← Chapters

အခန်း ၁၇၁၆

Vol. 115 Ch. 1716

အခန်း ၁၇၁၆

Vol. 115 Ch. 1716

အပိုင်း ( 1716 ) တောက်ပသော သူတော်စင်နယ်ပယ်တွင် ပြိုင်ဘက်ကင်း။

"ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ၊ သတ်"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် ဟိန်းဟောက်လိုက်သည်။ မမြင််နိုင်သော ဓားအလင်းနှစ်ခုက မော့ခုန်း၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်ဝင်ရောက်ပြီး သူ့ဝိညာဉ်ကို ထိုးခုတ်လိုက်၏။

သို့သော်လည်း မော့ခုန်း၏ ခန္ဓာကိုယ်က ပြန်လည်မတည်ငြိမ်ခင် တစ်ခဏမျှသာ တုန်လှုပ်သွားခဲ့သည်။

'ဒီအဘိုးကြီးရဲ့ ဝိညာဉ်က တကယ်ကို သန်မာတာပဲ'

လုမင်က သူ့စိတ်ထဲတွင် တွေးလိုက်မိသွားသည်။ သူက လေမိုးကြိုးခြေလှမ်းဖြင့် မော့ခုန်း‌ဆီသို့ ပြေးသွား၏။ လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်တော့သည်။

မော့ခုန်းက ကျယ်လောင်စွာ အော်ဟစ်ပြီး နတ်ဘုရားအပြစ်ပေးလှံတစ်လက်ကို ဖွဲ့စည်းလိုက်သည်။ သူက လုမင်အား ထိုးသွင်းလိုက်၏။ သို့သော်လည်း လုမင်၏ လက်ဝါးနှင့် တွေ့ဆုံသောအခါ နတ်ဘရားအပြစ်ပေးလှံက ပေါက်ကွဲသွားတော့သည်။

လုမင်၏ လက်ဝါးမှာမူ မရပ်တန့်ဘဲ ဆက်လက်တိုးဝင်သွားသည်။ မော့ခုန်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပေသည်။ သူက နိယာမစွမ်းအင်ကို စုစည်းပြိး ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

"ဒုန်း"

မော့ခုန်း၏ ခန္ဓာကိုယ်က လွင့်စဉ်သွားသည်။ သူ၏ လက်တစ်ဖက်က ပေါက်ကွဲသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။

"သတ်"

လုမင်၏ မျက်လုံးများက ဓားသွားကဲ့သို့ အေးစက်နေသည်။ သူက မော့ခုန်းဆီသို့ ပြေးဝင်သွား၏။

တစ်ဖက်လူသည် ရန်သူဖြစ်သဖြင့် သူ့အသက်အရွယ်ကြောင့် သက်ညှာနေမည် မဟုတ်ပေ။

"နတ်ဘုရားစွမ်းရည်၊ သန့်စင်သောအလင်း ဖြတ်တောက်ခြင်း"

မော့ခုန်းက သူ၏ နတ်ဘုရားစွမ်းရည်ကို ထပ်မံ အသုံးပြုလိုက်သည်။ သန့်စင်သောအလင်း ဖဲကြိုးများက ‌ပြေးထွက်လာ၏။ သို့သော်လည်း လုမင်၏ လက်ဝါးရိုက်ချက်ကြောင့် အလွယ်တကူ ‌ပျက်စီးသွားရသည်။ လုမင်က မော့ခုန်းကို ဆက်လက်တိုက်ခိုက်လိုက်တော့သည်။

မော့ခုန်းမှာ လုမင်ကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲဘဲ အသည်းအသန် ဆုတ်သွားသည်။

တနေရာလုံး တိတ်ဆိတ်သွားလေသည်။

လုမင်က နတ်ဘုရားစွမ်းရည်ကို ဆုပ်ကိုင်ထားသည့် တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူကိုပင် အနိုင်ယူနိုင်သည်။ ထို့ပြင်၊ ထိုကျွမ်းကျင်သူမှာ လုံးဝ မရင်ဆိုင်ဝံ့တော့ဘဲ ဆုတ်ပြေးနေရ၏။ ထိုသို့သော တိုက်ခိုက်ရေးစွမ်းအားက လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်သွားသည်။

စန်းပြည်နယ်၏ တောက်ပသော သူတော်စင်နယ်ပယ်တွင် ပြိုင်ဘက်ကင်းပင်။

ဤသို့သော တိုက်ခိုက်ရေးအင်အားဖြင့် စန်းပြည်နယ်ရှိ မည်သည့် တောက်ပသောသူတော်စင်က သူ့ကို တိုက်ခိုက်နိုင်မည်နည်း။

"တော်လောက်ပြီ"

