အခန်း ၁၇၁၈
Vol. 115 Ch. 1718
အပိုင်း ( 1718 ) အန္တိမသူတော်စင်အဆင့် အစစ်အမှန်နဂါး၏ သွေးအနှစ်သာရသုံးစက်။
ရေခဲနဂါးကြီးက အန္တိမသူတော်စင်များကို တိုက်ခိုက်လိုက်သည်။ အနားကို မရောက်သေးသော်လည်း သူ့ဦးချိုနှစ်ချောင်းမှ ရေခဲဓားနှစ်ချောင်း ပေါ်လာပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ထံ ပြေးထွက်သွား၏။
"နဂါးနတ်ဘုရားတောင်ကြားရဲ့ ရေခဲနဂါးအိုကြီးက အသက်ရှင်နေသေးတယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ အမူအရာက လေးနက်သွားကာ အော်ဟစ်လိုက်သည်။ သူတော်စင်အလင်းက ပျံ့နှံ့သွား၏။ သန့်စင်သောအလင်း ဓားနှစ်ချောင်းဖြင့် ရေခဲဓားနှစ်ချောင်းကို တားဆီးရန် ခုတ်ထစ်လိုက်တော့သည်။
"မင်းတို့သေရင်တောင် ငါမသေသေးဘူးကွ"
ရေခဲနဂါးကြီးက ဟိန်းဟောက်ပြီး လျင်မြန်စွာ ချဉ်းကပ်လာသည်။ ၎င်း၏ လက်သည်းများက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ထံ ရောက်ရှိသွား၏။ ကြောက်စရာကောင်းသော လေတိုးသံများ ထွက်ပေါ်လာတော့သည်။ နဂါးလက်သည်းများ ဖြတ်သွားရာ လမ်းတစ်လျှောက်မှ ဟင်းလင်းပြင်က အေးခဲသွားပုံရသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်တို့လည်း သတိမပေါ့ဝံ့ကြပေ။ သူတို့က ရေခဲနဂါးကြီးကို ခုခံရန် နတ်ဘုရားစွမ်းရည်များကို အသုံးပြုလိုက်ကြသည်။ သို့သော်လည်း ရလဒ်မှာ နှစ်ဦးစလုံး ဆုတ်သွားခဲ့ရခြင်း ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း ရေခဲအလွှာတစ်ခုရှိနေပြီး အေးခဲလုနီးပါး ဖြစ်သွားကြတော့သည်။
"ရေခဲနဂါးတိုင်းပြည်"
ရေခဲနဂါးဘိုးဘေး၏ ခန္ဓာကိုယ်အထက်တွင် ရေခဲများက အားကောင်းသည်ထက် အားကောင်းလာသည်။ အဆုံးတွင်၊ တိုင်းပြည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ မရေမတွက်နိုင်သော ရေခဲနဂါးများက ကောင်းကင်တိုင်းပြည်အတွင်းမှ ထွက်ပေါ်လာကာ ဂိုဏ်းချုပ်ကြီးနှစ်ဦးထံသို့ ပြေးဝင်သွားတော့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်တို့က အင်အားအပြည့် ထုတ်လွှတ်ခဲ့သော်လည်း ရေခဲနဂါးဘိုးဘေး၏ ဖိနှိပ်ခံနေရဆဲ ဖြစ်သည်။
တစ်ဖက်တွင်၊ ကောင်းကင်အဆိပ်ဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အခြား အန္တိမသူတော်စင်တို့က တိမ်နဂါးတောင်ကြားသခင်နှင့် ရေခဲနဂါးတောင်ကြားသခင်တို့ကို မယှဉ်နိုင်တော့ပါ။ သူတို့က အားနည်းချက်တစ်ခု ရှိလာခဲ့ကြသည်။
