← Chapters

အခန်း ၁၇၀၆

Vol. 114 Ch. 1706

အခန်း ၁၇၀၆

Vol. 114 Ch. 1706

အပိုင်း ( 1706 ) မုန်တိုင်းသစ်တစ်ခု အစပျိုးခြင်း။

သူတော်စင်တစ်ပိုင်းနှင့် သူတော်စင်ကြားတွင် ကြီးမားသော ကွာဟချက် ရှိသည်။ ၎င်းက ချိုးဖြတ်ရန်ခက်ပြီး စုဆောင်းမှုများစွာ လိုအပ်ပေသည်။

လောကတွင် သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်ရှိခဲ့သူ အများအပြား ရှိသည်။ သို့သော်လည်း လူဘယ်လောက်များများက သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်နိုင်မည်နည်း။

သူတော်စင်နယ်ပယ် ပညာရှင်များ၏ သက်တမ်းက ရှည်လျားသည်။ စန်းပြည်နယ်၏ ထိပ်သီး အင်အားစုကြီး ဆယ့်သုံးခုတွင် သူတော်စင်များ ဤမျှများပြားရခြင်း အကြောင်းရင်းမှာ အချိန်ကြာရှည်စွာ စုဆောင်းထားခဲ့ခြင်းကြောင့် ဖြစ်ချေသည်။

အချို့သောလူများက သူတော်စင်တစ်ပိုင်းအဆင့် အဆင့်တွင် ရပ်တန့်နေကာ ဆယ်စုနှစ်၊ ရာစုနှစ်များ သို့မဟုတ် ထောင်စုနှစ်များအထိ ရပ်တန့်ခဲ့ကြသည်။ ဥပမာအားဖြင့် နတ်ဘုရားသားတော်က သူတော်စင်နယ်ပယ်သို့ မချိုးဖြတ်နိုင်မီ ဆယ်နှစ်ကျော်ကြာ သူတော်စင်တစ်ပိုင်းအဆင့်တွင် ရှိနေခဲ့ပေသည်။

စန်းပြည်နယ်၏ အခြားသော ထိပ်တန်း ပါရမီရှင် အများအပြားသည်လည်း သူတော်စင်တစ်ပိုင်းအဆင့်တွင် အချိန်အတော်ကြာ ရှိနေခဲ့ကြသည်။

ထို့ပြင် လုမင်က သာမန်ထက် ပို၍ခက်ခဲသော ကစဉ့်ကလျားနိယာမကို လေ့ကျင့်ထား၏။ သူ့အတွက် တစ်နှစ်အတွင်း မဖြတ်နိုင်တာက ပုံမှန်ပင်။

မူလခန္ဓာအပြင် ဒုတိယခန္ဓာ လုမင်သည်လည်း သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ပူဖောင်းလေးသည်လည်း တင်းပေါင်ညီလာခံပြီး၍ မကြာမီတွင် နိယာမပညာရှင်အဆင့်သို့ ရောက်ခဲ့သည်။ ဤကာလအတွင်း၌ သူမက သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ရန် တိတ်တဆိတ် လေ့ကျင့်နေလေ၏။

ဟုတ်သည်၊ သူမ၏ ကျင့်ကြံမှုပုံစံက အချိန်ဟင်းလင်းပြင်ကျောက်ကို သန့်စင်ရင်း နေ့တိုင်း အိပ်စက်နေရုံပင်။

"ရှန်းရှန်း၊ မင်း ပြန်နားလိုက်ပါဦး။ မင်းရဲ့နယ်ပယ်ကို စုစည်းပြီး ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို တည်ဆောက်လိုက်ပါ။ အဆင့်တက်ဖို့ အလျင်စလိုမလုပ်နဲ့"

