← Chapters

အခန်း ၁၇၀၇

Vol. 114 Ch. 1707

အခန်း ၁၇၀၇

Vol. 114 Ch. 1707

အပိုင်း ( 1707 ) မင်းရရှိရင် မင်းရဲ့အခွင့်အလမ်းပဲ။

"မင်အာ၊ မင်းက စန်းဧကရာဇ်ရဲ့ ရတနာကို တကယ်ရရှိခဲ့တာပဲ။ ကောင်းတယ်"

တိမ်နဂါးတောင်ကြားသခင်၏ မျက်လုံးများက တောက်ပလာကာ ပြုံးလိုက်သည်။ သို့သော်လည်း မကြာမီပင် သူ့အမူအရာက တစ်ဖန်လေးနက်လာသည်။

"မင်အာ၊ ဒီကိစ္စကို ဘယ်သူသိသေးသလဲ။ ဒီသတင်းက ဘယ်လိုလုပ်ပြီး ပေါက်ကြားသွားတာလဲ"

"သိတဲ့သူက တစ်​​ယောက်​ပဲရှိပါတယ်​၊ အဲဒါက မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်ပဲ။ အဲဒီတုန်းက စန်းဧကရာဇ်နဲ့ သူက တိုက်ခိုက်နေကြတာ...."

လုမင်က စန်းဧကရာဇ်နှင့် ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်တို့၏ တိုက်ပွဲအကြောင်းကို အတိုချုံးပြီး ပြောပြခဲ့လေသည်။

"ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်နဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းက တကယ်ကို ရက်စက်ကြမ်းကြုတ်တယ်။ သူတို့က စန်းပြည်နယ်မှာ ပြည်တွင်းစစ်ကို လှုံ့ဆော်ဖို့ ကြိုးစားနေတာပဲ"

တိမ်နဂါးတောင်ကြားသခင်က မျက်မှောင်ကြုတ်လိုက်သည်။

လုမင်က စန်းဧကရာဇ်၏အမွေနှင့် သိုလှောင်လက်စွပ်ကို ရရှိခဲ့ကြောင်း သတင်းဖြန့်ခဲ့သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ လုမင်က စန်းဧကရာဇ်၏ အမွေကို လုံးဝ မရခဲ့ပေ။ ဤနည်းဖြင့် လုမင်က စန်းဧကရာဇ်၏ သိုလှောင်လက်စွပ်ကို ပေးအပ်လိုက်လျှင်ပင် အသုံးမဝင်တော့ပေ။ စန်းဧကရာဇ်၏ အမွေကို မလွှဲပြောင်းနိုင်ခဲ့ပါက၊ စန်းပြည်နယ်တွင် ပြည်တွင်းစစ် ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။

ဤသည်မှာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြံအစည်ပင်။

"မင်အာ၊ စန်းဧကရာဇ်ရဲ့ သိုလှောင်လက်စွပ်က မင်းရဲ့ကံကောင်းခြင်း အခွင့်အလမ်းပဲ။ မင်း ဒါကို ကောင်းကောင်းထိန်းသိမ်းထားသင့်တယ်။ သူတို့လိုချင်ရင်တောင် ဘယ်သူမှ မယူနိုင်စေရဘူး"

တိမ်နဂါးတောင်ကြားသခင်၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်တစ်ခု လင်းလက်လာသည်။

ထိုအချိန်တွင် တိမ်နဂါးတောင်ကြား အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်အသံတစ်ခုကို ကြားလိုက်ရသည်။

"လုမင်၊ ထွက်ခဲ့စမ်း"

အဝေးမှ အသံတစ်ခု ထွက်လာ၏။

"အဲဒါက ဟိုအဘိုးကြီးပဲ"

