အခန်း ၁၇၂၀
Vol. 115 Ch. 1720
အပိုင်း ( 1720 ) လုမင်၊ မင်းပဲလား။
ချိုးဟောက်က ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အမျိုးသမီး တပည့်တစ်ဦးနှင့် တွေ့ဆုံကာ မေတ္တာမျှခဲ့သည်။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် မော့ယန်က ဤအကြောင်းကို သိရှိသွား၏။ မော့ယန်က အလွန်ဒေါသထွက်သွားပြီး ချိုးဟောက်နှင့် အမျိုးသမီးတပည့်ကို သတ်ပစ်ချင်ခဲ့သည်။
ချိုးဟောက်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အမျိုးသမီး တပည့်တို့လည်း လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။ ချိုးဟောက်က အမျိုးသမီးတပည့်ကိုခေါ်ပြီး နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်ပြေးရန် ကြိုးစားခဲ့၏။ သို့ရာတွင်၊ မော့ယန်က သိရှိသွားပြီး လိုက်လံဖမ်းဆီးတော့သည်။ မကြာသေးမီက ချိုးဟောက်တို့သည် လော့ရှတောင်တန်းသို့ ပြေးဝင်လာကာ အကူအညီတောင်းရန် ချိုးရင်ရင်ထံ သတင်းပို့ခဲ့သည်။
သို့သော်လည်း နဂါးနတ်ဘုရားတောင်ကြားရှိ ချိုးရင်ရင်၏ အဆင့်အတန်းဖြင့် အစွမ်းထက် ကျွမ်းကျင်သူကို မရှာနိုင်ပေ။ နောက်ဆုံးတွင် မော့ယန်က သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူနှင့်အတူ ကျွမ်းကျင်သူများကိုပင် ခေါ်ဆောင်လာနိုင်သေးသည်။ ထို့ကြောင့် သူမ အကူအညီတောင်းချင်လျှင် အနည်းဆုံး သူတော်စင်တစ်ပါး၏ အကူအညီကို တောင်းရမည် ဖြစ်သည်။
သို့ရာတွင် ချိုးရင်ရင်က သူတော်စင်တစ်ဦးထံမှ အကူအညီမတောင်းနိုင်သောကြောင့် လုမင်ကိုသာ တွေးနိုင်ခဲ့ပေသည်။ ထိုသို့ဖြင့် လုမင်ကို အကူအညီတောင်းဖြစ်ခြင်း ဖြစ်သည်။
လုမင်၏ လက်ရှိအမြန်နှုန်းက အံ့မခန်းပင်။ ချိုးရင်ရင်နှင့်အတူ သူက အလင်းတန်းတစ်ခုကဲ့သို့ ကောင်းကင်ကို ဖြတ်ကျော်ကာ လော့ရှတောင်တန်းဆီသို့ ဦးတည်သွားခဲ့သည်။ နာရီအနည်းငယ်အတွင်း သူတို့က လော့ရှတောင်တန်းအနီးသို့ ရောက်လာပြီ။
ချိုးရင်ရင်၏ အဆိုအရ သူမ၏ မိဘများသည် ငယ်စဉ်ကတည်းက သူတို့မောင်နှမအတွက် အသက်အဆောင်များကို ပြုလုပ်ခဲ့ကြသည်။ သူတို့နှစ်ဦးက အသက်အဆောင်နှင့် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအတွင်း တစ်ယောက်ကိုတစ်ယောက် ခံစားနိုင်လိမ့်မည်။
ထိုနည်းဖြင့် သူတို့မောင်နှမက အပြင်လောကမှာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နိုင်သည်။
ထိုအချိန်၊ လော့ရှတောင်တန်းရှိ တောင်ကြားတစ်ခုတွင်...
