← Chapters

အခန်း ၁၇၀၃

Vol. 114 Ch. 1703

အခန်း ၁၇၀၃

Vol. 114 Ch. 1703

အပိုင်း ( 1703 ) မြေအောက်ရေစီးကြောင်းများ မြင့်တက်လာခြင်း။

ဆန္ဒမဲ့ဓားဂိုဏ်းမှ အကျော်အမော်များသည် သူတို့အပြင် ဆန္ဒမဲ့ဓားဂိုဏ်းတစ်ခုလုံး ပြီးဆုံးသွားကြောင်း နားလည်ခဲ့ကြသည်။

သူတို့အားလုံး သူတို့၏ ကံဆိုးမှုအတွက် သက်ပြင်းကိုသာချမိကြလေသည်။ တိမ်နဂါးတောင်ကြားသခင်၊ နတ်ဆိုးရဲတိုက်၏သခင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်တို့နှင့် တွေ့ရခြင်းက သူတို့၏ကံဆိုးခြင်းပင်။

"ငါတို့ ဒီကိုရောက်လာတာက တိုက်ဆိုင်မှုလို့ မင်းထင်တာလား။ ငါတို့က ဒီနေရာမှာ အရင်ကတည်းက ကြိုရောက်နေပြီး မင်းတို့ ဆန္ဒမဲ့ဓားဂိုဏ်းက လှုပ်ရှားမဲ့အချိန်ကို စောင့်နေကြတာ။ မင်းတို့ မလှုပ်ရှားရင် အနာဂတ်မှာ ဆန္ဒမဲ့ဓားဂိုဏ်းကို ဘယ်လိုလုပ်ပြီး ဖိနှိပ်ရမှာလဲ"

သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။

"ဘာ၊ မင်းတို့က ဒီမှာရှိနေတာကြာပြီလား။ ဆန္ဒမဲ့ဓားဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဝင်ရောက်ပြီးပြီမှန်း မင်းတို့ ကြိုသိထားတာလား"

ဆန္ဒမဲ့ဓားဂိုဏ်း၏ မဟာသူတော်စင်မှာ မယုံကြည်နိုင် ဖြစ်နေသည်။

သူတို့၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အလွန့်အလွန် လျှို့ဝှက်ထားကြသည် မဟုတ်လော။

"သေချာတာပေါ့၊ ငါတို့က ဒီကိစ္စကို တစ်ချိန်လုံး စုံစမ်းစစ်ဆေးနေခဲ့တာ"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

"လွန်ခဲ့တဲ့ သုံးနှစ်က ငါ့တပည့်လုမင် ​​စန်းတောင်ကနေ ပြန်လာတဲ့လမ်းမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတစ်ခုကို ကြုံခဲ့ရတယ်။ သူ့အဆိုအရ တိုက်ခိုက်ခဲ့သူတွေဟာ ဆန္ဒမဲ့ဓားဂိုဏ်းကပဲ။ ဒါကြောင့် ဒီနှစ်များတစ်လျှောက်လုံး နတ်ဆိုးရဲတိုက်သခင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ ငါတို့ လျှို့ဝှက်စုံစမ်ပြီး သဲလွန်စအချို့ကို တွေ့ရှိခဲ့ကြတယ်။ ဒါပေမဲ့ ငါတို့မှာ သက်သေအထောက်အထား မရှိသေးတာကြောင့် မင်းတို့ကိုယ်​တိုင်​ လှုပ်​ရှားမဲ့အချိန်ကို စောင့်​​နေခဲ့ကြတာ"

လူများစွာတို့ တုန်လှုပ်သွားကြသည်။ ယခုမှ သူတို့ နားလည်သွား၏။

လွန်ခဲ့သောသုံးနှစ်က လုမင်သည် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကို အမှန်တကယ်ကြုံတွေ့ခဲ့ရသည်။

"လွန်ခဲ့တဲ့ သုံးနှစ်က... ငါနားလည်ပါပြီ။ အဲဒီအချိန်က လုမင် လွတ်မြောက်သွားဖို့ မမျှော်လင့်ထားဘူး။ ငါတို့အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ ကောင်းကင်က ငါတို့ကို မျက်နှာသာ‌မပေးခဲ့ဘူး"

