အခန်း ၁၇၂၃
Vol. 115 Ch. 1723
အပိုင်း ( 1723 ) မင်းကို သတ်ချင်ရင် သတ်မယ်။
ရင်ကျန်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူ့မျက်နှာ ဖြူဖျော့သွား၏။ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများက မယုံကြည်နိုင်ခြင်းများ ပြည့်သွားတော့သည်။
မနီးမဝေးတွင် အဘိုးအိုနှစ်ယောက်က ရင်ကျန်းအား အေးစက်စက်ဖြင့် ကြည့်နေကြသည်။
ရင်ကျန်း၏ မျက်နှာက သွေးဆုပ်ဖြူရော်သွားလေသည်။
အဘိုးအိုနှစ်ဦးမှာ တိမ်နဂါးတောင်ကြားသခင်နှင့် ရေခဲနဂါးတောင်ကြားသခင်တို့ ဖြစ်ကြသည်။
"ရင်ကျန်း၊ ငါ မင်းကို စိတ်ပျက်သွားမိပြီ"
ရေခဲနဂါးတောင်ကြားသခင်က သက်ပြင်းချလိုက်သည်။
"သူ့ကိုပြောစရာ ဘာရှိသေးလို့လဲ။ ဒီနေ့ သူ့ကိုမသတ်ရင် အဆုံးမဲ့ဒုက္ခတွေ ရှိလာလိမ့်မယ်"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်၏။ ဤအခိုက်တွင် သူ့မျက်နှာက နူးညံ့သိမ်မွေ့မှုတို့ မရှိတော့ပါ။ အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ ပေါ်နေပြီ ဖြစ်သည်။
"ဝမ်"
ဓားဆွဲထုတ်သံနှင့်အတူ တိမ်နဂါးတောင်ကြားသခင်က ရှေ့သို့ တိုးလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါက ရင်ကျန်းကို ဖိနှိပ်လိုက်၏။
"ရင်ကျန်း၊ မင်း ဘာလုပ်နေတာလဲ။ မင်းက ငါ့ကိုသတ်ဖို့ကြိုးစားနေတာလား။ ငါက ငွေနဂါးတောင်ကြားသခင် ဖြစ်ပြီး ငါ့အဆင့်အတန်းက မင်းနဲ့တန်းတူပဲနော်။ မင်းမှာ ငါ့ကို သတ်ပိုင်ခွင့်မရှိဘူး"
ရင်ကျန်းက အော်ဟစ်လိုက်သည်။
"ဟာသပဲ"
တိမ်နဂါးတောင်ကြားသခင်က အေးစက်စက်ပြောပြီး ဓားဖြင့် လွှဲခုတ်လိုက်သည်။ အားကောင်းသော ဓားအငွေ့အသက်က ရင်ကျန်း၏မျက်နှာကို ဖြူဖျော့သွားစေ၏။ သူက လုမင်ကို ဓားစာခံအဖြစ် အသုံးပြုလိုဟန်ဖြင့် လုမင်ထံ ပြေးဝင်လာတော့သည်။
သို့သော်၊ တိမ်နဂါးတောင်ကြားသခင်က သူ့ကို အခွင့်အရေးမပေးခဲ့ပါ။ သူက ဓားချက်ထုတ်ဖော်လိုက်သောအခါ ဓားအလင်းတစ်ခုက ရင်ကျန်းနှင့် လုမင်တို့အကြားသို့ ဖြတ်သန်းလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားက လုမင်ကို မထိခိုက်စေဘဲ ရင်ကျန်းကို လွင့်စဉ်သွားစေခဲ့ပေသည်။
"ဝှစ်"
တိမ်နဂါးတောင်ကြားသခင်က ခြေတစ်လှမ်းဖြင့် လုမင်၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူက လုမင်ကို ကာကွယ်ထားပြီး ဓားချက် ထပ်မံထုတ်ဖော်လိုက်၏။
"ရွှပ်"
သွေးများက ဖြာရဲသွားပြီး ရင်ကျန်း၏ခန္ဓာကိုယ်မှာ ထက်ခြမ်းကွဲမတတ် ဖြစ်သွားတော့သည်။ သူ့ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းသော ဒဏ်ရာတစ်ခု ပေါ်လာပြီး သွေးများအန်ထွက်လာခဲ့သည်။ သူ့မျက်နှာက ကြောက်ရွံ့စိတ်တို့ ပြည့်သွပေသည်။
