← Chapters

အခန်း ၁၇၀၈

Vol. 114 Ch. 1708

အခန်း ၁၇၀၈

Vol. 114 Ch. 1708

အပိုင်း ( 1708 ) ဂိုဏ်းနှစ်ခု၏ ဖိအားပေးခြင်း။

နဂါးနတ်ဘုရားတောင်ကြားတွင်၊ နှင်းသားပမာ အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက ရှေ့သို့လျှောက်လာသည်။ သူက လက်ယှက်ပြီး ပြောလိုက်၏။

"မင်းတို့နှစ်ယောက် အင်အားစုကြီးတစ်ခုနဲ့ လာကြတာ ဘာကိစ္စများ ရှိလို့လဲ"

ဤအဘိုးအိုကက ရေခဲနဂါးတောင်ကြား၏ တောင်ကြားသခင်ဖြစ်ပြီး နဂါးနတ်ဘုရားတောင်ကြား တစ်ခုလုံး၏ ခေါင်းဆောင်လည်း ဖြစ်သည်။

"ပင်းအဘိုးကြီး၊ အပိုစကားတွေ မပြောပါနဲ့။ စန်းဧကရာဇ်ရဲ့ ရတနာနဲ့ အမွေကို နဂါးနတ်ဘုရားတောင်ကြားရဲ့ လုမင်က ရရှိခဲ့တယ်လို့ ကြားတယ်။ အဲဒါကို အခု လွှဲပေးပါ၊ အဲဒါက သူတစ်ယောက်တည်း သိမ်းယူထားနိုင်တဲ့အရာ မဟုတ်သလို မင်းတို့ နဂါးနတ်ဘုရားတောင်ကြားချည်း သိမ်းယူထားလို့လည်း မရဘူး"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ သူ့လေသံက ကြီးစိုးပြီး အရှိန်အဝါကြီး၏။

'ဒါဆိုရင် မင်းက စန်းဧကရာဇ်ရဲ့ အမွေနဲ့ သိုလှောင်လက်စွပ်အတွက် ဒီကိုရောက်လာတာပေါ့'

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ကိုကြည့်ရင်း သူ့နှလုံးသားထဲတွင် ဒေါသတို့ တလိပ်လိပ်ပေါ်လာတော့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းက ရောက်ရှိလာခြင်းမှာ ကိစ္စတစ်ခု ဖြစ်သည်။ သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းတို့က အတူတကွ ရောက်လာကြ၏။

ယခင်က လုမင်သည် ရှဲ့နျန်ချင်း၏မျက်နှာကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းအပေါ်တွင် သည်းခံကာ ချုပ်တည်းထားခဲ့သည်။

သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းက သူ့ကို အကြိမ်ကြိမ် ဖိအားပေး၏။ သူတို့က သူ့ကို တိုက်ခိုက်တာလည်း တစ်ကြိမ်မကတော့ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က ရှဲ့နျန်ချင်းနှင့် လုမင်တို့ကြားမှ ပတ်သက်မှုကို သိထားသည်။ သို့ရာတွင်၊ သူမက ဂရုမစိုက်ဘဲ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် လက်တွဲခဲ့၏။ ယင်းကြောင့် လုမင်၏ နှလုံးသားက အေးစက်ပြီး သတ်ဖြတ်ချင်စိတ်တို့ ပို၍ ဖြစ်ပေါ်လာစေတော့သည်။

ထိုသို့ဖြစ်ခြင်းကြောင့် အနာဂတ်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ရင်ဆိုင်သောအခါ သူ့ကိုယ်သူ ချုပ်တည်းထားရန် မလိုတော့ပေ။

"ဟားဟားဟား၊ မင်းတို့နှစ်ယောက်က ဒီကောလဟာလကို ဘယ်ကကြားလာခဲ့တာလဲ။ အခြေအမြစ်မရှိတဲ့ ကောလဟာလတစ်ခုကို မင်းတို့ယုံနေတာ အံ့ဩစရာပဲ။ နောက်ပြီးတော့ ဂိုဏ်းနှစ်ခုလုံးက ကျွမ်းကျင်သူတွေကိုတောင် မင်းတို့က ခေါ်ဆောင်လာသေးတယ်။ တကယ့်ဟာသပဲ"

တိမ်နဂါးတောင်ကြားသခင်က ရှေ့သို့တိုးလာကာ လှောင်ပြောင်လိုက်သည်။

"အဲဒါက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေ ဟုတ်... မဟုတ်၊ လုမင်ရဲ့ ဝိညာဉ်ကို ရှာဖွေလိုက်တာနဲ့ ငါတို့ သိလိမ့်မယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဟာသပဲ၊ မင်းတို့ အလိုရှိတိုင်း သူ့ဝိညာဉ်ကို ရှာဖွေနိုင်မယ်လို့ ထင်နေတာလား။ ဒါဆိုရင် ငါ မင်းရဲ့ဝိညာဉ်ကို ရှာဖွေချင်တယ်၊ ခွင့်ပြုမှာလား"