ဆန္ဒမဲ့ဓားဂိုဏ်း၏ မဟာသူတော်စင်က သက်ပြင်းချလိုက်သည်။ လုမင်၏လက်တွင် အရာအားလုံး ပျက်စီးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

အကယ်၍၊ လုမင်သာ လွန်ခဲ့သော သုံးနှစ်ခန့်က မလွတ်မြောက်ခဲ့လျှင်... တိမ်နဂါးတောင်ကြားသခင်က အခြားသူများနှင့် ပူးပေါင်းခဲ့မည်မဟုတ်ဘဲ ယနေ့ အဖြစ်အပျက်များလည်း ဖြစ်လာမည် မဟုတ်ပါ။ သူတို့၏ အစီအစဉ်ကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်မည်မှာ သေချာသည်။

"သူတို့ကို သတ်လိုက်ရအောင်ပါ၊ သူတို့နဲ့ စကားပြောစရာ မလိုဘူး"

နတ်ဆိုးရဲတိုက်၏သခင်က ရက်စက်ကြမ်းကြုတ်သော မျက်လုံးတို့ဖြင့်ကြည့်ကာ ပြောလိုက်သည်။ သူက ရွှေရောင်လက်သည်းများဖြင့် ဆန္ဒမဲ့ဓားဂိုဏ်းမှ လူများကို ဖမ်းဆုပ်လိုက်၏။

ဆန္ဒမဲ့ဓားဂိုဏ်းမှ လူများက လက်မခံနိုင်ဘဲ အစွမ်းကုန် ခုခံရန် ကြိုးစားကြသည်။ သို့သော်လည်း အန္တိမသူတော်စင်တစ်ပါး၏ လက်တွင် သူတို့၏ခုခံမှုမှာ အချည်းနှီး ဖြစ်သည်။ နောက်ဆုံးမှာတော့ သူတို့အားလုံး အသတ်ခံခဲ့ကြရလေသည်။

"မင်အာ၊ မင်းတို့ အဆင်ပြေရဲ့လား"

တိမ်နဂါးတောင်ကြားသခင်က ရှေ့သို့လှမ်းကာ လုမင်၊ လုံယွမ်ရှန်နှင့် ရန်ထျန်းကျုံးတို့၏ရှေ့ကို ရောက်လာသည်။

"ဆရာ မလှုပ်ရှားသေးရင်တော့ ကျွန်တော်တို့ တကယ်အဆင်ပြေမှာမဟုတ်ဘူး"

ရန်ထျန်းကျုံးက ခါးသက်သက်ဖြင့် ပြောသည်။

"ကောင်စုတ်လေး၊ မင်းက ဆရာကို နောက်ကျလို့ အပြစ်တင်နေတာလား"

တိမ်နဂါးတောင်ကြားသခင်က အနည်းငယ်ပြုံးပြီး ဆူလိုက်သည်။

"တပည့် မဝံ့ရဲပါဘူး"

ရန်ထျန်းကျုံးက ချက်ချင်း ပြောလိုက်လေသည်။

"ဒီတစ်ခေါက်မှာ ဆန္ဒမဲ့ဓားဂိုဏ်းကလူတွေ တိုက်ခိုက်လာအောင် ဆွဲဆောင်ဖို့က အရေးကြီးဆုံးပဲ။ ငါတို့သာ စောပြီးလှုပ်ရှားခဲ့ရင် ဆန္ဒမဲ့ဓားဂိုဏ်းက ဘယ်လိုလုပ်ပြီး လှုပ်ရှားတော့မှာလဲ။ ဒါကြောင့် မင်းတို့ အန္တရာယ်မကျရောက်ရင် ငါတို့ မလှုပ်ရှားနိုင်ဘူး"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