ကောင်းကင်ယံ၌ အန္တိမသူတော်စင်များက ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ တိုက်ကွက် တစ်ဒါဇင်ခန့် လှုပ်ရှားပြီးနောက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်တို့မှာ သွေးများအန်ထွက်လာပြီး ဆုတ်သွားခဲ့ကြသည်။ သူတို့က ရေခဲနဂါးဘိုးဘေးကြောင့် ဒဏ်ရာရရှိသွားကြပြီ။
"နောက်ဆုတ်... ပြန်ဆုတ်ကြ"
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် အခြားသူများက အော်ဟစ်ပြီး ပြန်ဆုတ်သွားကြသည်။
တိုက်ပွဲ ဆက်ဖြစ်နေလျှင် သူတို့အတွက် မကောင်းပေ။
တိမ်နဂါးတောင်ကြားသခင် တစ်ဦးတည်းက အန္တိမသူတော်စင်နှစ်ပါးကို တိုက်ခိုက်နိုင်သည်။ ရေခဲနဂါးဘိုးဘေးက တိမ်နဂါးတောင်ကြားသခင်ထက်ပင် ပိုအားကောင်း၏။ သူတို့က လုံးဝ မယှဉ်နိုင်တော့ပေ။ တိုက်ပွဲဆက်ဖြစ်နေပါက သူတို့ အသက်ပင်သေနိုင်သည်။
သူတို့က တိုက်ခိုက်ရင်း ပြန်ဆုတ်သွားကြသည်။
ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများအားလုံးလည်း ဆုတ်ခွာသွားကြတော့သည်။
"ဝုန်း... ဝုန်း"
ရေခဲနဂါးဘိုးဘေးက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်တို့ကို လိုက်လံတိုက်ခိုက်သည်။ ခြေလှမ်းတိုင်းတွင် ဥက္ကာခဲကြွေသကဲ့သို့ ကြောက်စရာကောင်းသော ရေခဲများက ဂိုဏ်းချုပ်နှစ်ဦးဆီသို့ ကျရောက်သွား၏။
"ဝုန်း... ဝုန်း"
နှစ်ယောက်သား အစွမ်းကုန် တားဆီးရန် ကြိုးစားခဲ့ကြသော်လည်း သွေးများအန်နေရဆဲပင်။
"နဂါးနတ်ဘုရားတောင်ကြား၊ နင်တို့က ကမ္ဘာတစ်ခုလုံးကို ဆန့်ကျင်နေကြတာပဲ။ လုမင်ကို မင်းတို့ ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ ဤအခိုက်တွင် သူမ၏ ဆံပင်များက ဖရိုဖရဲဖြစ်ပြီး အရူးတစ်ယောက်ပမာ ဖြစ်နေတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအလင်းရောင်တစ်ခုက သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူမက မဟာသူတော်စင်လက်နက်များစွာကို ဖောက်ခွဲပြီး ရေခဲနဂါးဘိုးဘေး၏ တိုက်ခိုက်မှုစက်ကွင်းမှ ပြေးထွက်သွား၏။ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ကလည်း သူမ၏အနောက်မှ အနီးကပ်လိုက်လာသည်။ ခဏချင်းမှာပင် သူတို့နှစ်ဦးက အကွာအဝေးသို့ ပျောက်ကွယ်သွားတော့သည်။
အခြားသော ကျွမ်းကျင်သူများကလည်း လျင်မြန်စွာ ပြေးထွက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က နဂါးနတ်ဘုရားတောင်ကြား၏ နယ်မြေမှ ပျောက်ကွယ်သွားလေသည်။
နဂါးနတ်ဘုရားတောင်ကြား၏ အကျော်အမော်များကလည်း မလိုက်ခဲ့ကြပေ။