တိမ်နဂါးတောင်ကြားသခင်က ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ကို စိုက်ကြည့်ရင်း အေးစက်စက် ပြောလိုက်၏။

"အပိုတွေမပြောနဲ့၊ သူ့ရဲ့စိတ်ဝိညာဉ်ကို ငါ ရှာဖွေခွင့်မပြုရင် သူ့မှာ စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒါတွေကို မြန်မြန်ထုတ်ပေးပါ၊ နဂါးနတ်ဘုရားတောင်ကြားတစ်ခုတည်းက ဒါကို ကိုင်မထားနိုင်သလို ကာကွယ်ထားနိုင်မှာလည်း မဟုတ်ဘူး"

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။

"ဟုတ်တယ် တောင်ကြားသခင်၊ လုမင်ကို လွှဲပေးလိုက်ဖို့ အကြံပြုချင်တယ်။ မဟုတ်ရင် နဂါးတောင်ကြားက အန္တရာယ်ဖြစ်လိမ့်မယ်။ လုမင် တစ်ဦးတည်းကြောင့် နဂါးနတ်ဘုရားတောင်ကြား တစ်ခုလုံးကို ထိခိုက်ခံလို့မဖြစ်ဘူး"

ငွေနဂါးတောင်ကြားသခင်က ရေခဲနဂါးတောင်ကြားသခင်ကိုကြည့်ကာ ဝင်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

တိမ်နဂါးတောင်ကြားသခင်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ငွေနဂါးတောင်ကြားသခင်ကို အေးစက်စက် ငေါက်လိုက်၏။

"တောင်ကြားသခင်၊ မင်းမြင်လား..."

ငွေနဂါးတောင်ကြားသခင်၏ အမူအရာက ပြောင်းလဲသွားပြီး ရေခဲနဂါးတောင်ကြားသခင်ကို တိုင်တန်းပြောဆိုလိုက်သည်။

"တော်လောက်ပြီ၊ လုမင်က ငါတို့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တစ်ယောက်ပဲ။ သူက စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေကို ရရှိသည်ဖြစ်စေ၊ မရှိရသည်ဖြစ်စေ... ငါတို့ နဂါးနတ်ဘုရားတောင်ကြားက သူ့ကိုကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ထပ်မပြောနဲ့တော့"

ရေခဲနဂါးတောင်ကြားသခင်၏ စကားကြောင့် ငွေနဂါးတောင်ကြားသခင်၏မျက်နှာက သုန်မှုန်သွားပေသည်။

"စန်းဧကရာဇ်ဟာ အတိတ်အချိန်က စန်းပြည်နယ်တစ်ခုလုံးကို အုပ်စိုးခဲ့တာ။ ဒါကြောင့် သူ့ရဲ့ အမွေနဲ့ ရတနာတွေကို လူတစ်ဦးတည်း ဒါမှမဟုတ် ဂိုဏ်းတစ်ခုတည်း ခံစားခွင့်မပြုသင့်ဘူး။ စန်းပြည်နယ်က အင်အားစုအားလုံးကို မျှဝေသင့်တယ်။ မင်းတို့ အခု လွှဲပေးမယ်ဆိုရင် ပိုကောင်းမယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။

"ဟားဟားဟား၊ ဟာသပဲ။ လုမင်က အခွင့်အရေး ရခဲ့တာ၊ မရခဲ့တာကို ထည့်မတွက်သေးရင်တောင် ဒါက သူ့ရဲ့ ကိုယ်ပိုင်ကံကောင်းခြင်းပဲလေ။ မင်းပြောတဲ့အတိုင်းဆိုရင် ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ အရင်းအမြစ်တွေအားလုံးကလည်း စန်းပြည်နယ်ကနေ လာခဲ့တာ... ကောင်းကင်နတ်ဘုရားဂိုဏ်းက ဘယ်လိုကြောင့် သီးခြားဆန်နေရမှာလဲ။ အရင်းအမြစ်တွေကို စန်းပြည်နယ်က အင်အားစုအားလုံးဆီ မျှဝေလိုက်ရင် ပိုမကောင်းဘူးလား"

တိမ်နဂါးတောင်ကြားသခင်က ရယ်မောလိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း ဂိုဏ်းချုပ်၏ မျက်နှာက အေးစက်သွားသည်။

