကားကို ထုတ်ယူလိုက်သည်။

"ဒါ ဂူလှိုဏ်ကောင်းကင်ရတနာပဲ၊ ဟုတ်တယ်ဟေ့... ဂူလှိုဏ်ကောင်းကင်ရတနာထဲကို ဝင်ကြ"

"မခုခံကြနဲ့"

မဟာသူတော်စင်များ အားလုံးက‌ အော်ပြောလိုက်ကြသည်။

သူတော်စင်နယ်ပယ်အောက်မှ တပည့်များက တောင်နှင့်မြစ်ပန်းချီများထဲသို့ ဝင်ရောက်သွားလျှင်၊ သူတို့က ပတ်၀န်းကျင်မှ ခွဲထွက်ရန် ပို၍လွယ်ကူမည် ဖြစ်သည်။

ကောင်းကင်တွင် မိစ္ဆာဝိညာဥ်အကြီးအကဲ၏ မျက်နှာက သုန်မှုန်လာသည်။ သူက အေးစက်စက် အော်ဟး်လိုက်၏။

"တိုက်ခိုက်ကြတော့"

"ရွှစ်... ရွှစ်"

မိစ္ဆာဝိညာဉ်အကြီးအကဲ၏ စကားသံအဆုံးတွင် ကြောက်စရာကောင်းသော ဓားအလင်းများ ထွက်ပေါ်လာသည်။

ဤဓားအလင်းများက အပြင်မှမဟုတ်ဘဲ လုမင်တို့ အတွင်းပိုင်းမှ တိုက်ခိုက်လာခြင်း ဖြစ်၏။

ယခုအချိန်တွင် ဆန္ဒမဲ့ဓားဂိုဏ်းမှ လူများက လုမင်နှင့် အခြားဂိုဏ်းများကို တိုက်ခိုက်လာကြခြင်း ဖြစ်တော့သည်။

"ဆန္ဒမဲ့ဓားဂိုဏ်း၊ မင်းတို့... သစ္စာဖောက်တွေ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာသူတော်စင်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ ဆန္ဒမဲ့ဓားဂိုဏ်းမှ မဟာသူတော်စင်၏ အလစ်အငိုက် တိုက်ခိုက်မှုက သူ၏ ဒန်တျန်ကိုထိုးဖောက်ပြီး သူတော်စင်နှလုံးသားကို ခွဲခြမ်းလိုက်၏။

သူတော်စင်နှလုံးသား ကွဲသွားသည်နှင့် သူ၏ ကျင့်ကြံမှုမှာ ပျက်စီးသွားလိမ့်မည်။

ဆန္ဒမဲ့ဓားဂိုဏ်းမှ လူများကို ရုတ်တရက် သစ္စာဖောက်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

"အား... ချီးပဲ"

အခြားသူများလည်း ဒေါသတကြီး ဖြစ်သွားကြသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် မိစ္ဆာလမင်းဂိုဏ်းက ဆန္ဒမဲ့ဓားဂိုဏ်းနှင့် ပို၍ နီးစပ်သည်။ ဤဂိုဏ်းနှစ်ခုက ဆန္ဒမဲ့ဓားဂိုဏ်း၏ အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပေသည်။

ထိတ်လန့်စရာအကောင်းဆုံးမှာ ဆန္ဒမဲ့ဓားဂိုဏ်းတွင် မဟာသူတော်စင် တစ်ဦးထက်မက ရှိနေခြင်း ဖြစ်သည်။ သူတို့တွင် အများအပြားရှိပြီး ရုတ်တရက် တိုက်ခိုက်လိုက်ကြခြင်း ဖြစ်၏။ အင်အားစုကြီး ဆယ့်သုံးခုက ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားတော့သည်။

ဤအရာက ရှေးယခင်ကပင် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။

"သတ်"

ပတ်ဝန်းကျင်ရှိ မိစ္ဆာဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများက ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ တိုက်ခိုက်လိုက်ကြသည်။

စန်းပြည်နယ်မှ အင်အားစုကြီးများ၏ ခုခံကာကွယ်မှုများက ချက်ချင်း ပျက်ပြားသွားတော့သည်။

သနားစရာအကောင်းဆုံးမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် မိစ္ဆာလမင်းဂိုဏ်းတို့ ဖြစ်သည်။ ဂိုဏ်းနှစ်ဂိုဏ်း၏ မဟာသူတော်စင်များ အသတ်ခံခဲ့ရပေသည်။

"ကာကွယ်ထားကြ"