အကျဉ်းအကျပ်သို့ ကျရောက်နေသော ရန်သူကို ဖိအားထပ်မပေးတော့ခြင်းက အကောင်းဆုံး ဖြစ်သည်။ ခွေးတစ်ကောင်ပင်လျှင် ချောင်ပိတ်ပြီးရိုက်ပါက ချောင်ပိတ်ပြီး ပြန်ကိုက်တတ်သေးသည်။ တစ်ဖက်လူများက အသက်နှင့်ရင်းပြီး ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်လျှင် သူတို့လည်း ဒဏ်ရာရနိုင်သည်။
နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များလည်း ဂိုဏ်းကြီးသုံးခုမှ ထွက်ခွာသွားပြီးမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်ကြသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းနှစ်ခုက စန်းပြည်နယ်ရှိ အင်အားစုများကြားတွင် အလွန်အစွမ်းထက်သည်။ သူတို့ထဲတွင် တစ်ခုမှ နဂါးနတ်ဘုရားတောင်ကြားထက် အားမနည်းပေ။ နဂါးနတ်ဘုရားတောင်ကြား တစ်ခုတည်းက ဂိုဏ်းကြီးသုံးခုကို မယှဉ်နိုင်ပါ။
ယခုတစ်ကြိမ်တွင်၊ ဒဏ္ဍာရီလာ ရေခဲနဂါးဘိုးဘေးကြီး ထွက်ပေါ်မလာပါက ၎င်းတို့သည် အမှန်တကယ် အန္တရာယ်ရှိမည် ဖြစ်သည်။
"တပည့်အပေါင်းတို့၊ စစ်မြေပြင်ကို ရှင်းလင်းပြီး အစောင့်တွေချထားလိုက်ကြ"
ရေခဲနဂါးတောင်ကြားသခင်က အမိန့်ပေးလိုက်သည်။ ထို့နောက် နောက်ကွယ်တွင် ပုန်းအောင်းနေသော ငွေနဂါးတောင်ကြားမှ လူများကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။
'ဒီလုမင်က တကယ်ကံကောင်းတာပဲ။ သူက ဘာမှမဖြစ်သေးဘူး'
ငွေနဂါးတောင်ကြားသခင်က ရေခဲနဂါးတောင်ကြားသခင်၏ အကြည့်ကို သတိမပြုမိသေးပေ။ သူက အေးစက်စက်ဖြင့် လုမင်ကိုသာ ကြည့်နေသည်။
"ရေခဲနဂါးဘိုးဘေးကို နှုတ်ခွန်းဆက်ပါတယ်"
ထိုအချိန်တွင် ရေခဲနဂါးတောင်ကြားသခင်၊ တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများက ရေခဲနဂါးဘိုးဘေးကြီးကို ဦးညွတ်လိုက်ကြသည်။
ရေခဲနဂါးကြီး၏ ခန္ဓာကိုယ်က တွန့်လိပ်သွားပြီးနောက် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာသော အဘိုးအိုအဖြစ်သို့ ပြောင်းလဲသွား၏။ သူက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
"သက်တောင့်သက်သာ နေကြပါ"
ထို့နောက် သူက လုမင်ကိုကြည့်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက လုမင်၏ရှေ့မှာ ပေါ်လာပြီး လုမင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။
"မျိုးဆက်သစ် တပည့် လုမင်က ရေခဲနဂါးဘိုးဘေးကို နှုတ်ခွန်းဆက်ပါတယ်"
လုမင်က ရေခဲနဂါးဘိုးဘေးထံ ဦးညွှတ်လိုက်သည်။
"ဟားဟားဟား၊ မင်းမဆိုးဘူး။ ငါနဲ့လိုက်ခဲ့"
ထိုသို့ပြောပြီးနောက် ရေခဲနဂါးဘိုးဘေးက ဘာမှထပ်မပြောဘဲ နဂါးနတ်ဘုရားတောင်ကြား၏ နက်နဲရာသို့ လျှောက်သွားလေသည်။
လုမင် အံ့သြသွားသည်။ ရေခဲနဂါးဘိုးဘေးက အဘယ်ကြောင့် သူ့ကို တွေ့ချင်သနည်း။