ချိုးဟောက်နှင့် လှပသော မိန်းမပျိုလေးတစ်ဦးတို့သည် တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ကိုင်ရင်း မျက်စိမျက်နှာ မကောင်းစွာဖြင့် ကောင်းကင်သို့ ကြည့်နေကြသည်။
ကောင်းကင်တွင် လူသုံးဦးက လေထဲတွင်ရပ်နေကြ၏။ သူတို့နှစ်ဦးကို အေးစက်မာကျောသော မျက်နှာထားဖြင့် ကြည့်နေကြသည်။
ဦးဆောင်သူမှာ မော့ယန် ဖြစ်သည်။ မော့ယန်၏ အနောက်မှာလည်း အားကောင်းသော အရှိန်အဝါနှင့် အဘိုးအိုနှစ်ဦး ရှိသေးသည်။ သူတို့နှစ်ယောက်က သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
"ဂိုဏ်းတူအစ်ကိုမော့ယန်၊ ချိုးဟောက်နဲ့ ကျွန်မက တကယ်ကို ချစ်မြတ်နိုးကြတာပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို သွားခွင့်ပြုပါ"
မိန်းကလေးက တောင်းပန်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း၊ ဂိုဏ်းမှာ မင်းကိုလိုက်နေတဲ့ ညီအကို တော်တော်များများရှိပေမဲ့ အားလုံးကို မင်းကငြင်းခဲ့တယ်။ အဲဒီအစား မင်းက နဂါးနတ်ဘုရားတောင်ကြားရဲ့ ဒီအမှိုက်တွေနဲ့ပဲနေဖို့ ရွေးချယ်ခဲ့တာ။ မင်းကိုယ်တိုင်က သေလမ်းရှာနေတာပဲ"
မော့ယန်က အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်သည်။
"ဂိုဏ်းတူအစ်ကိုမော့ယန်၊ ကျွန်မနဲ့ ချိုးဟောက် တွေ့ကြတဲ့အခါက ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ နဂါးနတ်ဘုရားတောင်ကြားမှာ ပြဿနာတွေ မရှိသေးဘူးလေ"
မိန်းမကလေးက ရှင်းပြရန် ကြိုးစားသေး၏။
"ပါးစပ်ပိတ်ထားစမ်း။ မင်းနဲ့ ရှဲ့နျန်ချင်းက အတူတူပဲ။ မင်းတို့နှစ်ယောက်စလုံးက သေသင့်တယ်"
အထူးသဖြင့်၊ ရှဲ့နျန်ချင်းကို ပြောသောအခါ မော့ယန်၏ မျက်နှာက ပို၍အေးစက်လာသည်။ သူ့မျက်လုံးများတွင် ဒေါသနှင့်အတူ ဆိုးသွမ်းသော မီးတောက်များဖြင့် ပြည့်နေတော့သည်။
"နင်... နင့်မှာ သူတော်စင်ငယ်ကို စော်ကားခွင့် မရှိဘူး"
မိန်းကလေးက အော်ဟစ်လိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မင်းက ရှဲ့နျန်ချင်းရဲ့ အစေခံ ဖြစ်ထိုက်တယ်။ မင်းတို့ နှစ်ယောက်စလုံးက တစ်ပုံစံတည်းပဲ။ ဒီနေ့ မင်း သေဖို့အတွက် တောင်းပန်လာစေရမယ်"
မော့ယန်က ကောင်းကင်မှ ဆင်းသက်လာပြီး သူ၏ အစွမ်းထက်သော အရှိန်အဝါတို့ဖြင့် ချိုးဟောက်နှင့် မိန်းကလေးကို ဖိနှိပ်လိုက်သည်။
ချိုးဟောက်၏ ခန္ဓာကိုယ်က တုန်ခါသွား၏။ သူ၏ ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာတော့သည်။
"အမှိုက်ပဲ၊ ငါ တကယ်နားမလည်ဘူး။ ဒီလိုအမှိုက်ကို မင်းက ဘာဖြစ်လို့ သဘောကျသွားတာလဲ"
