← Chapters

အခန်း ၁၇၀၄

Vol. 114 Ch. 1704

အခန်း ၁၇၀၄

Vol. 114 Ch. 1704

အပိုင်း ( 1704 ) ငရဲဖိနှိပ်ကျောက်စာချပ်၏ အခြား အစိတ်အပိုင်းတစ်ခုကို ရရှိခြင်း။

လုမင်က ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကို ထုတ်ပြလိုက်သည်။

တိမ်နဂါးတောင်ကြားသခင်လည်း လုမင်၏ ဦးခေါင်းထက်မှ ငရဲဖိနှိပ်ကျောက်စာချပ်ကိုကြည့်ရင်း တအံ့တဩ ဖြစ်သွား၏။ လုမင်၏ ဒုတိယသွေးမျိုးဆက်ကို ပထမဆုံးအကြိမ် သူ မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ထို့ပြင် လုမင်က ငရဲဖိနှိပ်ကျောက်စာချပ်၏ အစိတ်အပိုင်းတစ်ခုကို စုဆောင်းထားပြီးပြီ။

ခဏမျှ စဉ်းစားပြီးနောက်၊ တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

"မင်အာ၊ ဒီတစ်ကြိမ်မှာ ရှေးဟောင်းရတနာနှစ်ပါးကို ရယူနိုင်ခဲ့တာက မင်းရဲ့ကျေးဇူး အများကြီးပါဝင်တယ်။ နောက်ပြီးတော့ ဂိုဏ်းအတွင် အခြားရတနာတစ်ခုကပဲ အသုံးဝင်တာလေ။ ငရဲဖိနှိပ်‌ကျောက်စာချပ်က အပိုဆုတစ်ခုထက်မပိုဘူး။ အဲဒါကို ပေးလိုက်ဖို့က ငါတို့အတွက် ပြဿနာသိပ်မရှိပါဘူး"

"ကျေးဇူးတင်ပါတယ် ဆရာ"

လုမင် အလွန်ဝမ်းသာသွားလေသည်။

"ဒါက မင်းနဲ့ထိုက်တန်ပါတယ်၊ ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိတယ်။ နောက်သုံးနှစ်ကြာရင် တင်းပေါင်ညီလာခံ စတင်တဲ့အခါ တခြားဂိုဏ်းတွေကို ရှင်းပြဖို့ခက်လိမ့်မယ်"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

"တခြားဂိုဏ်းတွေ နောက်သုံးနှစ်ကြာရင် ကျွန်တော် ဖြေရှင်းပေးပါ့မယ်"

လုမင် ပြောလိုက်သည်။

အများစုမှာ၊ လုမင်က နောက်သုံးနှစ်အကြာတွင် နဂါးနတ်ဘုရားတောင်ကြားကို ပထမရရှိစေရန် နည်းလမ်းရှာမည် ဖြစ်သည်။ ထိုနည်းအားဖြင့် ငရဲဖိနှပ်ကျောက်စာချပ်၏ အစိတ်အပိုင်းကို လွှဲပြောင်းပေးစရာ မလိုပေ။

‌ထို့ပြင် လက်ရှိ လုမင်က လုံလောက်အောင် မသန်မာသေးပါ။ လုမင်တွင် စန်းပြည်နယ်ကို စိုးမိုးရန် အင်အားရှိလျှင်၊ သူက ငရဲဖိနှိပ်ကျောက်စာချပ်၏ အစိတ်အပိုင်းကို အပိုင်ယူလိုက်လျှင်ပင် မည်သူမျှ စကားဟဝံ့မည် မဟုတ်ပေ။

"ကောင်းပြီလေ၊ ရက်နည်းနည်းကြာရင် မင်းကို ခေါ်လိုက်မယ်"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း၊ နှစ်ရက်အကြာတွင် တိမ်နဂါးတောင်ကြားသခင်က လုမင်ကိုခေါ်ပြီး ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစကို ပေးအပ်ခဲ့သည်။

တင်းပေါင်ညီလာခံတွင် ပြသခဲ့သော အရည်အချင်းနှင့် စွမ်းဆောင်နိုင်မှုဖြင့် လုမင်သည် နဂါးနတ်ဘုရားတောင်ကြားမှ အကြီးအကဲများ၏ အလေးပေးမှုကို ရရှိခဲ့သည်။ တိမ်နဂါးတောင်ကြားသခင်က ငရဲဖိနှိပ်ကျောက်စာချပ်ကို တောင်းဆိုခဲ့ချိန်တွင် သူ့ကို တားဆီးခဲ့သူက ငွေ‌နဂါးတောင်ကြားသခင် တစ်ဦးတည်းသာ ရှိပေသည်။

သို့သော်လည်း ငွေနဂါးတောင်ကြားသခင်က လူတိုင်း၏ သဘောဆန္ဒကို သဘာဝအတိုင်း မလွန်ဆန်နိုင်ခဲ့ပေ။

ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစကို ရပြီးနောက်၊ လုမင်က တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်ကာ ငရဲဖိနှိပ်ကျောက်စာချပ်ကို ပြန်ထုတ်ယူလိုက်သည်။

"ဝမ်"

လုမင်က ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက်၊ ၎င်းက လျှို့ဝှက်ဆန်းကြယ်သော ပြောင်းလဲမှုများကို ထုတ်လွှတ်ပြီး လေထဲသို့ ပျံတက်သွား၏။

ဤအပိုင်း၏ နှစ်ဖက်တွင် အက်ကြောင်းများရှိပြီး အလယ်တွင် 'ကျန်' ဟူသော စကားလုံး ရှိပေသည်။

၎င်းမှ ထုတ်လွှတ်နေသော စွမ်းအင်အတက်အကျများက လုမင်၏ ငရဲဖိနှိပ်ကျောက်စာချပ်နှင့် အတူတူပင် ဖြစ်သည်။

"တကယ်ကို ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အပိုင်းအစတစ်ခုဖြစ်ပြီး ဒါက အလယ်ပိုင်းပဲ"

လုမင် အလွန်ဝမ်းသာသွားသည်။ သူ့ကျောရိုးတွင် သိမ်းဆည်းထားသော ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကလည်း မငြိမ်မသက် ဖြစ်လာ၏။

အတွေးတစ်ခုဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် ပေါ်လာပြီး မျက်စိကျိန်းစပ်မတတ် တောက်ပသော အလင်းများ ထုတ်လွှတ်လိုက်တော့သည်။

"ဝမ်"

ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစက ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်နှင့် ပြင်းပြင်းထန်ထန် ပဲ့တင်ထပ်ပုံရသည်။ ၎င်းက ပြင်းထန်စွာ တုန်ခါပြီးနောက် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ဆီသို့ ပျံသန်းသွားပြီး တစ်ခုနှင့်တစ်ခု ပူးကပ်သွား၏။

ကျောက်စာချပ်နှစ်ခုက အတိအကျ တူညီသည်။

တစ်ခုနှင့်တစ်ခု ပူးကပ်နေရင်း ငရဲဖိနှိပ်ကျောက်စာချပ်ပေါ်ရှိ အလင်းရောင်က ပို၍ တောက်ပလာ၏။ ၎င်းက တုနှိုင်းမရလောက်အောင် တောက်ပနေပြီး ရှေးကျ၍ လေးလံသော အငွေ့အသက်များလည်း ထွက်ပေါ်နေသေးသည်။

လုမင်လည်း ကောင်းကင်ကိုပင် ဖြိုခွင်းနိုင်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ချယ်မှုအား ဖျတ်ခနဲ ခံစားလိုက်ရသည်။

"အတားအဆီးမဲ့ ကောင်းကင်သိုင်း"

ထိုအချိန်တွင်၊ လုမင်၏ စိတ်ထဲမှာ နောက်ထပ် အချက်အလက်တစ်ခု ပေါ်လာသည်။ ၎င်းက အတားအဆီးမဲ့သော ကောင်းကင်သိုင်း၏ အချက်အလက် ဖြစ်၏။ ဤအချက်အလက်က ယခင် လုမင်ရရှိခဲ့သော အချက်အလက်များနှင့် အများစု တူညီသော်လည်း ပို၍ ပြီးပြည့်စုံပေသည်။

'အတားအဆီးမရှိတဲ့ကောင်းကင်သိုင်းရဲ့ စွမ်းရည်က ပိုပြီးတော့ အားကောင်းလာနိုင်တာလား'

လုမင် အလွန်ဝမ်းသာသွားသည်။ သူက ဂရုတစိုက် နားလည်ဆင်ခြင်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း ငါးရက်ကြာသွားပြီ။ နောက်ဆုံးတွင် သူ၏ ကျင့်ကြံမှုကို အဆုံးသတ်ပြီး ငရဲဖိနှိပ်ကျောက်စာချပ်ကို ဖယ်ရှားခဲ့သည်။ ထို့နောက် သူက တောင်နှင့်မြစ် ပန်းချီကားမှထွက်လိုက်၏။ ထို့နောက်မှာတော့ နဂါးနတ်ဘုရားတောင်ကြားမှ ထွက်ခွာကာ မြေရိုင်းဒေသတစ်ခုသို့ ရောက်လာတော့သည်။

"ဝုန်း"

လုမင်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ့လက်ဖဝါးက ငရဲဖိနှိပ်ကျောက်စာချပ်အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး တောင်တစ်လုံးပေါ်သို့ ကျရောက်သွား၏။