"မင်အာ၊ လိုက်သွားပါ"
တိမ်နဂါးတောင်ကြားသခင်၏ အသံက လုမင်၏နားထဲတွင် ထွက်ပေါ်လာသည်။
လုမင်ကလည်း ခေါင်းညိတ်ပြပြီး ရေခဲနဂါးဘိုးဘေးနောက်ကို လိုက်သွားလေသည်။
သူတို့နှစ်ဦးက နှင်းတောင်တန်း၏ နက်နဲရာဆီသို့ လျှောက်လှမ်းသွားကြသည်။
နဂါးနတ်ဘုရားတောင်ကြား၏ နက်နဲရာအရပ်တွင် အဆုံးမရှိသော နှင်းတောင်တန်းများ ရှိသည်။ သူတို့နှစ်ဦးက ဒါဇင်များစွာသော နှင်းတောင်များကို ဖြတ်ကျော်ခဲ့ကြ၏။ နောက်ဆုံးတွင် ရေခဲနဂါးဘိုးဘေးကြီးက နှင်းတောင်တစ်လုံးပေါ်တွင် ရပ်လိုက်သည်။
လုမင်ကလည်း ရေခဲနဂါးဘိုးဘေး၏ အနားတွင် တိတ်တဆိတ် ဆင်းသက်လိုက်လေသည်။
"မင်းရဲ့ ဝိဥာဉ်ခန္ဓာက နဝမနဂါးဝိညာဥ်ခန္ဓာဖြစ်သင့်တယ် မဟုတ်လား"
ရေခဲနဂါးဘိုးဘေးက ပြောလိုက်သည်။
နဝမနဂါးဝိညာဉ်ခန္ဓာက နဂါးနတ်ဘုရားဝိညာဉ်ခန္ဓာ ဖြစ်၏။
"ဟုတ်ပါတယ်၊ အဲဒီတုန်းက ကျွန်တော် နိုးထလာတဲ့ ပထမသွေးမျိုးဆက်ဟာ နဝမနဂါးသွေးမျိုးဆက်ပါ"
လုမင်က ခေါင်းညိတ်လိုက်သည်။
"နဝမနဂါးသွေးမျိုးဆက်က အဆက်မပြတ်တိုးတက်နိုင်ပြီး နောက်ဆုံးမှာ အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာအဆင့်ကို ရောက်သင့်တယ်။ မင်းရဲ့ ခန္ဓာကလည်း သန်မာပြီး မကြာခင် ဖွံ့ဖြိုးလာမယ်ဆိုတာ ငါမြင်နေတယ်လေ။ မင်းကိုကူညီဖို့ သွေးအနှစ်သာရ သုံးစက်ကို ငါပေးလိုက်မယ်"
ရေခဲနဂါးဘိုးဘေးက ပြောလိုက်သည်။ စကားအဆုံးတွင် သူ့လက်ထဲမှာ ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာပြီး လုမင်ကို ပေးလိုက်၏။
လုမင်လည်း အလိုအလျောက် လက်ခံယူမိပြီး ဖွင့်ကြည့်လိုက်သည်။ ကျောက်စိမ်းပုလင်းထဲတွင် သွေးအနှစ်သာရသုံးစက်ရှိနေတာကို တွေ့လိုက်ရသည်။ ၎င်းတို့က တောက်ပသော သွေးရောင် စိန်များကဲ့သို့ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော နဂါးအရှိန်အဝါကို ထုတ်လွှတ်နေကြ၏။ သွေးအနှစ်သာရသုံးစက်၏ မျက်နှာပြင်ပေါ်တွင် လှည့်ပတ်ပျံသန်းနေသော နဂါးလေးတစ်ကောင်ပင် ရှိနေသေးသည်။
"ဒါက…"
လုမင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သွေးအနှစ်သာရစက်သုံးစက်မှ အန္တိမသူတော်စင် အငွေ့အသက်များကို သူ ခံစားရ၏။
ယင်းက အန္တိမသူတော်စင်အဆင့် အစစ်အမှန်နဂါး၏ သွေးအနှစ်သာရသုံးစက် ဖြစ်တော့သည်။
ဤသွေးအနှစ်သာရသုံးစက်က တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်သည်။
"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ"
လုမင်လည်း စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