မော့ယန်က ချိုးဟောက်အား အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။ သူက ချိုးဟောက်ကို ဖမ်းဆီးရန် သူ့လက်ကို ဆန့်လိုက်၏။
"ချိုးဟောက်၊ ပြေးတော့"
မိန်းကလေးက ချိုးဟောက်ကို တွန်းထုတ်လိုက်သည်။ သူက နတ်ဆိုးစွမ်းအားများဖြင့် ပေါက်ကွဲပြီး မော့ယန်ကို ရိုက်ထုတ်လိုက်တော့သည်။
သို့သော်လည်း သူမနှင့် မော့ယန်ကြားမှ ကွာဟချက်မှာ အလွန်ကြီးမားသည်။ ထို့ကြောင့် သူ၏ လက်ဝါးအင်အားက မော့ယန်၏ တိုက်ရိုက် ချေမှုန်းခြင်းကို ခံလိုက်ရပေသည်။ မော့ယန်က သူမ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
"ကျားကျား...၊ မော့ယန်... ကျားကျားကို လွှတ်လိုက်စမ်း"
ချိုးဟောက်၏ မျက်လုံးများက နီရဲလာသည်။ သူက သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ပြီး မော့ယန်ကို ပြေးဝင်တိုက်ခိုက်လိုက်သည်။
"အမှိုက်ကောင်၊ မင်း သေချင်နေတာပဲ"
မော့ယန်က အေးစက်စက် ငေါက်ငမ်းလိုက်၏။ သူက နတ်ဆိုးစွမ်းအင်ဖြင့် လှံတစ်လက်ကို ဖွဲ့စည်းပြီး ပစ်လွှတ်လိုက်သည်။ နတ်ဆိုးလှံက ချိုးဟောက်၏ ရင်ဘတ်ကို ထိုးဖောက်ပြီး မြေပြင်တွင် စိုက်ဝင်သွားတော့သည်။
မော့ယန်၏ ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့သည်။ သူ၏ ကျင့်ကြံမှုကိုလည်း နတ်ဆိုးစွမ်းအင်ဖြင့် ချိတ်ပိတ်လိုက်သောကြောင့် မလှုပ်ရှားနိုင်တော့ပေ။
"ချိုးဟောက်"
မိန်းကလေးက အော်ဟစ်လိုက်သည်။
"ဖြန်း"
မော့ယန်က မိန်းကလေး၏ ပါးကို ရိုက်ချလိုက်၏။ ဖြူဝင်းသော ပါးပြင်ပေါ်တွင် လက်ဝါးရာက အထင်အရှား ပေါ်လာတော့သည်။
မိန်းကလေးက အော်ဟစ်ပြီး ရုန်းကန်လေရာ သူမ၏ ဖွံ့ဖြိုးသော အလှတရားတချို့က တုန်သွားသည်။ ဤအခြေအနေက မော့ယန်၏ မျက်လုံးများကို ပူလောင်လာစေခဲ့ပေသည်။
"ဗြိ"
မော့ယန်က မိန်းကလေး၏ အပေါ်ပိုင်း အဝတ်အစားများကို တိုက်ရိုက် ဆုပ်ဖြဲပစ်လိုက်သည်။ ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသားအရေက ပေါ်လွင်လာ၏။ အထူးသဖြင့်၊ သူမ၏ ရင်ဘတ်ပေါ်ရှိ ပြည့်တင်းသော ပူတင်းတစ်စုံက တုန်ခါပြီး ပေါ်လာရာ မော့ယန်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာ ပူလောင်ပြီး ရုန်းကြွလာတော့သည်။
မိန်းကလေးကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲမှ ဆိုးသွမ်းသော မီးတောက်က ပို၍ ပူပြင်းလာခဲ့သည်။ သူက အေးစက်စက်ဖြင့် ပြောလိုက်၏။
"ခွေးမ၊ မင်းက ရှဲ့နျန်ချင်းရဲ့ အစေခံဆိုတဲ့အတိုင်း သူနဲ့ တကယ်ဆင်တာပဲ။ သူ့လောက် မလှဘူးဆိုပေမဲ့ ငါ ကစားလို့ရတယ်။ ဟားဟားဟား"