"တောင်ကြားသခင်... ငါ့ကိုကယ်ပါ... ကယ်ပါဦး။ ငါက ငွေနဂါးတောင်ကြားသခင်ပဲလေ... နဂါးနတ်ဘုရားတောင်ကြားအတွက် ငါ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာပါ။ သူက ငါ့ကိုသတ်မှာကို မင်း ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မရဘူး"
ရင်ကျန်းက အော်ဟစ်ပြီး ရေခဲနဂါးတောင်ကြားသခင် တောင်းပန်လိုက်သည်။
"ရင်ကျန်း၊ နှစ်များတစ်လျှောက် မင်း ကြိုးစားအားထုတ်နေတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ မင်းက တစ်ကိုယ်ကောင်းဆန်လွန်းပြီး ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်တယ်။ မင်းလုပ်သမျှဟာ မင်းရဲ့တပည့်တွေ၊ မင်းရဲ့သားစဉ်မြေးဆက်တွေ အတွက်ပဲ။ ဒီအတွက်နဲ့ မင်းရဲ့အာဏာကိုတောင် အလွဲသုံးစားလုပ်ခဲ့တယ်။ တခြားတောင်ကြားက တပည့်တွေရဲ့ အခွင့်အလမ်းတွေကို ခိုးယူဖို့တောင် ကြိုးစားခဲ့သေးတယ်။ ငါ မင်းကို အခွင့်အရေးအများကြီး ပေးခဲ့ဖူးပေမဲ့ မင်းကတော့ နောင်တမရခဲ့ဘူးပဲ"
ရေခဲနဂါးတောင်ကြားသခင်က သက်ပြင်းချလိုက်သည်။
"မဟုတ်ဘူး၊ အဲဒါမျိုး လုံးဝမရှိပါဘူး။ အားလုံးက အလိမ်အညာတွေ"
ရင်ကျန်းက သွေးရူးသွေးတန်းဖြင့် ငြင်းဆန်လိုက်သည်။
"အလိမ်အညာတွေလား။ ဒါဆိုရင် ဂိုဏ်းသုံးဂိုဏ်းနဲ့ တိုက်ပွဲမှာ ငွေနဂါးတောင်ကြားကို နောက်ကွယ်မှာ ပုန်းနေဖို့ ဘာကြောင့် အမိန့်ပေးခဲ့တာလဲ"
ရေခဲနဂါးတောင်ကြားသခင်က ဆက်ပြောလိုက်၏။
"ဒါက မတန်ဘူးလေ။ ပျက်စီးခြင်းကျွန်းက ပုရွက်ဆိတ်လေး လုမင်က ထိုက်တန်သလား... သူ့အတွက် သေတဲ့အထိ တိုက်ခိုက်ရတာ တန်သလား။ သူ့ကို ဘယ်သူထင်လို့လဲ။ ငါက စိတ်သဘောထားကောင်းမွန်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို ပြေလျော့စေဖို့ သူ့ကို လွှဲပြောင်းပေးလိုခဲ့တာ"
"နောက်ပြီးတော့ လုမင်ကို စန်းဧကရာဇ်ရဲ့ ရတနာနဲ့ အမွေအနှစ် လွှဲပြောင်းပေးဖို့ ပြောရတာကလည်း ဒီအတွက်ကြောင့်ပါပဲ။ ငါ့ကိုယ်ကျိုးအတွက် လုံးဝ မဟုတ်ပါဘူး။ အခြားဂိုဏ်းတွေကိုပေးပြီး သူတို့ရဲ့ ဒေါသကို ဖြေဖျောက်စေချင်တာ... ဒီလိုနဲ့ နဂါးနတ်ဘုရားတောင်ကြားကို ကာကွယ်နိုင်လိမ့်မယ်။ ငါလုပ်ခဲ့သမျှက နဂါးနတ်ဘုရားတောင်ကြားအတွက်ပါပဲ။ ဒါကို ကောင်းကင်နဲ့ မြေပြင်က သက်သေခံနိုင်တယ်"
ရင်ကျန်းက တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ သူက မျက်ရည်နှင့် နှပ်များပင် စီးကျလာ၏။
သူက အတော်လည်ပြီး သူ့နာမည်ကို ရှင်းလိုက်သည်။ သူလုပ်ခဲ့သမျှက နဂါးနတ်ဘုရားတောင်ကြားအတွက်ပင်။
လုမင်က နှာခေါင်းရှုံ့လိုက်သည်။ ဤအဘိုးကြီးက မြေခွေးတစ်ကောင်ထက် ပိုဉာဏ်များပေသည်။
"ဒါက..."