လုမင်၊ လုံယွမ်ရှန်နှင့် ကျန်လူများလည်း ခေါင်းညိတ်လိုက်ကြသည်။

မမှားပေ၊ အကယ်၍ တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများက စောစော လှုပ်ရှားခဲ့မည်ဆိုလျှင်၊ ဆန္ဒမဲ့ဓားဂိုဏ်းမှ လူများက လှုပ်ရှားတော့မည် မဟုတ်ပါချေ။

"မင်အာ၊ ဒီတစ်ခေါက်မှာ မင်းရဲ့ စွမ်းဆောင်မှုက တော်တော်ကောင်းတယ်။ ကြည့်ရတာ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကနေ မင်း အကျိုးအမြတ်အများကြီး ရရှိခဲ့ပုံရတယ်"

တိမ်နဂါးတောင်ကြားသခင်က လုမင်ကို ကျေနပ်စွာ ကြည့်လိုက်သည်။

အမှန်အတိုင်းဆိုရလျှင် လုမင်၏ စွမ်းဆောင်မှုက သူ၏မျှော်လင့်ချက်ကိုပင် ကျော်လွန်သွားပြီ ဖြစ်သည်။

ယခင်က လုမင်နှင့် နတ်ဘုရားသားတော်တို့ကြား တိုက်ပွဲကို သူတွေ့ခဲ့ရသည် မဟုတ်လော။

"အားလုံးက ဆရာ့ရဲ့ကျေးဇူးတွေပါပဲ"

လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။

"ပြန်ကြရအောင်"

တစ်ယောက်က ပြောလိုက်သည်။ လုမင်သည် ၎င်းက ကောင်းကင်နတ်ဘုရားဂိုဏ်းဝင်များဖြစ်သည်ကို မြင်လိုက်ရ၏။

ဤတစ်ကြိမ်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ကြီးစွာသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ မဟာသူတော်စင်တစ်ဦး အသတ်ခံရပြီး ၎င်းတို့၏ တပည့်တစ်ဝက်ကျော်လည်း သေဆုံးသွား၏။

တင်းပေါင်ညီလာခံကို ရောက်လာကြသူ အများစုက မျိုးဆက်သစ်လူငယ်များ ဖြစ်သည်။ ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးက ကောင်းကင်နတ်ဘုရားဂိုဏ်းအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ချေသည်။

အနာဂတ်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားအင်အားစုများကြားမှ အကျော်အမော် ကွာဟချက်က ကြီးမားလာတော့မည် ဖြစ်သည်။

အင်အားစုတစ်ခုအတွက် အမွေအနှစ်ကို ဆက်ခံရန် သွေးသစ်မရှိခြင်းမှာ ကြောက်စရာအကောင်းဆုံးပင်။

"ပြန်ကြစို့"

ထို့နောက်တွင် အခြား အင်အားစုများလည်း ထွက်ခွာရန်ပြင်ကြသည်။ ယနေ့ကိစ္စအား သူတို့၏ အင်အားစုထံ အမြန်ဆုံး သတင်းပို့ရမည်။

လူအချို့က တိမ်နဂါးတောင်ကြားသခင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်း ဂိုဏ်းချုပ်နှင့် နတ်ဆိုးရဲတိုက်၏သခင်တို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြကြသည်။

ထိုအချိန်တွင် လုမင်က ကျစ်ဖုန်း၊ ထျန်းချွေးနှင့် အခြားသူများကို တောင်နှင့်မြစ်ပန်းချီကားမှ ပြန်ခေါ်ထုတ်လိုက်သည်။ အ​ခြေအ​နေကို သိလိုက်​ရ​တော့ သူတို့အားလုံး တုန်​လှုပ်​သွားကြလေသည်။

"ကိုင်း၊ နဂါးနတ်ဘုရားတောင်ကြားကို ပြန်ကြရအောင်"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။ ထိုစကားကိုပြောပြီးနောက် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ဓားတစ်ချောင်း ပေါ်လာ၏။ ဓားက အလျား မီတာတစ်သောင်း ရှည်လျားပြီး မီတာရာဂဏန်းအထိ လျင်မြန်စွာ ကျယ်ပြန့်လာတော့သည်။ နဂါးနတ်ဘုရားတောင်ကြားမှ ထောင်ချီသော တပည့်များလည်း တိမ်တိုက်နဂါးတောင်ကြားသခင်၏ ဓားကို စီးနင်းကာ နဂါးနတ်ဘုရားတောင်ကြားကို ပြန်ခဲ့ကြသည်။

