← Chapters

အခန်း ၁၇၃၁

Vol. 116 Ch. 1731

အခန်း ၁၇၃၁

Vol. 116 Ch. 1731

အပိုင်း ( 1731 ) ဆုတ်ခွာပြေးကြခြင်း။

"ဘာလို့မဖြစ်နိုင်ရမှာလဲ၊ သတ်"

လုမင်က အော်လိုက်သည်။ သူက လှံပုဆိန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခုတ်ချလိုက်၏။

ဤတိုက်ခိုက်မှုက အလွန်အစွမ်းထက်သော အန္တိမသူတော်စင်တစ်ပါးကို ရည်ရွယ်သည်။ ထိုသူ၏ တိုက်ခိုက်ရေးစွမ်းအားက တိမ်နဂါးတောင်ကြားသခင်ထက် များစွာ အားမနည်းပေ။

တစ်စုံတစ်ယောက်ကို သတ်ချင်ရင် အစွမ်းထက်ဆုံးသူကို သတ်ရမည်။

ဆမ်ဆာရာလှံပုဆိန်က နတ်ဘုရား၏ လှံပုဆိန်ကဲ့သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး တားဆီးမရနိုင်ပေ။

"အား"

ထိုအန္တိမသူတော်စင်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဆမ်ဆာရာလှံပုဆိန်အောက်တွင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားကာ ဘာမျှမကျန်ရှိတော့ပေ။

အခြား အန္တိမသူတော်စင် လေးဦးတို့လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့က ဆက်မနေရဲတော့ပေ။ သူတို့အားလုံးက လုမင်၏ လှံပုဆိန်ဖြင့် အသတ်ခံရမည်စိုး၍ ကြောက်လန့်တကြား ဆုတ်ခွာသွားကြသည်။

လုမင်၏ မျက်လုံးများက နှမြောတသဖြစ်မှု အရိပ်အယောင်တစ်ခု လက်သွားလေသည်။

စွမ်းအင် ကုန်ဆုံးသွားပြီ။

ဆမ်ဆာရာလှံပုဆိန်တွင် စွမ်းအင်စီးကြောင်း နှစ်ခုသာ ရှိသည်။ အထူးသဖြင့်၊ အန္တိမသူတော်စင်ကိုသတ်ရန် အသုံးပြုသောအခါ ယခင် အသက်သွင်းထားခဲ့သော စွမ်းအင်က ခံနိုင်ရည်မရှိတော့ပေ။ စွမ်းအင်စားသုံးမှုနှုန်းက အလွန်ကြီးမားသည်။

ယခုအခါ ဆမ်ဆာရာလှံပုဆိန်တွင် စွမ်းအင်လှိုင်းတစ်ခုသာ ကျန်တော့သည်။

သို့သော်လည်း တစ်ဖက်လူများမှာ အန္တိမသူတော်စင် ဆယ်ယောက်ရှိနေဆဲ ဖြစ်သည်။ နောက်ဆုံးစွမ်းအင်ကို အသုံးပြုခဲ့လျှင်ပင် ၎င်းတို့အားလုံးကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။

"သတ်"

လုမင်က ခဏတုံ့ဆိုင်းနေပြီးနောက် ဆမ်ဆာရာလှံပုဆိန်ကိုကိုင်ကာ ရှေ့သို့လှမ်းလိုက်သည်။

သို့ရာတွင်၊ ဒုတိယစွမ်းအင်ကိုတော့ အသက်မသွင်းထားပါ။ ထိုစွမ်းအင်က အရေးကြီးသောအခိုက်အတန့်တွင် အသုံးပြုရန် ဖြစ်သည်။

သို့သော်လည်း လုမင်တွင် စွမ်းအင်မရှိတော့မှန်း အခြားသူများက မသိပေ။ လုမင်က ရှေ့သို့တိုးလာသောအခါ သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆုတ်သွားကြသည်။

"ဟားဟားဟား၊ သတ်ကြ"

ရေခဲနဂါးဘိုးဘေးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူနှင့် တိမ်နဂါးတောင်ကြားသခင်က အရှိန်အဝါများ ပေါက်ကွဲရင်း လုမင်၏နောက်မှ လိုက်သွားကြ၏။ သူတို့ ဖြတ်သန်းသွားတိုင်း၊ မိစ္ဆာဝိညာဉ်ဂိုဏ်းမှ မည်သည့်အဆင့် ကျင့်ကြံသူဖြစ်စေ... မတိုက်ခိုက်ဝံ့ကြဘဲ အသည်းအသန် ဆုတ်သွားကြပေသည်။