ခရမ်းရောင်နဂါး တောင်ကြားသခင်က အော်ဟစ်လိုက်သည်။ နဂါးနတ်ဘုရားတောင်ကြားနှင့် သေခြင်းရှင်ခြင်းဓားဂိုဏ်းတို့က အတူတကွ ရပ်တည်ကာ အင်အားအပြည့်ဖြင့် ကာကွယ်ခဲ့ကြသည်။

"သတ်"

လုမင်က ပူဖောင်းလေးနှင့် ပူးပေါင်းပြီး တောက်ပသောသူတော်စင်နယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို ဆက်တိုက်သတ်ပစ်လိုက်၏။ သူ့တစ်ကိုယ်လုံးမှာ သူတော်စင် သွေးဖြင့် ရွှဲနေတော့သည်။

"ဆန္ဒမဲ့ဓားဂိုဏ်း... မင်းတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဝင်ရောက်ပြီးပြီပဲ။ စန်းပြည်နယ်မှာရှိတဲ့ ဂိုဏ်းအားလုံးရဲ့ လက်စားချေမှုကို မကြောက်ဘူးလား"

တစ်ယောက်ယောက်က အော်လိုက်သည်။

"ဟားဟားဟား၊ ဒီနေ့ ငါတို့တွေက မင်းတို့အားလုံးကို သတ်နေသမျှ ဆန္ဒမဲ့ဓားဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေတာကို ဘယ်သူသိမှာလဲ"

ဆန္ဒမဲ့ဓားဂိုဏ်း၏ မဟာသူတော်စင်တစ်ဦးက လှောင်ပြောင်လိုက်သည်။

လူတိုင်း၏ နှလုံးသားများမှာ အေးစက်သွားကြသည်။

မမှားပေ၊ အကယ်၍ သူတို့အားလုံး ယနေ့သေဆုံးသွားပါက ဆန္ဒမဲ့ဓားဂိုဏ်းသည် မိစ္ဆာဝိညာဉ်ဂိုဏ်းသို့ ဝင်ရောက်ပြီးပြီဖြစ်ကြောင်း မည်သူသိမည်နည်း။

ဆန္ဒမဲ့ဓားဂိုဏ်းက စန်းပြည်နယ်ရှိ ဂိုဏ်းပေါင်းစုံနှင့် ဆက်လက် ရောနှောနေနိုင်သည်။ အရေးကြီးသောအခိုက်အတန့်တွင် ၎င်းတို့က အင်အားစုအမျိုးမျိုးကို ပြင်းထန်စွာ ထိုးနှက်နိုင်ဦးမည်။

"မင်းတို့ အောင်မြင်မှာမဟုတ်ဘူး"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"ဟားဟားဟား၊ ငါ့ရဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းက ပြန်နိုးထလာတော့မယ်။ ငါတို့ကို ဘယ်သူမှ တားဆီးလို့မရဘူး"

ကောင်းကင်အမြင့်တွင် မိစ္ဆာဝိညာဉ်အကြီးအကဲက ရယ်မောလိုက်သည်။

"ဂါး"

ထိုအချိန်တွင် ကျယ်လောင်သော သားရဲဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ရှေးဦးသားရဲကြီး ဟိန်းဟောက်နေသကဲ့သို့ ကောင်းကင်ကြီး တုန်ခါသွား၏။ ထို့နောက် အဝေးမှကောင်းကင်ယံ၌ တုနှိုင်းမရအောင် ကြီးမားလှသော ရွှေရောင်လက်သည်းကြီးတစ်ခု ပေါ်လာသည်။ လက်သည်းကြီးကို ရွှေရောင်အမွှေးအမှင်များဖြင့် ဖုံးအုပ်ထားပြီး မိစ္ဆာဝိညာဉ်အကြီးအကဲကို ဖမ်းဆုပ်လိုက်တော့သည်။

"အန္တိမသူတော်စင်"

"ခေါင်းဆောင်... အဲဒါက ခေါင်းဆောင်ပဲ"

နတ်ဆိုးရဲတိုက်မှ ကျွမ်းကျင်သူများစွာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

တခြားသူများလည်း အလွန်စိတ်လှုပ်ရှားသွားကြလေသည်။ ဤအချိန်မျိုးတွင် နတ်ဆိုးရဲတိုက်၏ခေါင်းဆောင်က ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ကောင်းကင်မှ ရွှေရောင်လက်သည်းကြီးဆီသို့ ကျရောက်လာသည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဓားအလင်း ပျက်စီးသွားသော်လည်း ရွှေရောင်လက်သည်းကြီးမှာ နောက်ဆုတ်သွားရတော့သည်။

All Chapters