အခန်း ၁၇၂၅
Vol. 115 Ch. 1725
အပိုင်း ( 1725 ) မဟာသူတော်စင်ကို ရင်ဆိုင်ခြင်း။
ကျွမ်းကျင်သူသုံးဦးက ကြိမ်းမောင်းပြီး လုမင်ကို ဝိုင်းထားလိုက်ကြသည်။
လုမင်က သူတို့၏ လှုပ်ရှားမှုကို မမြင်သလို လေထဲတွင် တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်၏။
"ကောင်စုတ်လေး၊ အညံ့ခံစမ်း"
မော့ခုန်းက အေးစက်စက် ပြောလိုက်သည်။
"စကားမများနဲ့ အဘိုးကြီး၊ မင်း တိုက်ခိုက်ချင်ရင် တိုက်ခိုက်တော့။ နောက်ဆုံးတစ်ခေါက်က မင်း ကံကောင်းလို့လွတ်သွားတာ... ဒီတစ်ခါတော့ မင်းရဲ့အသက်ကို ငါယူမယ်"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်၏။
"မောက်မာလိုက်တာ၊ သတ်"
မော့ခုန်းက အော်ဟစ်လိုက်သည်။ သန့်စင်သောအလင်းများ ဖြာထွက်လာပြီး ဖဲကြိုးများက လုမင်ကို ဖုံးအုပ်သွား၏။ ဖဲကြိုးများက ကြောက်မက်ဖွယ်ကောင်းသော ဖြတ်တောက်နိုင်စွမ်းဖြင့် လုမင်ကို ရစ်ပတ်ရန် ကြိုးစားလာတော့သည်။
လုမင်က မရှောင်တိမ်းပါ။ သူက ထိုနေရာတွင် ငြိမ်သက်စွာရပ်ပြီး ဖဲကြိုးများကို ဖုံးအုပ်ခွင့်ပြုထားလိုက်သည်။
သန့်စင်သောအလင်း ဖဲကြိုးများက သူ့အား ဖုံးအုပ်လိုက်သောအခါမှ စတင် လှုပ်ရှားလိုက်၏။
လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင် သန့်စင်သောအလင်း ဖဲကြိုးများက ကြေမွသွားကြသည်။ လုမင်က လျှပ်စီးလက်သကဲ့သို့ မော့ခုန်းထံ ပြေးဝင်သွားတော့သည်။
"မကောင်းတော့ဘူး"
မော့ခုန်း မျက်နှာပျက်သွားသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ တိုးလာတာကို သူခံစားရ၏။ သို့ရာတွင်၊ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။ အချိန်က ဘယ်လောက်မှမကြာသေးပေ။
"နတ်ဆိုးမီးလျှံဓား"
"အဆိပ်များနဲ့ ကမ္ဘာကိုလွှမ်းမိုးစေ"
ထိုအချိန်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ ကျွမ်းကျင်သူများကလည်း တိုက်ခိုက်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ သူတို့နှစ်ဦးကလည်း နတ်ဘုရားစွမ်းရည်များကို တတ်မြောက်ထားကြသည်။ သူတို့က ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းရည်များကို အသုံးပြုပြီး တိုက်ခိုက်လိုက်ကြ၏။
နတ်ဘုရားစွမ်းရည်များဖြင့် သူတို့၏စွမ်းအားက တုန်လှုပ်ချောက်ချားစရာပင်။ ၎င်းတို့က နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်မထားသော အဆင့်တူ ကျွမ်းကျင်သူများကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သို့သော်... လုမင်၏ အမူအရာက အေးစက်သွားသည်။ သူက မရပ်တန့်ဘဲ လက်ဝါးနှစ်ချက် ဆက်တိုက်ရိုက်ထုတ်လိုက်၏။
"ဒုန်း... ဒုန်း"
သူတို့၏ နတ်ဘုရားစွမ်းရည်များကို လုမင်က အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ တခဏအတွင်းမှာပင် လုမင်က မော့ခုန်း၏ရှေ့မှာ ပေါ်လာတော့သည်။
မော့ခုန်းမှာ တစ်ကိုယ်လုံး အေးစက်သွားပြီး ကမန်းကတန်း ဆုတ်သွားသည်။ သို့သော်လည်း ပြင်းထန်သော ဝါးမျိုခြင်းစွမ်းအားတစ်ခုက သူ့ကိုဖုံးအုပ်ကာ သူ့ခန္ဓာကိုယ်ကို ရပ်တန့်သွားစေခဲ့သည်။
"သတ်"