လုမင်က မျက်ခုံးပင့်လိုက်သည်။

အသံကို ကြားရရုံဖြင့် ငွေနဂါးတောင်ကြားသခင်ဖြစ်မှန်း လုမင် သိပေသည်။

"ဟားဟားဟား၊ ဒီလူက အတော်သွက်တာပဲ။ သူ ဒီမှာ ဘာအတွက်လာသလဲဆိုတာ ငါကြည့်ချင်စမ်းတယ်"

တိမ်နဂါးတောင်ကြားသခင်က အေးစက်စက် ရယ်မောလိုက်သည်။ ထို့နောက် အပြင်ကို လှမ်းပြောလိုက်၏။

"သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ"

အသံထွက်လာသည်နှင့် တပြိုင်နက်၊ တိမ်နဂါးတောင်ကြားမှ တပည့်များလည်း သူတို့ကို လွှတ်လိုက်ကြသည်။ ထို့နောက် ငွေနဂါးတောင်ကြားသခင်က လူတစ်စုကို ဦးဆောင်ပြီး ရန်လိုသည့်ပုံစံဖြင့် လာနေသည်ကို တွေ့လိုက်ရလေသည်။

"ရင်ကျန်း၊ မင်းရဲ့လူတွေကိုခေါ်ပြီး ရန်လိုတဲ့ပုံစံနဲ့ တိမ်နဂါးတောင်ကြားကို ဘာလာလုပ်တာလဲ"

တိမ်နဂါးတောင်ကြားသခင်က မေးလိုက်သည်။

"သိမှာပေါ့၊ ငါက လုမင်အတွက် လာခဲ့တာပဲ"

ငွေနဂါးတောင်ကြားသခင်က လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"လုမင်၊ မင်းက သိပ်ပြီး တစ်ကိုယ်ကောင်းဆန်တယ်။ မင်းက စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေ ရခဲ့ပေမဲ့ ဘာမှ မပြောဘဲ တစ်ယောက်တည်း အပိုင်သိမ်းထားဝံ့တယ်။ ဘယ်သူက မင်းကို ခေါ်ဆောင်လာခဲ့တာလဲဆိုတာ မမေ့ပါနဲ့။ ပျက်စီးခြင်းကျွန်းကနေ မင်းကို ငါ့နဂါးနတ်ဘုရားတောင်ကြားကို မခေါ်လာခဲ့ဘူးဆိုရင် ဒီနေ့အချိန်က မင်းဆိုတာ ရှိလာနိုင်ပါ့မလား"

"ဒါပေမဲ့ မင်းက စန်းဧကရာဇ်ရဲ့အမွေနဲ့ ရတနာကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်နေတယ်။ အခု ရတနာတွေကို ထုတ်ယူပြီး ငါတို့နဲ့ မျှဝေလိုက်ပါ"

ငွေနဂါးတောင်ကြားသခင်က လောဘမီးတို့ တောက်လောင်နေသောအကြည့်ဖြင့် လုမင်ကို ကြည့်နေသည်။

ငွေနဂါးတောင်ကြားသခင်နှင့် လိုက်ပါလာသူ အားလုံး၏ မျက်လုံးများကလည်း ဝင်းဝင်းလက်လက် တောက်ပနေ၏။

"ဟားဟားဟား၊ ရယ်စရာကောင်းလိုက်တာ"

တိမ်နဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်သည်။

"လုမင်က စန်းဧကရာဇ်ရဲ့ အမွေ ဒါမှမဟုတ် ရတနာကို မရရှိခဲ့ဘူးဆိုတာ ငါ ပြောနိုင်တယ်။ နောက်ပြီးတော့ လုမင်က ရရှိခဲ့ရင်တောင် ဒါက သူ့ရဲ့ကံကောင်းခြင်း၊ အခွင့်အလမ်းပဲ။ သူ သိမ်းယူထားနိုင်တယ်"