ရေခဲနဂါးတောင်ကြားသခင်က တုံ့ဆိုင်းသွားသည်။
ရေခဲနဂါးတောင်ကြားသခင်၏ တုံ့ဆိုင်းမှုကို မြင်လိုက်ရတော့ ရင်ကျန်းမှာ အလွန်ဝမ်းသာသွားသည်။ မျှော်လင့်ချက်ရှိသည်ဟု ထင်ရသောကြောင့် တစ်ခုခုထပ်ပြောရန် ဟန်ပြင်လိုက်၏။
"ရွှပ်"
ရုတ်တရက်၊ ဓားအလင်းက သူ၏နောက်ကျောမှ သူ၏ဒန်တျန်ကို ထိုးဖောက်ကာ သူတော်စင်နှလုံးသားကို ချေမွပစ်လိုက်တော့သည်။
ရင်ကျန်းက အော်ဟစ်လိုက်ပြီး တိမ်နဂါးတောင်ကြားသခင်ကို မယုံနိုင်စွာ လှည့်ကြည့်လိုက်သည်။
တိမ်နဂါးတောင်ကြားသခင်က အမှန်တကယ်လှုပ်ရှားပြီး သူ၏ သူတော်စင်နှလုံးသားကို ဖျက်ဆီးပစ်လိုက်ပြီ။
သူတော်စင်နှလုံးသား ဖျက်ဆီးခံရပြီးသည်နှင့် ကျင့်ကြံမှုဆုံးရှုံးကာ ဒုက္ခိတဖြစ်သွားရတော့မည် ဖြစ်သည်။ အသက်မသေရင်တောင် သေတာထက် ပိုဆိုးလိမ့်မည်။
ရင်ကျန်း၏ မျက်လုံးများက ပြူးထွက်လုမတတ် ဒေါသထွက်သွားသည်။ သူက ရေခဲနဂါးတောင်ကြားသခင်ကို ဆွဲဆောင်ထားပြီးဖြစ်သော်လည်း တိမ်နဂါးတောင်ကြားသခင်မှ ယုတ္တိမတန်စွာ ပြုမူလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"စကားများလွန်းတယ်။ ငါ မင်းကိုသတ်မယ်လို့ပြောရင် မင်းကိုသတ်မှာပဲ"
တိမ်နဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားစွမ်းအင်များ ထွက်ပေါ်လာ၏။ ရင်ကျန်း၏ ခန္ဓာကိုယ်က ဓားစွမ်းအင်အောက်တွင် ပြာဖြစ်သွားတော့သည်။
"မင်းက သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို တကယ်ယုံခဲ့တာလား"
တိမ်နဂါးတောင်ကြားသခင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဓားရှည်က ပျံသန်းလာပြီး သူ့လက်ထဲသို့ ပြန်ရောက်လာလေသည်။ သူက ရေခဲနဂါးတောင်ကြားသခင်ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
"သူ့စကားကို ငါမယုံပါဘူး။ ဒါပေမဲ့ ငါတို့က ညီအကိုတွေဖြစ်ခဲ့ကြတာ နှစ်အတော်ကြာနေပြီမို့ သူ့ကိုဒီလိုမြင်ရတာ စိတ်ထဲအဆင်မပြေဘူး"
ရေခဲနဂါးတောင်ကြားသခင်က ခေါင်းကိုခါယမ်းလိုက်သည်။
"တောင်ကြားသခင်၊ ဆရာ... ခင်ဗျားတို့ ဘာဖြစ်လို့ ဒီကိုရောက်လာကြတာလဲ"
