← Chapters

အခန်း ၁၇၂၄

Vol. 115 Ch. 1724

အခန်း ၁၇၂၄

Vol. 115 Ch. 1724

အပိုင်း ( 1724 ) ကောင်းကင်နတ်ဆိုးဂိုဏ်းသို့။

မြင့်မားပြီး ခမ်းနားသော တောင်ထိပ်တစ်ခုတွင်...

လုမင်သည် လေကိုဆန့်ပြီး ရပ်နေသော လူရိပ်သုံးခုကို မြင်လိုက်ရသည်။

"ရေခဲနဂါးဘိုးဘေး၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်နဲ့ နတ်ဆိုးရဲတိုက်သခင်"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

သေခြင်းရှင်ခြင်းဓားဂိုဏ်း၊ နတ်ဆိုးရဲတိုက်နှင့် နဂါးနတ်ဘုရားတောင်ကြားတို့သည်... အထူးသဖြင့် နတ်ဆိုးရဲတိုက်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ သူတို့က ရေခဲနဂါးဘိုးဘေးကြီးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် ဂိုဏ်းသုံးဂိုဏ်း အတူတကွ ရပ်တည်နေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

ဤနည်းဖြင့် အန္တိမသူတော်စင်ငါးပါး ရှိသည်။ အထူးသဖြင့် ရေခဲနဂါးဘိုးဘေး၊ တိမ်နဂါးတောင်ကြားသခင်နှင့် သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်တို့မှာ အစွမ်းထက်လွန်းလှ၏။ သူတို့က သာမန် အန္တိမသူတော်စင်များထက် များစွာ ပိုအစွမ်းထက်သည်။

ဒါက အလွန်ကြောက်စရာကောင်းသော အင်အားတစ်ခုပင်။

"ဒီကောင်လေးကို ဘာဖြစ်လို့ ခေါ်လာတာလဲ"

နတ်ဆိုးရဲတိုက်သခင်က နေနှစ်စင်းကဲ့သို့ စူးရှသော မျက်လုံးများဖြင့် လုမင်ကို ကြည့်နေသည်။

"ဒီလိုပါ..."

ရေခဲနဂါးတောင်ကြားသခင်က မော့ယန်ကို စိတ်ဝိညာဉ်ရှာဖွေရာမှ လုမင် သိရှိခဲ့ရသော အကြောင်းရာများကို ပြောပြလိုက်သည်။ လုမင်၏ အစီအစဥ်အကြောင်းကိုလည်း ပြောပြလိုက်၏။

"လက်စသတ်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြွင်းအကျန်တစ်ခုကိုး...၊ အခြားဂိုဏ်းတွေလည်းရှိမယ်လို့ ငါ ခန့်မှန်းထားတာကတော့ ကြာပြီ။ ဒါပေမဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်း ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

နတ်ဆိုးရဲတိုက်သခင်က အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

"ဒီတစ်ခါ အမှန်တရားကို ထုတ်ဖော်တဲ့အခါ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြွင်းအကျန်အားလုံးကို ရှာတွေ့နိုင်လိမ့်မယ်"

သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်၏ အသံမှာလည်း အေးစက်သွားသည်။

ထို့နောက် အားလုံးက အသေးစိတ် ဆွေးနွေးကြပြီး တိတ်တဆိတ် စောင့်နေကြတော့သည်။

သုံးရက်အကြာတွင် ဂိုဏ်းများစွာက မဟာမိတ်ဖွဲ့ရန်အတွက် ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ စုရုံးလာကြသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် အလွန်စည်ကားသက်ဝင်နေ၏။

ယခုတစ်ကြိမ်တွင် စန်းပြည်နယ်၏ ထိပ်သီး အင်အားစုကြီး ဆယ့်နှစ်ခုအထက် ခြောက်ခုက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နတ်ဆိုးတောင်တန်းပေါ်တွင် စုဝေးခဲ့ကြသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်အဆိပ်ဂိုဏ်း၊ ကောင်းကင်နတ်ဘုရားသခင်ဂိုဏ်း၊ မိစ္ဆာလမင်းဂိုဏ်း၊ သွေးနတ်ဆိုးမျှော်စင်နှင့် ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းတို့ ဖြစ်၏။

ကောင်းကင်ဘုရင်နန်းတော်၊ လင်လုံနန်းတော်နှင့် ပိုယွမ်မိသားစုတို့ကမူ ကြားနေရန် ရွေးချယ်ခဲ့ကြသည်။ မည်သူမျှ မရောက်လာခဲ့ကြပေ။

သေခြင်းရှင်ခြင်းဓားဂိုဏ်းနှင့် နတ်ဆိုးရဲတိုက်ကတော့ အထူးပြောရန် မလိုပါ။ သူတို့က လာရောက်ကြမည် မဟုတ်ပါချေ။