"ယွင်လောရှ၊ အပိုတွေမပြောပါနဲ့။ လုမင်က စန်းဧကရာဇ်ရဲ့ အမွေ ဒါမှမဟုတ် ရတနာကို မရခဲ့ဘူးဆိုတာ ဘယ်သူကယုံမှာလဲ။ တကယ်လို့ သူ့မှာ ဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေမရှိဘူးဆိုရင် ပျက်စီးခြင်းကျွန်းကနေ ဆင်းသက်လာသူတစ်ဦးက ဒီနေ့အောင်မြင်မှုမျိုး ဘယ်လိုရရှိနိုင်မှာလဲ"

"နောက်ပြီးတော့ သူက တင်းပေါင်ညီလာခံမှာ သူတော်စင်လက်နက် ဒါဇင်ချီပြီး ထုတ်ပြခဲ့တယ်။ အဲဒါက စန်းဧကရာဇ်ရဲ့ ရတနာတွေ မဟုတ်ပါဘူးလို့ မင်း ဘယ်လိုပြောနိုင်တာလဲ။ ယွင်လောရှ၊ မင်းက အဲဒါတွေကိုသိမ်းထားပြီး လုမင်နဲ့ မျှဝေချင်ခဲ့တာ မဟုတ်လား။ နောက်ပြီးတော့ သူက ဂိုဏ်းရဲ့ အထောက်အပံ့ကြောင့်သာ ရရှိနိုင်ခဲ့တာ၊ ဒါကြောင့် အားလုံးနဲ့ မျှဝေရမယ်"

ငွေနဂါးဝောာင်ကြားသခင်က အေးစက်စက် ပြောလိုက်သည်။

"ဟားဟားဟား၊ သူများတွေရထားတဲ့ အခွင့်အလမ်းကို လွှဲပေးရမယ်ဆိုရင် ရင်ကျစ်စုန့်... မင်းရရှိထားခဲ့တဲ့အခွင့်အလမ်းတွေကို ဘာလို့ မလွှဲပြောင်းပေးတာလဲ။ မင်းလည်း အခွင့်အလမ်းတွေ မရခဲ့ဘူးလို့တော့ မပြောနဲ့။ အခွင့်အလမ်းကောင်းတွေ မရခဲ့ရင် ဒီလိုအဆင့်အထိ ဘယ်လို လေ့ကျင့်နိုင်မှာလဲ"

တိမ်နဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်၏။

ကျင့်ကြံသူတစ်ဦး၏ အောင်မြင်မှုသည် သူ ရရှိထားသည့် အခွင့်အလမ်းနှင့်လည်း အနည်းနှင့်အများ ပတ်သက်မှုရှိသည်။

ထိပ်တန်း အကျော်အမော်တစ်ဦး ဖြစ်လာရန်အတွက် အရည်အချင်း၊ ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လဟာ အဓိက လိုအပ်သည်။ သို့ရာတွင်၊ အခွင့်အလမ်းများသည်လည်း မရှိမဖြစ် လိုအပ်ပေသည်။

"ဟမ့်၊ ငါရရှိခဲ့တဲ့ အခွင့်အလမ်းတွေက စန်းဧကရာဇ်ရဲ့ အမွေ၊ ရတနာတွေနဲ့ ယှဉ်လို့မရဘူး။ ဒီနေ့ လုမင်က အဲဒါတွေကို လွှဲပြောင်းပေးရမယ်"

ငွေနဂါးတောင်ကြားသခင်က မာနထောင်လွှားစွာ ပြောလိုက်သည်။

"ထွက်သွားစမ်း"

တိမ်နဂါးတောင်ကြားသခင်က ရှေ့သို့ လှမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး ငွေနဂါးတောင်ကြားသခင်အပေါ် ဖိချလိုက်၏။

"ယွင်လောရှ၊ မင်း ဘာလုပ်နေတာလဲ။ ဒါက နဂါးနတ်ဘုရားတောင်ကြားနော်။ ငါက အကြောင်းပြချက်နဲ့ ဒီကိုလာခဲ့တာ... မင်းငါ့ကို ဘယ်လိုတောင် တိုက်ခိုက်ဝံ့တာလဲ။ နဂါးနတ်ဘုရားတောင်ကြားက မင်း တစ်ယောက်တည်းနဲ့ မသက်ဆိုင်ဘူး"