"ဒါက ဒီကိစ္စနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ။ လုမင်... မင်း စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေကို မလွှဲပေးရင် မင်းရဲ့ နဂါးနတ်ဘုရားတောင်ကြားကို ဖျက်ဆီးပြီး စန်းပြည်နယ်က ဖယ်ရှားရလိမ့်မယ်။ မင်းနဲ့အတူ အားလုံးကို မြှုပ်နှံရလိမ့်မယ်"

သူ့စကားအဆုံးတွင် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း နှစ်ခုစလုံးရှိ ပညာရှင်များထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။ မိုးနှင့်မြေကြားမှ လေထုက လေးလံလာ၏။ သူတို့အားလုံး၏ အရှိန်အဝါများက အားကောင်းကာ အစွမ်းထက်ကြသည်။

"နောက်ပြီးတော့ မင်းတို့က နဂါးနတ်ဘုရားတောင်ကြားရဲ့ အတွင်းပိုင်းမှာ ပုန်းနေရင်တောင် အသုံးမဝင်ဘူး။ မင်းတို့ နဂါးနတ်ဘုရားတောင်ကြားက တပည့်တွေရဲ့ မိသားစုဝင်တွေက စန်းပြည်နယ်တစ်ခုလုံး ပြန့်ကျဲနေတာ။ ငါတို့က သူတို့ကို သုတ်သင်ဖို့အတွက် လူတွေစေလွှတ်လိုက်ဖို့ စိတ်ထဲမထားဘူး"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ ထိုစကားကြောင့် နဂါးနတ်ဘုရားတောင်ကြားရှိ လူတိုင်းက ဒေါသထွက်သွားကြသော်လည်း သူတို့စိတ်ထဲတွင် စိုးရိမ်လာတော့သည်။

"ရွံစရာကောင်းအောင် အရှက်မဲ့လှချေလား။ အဓိကဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီး ဒီလောက်တောင် အရှက်မဲ့ရတယ်လို့၊ မင်းက နတ်ဘုရားသားတော်နဲ့ တူနေပြီ"

လုမင်က အော်ဟစ်လိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က လုမင်ကို အေးစက်စက် ကြည့်လိုက်သည်။

လုမင်က နတ်ဘုရားသားတော်နှင့် လော့ရွှေဟန်ကို သတ်ခဲ့၏။ သူက လုမင်ကို မည်သို့ အလွယ်တကူ အလွတ်ပေးမည်နည်း။

"မင်းက စည်းမျဥ်းချိုးဖောက်ချင်တာလား"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

ဂိုဏ်းနှစ်ဂိုဏ်း တိုက်ပွဲဖြစ်လျှင်ပင် သူတို့တပည့်များနှင့် မိသားစုများကို ထိခိုက်စေမည် မဟုတ်ပေ။ ဤသည်မှာ သိုင်းပညာကမ္ဘာ၏ ‌ပြဋ္ဌာန်းမထားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။

မဟုတ်ပါက အားလုံး ရှုပ်ထွေးကုန်လိမ့်မည်။

"စည်းမျဉ်းဆိုတာ သန်မာသူတွေက ချမှတ်ထားတာ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က မောက်မာစွာ ပြောလိုက်သည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်။ ဒီလိုဆိုမှတော့ ငါ့မျက်စိရှေ့ကိုပေါ်လာတဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်အားလုံးကို သတ်ပစ်မယ်"

တိမ်နဂါးတောင်ကြားသခင်ထံမှ ရှားရှားပါးပါး သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာသည်။

"ယွင်လောရှ၊ နင့်မှာ အဲဒီလိုလုပ်နိုင်စွမ်းမရှိမှာကို ငါကြောက်တယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။

"ဟုတ်လား"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။ ထို့နောက်တွင် သူက ရှေ့သို့‌ ခြေတစ်လှမ်းတိုးလိုက်သောအခါ နဂါးနတ်ဘုရားတောင်ကြား၏ အကာအကွယ်အစီရင် အပြင်ဘက်တွင် ပေါ်လာ၏။ သူ့လက်ထဲတွင် ဓားတစ်လက်လည်း ပေါ်လာတော့သည်။

"ဂါး"

တိမ်နဂါးတောင်ကြားသခင်ထံမှ နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့သည်။

"ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်းတို့ ဘာတတ်နိုင်မလဲ ကြည့်ရအောင်"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ထံသို့ဖြတ်သန်းသွား၏။

"ယွင်လောရှ၊ မင်း မလှုပ်ရှားခဲ့တာ နှစ်အတော်ကြာနေပြီ။ မင်း ဘယ်လောက်ထိ တိုးတက်လာမလဲ ကြည့်ရသေးတာပေါ့"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ လက်ထဲတွင် နတ်ဘုရားအပြစ်ပေးလှံတစ်လက် ပေါ်လာသည်။