"ခွေးမသား၊ သူ့ကို လွှတ်လိုက်စမ်း။ သူ့ကို မထိနဲ့"
ချိုးဟောက်က အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများတွင် မုန်းတီးမှုတို့ ပြည့်နှက်နေ၏။ ဤအခိုက်တွင် မော့ယန်ကို အမှုန့်ကြိတ်ပစ်ရန်မှတပါး အခြား ဘာကိုမှ မလိုချင်တော့ပေ။
"ရွှစ်... ရွှစ်... ရွှစ်
မော့ယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်လိုက်သည်။ နတ်ဆိုးအလင်းများက ချိုးဟောက်၏ ခြေတွေလက်များကို ထိုးဖောက်ပြီး မြေပြင်တွင် ထိုးစိုက်သွား၏။ သူက အေးစက်စက် ပြောလိုက်သည်။
"အမှိုက်ကောင်၊ မင်းက ငါ့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက တပည့်တစ်ယောက်ကို ဘယ်လိုတောင် လှည့်ဖြားဝံ့တာလဲ။ အခု မင်းချစ်ရတဲ့ မိန်းမနဲ့ ငါပျော်ပါးနေတာကို မင်းကိုစောင့်ကြည့်ခွင့်ပေးမယ်။ ဟားဟားဟား"
မောယန်မှာ ပြောရင်း ပို၍ပင် စိတ်လှုပ်ရှားလာသည်။ သူ့လက်တစ်ဖက်က မိန်းကလေး၏ ပူတင်းကို ဆုပ်ကိုင်ရန် လှမ်းလိုက်၏။
ကောင်းကင်ယံမှ အဘိုးအိုနှစ်ယောက်ကလည်း ဤအရာအားလုံးကို မမြင်မတွေ့သလို လျစ်လျူရှုထားကြသည်။
သူတို့က မော့ယန်၏ လူယုံများ ဖြစ်သည်။ ထို့ပြင် မော့ယန်က ဤကဲ့သို့ လုပ်ရပ်မျိုး ပြုလုပ်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
"ချိုးဟောက်... ငါတို့ နောက်ဘဝမှပဲ ပြန်ဆုံကြရအောင်ပါ"
မိန်းကလေးက ဝမ်းနည်းကြေကွဲစွာဖြင့် ချိုးဟောက်ကို ကြည့်လိုက်သည်။ ကြိုးပြတ်သွားသော လည်ဆွဲမှ ပုလဲလုံးများ ကျဆင်းသွားသကဲ့သို့ မျက်ရည်များက ပါးပြင်ပေါ်ကို လိမ့်ဆင်းလာ၏။
"ခွေးမ၊ မင်း ဘာလုပ်နေတာလဲ"
မော့ယန်က တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသော်လည်း နောက်ကျနေပြီ ဖြစ်သည်။ စိမ်းလန်းသော အခိုးအငွေ့များက မိန်းကလေး၏ မျက်နှာပေါ်တွင် ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွား၏။ မိန်းကလေး၏ အသက်စွမ်းအင်ကလည်း လုံးဝ ချုပ်ငြိမ်းသွားတော့သည်။
"ဒီခွေးမ... သူ့ပါးစပ်ထဲမှာ အဆိပ်ကို ကြိုဝှက်ထားတာပဲ"
မော့ယန်က ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။ မိန်းကလေးက သူ့ပါးစပ်ထဲတွင် ပြင်းထန်လွန်းသော အဆိပ်ကို ကြိုဝှက်ထား၏။ အရေးကြီးသောအခိုက်အတန့်တွင် သူမက အဆိပ်ကို ကိုက်လိုက်သည်။ ထိုအခါ ကြောက်စရာကောင်းသော အဆိပ်များ ထွက်ပေါ်လာပြီး ချက်ခြင်းဆိုသလို မိန်းကလေး၏ အသက်ကို နှုတ်ယူသွားတော့သည်။