လုမင်က အလွန်ကြောက်စရာကောင်းသည်။ သူတို့၏ ကျင့်ကြံမှူအဆင့်က မည်မျှပင် မြင့်မားစေကာမူ၊ သူ့လက်ထဲမှ လှံပုဆိန်ဖြင့် သူတို့ကို တစ်ချက်တည်း သတ်နိုင်စွမ်းရှိ၏။ အန္တိမသူတော်စင်များပင်လျှင် ခြွင်းချက်မရှိပေ။ သူ့ကို ဆန့်ကျင်သူတိုင်း သေရမည် ဖြစ်သည်။

ထို့နောက်တွင် လုမင်က ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ဆီသို့ လျှောက်သွားသည်။ တိမ်နဂါးတောင်ကြားသခင်ချုပ်မှာ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူက တတ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် နောက်ပြန်ဆုတ်သွားတော့သည်။

"ဘာလို့ နောက်ဆုတ်နေတာလဲ၊ မင်း ငါ့ကို မသတ်ချင်ဘူးလား"

လုမင်က ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ကို စိုက်ကြည့်ရင်း လှောင်ပြောင်လိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးများက လွန်စွာ အေးစက်သွားသည်။ လုမင်ကို အစိတ်စိတ်အမြွှာမြွှာ ကိုက်ဖြတ်ရန် သူမ မစောင့်နိုင်တော့ပေ။ သို့သော်လည်း တိုက်ခိုက်ရန်တော့ မဝံ့ရဲသေးပါ။ လုမင်၏ လှံပုဆိန်ဖြင့် အသတ်ခံလိုက်ရမည်ကို သူ ကြောက်သည်။

"လူပြန်စုလိုက်ကြ၊ ‌ဆုတ်ကြမယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အော်ဟစ်လိုက်သည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အစွမ်းထက် ပညာရှင်များလည်း အတူတကွ စုရုံးလာကြတော့သည်။

အန္တိမသူတော်စင်ဆယ်ယောက်က ရှေ့ဆုံးတွင် ရပ်နေသည်။ သူတို့၏ အရှိန်အဝါများက ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်စေ၏။

သို့သော်လည်း လုမင်က လှံပုဆိန်တစ်လက်ကို ကိုင်ဆွဲကာ ရှေ့ကို တိုးလာသည်။

တစ်ဖက်လူများအားလုံး တုန်လှုပ်သွားပြီး အမြန်ပြန်ဆုတ်သွားတော့သည်။

လှံပုဆိန်တစ်လက်နှင့် လူငယ်တစ်ဦးက အန္တိမသူတော်စင် ဆယ်ဦးနှင့် အခြားသော ကျွမ်းကျင်သူများစွာကို ဆုတ်ခွာစေခဲ့သည်။

ဤမြင်ကွင်းက လူတော်တော်များများ၏ ဘဝတစ်သက်တာမှာ ဘယ်တော့မှ မမေ့နိုင်သော ထိတ်လန့်စရာ မြင်ကွင်းတစ်ခုပင်။

"လုမင်၊ မင်းက ပြင်ပဝတ္ထုတွေကို အားကိုးနေရုံပါပဲလေ။ မဟုတ်ရင် မင်းကို တစ်ချက်တည်းနဲ့ ငါက သတ်ပစ်နိုင်တယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။

"ဟားဟားဟား၊ ပြင်ပဝတ္ထုတွေကို အားကိုးနေတာတဲ့လား... ရယ်စရာကောင်းလွန်းပါရဲ့။ ငါ့အသက်က ဘယ်လောက်ရှိသေးလို့လဲ၊ မင်း လေ့ကျင့်နေတာက ဘယ်နှစ်နှစ်တောင် ရှိပြီလဲ။ မင်းသာ ငါနဲ့ အသက်အရွယ်ချင်းတူရင် ငါ မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်"

လုမင်က အထင်မြင်သေးစွာ ရယ်မောလိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်နှာက မည်းမှောင်သွားသော်လည်း ချေပရန်စကားမရှိပေ။

"မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ လမ်းကို တားဆီးချင်ရင် မင်းတို့အားလုံး အနှေးနဲ့အမြန် သေကြရလိမ့်မယ်။ ဘယ်သူကမှ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ထွန်းကားမှုကို တားဆီးလို့ မရဘူး။ သွားကြစို့"

ထိုသို့ပြောပြီးနောက်တွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် အခြားသူများက တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။