လှံရှည်ကက မီတာတစ်သိန်းရှည်လျားပြီး လေထုကို ထိုးဖောက်သွားပုံရ၏။

"ဝုန်း"

ဓားအလင်းနှင့် လှံရှည်တို့ ထိပ်တိုက်တွေ့ဆုံသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက လေဟာနယ်ကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့၏။ မြေပြင်ကို စွမ်းအင်လှိုင်းများ ရိုက်ခတ်မိသောအခါ နက်နဲသော တွင်းများ ပေါ်လာပေါ်တော့သည်။

စွမ်းအင်လှိုင်းအချို့က နဂါးနတ်ဘုရားတောင်ကြားဆီသို့ ဖြတ်သန်းသွားသော်လည်း အကာအကွယ်အစီရင်ဖြင့် ပိတ်ဆို့ထားခဲ့သည်။

"နောက်ဆုတ်ကြ"

ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကျွမ်းကျင်သူများမှာတော့ ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့် အမြန်ဆုတ်သွားကြလေသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ဦးတည်းသာ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

"တိမ်နဂါး ပေါ်လာခြင်း"

တိမ်နဂါးတောင်ကြားသခင်က သူ၏ဓားကို လွှဲလိုက်သောအခါ ကြီးမားသော အစစ်အမှန်နဂါးကြီးတစ်ကောင် ပေါ်လာသည်။ အစစ်အမှန်နဂါးကြီးက ဟိန်းဟောက်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ကို တိုက်ခိုက်လိုက်၏။

ကောင်းကင်နတ်ဘုရားဂိုဏ်း ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်က မြင့်မြတ်သော အလင်းရောင်များ တောက်ပနေသည်။ မြင့်မြတ်‌သော အလင်းရောင်များက ဧရာမ နတ်ဘုရားကြီးအသွင် အမှန်တကယ် စုဖွဲ့သွား၏။ နတ်ဘုရားကြီးက လက်ထဲတွင် လှံရှည်တစ်လက်ကို ကိုင်ဆွဲကာ အစစ်အမှန်နဂါးကြီးကို ထိုးသွင်းလိုက်တော့သည်။

နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျတော့မည်။

လူအများက အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်နေခဲ့သည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးက ချောက်ချားစရာကောင်းလွန်းလှပေသည်။

"တိမ်နဂါးတောင်ကြားသခင်က အစွမ်းထက်လှချေလား။ အံ့ဩစရာပဲ"

"တိမ်နဂါးတောင်ကြားသခင်က အန္တိမသူတော်စင် ဖြစ်နေတာလား။ ဘုရားရေ... တိမ်နဂါးတောင်ကြားသခင်က တကယ်ကို အန္တိမသူတော်စင်ဟ"

နဂါးနတ်ဘုရားတောင်ကြားတွင် အံ့အားသင့်စွာဖြင့် ဆွေးနွေးပြောဆိုသံများ ပေါ်လာသည်။ နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များအားလုံး အံ့သြတုန်လှုပ်သွား၏။

နဂါးနတ်ဘုရားတောင်ကြား၏ တောင်ကြားခုနစ်ခုအနက် တိမ်နဂါးတောင်ကြားသည် လူဦးရေအနည်းဆုံးဖြစ်သည်။ တိမ်နဂါးတောင်ကြားသခင်ကိုလည်း အနိမ့်ဆုံးဟု အမြဲထင်နေခဲ့ပေသည်။ အခြား တောင်ကြားသခင်များကလည်း တိမ်နဂါးတောင်ကြားသခင်ကို အလေးအနက်မထားခဲ့ကြပါ။ ယခုတော့ တိမ်နဂါးတောင်ကြားသခင် ပြသနေသောအင်အားသည် သူတို့၏ စိတ်ကူးကို လုံးဝ ကျော်လွန်သွားပြီ ဖြစ်သည်။

ရေခဲနဂါးတောင်ကြားသခင်မှလွဲ၍ အခြားသော တောင်ကြားသခင်များသည် မဟာသူတော်စင်များဖြစ်သည်။ ယင်းမတိုင်မီက နဂါးနတ်ဘုရားတောင်ကြားမှ တပည့်အများစုသည် တိမ်နဂါးတောင်ကြားသခင်ကို မဟာသူတော်စင်တစ်ဦးဟုသာ ထင်ခဲ့ကြ၏။

သူ့ကို အန္တိအသူတော်စင် ဖြစ်နေမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

"တိမ်နဂါးသုံးကောင် ပေါ်လာခြင်း"

တိမ်နဂါးတောင်ကြားသခင်က သူ့ဓားကို လွှဲခုတ်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ နဂါးဟိန်းသံသုံးခု ထွက်ပေါ်လာတော့သည်။

All Chapters