မော့ယန်မှာ အတော်လေး စိတ်ပျက်သွားမိသည်။ နောက်ဆုံးတွင် သူ့လက်ထဲသို့ ရောက်လာသော်လည်း ဤအတိုင်း လက်လွှတ်လိုက်ရသည်။
သူက မိန်းကလေး၏ အလောင်းကို ဘေးသို့ တွန်းဖယ်ပစ်လိုက်သည်။
"ကျားကျား"
ချိုးဟောက်က အာခေါင်ခြစ်ပြီး အော်လိုက်၏။ သူ့မျက်လုံးများကလည်း သွေးများစီးကျနေပြီ။
"ဒီကောင်ကို ခင်ဗျားတို့ဆီမှာ ထားခဲ့မယ်။ သူ့ကို ဒီကမ္ဘာမှာ မွေးဖွားလာမိတဲ့အတွက် နောင်တရပါစေ"
မော့ယန်က အဘိုးကြီးတစ်ယောက်ကို ညွှန်ကြားလိုက်သည်။
"စိတ်မပူပါနဲ့ သခင်လေး၊ မကြာခင် သူက ခွေးတစ်ကောင် ဖြစ်လာလိမ့်မယ်"
အဘိုးကြီးတစ်ယောက်က ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြုံးပြီး ချိုးဟောက်ဆီသို့ လျှောက်သွားသည်။
သို့သော်၊ ဤအခိုက်အတန့်တွင် လေထဲမှ တစ်စုံတစ်ခု ဖြတ်သန်းလာသကဲ့သို့ ကြောက်မက်ဖွယ်အသံတစ်သံကို ကြားလိုက်ရ၏။ အနက်ရောင် လျှပ်စီးကြောင်းတစ်ခုက အဘိုးအိုဆီသို့ အံ့အားသင့်ဖွယ်အရှိန်ဖြင့် ထိုးဖောက်လာတော့သည်။
အဘိုးအို၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး မသိစိတ်ဖြင့် ရှောင်တိမ်းချင်သော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။
"ဝုန်း"
အနက်ရောင် လှံတစ်ချောင်းက အဘိုးကြီး၏ ဒန်တျန်ကိုထိုးဖောက်သွားသည်။ ပြင်းထန်သော အင်အားကြောင့် အဘိုးကြီးမှာ မြေပြင်ပေါ်တွင် မီတာထောင်ပေါင်းများစွာ လျှောထွက်သွား၏။ မြေပြင်၌ နက်နဲသော လျှိုပေါက်တစ်ခု ကျန်ရစ်ခဲ့တော့သည်။
ကောင်းကင်ကြီးကို မော့ကြည့်ရင်း အဘိုးကြီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုအရပ်တွင် လူငယ်နှစ်ယောက်က လေထဲမှ လျှောက်လာနေသည်။
လုလင်၏ ဆံပင်ရှည်များက လေထဲတွင် တဖျတ်ဖျတ် လှုပ်ရှားနေ၏။ သူ့ထံမှ သတ်ဖြတ်ချင်စိတ်တို့ကတော့ ကြောက်စရာကောင်းအောင် ပြင်းထန်နေပြီ။ ကြောက်စရာကောင်းလွန်းသဖြင့် လူများကို ဆောင်းဦးအခါ ရေတွင်းထဲသို့ ကျရောက်သွားသလို ခံစားရစေသည်။
"လု...မင်"
အဘိုးအိုက ထိုစကားလုံးနှစ်လုံးကို ခက်ခက်ခဲခဲ ပြောလိုက်သည်။ ထို့နောက်မှာတော့ ဇာတ်လည်ကျသွားကာ သေဆုံးသွားတော့သည်။
လူငယ်နှစ်ဦးမှာ သဘာဝအတိုင်း လုမင်နှင့် ချိုးရင်ရင်တို့ ဖြစ်ကြသည်။
"အစ်ကို..."
ချိုးရင်ရင်က ချိုးဟောက်၏ သနားစရာကောင်းသော အခြေအနေကို မြင်သောအခါ အော်ဟစ်လိုက်သည်။ သူမ ၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာ၏။
"လုမင်... ဒါက မင်းပဲလား"
မော့ယန်၏ မျက်နှာမှာလည်း ဖြူဖျော့သွားကာ ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။