ငွေနဂါးတောင်ကြားသခင်က အော်ဟစ်လိုက်သည်။

သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက သူ့ကို တုံ့ပြန်လာ၏။

ငွေနဂါးတောင်ကြားသခင်က ဟိနိးဟောက်ပြီး သူ့ခန္ဓာကိုယ်ကို ငွေရောင်အလင်းတန်းများနှင့် ဖုံးအုပ်လိုက်သည်။

သို့သော်၊ ဓားအလင်းပ တောက်ပလာပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်အလင်းတန်းများ ပြိုကျသွားသည်။ သူ့မျက်နှာမှာလည်း သွေးများ ရွှဲသွားတော့သည်။

သူ့နားရွက်တစ်ဖက်ကို တိမ်နဂါးတောင်ကြားသခင်က ဖြတ်ပစ်လိုက်သည်။

"မင်း မသွားသေးဘူးဆိုရင် နောက်ဓားတစ်ချက်က မင်းရဲ့ဦးခေါင်းကို လာလိမ့်မယ်"

တိမ်နဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်သည်။

"ယွင်လောရှ၊ မင်း... မင်း စောင့်နေပါ။ ငါ ဒီကိစ္စကို တောင်ကြားသခင်ဆီ တင်ပြမယ်"

ငွေနဂါးတောင်ကြားသခင်မှာ ဒေါသတကြီး ဖြစ်နေသည်။ သို့သော်လည်း အကြောက်တရားက သူ့မျက်လုံးများတွင် ပြည့်နေ၏။ ထို့နောက်မှာတော့ သူ မနေဝံ့ဘဲ ထွက်ခွာသွားတော့သည်။

"လူပြက်"

တိမ်နဂါးတောင်ကြားသခင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ ထို့နောက် လုမင်ကိုကြည့်ပြီး ပြုံးပြလိုက်လေသည်။

"မင်အာ၊ စိတ်အေးအေးထားပြီး လေ့ကျင့်ပါ။ သိပ်အများကြီး မစဉ်းစားနဲ့၊ ငါရှိနေသရွေ့ ဘယ်သူမှ မင်းကို မထိရဘူး"

လုမင်၏ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားသည်။ သူက ရိုသေစွာ ဦးညွတ်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

"ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ငါက မင်းရဲ့ ဆရာပဲ... မင်းကို ကာကွယ်ဖို့ ငါ့မှာ တာဝန်ရှိတယ်။ ကဲကဲ၊ ငါ အရင်သွားတော့မယ်"

တိမ်နဂါးတောင်ကြားသခင်က ပြုံးပြီး ပြောလိုက်သည်။ ထို့နောက်တော့ လေထဲမှ လျှောက်လှမ်းကာ ထွက်သွားတော့သည်။

လုမင်ကလည်း နှင်းထူထပ်သော တောင်ထိပ်တွင် တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ် လေ့ကျင့်နေလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် သုံးရက်ကြာသွားပြီ။

"ဂါး"

ထိုနေ့တွင် နဂါးနတ်ဘုရားတောင်ကြား၌ ကျယ်လောင်သော နဂါးဟိန်းသံကို ကြားလိုက်ရသည်။ လုမင်လည်း လေ့ကျင့်ရာမှ သတိဝင်လာပြီး မျက်လုံးဖွင့်ကြည့်လိုက်၏။ အစစ်အမှန်နဂါး ပုံရိပ်တစ်ခုက ကောင်းကင်သို့ ပျံတက်သွားပြီး အလင်းတန်းတစ်ခု ပေါ်လာတော့သည်။

"ရန်သူ တိုက်ခိုက်တယ်ဟေ့"