ထိုအချိန်တွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ မျက်နှာက အေးစက်နေပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ သူတော်စင်စွမ်းအားဖြင့် မော့ခုန်းကို ရစ်ပတ်ကာ ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်သို့ ပြန်ပို့လိုက်တော့သည်။

လုမင်ကလည်း လိုက်လံဖမ်းဆီးခြင်းကို ရပ်လိုက်သည်။

"သူရှုံးသွားပြီ။ ဂိုဏ်းသုံးခုရဲ့ တခြားဘယ်သူက တိုက်ခိုက်ချင်သေးလဲ"

လုမင်က မေးလိုက်သည်။

ဂိုဏ်းသုံးခုမှ ကျွမ်းကျင်သူများအားလုံး နှုတ်ဆိတ်နေပေသည်။

မော့ခုန်းပင်လျှင် ရှုံးသွားပြီ ဖြစ်သည်။ တခြားမည်သူက တိုက်ခိုက်နိုင်မည်နည်း။

အခြားဂိုဏ်းများတွင် ကာလအတန်ကြာ နေထိုင်ခဲ့သော မိစ္ဆာအိုကြီးများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းအားမှာ မော့ခုန်းနှင့် များစွာမကွာခြားနိုင်ပေ။ သူတို့က တိုက်ခိုက်ချင်လျှင်ပင် လုမင်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။

ခဏကြာသည်အထိ ဂိုဏ်းသုံးခုမှ မည်သူမျှ မထွက်လာကြတော့ပေ။

မြင်ကွင်းက တိတ်ဆိတ်သွားသည်။

"မင်းတို့က အရှုံးပေးလိုက်ပုံရတယ်။ ဘယ်သူမှ မတိုက်ချင်ဘူးဆိုတော့ သဘောတူညီချက်အရ မင်းတို့အားလုံး ထွက်သွားရမယ်"

လုမင်က ဂိုဏ်းကြီးသုံးခု၏ ခေါင်းဆောင်များကို စိုက်ကြည့်လိုက်သည်။

"ရယ်စရာပဲ၊ ငါတို့က ဘာကိစ္စနဲ့ နောက်ဆုတ်ရမှာလဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းက လှောင်ပြောင်လိုက်သည်။ သူ့မျက်လုံးများတွင် အေးစက်စက်အလင်းရောင်တို့ လက်နေ၏။

"မင်းတို့အားလုံး သဘောတူထားတာပဲ၊ ဒီမှာ မျက်မြင်သက်သေတွေ အများကြီး ရှိတယ်။ မင်းတို့အားလုံးက ပြောစကားကို မတည်ဘူးလုပ်ချင်တာလား"

လုမင် အေးစက်စက် ပြောလိုက်သည်။

"ငါတို့က ပြောပြီးသားစကားကို သဘာဝအတိုင်း မရုတ်သိမ်းပါဘူး။ ဒါပေမဲ့ အစောပိုင်းမှာ စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေအကြောင်းကိုပဲ လောင်းကြေးထပ်ဖို့ သဘောတူခဲ့ကြတာ။ အကယ်၍ ငါတို့ အနိုင်ရရင် အမွေနဲ့ ရတနာတွေကို မင်းက လွှဲပြောင်းပေးရမယ်။ မင်းအနိုင်ရမယ်ဆိုရင်တော့ ငါတို့ နောက်ပြန်ဆုတ်လိမ့်မယ်။ ဒါပေမဲ့ အဲဒါက စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာ‌အတွက် အလောင်းအစားတစ်ခုသက်သက်ပဲ"

"အခုတော့ မင်းမှာ တခြားအမွေတွေနဲ့ ရတနာတွေ ရှိတယ်လို့ ငါတို့ သံသယရှိတယ်။ အဲဒါတွေကို လွှဲပေးလိုက်ပါ"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က လှောင်ပြောင်လိုက်သည်။

"မင်းတို့ စက်ဆုပ်စရာကောင်းအောင် အရှက်မဲ့တာပဲ"

တိမ်နဂါးတောင်ကြားသခင်က အော်ဟစ်လိုက်သည်။

"ဟားဟားဟား၊ ဒါ မင်းရဲ့ မျက်နှာလား။ ဂိုဏ်းကြီးတစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ မင်းက တကယ်ကို အရှက်မရှိဘူးပဲ"

လုမင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ တစ်ဖက်လူကို ဤမျှအရှက်ကင်းလိမ့်မည်ဟု သူတကယ်မမျှော်လင့်ထားပေ။

"အပိုတွေမပြောစမ်းနဲ့၊ မင်းက အပြင်ကိုထွက်လာမှတော့ပြန်မသွားတော့နဲ့"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဧရာမ နတ်ဆိုးလက်ကြီးတစ်ဖက်က လုမင်ကို ဖမ်းဆုပ်လိုက်၏။ ကြောက်စရာကောင်းသော ဖိအားတစ်ခုက လုမင်အပေါ်တွင် တောင်ကြီးတစ်လုံးလို ဖိချလိုက်တော့သည်။