"အဘွားကြီး၊ မင်းရဲ့ တပည့်ကို မလိုချင်တော့ဘူးလား"

လုမင်က မော့ယန်ကို ဆွဲခေါ်ပြီး အော်ပြောလိုက်သည်။

"ဪ၊ ဒါနဲ့ မင်းကို ပြောရဦးမယ်။ မော့ယန်ရဲ့ဝိညာဉ်ကို ငါ ရှာဖွေနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ချမှတ်ထားတဲ့ အမှတ်အသားကြောင့် သူ့ဝိညာဉ်က ပျက်စီးသွားခဲ့တယ်။ အခု သူက အရူးတစ်ယောက် ဖြစ်နေပြီ"

"ဘာ၊ အား... နင်... နင်ငါ့ကို လှည့်စားဝံ့တယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ ဒေါသထွက်လွန်းသဖြင့် သူ့မျက်နှာက ညိုမည်းနေပြီ။

လုမင်၏ လှည့်စားခံလိုက်ရကြောင်း ယခုမှပင် သိရသည်။

လုမင်က လူတိုင်းရှေ့တွင် မော့ယန်၏ စိတ်ဝိညာဉ်ကိုရှာဖွေကာ မြင်ကွင်းကို ပုံဖော်မည်ဟု ဆိုခဲ့ခြင်းက လုံးဝ အမှန်မဟုတ်ပေ။ သူမကို လှည့်စားခဲ့သည်။ လုမင်၏ ရည်ရွယ်ချက်က သူမကို လှည့်ဖြားရန်ပင်။

မဟုတ်ပါက သူသည် နဂါးနတ်ဘုရားတောင်ကြား၊ ထို့နောက် နတ်ဆိုးရဲတိုက်နှင့် သေခြင်းရှင်ခြင်းဓားဂိုဏ်းတို့ကို ဖျက်ဆီးရန် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းများ၏ အင်အားကို အသုံးချနိုင်သည်။ နောက်ဆုံးတွင် သူမသည် ထောင်ချောက်တစ်ခုကို ထူထောင်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းများကို ရုတ်တရက် တိုက်ခိုက်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် စန်းပြည်နယ်သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ကျရောက်သွားမည်ဖြစ်သည်။

ထို့ပြင် သွေးနတ်ဆိုးဘုရင်ကလည်း ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကာ အရာအားလုံး ပြီးပြည့်စုံပေမည်။

သို့သော်လည်း ယခုတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လုမင်၏ လှည့်စားမှုကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။

ထိုအချိန်တွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်နှာက တကယ့်နတ်ဆိုးတစ်ကောင်ပမာ ခက်ထန်နေခဲ့သည်။

"သွားကြရအောင်"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အော်ပြောပြီး လှည့်ထွက်သွားသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အခြားသူများလည်း ဆုတ်ခွာပြီး ပျောက်ကွယ်သွားကြတော့သည်။

တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများလည်း မလိုက်ဘဲ လွှတ်ပေးလိုက်ကြသည်။ သူတို့က အားနည်းချက် ရှိပြီးသားမို့ ဆက်လက်သွားလျှင်ပင် အပြောင်းအလဲ သိပ်ရှိနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ကို အေးစက်စက်ဖြင့် ကြည့်လိုက်ကြသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက ခပ်လှမ်းလှမ်းသို့ ချက်ချင်းဆုတ်သွား၏။

"မင်းတို့ ဘာလုပ်ချင်လို့လဲ။ အခု ငါတို့ ပထမဦးစားပေး ရင်ဆိုင်ရမဲ့အရာက မိစ္ဆာဝိညာဉ်ဂိုဏ်းပဲ။ ငါတို့တွေက အတွင်းပိုင်း ပြဿနာတွေဖြစ်ရင် မိစ္ဆာဝိညာဉ်ဂိုဏ်းကိုပဲ အကျိုးရှိစေလိမ့်မယ်"

"ဟားဟားဟား၊ မင်း ဘာကိုမလုံမလဲဖြစ်နေတာလဲ။ ငါတို့က မင်းကိုသတ်ချင်တယ်လို့ မပြောခဲ့ဘူး"

တိမ်နဂါးတောင်ကြားသခင်က လှောင်ပြောင်ရယ်မောလိုက်သည်။

ထို့နောက် တိမ်နဂါးတောင်ကြားသခင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ပြောလိုက်၏။