ထိပ်တန်းအင်အားစုကြီး ခြောက်ခုအပြင် အဆင့်နိမ့်နှင့် အလယ်လတ်တန်းစား အင်အားစု ဒါဇင်များစွာလည်း ရှိသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းက လူများ ပြည့်နေတော့သည်။

ကြီးကျယ်ခမ်းနားသော နတ်ဆိုးတောင်ထိပ်တွင် ကြီးမားသော နန်းတော်တစ်ခု ရှိသည်။ နန်းတော်ရှေ့တွင် ဧည့်ခံပွဲများစွာ ရှိ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းအပါအဝင် အဓိကဂိုဏ်းကြီးခြောက်ခုမှ ကျွမ်းကျင်သူများ အားလုံးက နန်းတော်အတွင်းရှိ ထိုင်ခုံများတွင် ထိုင်နေသည်။ တစ်ဆင့်နိမ့်သော နေရာမှာတော့ အဆင့်နိမ့်နှင့်နှင့် အလယ်လတ်တန်းစား အင်အားစုခေါင်းဆောင်အချို့ ထိုင်နေကြပေသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ပင်မထိုင်ခုံ‌တွင် ထိုင်နေခဲ့သည်။ သူမက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ပြောလိုက်၏။

"ဒီမဟာမိတ်အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ နဂါးနတ်ဘုရားတောင်ကြားကို ဖျက်ဆီးဖို့ပဲ။ ဒီအတွက် နင်တို့တွေမှာ ပြောစရာရှိသေးလား"

"လုမင်ကို စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေ လွှဲပြောင်းပေးဖို့ ဖိအားပေးနိုင်ရင် နဂါးနတ်ဘုရားတောင်ကြားနဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ မလိုအပ်ဘူးလို့ ငါခံစားမိတယ်။ ရန်သူ တစ်ထောင်လောက် ဒဏ်ရာရဖို့ လူရှစ်ရာကို ဆုံးရှုံးစေမယ်ဆိုရင်... ငါတို့ရဲ့ ဆုံးရှုံးမှုက နဂါးနတ်ဘုရားတောင်ကြားထက် နိမ့်ကျမှာမဟုတ်ဘူး"

မိစ္ဆာလမင်းဂိုဏ်းခေါင်းဆောင်က ပြောလိုက်သည်။ သူ့စကားက အဆင့်နိမ့်နှင့် အလယ်လတ်တန်းစား အင်အားစုအချို့၏ ထောက်ခံမှုကို ချက်ချင်းရရှိခဲ့ပေသည်။

သူတို့ မဟာမိတ်ဖွဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ နဂါးနတ်ဘုရားတောင်ကြားနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန်မဟုတ်ဘဲ စန်းဧကရာဇ်၏ အမွေနှင့် ရတနာများ ရယူရန် ဖြစ်သည်။

"နင်တို့မှားနေပြီ၊ လုမင်ရဲ လက်ရှိအောင်မြင်မှုတွေနဲ့ သူမသေဘဲ ကြီးပြင်းလာတဲ့အခါ ဘယ်သူက သူ့ကိုယှဉ်နိုင်မှာလဲ။ နဂါးနတ်ဘုရားတောင်ကြားကို တစ်ခါတည်း မဖျက်ဆီးနိုင်ရင် အနာဂတ်မှာ အဆုံးမဲ့ဒုက္ခတွေ ရှိလာလိမ့်မယ်။ သူတို့ကို လွှတ်ထားလိုက်တာက ကိုယ့်ဒုက္ခကို ကိုယ်ရှာသလိုပဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ပြောလိုက်သည်။

အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ စကားကလည်း မမှားပေ။

လုမင်၏ အရည်အချင်းက မြင့်မားလွန်းသည်။ အကယ်၍ သူက အငြိုးထားလျှင်၊ အနာဂတ်တွင် သူကြီးပြင်းလာသောအခါ နဂါးနတ်ဘုရားတောင်ကြား၏ ပံ့ပိုးမှုဖြင့် သူ့အား မည်သူမျှ ယှဉ်နိုင်မည်တော့ မဟုတ်ပေ။ ဤကိစ္စတွင်ပါဝင်သည့် အင်အားစုအားလုံး အန္တရာယ်ရှိမည် ဖြစ်သည်။