တောင်ကြီးက အပိုင်းပိုင်းများ ကွဲကြေသွားကာ အရပ်ရပ်သို့ ပြန့်ကျဲသွားတော့သည်။

ထို့နောက်တွင် လုမင်၏ အတွေးတစ်ခုဖြင့် ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က သူ့ပတ်ဝန်းကျင်တွင် ရုတ်တရက် ပေါ်လာသည်။ ခဏချင်းမှာပင် ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်က ဆယ့်နှစ်ခုအထိပေါ်လာပြီး မြေပေါ်သို့ ကျရောက်သွား၏။

"ဝုန်း... ဝုန်း"

မြေပြင်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကြီးများ ပေါ်လာတော့သည်။

"အတားအဆီးမရှိတဲ့ကောင်းကင်သိုင်းရဲ့ စွမ်းအားက ပိုအားကောင်းလာပြီး ပိုပြီးတော့လည်း လျှို့ဝှက်ဆန်းကျယ်လာတယ်"

လုမင်၏ မျက်လုံးများက ပျော်ရွှင်စွာဖြင့် တောက်ပလာသည်။

အတားအဆီးမဲ့သော ကောင်းကင်သိုင်းသည် မူလကပင် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ သူ၏ ကျင့်ကြံမှု အဆင့် တိုးလာသည်နှင့်အမျှ ၎င်း၏ စွမ်းအားသည်လည်း ဆက်လက် တိုးတက်လာလိမ့်မည်။

၎င်းက ငရဲဖိနှိပ်ကျောက်စာချပ်၏ စွမ်းအားကို ဆွဲယူနေပုံရသည်။

ယခုအခါ၊ ငရဲဖိနှိပ်ကျောက်စာချပ်၏ အပိုင်းအစ နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပြီ။ လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုသောအခါတွင် ၎င်း၏ စွမ်းအားက ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ထက် သာလွန်သွားမည်မှာ သေချာသည်။

ဟုတ်ပေသည်၊ လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ယခု အသုံးပြုသောအခါ သူ၏စွမ်းအားက ကစဉ့်ကလျား ကောင်းကင်မှောက်လှန်တံဆိပ်တော်ထက် အမှန်တကယ် သာလွန်သည်။

နောက်ဆုံးတွင်၊ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က တာအိုနယ်မြေ သိုင်းပညာတစ်ခုထက် မပိုပေ။ သို့သော်လည်း လုမင်က ယခုအခါ ကစဉ့်ကလျားနိယာမကို နားလည်လာခဲ့ပြီ ဖြစ်သည်။ တာအိုနယ်မြေ သိုင်းပညာက လုမင်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်စေတော့မည် မဟုတ်ပေ။

လုမင်က ကစဉ့်ကလျားနိယာမကို အခြေခံသော အထူးစွမ်းအင်ကျင့်စဥ်ကို နားလည်ရမည် ဖြစ်သည်။

သို့သော်လည်း အထူးစွမ်းအင်ကျင့်စဉ်ကို လေ့ကျင့်ရန် သူတော်စင်နယ်ပယ်သို့ ဝင်ရောက်ပြီး သူတော်စင်စွမ်းအင်ရှိရန် လိုအပ်သည်။ သူတော်စင်စွမ်းအင်နှင့် နိယာမကို ပေါင်းစပ်ခြင်းဖြင့်သာ ၎င်းကို အောင်မြင်စွာ လေ့ကျင့်နိုင်လိမ့်မည်။

ဟွင်းယွမ်ကျမ်းတွင် ကစဉ့်ကလျားနိယာမနှင့် ပတ်သက်သော အထူးစွမ်းအင်ကျင့်စဉ်များ ရှိသည်။

သို့သော်လည်း၊ အထူးစွမ်းအင်ကျင့်စဉ်ကို နားလည်ရန်မှာ အလွန့်အလွန် ခက်ခဲသည်။ အလွန်ထက်မြက်မှုမရှိလျှင် သာမန်သူတော်စင်တစ်ယောက်အနေဖြင့် ယင်းကိုနားလည်ရန် မလွယ်ပေ။

အမှန်တော့ စန်းပြည်နယ်၏ ထိပ်သီး အင်အားစုကြီး ဆယ့်သုံးခုတွင် အထူးစွမ်းရည်ကျင့်စဉ်များ ရှိသည်။ သို့သော်လည်း လုမင် ရင်ဆိုင်ခဲ့ဖူးသည့် သူတော်စင်များတွင်၊ မည်သူမျှ အထူးစွမ်းအင်ကျင့်စဉ်ကို မအောင်မြင်ခဲ့ပါ။ မဟုတ်ပါက၊ လုမင်သည် ပိုမိုမြင့်မားသောနယ်ပယ်မှ ရန်သူများကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။

လုမင်က အကြိမ်ရေအနည်းငယ် ဆက်လက် စမ်းသပ်နေပြီးမှ နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ တင်းပေါင်ညီလာခံပြီးဆုံးတာ တစ်လကျော်သွားပြီ။