"လူတိုင်းပဲ... ပြန်သွားပြီးတော့ စန်းပြည်နယ်က အခြားဂိုဏ်းတွေကို အကြောင်းကြားကြရအောင်။ ပြီးရင် မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အသိုက်ကို ရှာဖွေပြီး တရှိန်ထိုး ဖျက်ဆီးကြမယ်။ အားလုံး ဘယ်လိုထင်လဲ"

"ငါလည်း ဒီလိုပဲတွေးနေတာ"

နတ်ဆိုးရဲတိုက်၏သခင်က ပြောလိုက်သည်။ သူ၏ ကြီးမားသောမျက်လုံးများက ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် မိစ္ဆာလမင်းဂိုဏ်း၏ ကျွမ်းကျင်သူများကို ဝေ့ကျော်ကြည့်လိုက်၏။

"အားလုံးက ဘယ်လိုထင်ကြလဲ"

"မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးတာက ထိပ်တန်းဦးစားပေးပါပဲ။ ငါတို့လည်း ဒီလိုပဲတွေးနေတာ"

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းချုပ်က ပြောလိုက်သည်။

ထို့နောက် မိစ္ဆာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ခေါင်းညိတ်လိုက်လေသည်။

နောက်ဆုံးတွင်၊ လူတိုင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ကို ကြည့်လိုက်ကြသည်။

"ငါ့ရဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းကလည်း မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးဖို့ သဘာဝအတိုင်း တိုက်ခိုက်လိမ့်မယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ"

တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။

"နှုတ်ဆက်ပါတယ်"

ထိုသို့ပြောပြီးနောက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ကျန်ရှိသော ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အဖွဲ့ဝင်များနှင့်အတူ ထွက်ခွာသွားတော့သည်။

ဤတိုက်ပွဲတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ အန္တိမသူတော်စင်တစ်ပါး ကျဆုံးသွားပြီး အခြားပညာရှင်များလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပေသည်။ သူတို့၏ ခွန်အားက သိသိသာသာ ကျဆင်းသွားရသည်။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် မိစ္ဆာလဂိုဏ်းတို့ကမူ အနည်းငယ် သာလွန်သည်။ သူတို့၏ အန္တိမသူတော်စင်များ မသေဆုံးခဲ့ပေ။ သို့သော်လည်း အခြားကျွမ်းကျင်သူများမှာ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။

"အားလုံးပဲ နှုတ်ဆက်ပါတယ်၊ နောင်မှ ပြန်ဆုံကြရအောင်"

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ကျန်ရှိသော တပည့်များနှင့်အတူ ထွက်သွားသည်။ ထို့နောက် မိစ္ဆာလမင်းဂိုဏ်းလည်း ထွက်သွားတော့သည်။

အချိန်အတိုင်းအတာတစ်ခုအတွင်း၊ မြေပြင်တစ်ပြင်လုံးရှိ အလောင်းများအပြင် လုမင်နှင့် အခြားသူများသာ ကြီးမားကျယ်ပြန့်သော ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ကျန်ခဲ့သည်။

လုမင်က ရှဲ့နျန်ချင်းရှိရာဘက်သို့ ပြန်လာခဲ့သည်။ ယခုအချိန်တွင် ရှဲ့နျန်ချင်းက တင်ပျဉ်ခွေထိုင်နေသေးသော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်ဆိုးစွမ်းအင်များ စုဝေးနေပြီ။

"ဒီမိန်းကလေးက သူတော်စင်နယ်ပယ်ကို ချိုးဖြတ်တော့မယ်"

ရေခဲနဂါးဘိုးဘေးက လုမင်၏အနားတွင်ပေါ်လာကာ ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။

"မင်းတို့တွေက သက်ဆိုင်ရာဂိုဏ်းတွေကို ပြန်သွားပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးဖို့အတွက် စန်းပြည်နယ်ရဲ့ အခြား အင်အားစုတွေနဲ့ ပူးပေါင်းနှင့်ပါ။ လုမင်နဲ့ ငါက ဒီမှာနေပြီး ဒီကောင်မလေးကို စောင့်နေလိုက်ဦးမယ်"

ရေခဲနဂါးဘိုးဘေးက ရေခဲနဂါးတောင်ကြားသခင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းနှင့် အခြားသူများကို ပြောလိုက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် တိမ်နဂါးတောင်ကြားသခင်သာ နေရစ်ခဲ့ပြီး ရေခဲနဂါးတောင်ကြားသခင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်နှင့် နတ်ဆိုးရဲတိုက်၏သခင်တို့အားလုံးက မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးရန်အတွက် အစီအစဉ်များ ပြုလုပ်ရန် ထွက်သွားကြတော့သည်။

All Chapters