လုမင်က ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

ကောင်မလေးက ခေါင်းညိတ်ပြကာ လေထဲသို့ ပျံတက်ပြီး ထွက်ခွာသွားတော့သည်။

လုမင်ကတော့ နှင်းတောင်ထိပ်တွင် မလှုပ်မယှက် တင်ပျဉ်ခွေထိုင်ရင်း ကျန်ခဲ့သည်။ နှင်းမှုန်များက ကျဆင်းလာသော်လည်း သူက ကမ္ဘာကြီးနှင့် ကင်းကွာနေသကဲ့သို့ပင်။

သူ့အသိစိတ်က သဘာဝတရား ပေါင်းစပ်နေသကဲ့သို့ တည်ငြိမ်နေခဲ့သည်။

အချိန်များကုန်လွန်လာပြီး နောက်ထပ် ခုနှစ်ရက်ကြာသွားပြီ။

ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော အသံကြီးများက လုမင်ကို လှုပ်နှိုးလိုက်သည်။

လုမင်က မျက်လုံးဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။

ကောင်းကင်ယံ၌ ဧရာမ လင်းယုန်ငှက်ကြီးတစ်ကောင် ပျံသန်းသွားသည်။

မဟုတ်သေး၊ ယင်းက လင်းယုန်ငှက်အစစ်မဟုတ်ဘဲ ကြီးကျယ်ခမ်းနားသော အဆောက်အဦကြီးတစ်ခု ဖြစ်၏။

"စန်းဧကရာဇ်ရဲ့ နန်းတော်"

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ဤသည်မှာ စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် သူမြင်ဖူးသော စန်းဧကရာဇ်၏ နန်းတော်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ သတိပြုမိသည်။

ထိုအချိန်တွင်၊ စန်းဧကရာဇ်က ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်ကို တိုက်ခိုက်ရန်အတွက် သူ၏ အန္တိမသူတော်စင်ရတနာဖြစ်သော လဲ့တင်းကို ငှားရမ်းခဲ့ပေသည်။ ထို့နောက်တွင် စန်းဧကရာဇ်က ဟင်းလင်းပြင်ကိုဖြတ်၍ အကန့်အသတ်မရှိသော လေဟာနယ်ထဲသို့ ပျံသန်းသွားခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် ယနေ့မှာတော့ ပြန်ပေါ်လာခဲ့ပြီ။

စန်းဧကရာဇ်၏ နန်းတော်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် စန်းပြည်နယ် အနောက်ဘက်သို့ ပျံသန်းသွားသည်။

"ဝှစ်... ဝှစ်"

ထိုအချိန်တွင် နဂါးနတ်ဘုရားတောင်ကြားမှ လူရိပ် ခုနစ်ခု၊ ရှစ်ခုခန့် ပျံထွက်လာသည်။ သူတို့က တစ်​​ယောက်​ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက်ဝော့ စန်းဧကရာဇ်၏ နန်းတော်နောက်သို့ လိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

သူတို့၏ အရှိန်က အလွန်မြန်သည်။ လုမင်က လိုက်သွားလျှင်ပင် လိုက်မီနိုင်မည် မဟုတ်ပေ။

'စန်းဧကရာဇ်ရဲ့နန်းတော် ပြန်ပေါ်လာပြီလား'

လုမင်၏ စိတ်ထဲတွင် ခံစားချက်အမျိုးမျိုး ပေါ်လာသည်။

စန်းဧကရာဇ်၏ သိုလှောင်လက်စွပ်က သူ့လက်ထဲတွင် ရှိနေသေးသည်။ ကံမကောင်းစွာဖြင့်၊ ၎င်းပေါ်တွင် စန်းဧကရာဇ်၏ အတားအဆီး ပါရှိသောကြောင့် သူ လုံးဝ မဖွင့်လှစ်နိုင်ခဲ့ပေ။