ထိုနေ့တွင် လုမင်က နဂါးနတ်ဘုရားတောင်ကြားမှ ထွက်ခွာပြီး အလင်းတန်းတစ်ခုကဲ့သို့ အဝေးကို ပျံသန်းသွားသည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ လုမင်သည် ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ ရောက်ရှိခဲ့၏။

ရှဲ့နျန်ချင်းနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်၍ လွမ်း‌ဆွတ်နေပြီ ဖြစ်သည်။

ထို့ပြင်၊ ရှဲ့နျန်ချင်းက တင်းပေါင်ညီလာခံတွင် မပေါ်လာခဲ့ပေ။ ယင်းက လုမင်၏ မသိစိတ်မှ စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လာစေသည်။ ယခုတော့ သူလည်း အားလပ်နေသောကြောင့် ရှဲ့နျန်ချင်းနှင့် တွေ့ဆုံရင်း ဖီးနစ်နံ့သာသစ်သားတချို့ကို ပေးအပ်ချင်လေသည်။

"ရပ်လိုက်"

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တံခါးရှေ့တွင် လုမင်အား လူငယ်နှစ်ဦးက တားဆီးလိုက်ကြသည်။

"မင်းဘယ်သူလဲ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဘာလာလုပ်တာလဲ"

လူငယ်တစ်ယောက်က မေးလိုက်၏။

"ငါက လုမင်ပါ၊ သူတော်စင်ငယ် နျန်ချင်းနဲ့တွေ့ဖို့ ရောက်လာတာ။ ကျေးဇူးပြုပြီး သူ့ကို အကြောင်းကြားပပါဦး"

လုမင်က ပြောလိုက်သည်။

"ဘာ၊ မင်းက လုမင်လား"

လုမင်ကို အံ့သြစွာကြည့်ရင်း လူငယ်နှစ်ယောက်၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

ယခုအခါ လုမင်က စန်းပြည်နယ်တွင် ကျော်ကြားလွန်းလှသည်။ ဂိုဏ်းပေါင်းစုံမှ လူတိုင်းက သူ့ကိုသိပေသည်။

"ဟုတ်ပါတယ်၊ နဂါးနတ်ဘုရားတောင်ကြားက လုမင်ပါ"

လုမင် ခေါင်းညိတ်လိုက်သည်။

"မင်းက အချိန်မှားပြီး ရောက်လာတာပဲ၊ ငါတို့ရဲ့ သူတော်စင်ငယ်က တံခါးပိတ်လေ့ကျင့်နေပြီး ဧည့်သည်လက်မခံသေးဘူး"

လူငယ်တစ်ဦးက ပြောလိုက်၏။

"တံခါးပိတ်လေ့ကျင့်နေတာလား"

လုမင် မျက်မှောင်ကြုတ်သွားသည်။

"ကျေးဇူးပြုပြီး သူ့ကို သတင်းပေးလိုက်ပါ။ ငါဒီကိုရောက်နေမှန်းသိရင် သူ ကျိန်းသေပေါက် ထွက်လာတွေ့လိမ့်မယ်"

"လုမင်၊ ငါတို့ရဲ့ သူတော်စင်ငယ်က တံခါးပိတ်လေ့ကျင့်နေလို့ ဧည့်သည်လက်မခံတော့ဘူးလို့ ပြောနေတယ်မဟုတ်လား။ မြန်မြန်ထွက်သွားစမ်း"

လူငယ်တစ်ယောက်၏ မျက်နှာအမူအရာက အေးစက်သွားသည်။

လုမင်လည်း ပို၍ပင် မျက်မှောင်ကြုတ်သွား၏။ သူက ရှဲ့နျန်ချင်းကို အသံပို့လွှတ်ကာ သတင်းပို့ထားသော်လည်း ထွက်မလာသေးပေ။ သူ တကယ်ပဲ တံခါးပိတ်လေ့ကျင့်နေတာလား။

သို့သော်လည်း တံခါးပိတ်လေ့ကျင့်နေလျှင်ပင် သိပ်အရေးမကြီးသေးသရွေ့ လုမင် ရောက်လာပါက ထွက်လာသင့်သည်။

"မင်းတို့နှစ်​​ယောက်​ ​ကျေးဇူးပြုပြီး မင်းတို့ရဲ့ဂိုဏ်းချုပ်​ကိုပဲ သတင်းပို့လိုက်ပါ။ မင်းတို့ရဲ့ဂိုဏ်းချုပ်​ကို ငါ​ တွေ့ချင်တယ်"

လုမင် ပြောလိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဦးစွာတွေ့ပြီးမှ ရှဲ့နျန်ချင်း၏ အခြေအနေကို မေးမြန်းရမည်။

All Chapters