"ချိုးဖြတ်စမ်း"

လုမင်က ဟိန်းဟောက်ပြီး သူ၏အင်အားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ သူ့နောက်ကွယ်မှ ဟင်းလင်းပြင်ကို လက်သီးဖြင့် ထိုးချလိုက်၏။ ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်သည့် အင်အားတစ်ခု ရှိနေသကဲ့သို့ လုမင်က လျင်မြန်စွာ ဆုတ်သွားတော့သည်။

"ရွှစ်"

ထိုအချိန်မှာပင် ဓားအလင်းတစ်ခုက ဖြတ်သန်းလာသည်။

တိမ်နဂါးတောင်ကြားသခင်က တိုက်ခိုက်ပြီး နတ်ဆိုးလက်သည်းကို ဖြတ်ပစ်လိုက်၏။

"အတူတူ တိုက်ခိုက်ပြီး လုမင်ကို ဖမ်းဆီးကြစို့"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အော်ပြောလိုက်သည်။

"တိုက်ခိုက်ကြ"

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်များကလည်း လုမင်ကို တိုက်ခိုက်လိုက်တော့သည်။

"ဂါး"

ရေခဲနဂါးတောင်ကြားသခင်က လက်သီးဖြင့် ထိုးနှက်လိုက်ရာ နဂါးဟိန်းသံ ထွက်ပေါ်လာသည်။ ကြီးမားသော ရေခဲနဂါးကြီးက ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းချုပ်တို့၏ တိုက်ခိုက်မှုများကို ပိတ်ဆို့လိုက်၏။

"ဝုန်း"

ထိုအချိန်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူအုပ်ကြီးထံမှ သန့်စင်သောအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ အလွန်တောက်ပသော အလင်းတစ်ခုက လုမင်ကို တိုက်ခိုက်လိုက်တော့သည်။

အန္တိမသူတော်စင်။

ကောင်းကင်နတ်ဘုရားဂိုဏ်းက နောက်ထပ် အန္တိမသူတော်စင်တစ်ပါးကို လျှို့ဝှက်စေလွှတ်ခဲ့သည်။

"ထွက်သွားစမ်း"

တိမ်နဂါးတောင်ကြားသခင်က အော်ဟစ်လိုက်သည်။ သူက ဓားချက် ထုတ်ဖော်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက ဟင်းလင်းပြင်ကိုဖြတ်၍ ထိုအန္တိမသူတော်စင်ထံ ဖြတ်သန်းသွားတော့သည်။

ဤအန္တိမသူတော်စင်ကို သန့်စင်သောအလင်းရောင်က ဝန်းရံထားသည်။ သူက လက်ညှိုးညွှန်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော သန့်စင်သောအလင်းတစ်ခုက တိမ်နဂါးတောင်ကြားသခင်၏ ဓားအလင်းဆီသို့ ဦးတည်သွား၏။

နတ်ဘုရားစွမ်းရည်၊ သန့်စင်သောအလင်း ဖြတ်တောက်ခြင်း။

သို့သော်လည်း ဤအန္တိမသူတော်စင်၏ စွမ်းအားက မော့ခုန်းထက် အဆများစွာ အားကောင်းသည်။ သူတို့က နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်ပေ။

သန့်စင်သောအလင်းက တိမ်နဂါးတောင်ကြားသခင်၏ ဓားအလင်းကို အဆက်မပြတ် ဖြတ်တောက်ပစ်လိုက်သည်။

"နောက်ဆုတ်"

တိမ်နဂါးတောင်ကြားသခင်က အော်လိုက်သည်။ သူ့ပုံရိပ်က လုမင်၏အနားတွင် ချက်ချင်း ပေါ်လာ၏။ သူက သူတော်စင်စွမ်းအားဖြင့် လုမင်ကို ဝန်းရံထားကာ နဂါးနတ်ဘုရားတောင်ကြားဆီသို့ လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။

ရေခဲနဂါးတောင်ကြား၏ တောင်ကြားသခင်ကလည်း နောက်မှ အနီးကပ်လိုက်လာခဲ့သည်။

သူတို့၏ တိုက်ခိုက်ရေးအင်အားဖြင့် ဆုတ်ခွာချင်လျှင် တစ်ဖက်က တားဆီးနိုင်မှာ မဟုတ်ပါ။

သူတို့နှစ်ဦးက နဂါးနတ်ဘုရားတောင်ကြား၏ အကာအကွယ်အစီရင်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။