'စန်းဧကရာဇ်နဲ့ ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်တို့ရဲ့ တိုက်ပွဲက ဘယ်လိုဖြစ်ခဲ့မလဲ မသိဘူး။ ဒီတစ်ကြိမ်မှာ စန်းဧကရာဇ်ရဲ့နန်းတော် ပြန်ပေါ်လာတာက စန်းပြည်နယ်တစ်ခုလုံးကို တုန်လှုပ်စေမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် မကြာခင် သတင်းတွေ ပြန့်လာမှာပဲ'

လုမင်လည်း ခဏစဉ်းစားပြီးနောက် သူ၏ လေ့ကျင့်မှုကို အဆုံးသတ်ကာ တိမ်နဂါးတောင်ကြားသို့ ပြန်သွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ဆယ်ရက်ကျော်ကြာတော့ စန်းပြည်နယ်မှာ သတင်းတစ်ပုဒ် ပျံ့နှံ့သွားသည်။

စန်းဧကရာဇ်၏ နန်းတော်က ပြန်လည်ပေါ်လာပြီး အရှေ့မှအနောက်ဘက်သို့ ပျံသန်းသွား၏။ နောက်ဆုံးတွင် အနောက်ဘက် ကန္တာရသို့ ကျရောက်သွားလေသည်။ ယင်းကြောင့် စန်းပြည်နယ်ရှိ ထိပ်သီးဂိုဏ်းကြီးများအားလုံး တုန်လှုပ်သွားပြီး ၎င်းတို့၏ ထိပ်တန်းကျွမ်းကျင်သူများကို စေလွှတ်လိုက်ကြသည်။

ဂိုဏ်းများအားလုံးက ၎င်းတို့၏ ထိပ်တန်းကျွမ်းကျင်သူများကို စန်းဧကရာဇ်၏နန်းတော်သို့ စေလွှတ်ခဲ့၏။ နောက်ဆုံးမှာတော့ စန်းဧကရာဇ်၏ အလောင်းကို သူတို့က အမှန်တကယ် ရှာတွေ့ခဲ့ကြသည်။

ဤသည်မှာ နတ်ဆိုးသားရဲ ဧကရာဇ်၏ အလောင်း ဖြစ်သည်။ ၎င်းက အနှိုင်းမဲ့ တန်ဖိုးကြီး၏။ အမွေးအတောင်တိုင်းက ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်လက်နက်အဖြစ် သန့်စင်နိုင်သည့် ထိပ်တန်းပစ္စည်းများ ဖြစ်သည်။

သူ၏ အသွေးအသားနှင့် အရိုးများကလည်း သဘာဝရတနာများစွာထက် ပို၍ အဖိုးတန်ပေသည်။ ၎င်းတို့ကို ထိပ်တန်းဆေးဝါးအဖြစ် သန့်စင်ပေးနိုင်ပြီး အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်သည်။

နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံးက ရတနာများနှင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်ပေသည်။

အဆုံးတွင်၊ အဓိကဂိုဏ်းများအားလုံးက ပြင်းထန်သောပြိုင်ဆိုင်မှုတစ်ခု စတင်ခဲ့ပြီး တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးတွင်၊ အဓိကဂိုဏ်းကြီး ဆယ့်ခုက နတ်ဆိုးသားရဲ ဧကရာဇ်၏အလောင်းကို ဆယ့်နှစ်ပိုင်းခွဲရန် ဆုံးဖြတ်ခဲ့သည်။ ဂိုဏ်းတစ်ခုစီက တစ်ပိုင်းစီ ရရှိလိမ့်မည်။

စန်းပြည်နယ်ကို အုပ်စိုးခဲ့သော မျိုးဆက်တစ်ခု၏ နတ်ဆိုးသားရဲဧကရာဇ်ကြီး သေဆုံးပြီးနောက် အဓိကဂိုဏ်းခွဲများကြားတွင် ခွဲဝေယူခံလိုက်ရသည်။