လုမင်က လျင်မြန်စွာ ပြေးဝင်သွားပြီး လက်ဝါးဇောင်းဖြင့် ခုတ်လိုက်သည်။ သူ့လက်ဝါးက ကောင်းကင်ခွဲဓားကဲ့သို့ ဖြစ်၏။ မော့ခုန်း၏ ခန္ဓာကိုယ်က ထက်ခြမ်းကွဲသွားပြီး သူ၏ ဝိညာဉ်ပင်လျှင် ပျက်စီးသွားတော့သည်။
မော့ခုန်း သေသွားပြီ။
လူအများက ထိတ်လန့်တုန်လှုပ်သွားကြသည်။
မော့ခုန်းက နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော မိစ္ဆာအိုကြီး ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအခြေခံက တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုသို့ ရောက်နေပြီ။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း တောက်ပသော သူတော်စင်နယ်ပယ်တွင် အထွတ်အထိပ်ဖြစ်သည်မှာ သေချာသည်။ သို့သော်လည်း လုမင်၏ လက်ထဲတွင် အလွယ်တကူ သတ်ဖြတ်ခံလိုက်ရပြီ။
ဤမြင်ကွင်းမျိုးက တကယ်ကို အံ့ဖွယ်ကောင်းလွန်းသည်။
"ဝှစ်"
လုမင်က မော့ခုန်းကို သတ်လိုက်ပြီးနောက် မရပ်တန့်ဘဲ အခြားနှစ်ယောက်ဆီသို့ ပြေးသွားသည်။
တံဆိပ်တော်တံခါးကိုးပေါက်က ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်လာပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူကို ဖိနှိပ်လိုက်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူက တံဆိပ်တော်တံခါးများကို ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်။ သို့သော်၊ တံဆိပ်တော်တံခါးကိုးပေါက်က မပျက်စီးမီတွင် လုမင်က ရောက်ရှိလာတော့သည်။
"မဟုတ်ဘူး..."
သူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သို့ရာတွင်၊ လုမင်၏ လက်ဝါးစောင်းက အရာအားလုံးကို ဖျက်ဆီးသွား၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ပညာရှင်လည်း မော့ခုန်း၏ ခြေရာအတိုင်းလိုက်ပါကာ အသတ်ခံလိုက်ရတော့သည်။
တခဏချင်းမှာပင် လုမင်က ကျွမ်းကျင်သူနှစ်ယောက်ကို သတ်ပစ်လိုက်သည်။ ကောင်းကင်အဆိပ်ဂိုဏ်းမှ နောက်ဆုံးကျွမ်းကျင်သူလည်း ထိတ်လန့်သွားပြီး လုမင်ကို မတိုက်ခိုက်ဝံ့တော့ပေ။ သူက လူအုပ်ကြားထဲသို့ ရုတ်ချည်း ဆုတ်သွားသည်။
"မင်းက တကယ်ကို အမှိုက်ပဲ၊ အခုလေးတင် မင်းက မောက်မာနေတာ မဟုတ်ဘူးလား။ အခုမှ ဘာဖြစ်လို့ ကြောက်ချေးပန်းပြီး ဆုတ်သွားတာလဲ"
လုမင်က ကောင်းကင်အဆိပ်ဂိုဏ်းမှ ကျွမ်းကျင်သူကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
ထိုလူ၏မျက်နှာက နီရဲသွားသော်လည်း စကားတစ်ခွန်းမှ မပြောတော့ပေ။
"ဒီကောင်လေးရဲ့ တိုက်ခိုက်နိုင်စွမ်းက ထပ်ပြီး တိုးလာပြန်ပြီ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့မျက်လုံးများက ပိုလေးနက်လာ၏။ သူ့မျက်လုံးမှ သတ်ဖြတ်ချင်စိတ်တို့ကလည်း ပိုအားကောင်းလာတော့သည်။
အခြားသူများလည်း ထို့အတူပင်၊ အားလုံး တုန်လှုပ်သွားကြသည်။
လွန်ခဲ့သောတစ်လက နဂါးနတ်ဘုရားတောင်ကြားတွင် လုမင်သည် မော့ခုန်းကို အနိုင်ယူနိုင်ခဲ့သော်လည်း ထိုမျှမလွယ်ကူခဲ့ပေ။ သို့ရာတွင် ဤတစ်ကြိမ်ကတော့ တစ်ဖက်သတ် ပြီးပြည့်စုံသော အောင်ပွဲ ဖြစ်သည်။
သို့သော်လည်း ဒါက သဘာဝပင်။ လုမင်၏ ဝိညာဉ်ခန္ဓာက အလယ်လတ်အဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက တဟုန်ထိုးတက်လာပြီး မော့ခုန်းကဲ့သို့လူများကိုသတ်ရန် မခက်ခဲတော့ပေ။