လုမင်က လက်ယှက်ပြပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ရင်ကျန်းက အညှိုးအတေးကြီးတယ်။ သူ မကျေနပ်ရင် အဲဒီကိစ္စက တော်ရုံနဲ့ မပြီးတော့ဘူးလေ။ ဂိုဏ်းတူအစ်ကိုနဲ့ ငါက အပြင်သွားဖို့လုပ်တုန်း ရင်ကျန်းက အပြင်ထွက်သွားတာကိုမြင်လို့ လိုက်လာခဲ့ကြတာ။ မင်းကို ကြံစည်နေမယ်လို့ မမျှော်လင့်ထားဘူး။ သူက သေသင့်တာကြာပြီ၊ အကြောင်းပြချက် မခိုင်မာခဲ့လို့.... အခုတော့ သူ့ကိုသတ်လို့ရပြီ"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။
လုမင်က ခေါင်းညိတ်ပြီး ထပ်မေးလိုက်၏။
"ဆရာ၊ ခင်ဗျားတို့တွေ ထွက်သွားတော့မယ်ဆိုတော့ ဘယ်ကိုသွားမှာလဲ"
"ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ တခြားဂိုဏ်းတွေက ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ မဟာမိတ်ဖွဲ့ကြတော့မယ် မဟုတ်လား။ ငါတို့လည်း သွားပြီးတော့ ပျော်ပွဲဝင်နွှဲသင့်တာပေါ့။ သေခြင်းတရားကို ထိုင်စောင့်နေရုံနဲ့တော့ မရဘူးလေ"
တိမ်နဂါးတောင်ကြားသခင်က ပြောသည်။
"ကောင်းကင်နတ်ဆိုးဂိုဏ်း"
လုမင်က မျက်ခုံးပင့်လိုက်၏။
"ဆရာ၊ တောင်ကြားသခင်... ကျွန်တော်က မော့ယန်ရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေတဲ့အခါမှာ လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာတွေ့ခဲ့ပါတယ်"
ထို့နောက်တွင် လုမင်က သွေးနတ်ဆိုးဘုရင်နှင့် ဆန္ဒမဲ့ဓားဂိုဏ်းတို့အကြောင်း ပြောပြလိုက်လေသည်။
"ဘာ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ ဆန့်ကျင်ဘက်လား။ သူတို့က ဓမ္မဘုရင်တစ်ပါးနဲ့ ဆန္ဒမဲ့ဓားဂိုဏ်းရဲ့ လူတွေကိုတောင် ဝှက်ထားကြသေးတယ်"
ရေခဲနဂါးတောင်ကြားသခင်မှာ အံ့သြသွားသည်။
"ဟားဟားဟား၊ သိပ်ကောင်းတယ်။ သူတို့ရဲ့ မဟာမိတ်ကို ချိုးဖျက်ဖို့ ဒါကိုသုံးလို့ရတယ်"
တိမ်နဂါးတောင်ကြားသခင်၏ မျက်လုံးများက တောက်ပလာကာ အားပါးတရ ရယ်မောလိုက်သည်။
"မင်အာ၊ မင်း အရင်ဆုံး နဂါးနတ်ဘုရားတောင်ကြားကို ပြန်သွားလိုက်ပါ။ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ငါတို့ သွားကြမယ်"
တိမ်နဂါးတောင်ကြားသခင်က ဆက်ပြောလိုက်သည်။
"ဆရာ၊ ကျွန်တော်လည်း လိုက်ချင်တယ်"
လုမင်က ပြောသည်။
"မရဘူး၊ မင်း လိုက်လာဖို့က အရမ်းအန္တရာယ်များတယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းက ကျွမ်းကျင်သူတွေနဲ့ ပြည့်နေပြီလေ။ တိုက်ပွဲစပြီးတာနဲ့ မင်းကို ငါကာကွယ်နိုင်မှာ မဟုတ်ဘူး"