သို့သော်လည်း အင်အားစုကြီးများက စန်းဧကရာဇ်၏ ခန္ဓာကိုယ်တွင် အဖိုးတန်ဆုံး ရတနာနှစ်ပါးကို ရှာမတွေ့ခဲ့ပေ။ ၎င်းတို့မှာ စန်းဧကရာဇ်၏ ကမ္ဘာအမြုတေနှင့် သိုလှောင်လက်စွပ်တို့ ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးက သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ သူတော်စင်နှလုံးသားကို အစစ်အမှန်ကမ္ဘာအဖြစ်သို့ ပြောင်းလဲနိုင်လိမ့်မည်။

ဒဏ္ဍာရီအရ တချို့အကျော်အမော်များ၏ ကိုယ်ပိုင်ကမ္ဘာများသည် ပြင်ပကမ္ဘာနှင့် တူညီသည်အထိ ဆင့်ကဲပြောင်းလဲလာနိုင်သည်။ ၎င်းတို့ကိုယ်ပိုင် သက်ရှိများ မွေးဖွားလာနိုင်ပြီး လွန်စွာ လျှို့ဝှက်ဆန်းကြယ်ပေသည်။

သိုင်းဧကရာဇ်များမှ ဆင့်ကဲပြောင်းလဲလာသော ကမ္ဘာများကို ကမ္ဘာငယ်များဟု ခေါ်ဆိုကြသည်။

ထိုကမ္ဘာငယ်လေး၏ အမြုတေကိုတော့‌ လောကအမြုတေဟု ခေါ်ပေသည်။ ၎င်းက အနှိုင်းမဲ့ အဖိုးတန်ပြီး သိုင်းဧကရာဇ်တစ်ပါး၏ အမွေအနှစ်များ ပါရှိသည်။

ယခုမူ၊ စန်းဧကရာဇ်၏‌ လောကအမြုတေနှင့် သိုလှောင်လက်စွပ်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပါ။ ယင်းက မှန်းဆမှုအမျိုးမျိုး ဖြစ်ပေါ်လာစေသည်။

နောက်ထပ် လဝက်ကြာသွားပြီ။ ထိုအချိန်၊ စန်းပြည်နယ်တွင် ပို၍ အံ့သြစရာကောင်းသည့် သတင်းတစ်ပုဒ် ပေါက်ကွဲထွက်လာသည်။

သတင်းများအရ စန်းဧကရာဇ်၏ အမွေနှင့် သိုလှောင်လက်စွပ်ကို တစ်စုံတစ်ယောက်မှ ရရှိသည်မှာ ကြာခဲ့ပြီ။

ထိုစဉ်က မျိုးဆက်သစ်လူငယ် တော်တော်များများသည် စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့ကြသည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က စန်းဧကရာဇ်၏ အမွေနဲ့ သိုလှောင်လက်စွပ်ကို ရရှိခဲ့၏။ ထိုလူငယ်က လုမင်သည်ပင်။

ထိုသတင်းထွက်လာသောအခါ ကမ္ဘာကြီးက တုန်လှုပ်သွားပြီး လုမင်အား မုန်တိုင်း၏ရှေ့ကို တွန်းပို့ခံလိုက်ရသည်။

လုမင်က စန်းဧကရာဇ်၏နန်းတော် နက်နဲရာသို့ ဝင်ရောက်နိုင်ခဲ့သည့် တစ်ဦးတည်း‌သောသူဆိုသော အချက်ကိုလည်း ထပ်မံသိခဲ့ရသေးသည်။

ထို့နောက်မှာတော့ လုမင်က ​​လျင်မြန်စွာ တိုးတက်လာပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းခြင်းမှာ စန်းဧကရာဇ်၏အမွေနှင့် ရတနာများ ရရှိထားတာကြောင့်ဟု သတင်းတစ်ပုဒ် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ဤသတင်းများက လုမင်ဟာ စန်း၏ကရာဇ်၏ အမွေနှင့် သိုလှောင်လက်စွပ်ကို ရရှိထားပြီဟု လူအများစုကို ယုံကြည်စေခဲ့ပေသည်။