နဂါးနတ်ဘုရားတောင်ကြားတစ်လျှောက် ပဲ့တင်ထပ်လာသော အသံတစ်သံက နဂါးနတ်ဘုရားတောင်ကြား၏ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

နဂါးနတ်ဘုရားတောင်ကြားမှ မရေမတွက်နိုင်သော ပုံရိပ်များက ကောင်းကင်သို့ ပျံတက်ပြီး နဂါးနတ်ဘုရားတောင်ကြား အဝင်ဝတွင် စုရုံးလိုက်၏။

"သူတို့ တကယ်မြန်တာပဲ"

လုမင်၏ မျက်လုံးအကြည့်များက စူးရှလာခဲ့သည်။

"ဝှစ်"

တိမ်နဂါးတောင်ကြားသခင်က လုမင်၏ အနားတွင် ပေါ်လာသည်။

"အင်အားစုတစ်ခုတော့ ရောက်လာပုံရတယ်။ မင်အာ၊ သွားကြည့်ရအောင်"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

"ဟုတ်ကဲ့"

လုမင်က ခေါင်းညိတ်ပြပြီး တိမ်နဂါးတောင်ကြားသခင်နှင့်အတူ နဂါးနတ်ဘုရားတောင်ကြား အဝင်ဝကို လိုက်သွားလေသည်။ နဂါးနတ်ဘုရားတောင်ကြားအဝင်ဝသို့ ရောက်သောအခါ မရေတွက်နိုင်သော တပည့်များ၊ သင်းထောက်များနှင့် နဂါးနတ်ဘုရားတောင်ကြားမှ အကြီးအကဲများ ရောက်နေပြီဖြစ်ပြီး ထူးခြားသော အကြည့်များဖြင့် လုမင်ကို ကြည့်နေကြသည်။

လုမင်က လူတိုင်း၏အကြည့်ကို လျစ်လျူရှုပြီး ရှေ့ကိုသာ လှမ်းကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင်၊ နဂါးနတ်ဘုရားတောင်ကြား၏ အဝင်ပေါက်ကို အလင်းတန်းများဖြင့် ဖုံးအုပ်ထားသည်။ ဤသည်မှာ နဂါးနတ်ဘုရားတောင်ကြား၏ ဂိုဏ်းအကာအကွယ်အစီရင်ကြီးပင်။

နဂါးနတ်ဘုရားတောင်ကြား၏ အပြင်ဘက်မှာတော့ ကြီးမားသော စစ်သင်္ဘောအချို့ ရှိသည်။ ထို့နောက် စစ်သင်္ဘောများမှ ပုံရိပ်များ ထွက်ပေါ်လာ၏။ စစ်သင်္ဘောများတွင် အနည်းဆုံး လူပေါင်း သောင်းနှင့်ချီ ရှိသည်။

သူတို့တစ်ဦးစီက အစွမ်းထက်သော ရောင်ဝါများ ထွက်ပေါ်နေ၏။ သူတို့အားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြသည်။

အဓိကအားဖြင့် လူအုပ်စုနှစ်စု ရှိခဲ့သည်။ တစ်ဖွဲ့က အဖြူရောင် ၀တ်စုံနှင့် ကျန်တစ်စုက အနက်ရောင် ၀တ်စုံများ ၀တ်ထား၏။

ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတို့ပင်။

ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဦးဆောင်လာသူမှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ဖြစ်သည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ဂိုဏ်းချုပ်တို့ကိုယ်တိုင် ရောက်လာကြတာပဲ။ အရှိန်အဟုန်က တကယ်ကြီးတာပဲ"

တိမ်နဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်သော အလင်းရောင်များဖြင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိသည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။ သူက ရှေ့သို့တိုးလာပြီး နဂါးနတ်ဘုရားတောင်ကြား အပြင်ဘက်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်အတူ ပခုံးချင်းယှဉ် ရပ်လိုက်တော့သည်။

All Chapters