တိမ်နဂါးတောင်ကြားသခင်က သူ့လက်ကို ဝှေ့ယမ်းကာ ချက်ချင်း ငြင်းလိုက်သည်။
"ဆရာ၊ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို ဝင်ရောက်တော့ ရတနာတစ်ခုကို ကျွန်တော် ရရှိခဲ့ပါတယ်။ ဒါက ကျွန်တော်ကိုယ်ကို ကာကွယ်ဖို့ လုံလောက်တယ်။ နောက်ပြီးတော့ ကျွန်တော့်မှာ အစီအစဉ်ရှိသေးတယ်။ ချောချောမွေ့မွေ့နဲ့ ဆောင်ရွက်နိုင်ရင် သူတို့ရဲ့ မဟာမိတ်ကို ဖြိုခွင်းနိုင်လိမ့်မယ်"
လုမင်က ပြောလိုက်သည်။ ထို့နောက် သူ့အစီအစဉ်ကို ရှင်းပြလိုက်၏။
"ကိုယ့်ကိုကိုယ် တကယ် ကာကွယ်နိုင်ပါ့မလား"
တိမ်နဂါးတောင်ကြားသခင်က ထပ်မေးလိုက်သည်။ လုမင်ထံမှ တိကျသောအခြေကို ရရှိသောအခါမှ တိမ်နဂါးတောင်ကြားသခင်က ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီ၊ ဒါဆိုရင် ငါတို့ မင်းရဲ့အစီအစဥ်ကို အကောင်အထည်ဖော်မယ်"
"ဆရာ၊ ခဏလောက်စောင့်ပါဦး။ ရင်ရင်တို့ကို နဂါးနတ်ဘုရားတောင်ကြားကို အရင်ပြန်ပို့လိုက်ဦးမယ်"
လုမင်က ပြောလိုက်သည်။
"ကောင်းပြီ၊ ငါတို့ မင်းကို ပြန်ခေါ်သွားပေးမယ်"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်၏။
လုမင်က ခေါင်းညိတ်ပြပြီးနောက် မော့ယန်ကို တောင်နှင့်မြစ် ပန်းချီကားထဲသို့ ထည့်လိုက်သည်။ မော့ယန်က အနာဂတ် အစီအစဉ်အတွက် မရှိမဖြစ်ပင်။
သူတော်စင်နှစ်ယောက်၏ အလောင်းများကိုတော့ လုမင်က မီးရှို့ပြီး ပြာချပစ်လိုက်သည်။
ထို့နောက် တိမ်နဂါးတောင်ကြားသခင်နှင့် ရေခဲနဂါးတောင်ကြားသခင်က လုမင်ကို နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်ခေါ်သွားလေသည်။ ချိုးရင်ရင်နှင့် ချိုးဟောက်တို့ကို ပို့ပေးပြီးနောက်၊ တိမ်နဂါးတောင်ကြားသခင်နှင့် ရေခဲနဂါးတောင်ကြားသခင်က လုမင်ကို ခေါ်ဆောင်ကာ ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ ပြန်သွားခဲ့သည်။
"ဆရာ၊ တောင်ကြားသခင်၊ ကျွန်တော်တို့က သုံးယောက်ပဲရှိတာဆိုရင် လူအင်အားက မလုံလောက်မှာကို ကြောက်ရတယ်"
လုမင်က ပြောလိုက်၏။
"ဒါပေါ့၊ ငါတို့ သုံးယောက်တည်းက မလုံလောက်ဘူး။ ဒါပေမဲ့ တခြားသူတွေ ရှိပါသေးတယ်၊ နောက်မှ တွေ့ဖို့ ခေါ်သွားလိုက်မယ်"
တိမ်နဂါးတောင်ကြားသခင်က ပြုံးလျက် ပြောလိုက်သည်။