စန်းပြည်နယ်ရှိ အဓိက အင်အားစုကြီးများအားလုံးက နဂါးနတ်ဘုရားတောင်ကြားသို့ အာရုံစိုက်လာကြသည်။

စန်းဧကရာဇ်၏ အမွေနှင့် ရတနာများကို မည်သူက စိတ်မဝင်စားဘဲရှိမည်နည်း။

နိုင်ငံရပ်ခြား ကျွန်းငယ်လေးမှ လူတစ်ဦးဖြစ်သော လုမင်က စန်းဧကရာဇ်၏အမွေနှင့် ရတနာများကို ရရှိထားသောကြောင့်သာ ကောင်းကင်ကို ဆန့်ကျင်နိုင်နေခြင်း ဖြစ်မည်။ မဟုတ်ပါက၊ သူတော်စင် မဟုတ်သေးဘဲ သူတော်စင်အဆင့်ကို မည်သို့ သတ်နိုင်မည်နည်း။

စန်းပြည်နယ်တွင် ကြောက်စရာကောင်းသော မုန်တိုင်းတစ်ခု ချဉ်းကပ်လာသည်။

မုန်တိုင်းတစ်ခု လာနေပြီ။

နဂါးနတ်ဘုရားတောင်ကြားရှိ နှင်းတောင်ထိပ်တွင် လုမင်က မျက်မှောင်ကြုတ်ပြီး ရပ်နေသည်။

စန်းဧကရာဇ်၏ သိုလှောင်လက်စွပ်ကို သူရရှိခဲ့သည်ဟု မည်သူကပြောသနည်း။

'ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်များ ဖြစ်နိုင်မလား၊ ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က မသေသေးဘူးလား'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

ယခင်က ကျွမ်းကျင်သူများစွာသည် စန်းဧကရာဇ်၏နန်းတော်သို့ ဝင်ရောက်သောအခါ စန်းဧကရာဇ်၏ အလောင်းကို တွေ့ရှိခဲ့ကြသော်လည်း ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၏ အလောင်းကိုတော့ မတွေ့ခဲ့ကြပေ။ ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က မသေသေးတာ ဖြစ်နိုင်သည်။

ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်သည် လုမင်က စန်းဧကရာဇ်၏ သိုလှောင်လက်စွပ် ရရှိခဲ့သည်ကို တွေ့မြင်ခဲ့သော တစ်ဦးတည်းသောသူ ဖြစ်သည်။

ဝိညာဥ်ဖျက်ဆီးခြင်းဘုရင်က စန်းဧကရာဇ်၏ လောကအမြုတေကို သိမ်းပိုက်ပြီးနောက် သတင်းဖြန့်ခဲ့သူ ဖြစ်လိမ့်မည်။

ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက လုမင်၏အနားသို့ ဆင်းသက်လာသည်။

"ဆရာ"

လုမင်က ဦးညွှတ်ပြီး လက်ယှက်ပြလိုက်သည်။

ထိုလူက တိမ်နဂါးတောင်ကြားသခင်ပင်။

"မင်အာ၊ မင်းလည်း ပြင်ပကမ္ဘာက သတင်းတွေကို ကြားပြီးရောပေါ့"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

"ဟုတ်ပါတယ်"

လုမင် ခေါင်းညိတ်လိုက်၏။

တိမ်နဂါးတောင်ကြားသခင်က ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။

"မင်အာ၊ မင်းက စန်းကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေကို ရရှိခဲ့တာလား"

"စန်းဧကရာဇ်ရဲ့ သိုလှောင်လက်စွပ်ကိုပဲ ရရှိခဲ့တာပါဆရာ၊ အမွေကိုတော့ မရခဲ့ဘူး"

လုမင်က ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ယခုအချိန်မှ ဖုံးကွယ်လျှင်ပင် မဖြစ်နိုင်တော့ပေ။

All Chapters