တိမ်နဂါးတောင်ကြားသခင်၏ အရှိန်က တကယ်ကို အံ့မခန်းပင်။ ထောင်ပေါင်းများစွာသော လူများကို သယ်ဆောင်လာသော်လည်း သူ့အရှိန်က အလွန်မြန်နေဆဲ ဖြစ်သည်။ တစ်ရက်မပြည့်ခင်မှာပင် သူတို့က နဂါးနတ်ဘုရားတောင်ကြားကို ပြန်ရောက်လာခဲ့ကြလေသည်။

ရက်အနည်းငယ်ကြာသောအခါ၊ စန်းတောင်မှ တိုက်ပွဲက စန်းပြည်နယ်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သော လူများ အံသြသွားကြ၏။

ဤတစ်ကြိမ် တင်းပေါင်ညီလာခံက ဤမျှလှုပ်ရှားသွားမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

ပထမဆုံး လုမင်က ဖျက်မြင်းတစ်ကောင်ကဲ့သို့ နိုးထလာသည်။ လော့ရွှေဟန်ကိုသတ်ပြီး တင်းပေါင်ညီလာခံတွင် ပထမနေရာကို ရယူခဲ့သည်။

ထို့နောက် နတ်ဘုရားသားတော်နှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲလေ၏။ လုမင်က ထိုတိုက်ပွဲတွင် အဆင့်တက်ပြီး နတ်ဘုရားသားတော်ကို သတ်ပစ်ခဲ့ပေသည်။

ထိုအချိန်မှစ၍ လုမင်က စန်းပြည်နယ်တွင် နံပါတ်တစ် ထွတ်မြတ်ပါရမီရှင် ဖြစ်လာခဲ့သည်။

ထို့နောက်မှာတော့ မိစ္ဆာဝိညာဉ်ဂိုဏ်းက ထိပ်သီးအင်အားစုကြီးများကို ဝိုင်းရံတိုက်ခိုက်ကြသည်။ တိုက်ပွဲတွင် ဆန္ဒမဲ့ဓားဂိုဏ်းက ပုန်ကန်ခဲ့၏။

ဤအရာများတွင် တစ်ခုစီက မယုံနိုင်စရာနှင့် တုန်လှုပ်ချောက်ချားစရာကောင်းလွန်းသည်။

လုမင်အတွက်တော့ သူ့နာမည်က စန်းပြည်နယ်ကို တုန်လှုပ်စေခ မရေမတွက်နိုင်သော လူများက မှတ်မိစေခဲ့သည်။

နောက်ထပ် ဆယ်ရက်အကြာတွင် သတင်းတစ်ပုဒ်က စန်းပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

စန်းပြည်နယ်၏ အဓိက အင်အားစုကြီး ဆယ့်နှစ်ခုက ပူးပေါင်းပြီး ဆန္ဒမဲ့ဓားဂိုဏ်းကို တိုက်ခိုက်ရန်အတွက် တပ်မဟာကြီးတစ်ခုကို စေလွှတ်ခဲ့သည်။ သို့သော်လည်း အင်အားစုကြီး ဆယ့်နှစ်ခုမှ အကျော်အမော်များ ရောက်ရှိလာသောအခါ၊ ဆန္ဒမဲ့ဓားဂိုဏ်းက ဗလာဖြစ်နေပြီဖြစ်သည်။ လူအားလုံး ပျောက်သွားခဲ့ပြီး ကျင့်ကြံမှုအားနည်းသော လူအနည်းငယ်သာ ကျန်တော့‌သည်။

ဆန္ဒမဲ့ဓားဂိုဏ်းမှ အကျော်အမော်များ ဘယ်ရောက်သွားသနည်း။

သို့သော်လည်း ဆန္ဒမဲ့ဓားဂိုဏ်းသည် စန်းပြည်နယ်တွင် ရှိနေသေးကြောင်း လူအချို့က ခန့်မှန်းကြသည်။