"နောက်ထပ် ဘယ်သူလာချင်သေးလဲ၊ လာခဲ့"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"ငါမင်းကိုသတ်မယ်"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထွားကျိုင်းသော အဘိုးအိုတစ်ဦးက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ထွက်လာ၏။
သူ့ခန္ဓာကိုယ်က ကြံ့ခိုင်သန်မာပြီး အားကောင်းသော နတ်ဆိုးစွမ်းအင်များမှာ ကောင်းကင်သို့ ထိုးတက်သွား၏။ ခြေလှမ်းတိုင်းက ကောင်းကင်ကို လှုပ်ခါသွားစေသည်။
သူက လုမင်၏ရှေ့တွင် ရပ်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက လူများစွာကို အသက်ရှူရန်ပင် ခက်ခဲစေသည်။
"မဟာသူတော်စင်"
လူတော်တော်များများက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ မဟာသူတော်စင်တစ်ပါးက လှုပ်ရှားတော့မည်။
"မဟာသူတော်စင် ကနဦးအဆင့်၊ လာစမ်း... မဟာသူတော်စင်က ဘယ်လောက်ထိ သန်မာတယ်ဆိုတာ ငါမြင်ချင်တယ်"
လုမင်က ပြောလိုက်သည်။
"မင်း မကြာခင် နောင်တရလိမ့်မယ်"
အဘိုးအိုက အေးစက်စက် ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လုမင်ကို လက်သီးဖြင့် ထိုးလိုက်၏။ နတ်ဆိုးနိယာမဖြင့် ဤလက်သီးချက်က လေထုကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ လက်သီးအင်အားက တောင်တစ်လုံးကဲ့သို့ လုမင်ထံ ကျရောက်လာတော့သည်။
မဟာသူတော်စင်တစ်ယောက်၏ တိုက်ခိုက်ရေးအင်အားက တောက်ပသောသူတော်စင်ထက် အများကြီး ပိုအစွမ်းထက်သည်။
"ဂါး"
လုမင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံ ထွက်ပေါ်လာသည်။ လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။
ဤလက်သီးချက်တွင် ငရဲဖိနှိပ်ကျောက်စာချပ် မရှိသော်လည်း၊ လုမင်၏ လက်သီးက ငရဲဖိနှိပ်ကျောက်စာချပ်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူ၏ လက်သီးအရောင်သည်ပင် ငရဲဖိနှိပ်ကျောက်စာချပ်နှင့် တူလာတော့သည်။
"ဒုန်း"
သူတို့နှစ်ဦး၏ လက်သီးများက ပြင်းထန်စွာ တိုက်မိပြီးနောက် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အင်အားကြီးမားသော လှိုင်းလုံးကြီးတစ်ခုက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။
ကောင်းကင်ယံတွင် တိမ်တိုက်များက ဧရာမလက်ကြီးတစ်ဖက်ဖြင့် ဖယ်ရှားခံရသကဲ့သို့ လွင့်ပါးသွားကြသည်။
တိုက်ခိုက်မှုအင်အား လှိုင်းလုံးကြီးကြောင့် နတ်ဆိုးတောင်တစ်လုံး ပေါက်ကွဲသွားပေသည်။
"ဝှစ်... ဝှစ်"
ပုံရိပ်နှစ်ခုက တစ်ချိန်တည်းမှာ နောက်ပြန်ဆုတ်သွားကြသည်။ လက်ရည်ညီမျှခဲ့၏။
လူများစွာက ပင့်သက်ရှိုက်ရင်း လုမင်ကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။
လူထူးဆန်း... နတ်ဆိုး... ကြောက်စရာကောင်းလွန်းသူ။
သူသည် တောက်ပသော သူတော်စင်တစ်ပါးသာဖြစ်သော်လည်း နယ်ပယ်တစ်ခုလုံးကို ဖြတ်ကျော်ကာ မဟာသူတော်စင်တစ်ပါးနှင့် တိုက်ခိုက်နိုင်ခဲ့သည်။
နယ်ပယ်တစ်ခုလုံးကို ဖြတ်ကျော်ခြင်း၏ သဘောတရားက အဘယ်နည်း။ ယင်းကို သူတို့၏တစ်သက်တာတွင် မြင်ဖူးရန်ဝေးစွ၊ ကြားပင် မကြားခဲ့ဖူးပေ။ စန်းပြည်နယ်၏ ရှေးဟောင်းစာပေများတွင်လည်း ထိုသို့သောမှတ်တမ်းများမရှိပါ။