"ဝှစ်... ဝှစ်... ဝှစ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် အခြားသော အန္တိမသူတော်စင်များက နဂါးနတ်ဘုရားတောင်ကြား၏ အကာအကွယ်အစီရင် အပြင်ဘက်တွင် ပေါ်လာသည်။ သူတို့၏ အရှိန်အဝါများက အလွန်အားကောင်း၏။ နဂါးနတ်ဘုရားတောင်ကြား၏ အကာအကွယ်အစီရင်ကို ကြောက်စရာကောင်းသော လေပြင်းများက ဆက်တိုက် ရိုက်ခတ်လာတော့သည်။

"နဂါးနတ်ဘုရားတောင်ကြားက လုမင်ကို အဆုံးအထိ ကာကွယ်သွားမယ်ထင်တယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။ သူ့မျက်လုံးများက သန့်စင်သော အလင်းရောင်ဖြင့် တောက်ပနေ၏၊။

"အကာအကွယ်ပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ လုမင်က အစကတည်းက နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တစ်ယောက်ပဲ။ နဂါးနတ်ဘုရားတောင်ကြားက သူ့ကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ အခြားတစ်ဖက်မှာတော့ တချို့ဂိုဏ်းတွေက သူတို့ရဲ့ စကားတွေကို ပြန်ရုတ်သိမ်းပြီး အရှုံးပေးဖို့ ငြင်းဆန်နေတယ်"

ရေခဲနဂါးတောင်ကြားသခင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

"ကောင်းပြီ၊ ဒီလိုဆိုမှတော့ နဂါးနတ်ဘုရားတောင်ကြားကို ဖျက်ဆီးလိုက်တာပေါ့။ အခုချိန်ကစပြီး စန်းပြည်နယ်မှာ နဂါးနတ်ဘုရားတောင်ကြားက မရှိတော့ဘူး"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ပြောလိုက်သည်။ သူသည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း အလွန်လွှမ်းမိုးချုပ်ကိုင်ထား၏။

"ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လူတိုင်း နားထောင်ပါ။ အစီရင်တစ်ခုဖွဲ့စည်းပြီး နဂါးနတ်ဘုရားတောင်ကြားကို တိုက်ခိုက်ကြ"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ဦးစွာ အမိန့်ပေးလိုက်သည်။

"ကောင်းကင်အဆိပ်ဂိုဏ်းရဲ့ လူတိုင်း၊ အစီရင်တည်ဆောက်ပြီး နဂါးနတ်ဘုရားတောင်ကြားကို တိုက်ခိုက်ကြ"

ကောင်းကင်အဆိပ်ဂိုဏ်းချုပ်ကလည်း အမိန့်ပေး၏။

ကောင်းကင်နတ်ဘုရား ဂိုဏ်းချုပ်ကမူ အနည်းငယ် အံ့သြသွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းကို ဤမျှပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ နောက်ဆုံးတွင်၊ သူလည်း တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

"သတ်"

"သတ်"

"သတ်"

ဂိုဏ်းကြီးသုံးခုမှ ကျွမ်းကျင်သူများက ဟိန်းဟောက်လိုက်ကြ၏။ ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းများလည်း ဖြာထွက်လာတော့သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများစွာက ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော နတ်ဆိုးနတ်ဘုရားကြီးကို ဖွဲ့စည်းလိုက်ကြသည်။ သူတို့၏ လက်ခြောက်ဖက်လုံးတွင် လက်နက်တစ်ခုစီ ကိုင်ထား၏။ ၎င်းက မီတာတစ်သိန်းမြင့်မားပြီး တောင်ကြီးတစ်လုံးထက် ပိုကြီးမားကာ နဂါးနတ်ဘုရားတောင်ကြားကို တိုက်ခိုက်လိုက်တော့သည်။

"ဝုန်း"

မီတာတစ်သိန်း မြင့်မားသော နတ်ဆိုးနတ်ဘုရား၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလှသည်။ တိုက်ခိုက်မှုက နဂါးနတ်ဘုရားတောင်ကြား၏ အကာအကွယ်အစီရင်ပေါ်သို့ ကျရောက်လာပြီး ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

အခြားတစ်ဖက်တွင်၊ ကောင်းကင်အဆိပ်ဂိုဏ်းက ဧရာမ ဖားကြီးတစ်ကောင်ကို ဖွဲ့စည်းလိုက်၏။ ၎င်းက နတ်ဆိုးနတ်ဘုရားလောက် မကြီးမားသော်လည်း မီတာသောင်းနှင့်ချီကာ မြင့်မားနေသေးသည်။ အော်သံတစ်ချက်နှင့်အတူ၊ ကြောက်စရာကောင်းသော အဆိပ်များက နဂါးနတ်ဘုရားတောင်ကြား တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

All Chapters