ထို့ထက်ပို၍ ကြောက်စရာကောင်းသော နောက်ထပ် ခန့်မှန်းချက်တစ်ခုလည်း ရှိသေးသည်။

ဆန္ဒမဲ့ဓားဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်းတွင် ပါဝင်နိုင်သောကြောင့် စန်းပြည်နယ်၏ အခြား ထိပ်တန်းအင်အားစုများသည်လည်း မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် ပူးပေါင်းထားခြင်းရှိမည်လော။

ဆန္ဒမဲ့ဓားဂိုဏ်းက ထိုဂိုဏ်းများတွင် ပုန်းအောင်းနေခြင်း ဖြစ်မည်လော။

ဤအထင်အမြင်ကို ချမှတ်လိုက်သောအခါ၊ စန်းပြည်နယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ထိပ်တန်းအင်အားစုကြီး ဆယ့်နှစ်ခုက အချင်းချင်း သတိထားလာကြ၏။

အကြောင်းမူ၊ ဤခန့်မှန်းချက်က အလွန်ဖြစ်နိုင်ချေရှိသောကြောင့်ပင်။ အတိုင်းအတာတစ်ခုအထိ စန်းပြည်နယ်၏ အင်အားစုကြီး အသီးသီးတို့မှာ မြေအောက်ရေစီးကြောင်းများ မြင့်တက်လာတော့သည်။

သို့သော် မပြောင်းလဲသော အရာတစ်ခုတော့ ရှိသည်။ ယခုအချိန်မှစ၍ စန်းပြည်နယ်တွင် ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုဟူ၍ ရှိနေတော့မည် မဟုတ်ပေ။ ထိပ်တန်းအင်အားစုကြီး ဆယ့်နှစ်ခုသာ ရှိမည်။

ဤကာလအတွင်း၌ လုမင်သည် သူ၏ ကျင့်ကြံမှုကို တည်ငြိမ်စေရန်အတွက် တိမ်နဂါးတောင်ကြားတွင် လေ့ကျင့်နေခဲ့သည်။ ဒုတိယခန္ဓာလုမင်သည်လည်း အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီ။

စန်းတောင်မှ တိုက်ပွဲအပြီး တစ်လအကြာတွင် ဒုတိယခန္ဓာက အပြည့်အဝ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။ ပြတ်တောက်သွားသော လက်ကလည်း ပြန်ပေါက်ခဲ့လေပြီ။

အမှန်တော့ ဒုတိယခန္ဓာကလည်း အဆင့်တက်မှု လက္ခဏာများ ပြသနေသည်။

နောက်ဆုံးတွင်၊ မူလခန္ဓာ လုမင်က နိယာမပညာရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မူလခန္ဓာနှင့် ဒုတိယခန္ဓာ နှစ်ခုစလုံးက တစ်ဦးတည်းဖြစ်၍ တူညီသော အတွေ့အကြုံများ ရှိပေသည်။ ဒုတိယခန္ဓာက နိယာမပညာရှင်အဆင့်နှင့် မဝေးတော့ပေ။

ပူဖောင်းလေးကတော့ တောင်နှင့်မြစ်ပန်းချီကားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေပုံရသည်။

ယနေ့တွင် လုမင်က တိမ်နဂါးတောင်ကြားသခင်ထံ သွားရောက်ခဲ့ပေသည်။

"မင်အာ၊ မင်းက ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အပိုင်းအစကို လိုချင်တာလား"

တိမ်နဂါးတောင်ကြားသခင်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။

"ဟုတ်ပါတယ် ဆရာ၊ တပည့်ရဲ့ အခြား သွေးမျိုးဆက်က ငရဲဖိနှိပ်ကျောက်စာချပ်ပါ။ ဒါကြောင့် ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အပိုင်းအစက တပည့်အတွက် အင်မတန် အသုံးဝင်ပါတယ်"

လုမင်‌ ပြောလိုက်သည်။

All Chapters