"ငါ့အမြင်အရတော့ နဂါးနတ်ဘုရားတောင်ကြားကို ဖျက်ဆီးပစ်ရုံသာမကဘဲ သေခြင်းရှင်ခြင်းဓားဂိုဏ်းနဲ့ နတ်ဆိုးရဲတိုက်ကိုလည်း ရှင်းထုတ်သင့်တယ်။ ဒီလိုနည်းနဲ့ ငါတို့ရဲ့ အနာဂတ်ဒုက္ခအားလုံးကို ချေမှုန်းပစ်နိုင်တယ်။ နောက်ပြီးတော့ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုလည်း အညီအမျှ ခွဲဝေနိုင်သေးတယ်။ ဒီအခါ ငါတို့ရဲ့ဂိုဏ်းတွေက ပိုအားကောင်းလာလိမ့်မယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်။ သူ့မျက်လုံးများတွင် အေးစက်စက်အလင်းများ တောက်ပနေ၏။

အကယ်၍ သူတို့က စစ်ပွဲမစတင်ခဲ့လျှင်၊ သွေးနတ်ဆိုးဘုရင်အတွက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများ၏ ဝိညာဉ်များကို မည်သို့စုပ်ယူနိုင်မည်နည်း။ စန်းပြည်နယ်ရှိ အင်အားစုများကို မည်သို့ အားနည်းစေနိုင်မည်နည်း။

ထို့ကြောင့် လုမင်ကိုသတ်ခြင်း မသတ်ခြင်းက အရေးမကြီးပါ။ အရေးကြီးဆုံးက စစ်ပွဲတစ်ခု စတင်ရန် ဖြစ်သည်။

ဂိုဏ်းအသီးသီးမှ အကျော်အမော်များက ဆွေးနွေးနေချိန်တွင် လုမင်က ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ တစ်ယောက်တည်း ရောက်လာခဲ့သည်။ သူက မရပ်တန့်ဘဲ ကောင်းကင်နတ်ဆိုးဂိုဏ်းဆီသို့ ဆက်လျှောက်သွား၏။

"ဘယ်သူလဲ၊ ရပ်လိုက်စမ်း"

တစ်ယောက်ယောက်က အော်လိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အစောင့်လူငယ်အချို့ ပေါ်လာ၏။ လုမင်ကို တွေ့ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားကာ အော်ဟစ်လိုက်ကြသည်။

"လုမင်... လုမင် ရောက်လာပြီ"

"ထွက်သွားစမ်း"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ကောင်းကင်တွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ အစောင့်တချို့က သွေးများအန်ထွက်လာတော့သည်။

ထိုအချိန်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူရိပ်များစွာတို့ ပျံထွက်လာကြသည်။ သူတို့ထဲတွင် တချို့က အားကောင်းသော အရှိန်အဝါများ ရှိ၏။ သူတို့က သူတော်စင်များပင်။

လုမင်ကိုတွေ့သောအခါ မျက်နှာပျက်သွားကြသည်။ တစ်ယောက်က အော်ဟစ်လိုက်၏။

"ဂိုဏ်းချုပ်ကို မြန်မြန်သတင်းသွားပို့လိုက်"

"သတ်"

လုမင်က ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူက နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုပြီး အော်ငေါက်လိုက်၏။ သူတော်စင်နယ်ပယ် ပညာရှင်များထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လုမင်၏ နတ်ဘုရားဓားကျင့်စဉ်ကြောင့် သူတို့၏ ဝိညာဉ်များက ဖျက်ဆီးခံရကာ နေရာတွင်ပင် သေဆုံးသွားတော့သည်။

လုမင်ကို အေးစက်သော သတ်ဖြတ်ချင်စိတ်တို့ကလည်း လွှမ်းခြုံထားသည်။ သူတော်စင်နယ်ပယ်အောက်မှ လူများက မျက်နှာပျက်သွားကြပြီး လုမင်ကို မတားဆီးဝံ့တော့ပေ။ သူတို့အားလုံး ဆုတ်ခွာသွားကြသည်။

နန်းတော်ထဲမှာတော့ အကျော်အမော်များက ဆွေးနွေးနေကြဆဲ ဖြစ်သည်။ ရုတ်တရက်၊ လူရိပ်တချို့က လျင်မြန်စွာ ပြေးဝင်လာကြ၏။

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်နှာက မည်းမှောင်သွားသည်။ သူမက ဆူပူငေါက်ငမ်းလိုက်သည်။

"ဘာတွေဖြစ်နေကြတာလဲ။ ငါက ဂိုဏ်းချုပ်တွေနဲ့ အရေးကြီးကိစ္စ ဆွေးနွေးနေတာကို မသိဘူးလား"

အဘိုးကြီးတစ်ယောက်က အမြန်သတင်းပို့လိုက်သည်။

"ဂိုဏ်းချုပ်၊ လုမင်က ရောက်လာပြီ"

သူပြောပြီးသည်နှင့် ခန်းမထဲမှာ တိတ်ဆိတ်သွားသည်။

"ဘာ၊ လုမင်လား။ သူတို့က ဘယ်နှယောက် ရောက်လာတာလဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က မေးလိုက်၏။