"ယဉ်ကျေးနေစရာမလိုပါဘူး၊ ဒီသွေးအနှစ်စက်သုံးစက်ကို မတော်တဆ ငါရခဲ့တာ။ အဲဒါတွေက ငါ့အတွက်လည်း အသုံးမဝင်ဘူးလေ။ မင်းသုံးလို့ရတယ်။ နောင်မှာ ရွယ်နင်ရှင်းကိုပဲ ဂရုစိုက်ပေးပါ"
ရေခဲနဂါးဘိုးဘေးက ပြောလိုက်သည်။
လုမင်၏ စိတ်ထဲတွင် အံ့ဩသွားသည်။ ရေခဲနဂါးဘိုးဘေးနှင့် ရွယ်နင်ရှင်းတို့၏ ဆက်ဆံရေးက ရိုးရှင်းပုံမရပေ။
ရေခဲနဂါးနှင့် နှင်းနဂါး။
"ဘိုးဘေး"
ထိုအချိန်တွင် လုမင်က ရုတ်တရက် ခေါ်လိုက်သည်။ သူ့လက်ထဲတွင် သိုလှောင်လက်စွပ်တစ်ခု ပေါ်လာ၏။
"ဘိုးဘေး၊ ဒီနေ့တိုက်ပွဲ ဖြစ်ရတာက ကျွန်တော်ကြောင့်ပါပဲ။ ဒီသိုလှောင်လက်စွပ်က စန်းဧကရာဇ်ရဲ့ သိုလှောင်လက်စွပ်ပါ။ အခု ခင်ဗျားကို ပေးလိုက်မယ်။ နဂါးနတ်ဘုရားတောင်ကြားမှာရှိတဲ့ လူတိုင်းကို မျှဝေနိုင်ပါတယ်"
ဤတိုက်ပွဲက သူ့အတွက်ကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကိစ္စများက လွယ်လွယ်နှင့် ပြီးသွားမှာမဟုတ်ဘူးဟု လုမင် ခံစားနေရ၏။ လုမင်က နဂါးနတ်ဘုရားတောင်ကြားကို မထိခိုက်စေလိုပေ။ ထို့ပြင် သူက စန်းဧကရာဇ်၏ သိုလှောင်လက်စွပ်ကို မည်သို့မျှမဖွင့်နိုင်သေးသောကြောင့် ရေခဲနဂါးဘိုးဘေးကိုပေးပြီး နဂါးနတ်ဘုရားတောင်ကြား၏ ခွန်အားတိုးမြင့်လာစေရန် ကူညီပေးနိုင်သည်။
"စန်းဧကရာဇ်ရဲ့ သိုလှောင်လက်စွပ်လား။ မင်း ဆက်ပြီးသိမ်းထားလိုက်ပါ။ ဒါက ဒါက မင်းရဲ့ကိုယ်ပိုင်အခွင့်အလမ်းပဲလေ။ ငါ့ရဲ့ နဂါးနတ်ဘုရားတောင်ကြားက ဘယ်တပည့်ရဲ့ အခွင့်အရေးကိုမှ ဆုံးရှုံးစေမှာ မဟုတ်ဘူး။ တပည့်တစ်ဦးရဲ့ အခွင့်အလမ်းကို သိမ်းယူတာက သူ့ရဲ့အရည်အချင်းကို ဖြုန်းတီးတာနဲ့ အတူတူပဲ။ ဒီလိုဆိုရင် ပြိုင်စံရှားတဲ့ ပါရမီရှင်တွေကို ဘယ်လိုလုပ်ပြီး မွေးထုတ်နိုင်မှာလဲ"
ရေခဲနဂါးဘိုးဘေးက သူ့လက်ကို ဝှေ့ယမ်းပြီး ဆက်ပြောလိုက်သည်။
"နောက်ပြီးတော့ ဒီလက်စွပ်မှာ စန်းဧကရာဇ်ရဲ့ အမှတ်အသား ရှိတယ်။ ငါတောင်မှ အဲဒီအမှတ်အသားကို အချိန်တိုအတွင်း မချိုးဖျက်နိုင်မှာကို ကြောက်ရတယ်။ အဲဒါကို အရင်ထိန်းသိမ်းထားနိုင်ပြီး အနာဂတ်မှာ မင်းရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ပဲ ချိုးဖျက်ပါ"
ရေခဲနဂါးဘိုးဘေးက ထိုသို့ပြောသည့်အတွက် လုမင်လည်း မတိုက်တွန်းတော့ပေ။ စန်းဧကရာဇ်၏ သိုလှောင်လက်စွပ်ကို ပြန်သိမ်းလိုက်သည်။
"သွားပါ ကောင်လေး။ မင်းရဲ့ ကြီးထွားလာမှုကို ငါစောင့်မျှော်နေတယ်"
ရေခဲနဂါးဘိုးဘေးက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
လုမင်လည်း ရေခဲနဂါးဘိုးဘေးကို လက်ယှက်ပြပြီး ထွက်သွားတော့သည်။