ကနဦးအဆင့် တောက်ပသော သူတော်စင်နှင့် ကနဦးအဆင့် မဟာသူတော်စင်ကြားတွင် ကွာခြားချက်က အလွန်ကြီးမားသည်။ ကနဦးအဆင့် မဟာသူတော်စင်က ကနဦးအဆင့် တောက်ပသောသူတော်စင် အများအပြားကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပေသည်။ ယခုမူ၊ လုမင်က ကနဦးအဆင့် မဟာသူတော်စင်တစ်ပါးကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကာ အားနည်းချက် မရှိခဲ့ပေ။ ယင်းက မယုံနိုင်စရာပင်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းများအားလုံးထံမှ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်လာကြသည်။ လုမင်ကို သတ်ရမည်။ ဤအတိုင်းသာ ဆက်သွားပါက ၎င်းတို့အားလုံးကို လုမင်က ကျော်လွန်သွားကာ၊ သူတို့အားလုံး လုမင်၏ သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်သည်။
ထို့ကြောင့် စောစီးစွာပင် လုမင်ကို သတ်ပစ်ရမည်။
"ဒါက မဟာသူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်ရေးအင်အားပဲလား"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"မောက်မာလို့၊ သတ်"
ထွားကျိုင်းသော အဘိုးအိုက ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင် ပုဆိန်တစ်လက် ပေါ်လာပြီး ကောင်းကင်သို့ ပင့်မြှောက်လိုက်၏။ ကောင်းကင်တွင် တုနှိုင်းမရနိုင်အောင် ကြီးမားသော ပုဆိန်ကြီးတစ်လက် ဖြစ်ပေါ်လာတော့သည်။
ပုဆိန်ကြီးပေါ်တွင် နတ်ဆိုးအလင်းများ ဖြာထွက်လာပြီး နိယာမစွမ်းအင်များကလည်း ဝန်းရံထားသည်။ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက အရပ်ရပ်သို့ ပျံ့နှံ့သွား၏။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။
မဟာသူတော်စင်နယ်ပယ်သို့ ဝင်ရောက်လာပြီးနောက်မှာတော့ နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်ရန် များစွာမခက်ခဲတော့ပေ။
"ခုတ်"
ထွားကျိုင်းသော အဘိုးအိုက ဟိန်းဟောက်ပြီး ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။ ပုဆိန်က မိုးနှင့်မြေကို ခွဲခြမ်းပြီး အရာအားလုံးကို ဖျက်ဆီးတော့မည်ကဲ့သို့ ကျဆင်းလာတော့သည်။
ထိုအချိန်တွင်၊ လုမင်၏ ခန္ဓာကိုယ်ပေါ်မှာ အလင်းအစက်များစွာ လင်းလက်လာသည်။ စုစုပေါင်း အလင်းစက် တစ်ရာရှစ်ခု ရှိ၏။ အလင်းစက် တစ်ခုစီမှ သူတော်စင်လက်နက် တစ်ခုစီ ထွက်ပေါ်လာတော့သည်။
လုမင်၏ ပတ်ဝန်းကျင်တွင် စုစုပေါင်း သူတော်စင်လက်နက် တစ်ရာ့ရှစ်ခု မျောလွင့်နေကြသည်။
လုမင်၏ လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်က ကောင်းကင်သို့ ထိုးတက်သွား၏။ ယင်းက မဟာသူတော်စင်ရတနာတစ်ခုပင်။
ဤမဟာသူတော်စင်လက်နက် ဓားက နတ်ဘုရားသားတော်နှင့် တိုက်ပွဲတွင် ရရှိခဲ့သော ရတနာ ဖြစ်သည်။
လွန်ခဲ့သည့်လတွင်၊ လုမင်သည် ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို နားလည်ရန် အပြည့်အဝအာရုံစိုက်ခဲ့သည်။ သို့ရာတွင်၊ လက်နက်တစ်သောင်းတာအိုကျမ်းကိုလည်း အချိန်တစ်ခုပေးကာ လေ့ကျင့်ခဲ့၏။
ယခုအခါ သူက သူတော်စင်နယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်ခန္ဓာကလည်း တိုးတက်လာပြီ။ ထို့ကြောင့် သူ၏ အပ်စိုက်မှတ်များတွင် သူတော်စင်လက်နက် တစ်ရာရှစ်ခုအထိ တံဆိပ်ခတ်နိုင်ခဲ့သည်။ ထိုအထဲမှ တစ်ခုက ဤမဟာသူတော်စင်လက်နက် ဓားပင်။