"တစ်ယောက်ပါ... လုမင်ပဲ"

အဘိုးကြီးက ပြန်ဖြေလိုက်သည်။

"သူက ဘယ်လိုသတ္တိနဲ့ ဒီကို တစ်ယောက်တည်း လာဝံ့တာလဲ။ ဂိုဏ်းချုပ်... ကျုပ် ထွက်သွားပြီး လုမင်ကို ဖမ်းလိုက်မယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ မဟာသူတော်စင်နယ်ပယ် ပညာရှင်တစ်ဦးက ပြောလိုက်သည်။

"ခဏနေဦး၊ လုမင်က ဒီကို တစ်ယောက်တည်း လာမှာ မဟုတ်ဘူး။ ထောင်ချောက်တစ်ခုခု ရှိရမယ်။ အားလုံး အပြင်ထွက်ပြီး သူ့မှာ ဘယ်လို လှည့်ကွက်တွေ ရှိနေမလဲဆိုတာ ကြည့်ရအောင်။ အားလုံးပဲ၊ ဘယ်လိုသဘောရလဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ပြောလိုက်၏။

"သူ့မှာ လှည့်ကွက်တွေရှိရင်တောင် ဘယ်သူက ဂရုစိုက်မှာလဲ။ ဒီမှာ ငါတို့ လူအများကြီးရှိတယ်၊ သူ့မှာ အခွင့်အရေး မရှိဘူး။ လုမင်ကို ဖမ်းဆီးပြီး စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာကို လွှဲပြောင်းပေးဖို့ ဖိအားပေးလိုက်ရုံပဲ။ ဟားဟားဟား"

"သွားကြရအောင်"

ဂိုဏ်းပေါင်းစုံမှ ပညာရှင်များက နတ်ဆိုးတောင်တန်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတော့သည်။

မကြာမီ၊ လုမင်က လေထဲမှ တစ်ယောက်တည်း လျှောက်လာနေကြောင်း မြင်လိုက်ရသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်များရှိနေသော်လည်း အနားမကပ်ဝံ့တာလည်း မြင်ကြရ၏။ သူ့ကို မည်သူမျှ မတားဆီးနိုင်ပေ။

ဤအရာက ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်နှာကို မည်းမှောင်သွားစေသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ပတ်ဝန်းကျင်ကို အကဲခတ်သလို ဝေ့ကြည့်ပြီးနောက် လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"လုမင်၊ မင်းနဲ့အတူ ဘယ်သူတွေပါလာသေးတာလဲ။ သူတို့ကို ထွက်လာခိုင်းလိုက်ပါ"

"အခြားသူတွေကို ထွက်လာစေချင်ရင် မင်းမှာ လုပ်နိုင်စွမ်းရှိ၊မရှိ အရင်ကြည့်ရမယ်"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်၏။ သူ့ကိုယ်ဟန်အနေအထားက ဖြောင့်မတ်ပြီး သူ့မျက်လုံးများကလည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ ပေါ်လွင်နေသည်။

သူ၏ အဓိပ္ပါယ်က ထင်ရှားလှပေသည်။

"မောက်မာလိုက်တာ၊ နောက်ဆုံးတစ်ကြိမ်က ငါသတိလက်လွတ်ဖြစ်ခဲ့လို့သာ... ဒီတစ်ကြိမ်တော့ မင်းကို ငါ့လက်နဲ့ချေမှုန်းမယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုတစ်ယောက် ထွက်လာသည်။ သူသည် နောက်ဆုံးအကြိမ်က လုမင်နှင့် တိုက်ခိုက်ခဲ့သော ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ကျွမ်းကျင်သူ မော့ခုန်းပင်။

"အကြီးအကဲ မော့ခုန်း၊ ကျုပ် ခင်ဗျားနဲ့ လက်တွဲပါရစေ"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ထွက်လာသည်။ သူ့အရှိန်အဝါက အလွန်အားကောင်း၏။ သူက တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ဖြစ်ကာ မော့ခုန်းထက် အားနည်းသူမဟုတ်ပေ။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို သိထားသည့်တိုင် ထွက်လာဝံ့သူက နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်ထားပြီး သူတို့၏ တိုက်ခိုက်နိုင်စွမ်းကိုလည်း အလွန်ယုံကြည်မှု ရှိကြသူများ ဖြစ်သည်။

"ငါ့ကိုပါ ထည့်တွက်လိုက်"

ကောင်းကင်အဆိပ်ဂိုဏ်းမှ အဘိုးအိုတစ်ဦး ထွက်လာခဲ့သည်။ သူသည်လည်း တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့် ဖြစ်ချေသည်။

All Chapters