← Chapters

အခန်း ၁၇၃၄

Vol. 116 Ch. 1734

အခန်း ၁၇၃၄

Vol. 116 Ch. 1734

အပိုင်း ( 1734 ) ဖောက်ထွက်ကြခြင်း။

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အဘွားအိုက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ကို တားမြစ်ချက်ချပြီးနောက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အခြားအဖွဲ့ဝင်များအပေါ်တွင် တားမြစ်ချက်များ ဆက်လက်ချမှတ်ခဲ့သည်။

မြင့်မြတ်သော ကျင့်ကြံမှုအခြေခံ ရှိသူများအတွက် တားမြစ်ချက်ချခြင်းက နှေးကွေးသော်လည်း ကျင့်ကြံမှုအဆင့်နိမ့်သူများအတွက်တော့ မြန်ဆန်သည်။ သူ့လက်ကိုဝှေ့ယမ်းပြီး တားမြစ်ချက်များကို တစ်ခုပြီးတစ်ခု ချမှတ်ခဲ့ပေသည်။

တားမြစ်ချက်ချခံရသူတိုင်းက ပိန်ပိန်အဘွားအို၏နောက်တွင် နာခံမှုရှိရှိ ရပ်နေခဲ့ကြသည်။

'ဆရာ၊ ကျွန်တော် ဖောက်ထွက်သွားချင်တယ်'

လူအုပ်ထဲတွင်၊ လုမင်က တိမ်နဂါးတောင်ကြားသခင်ထံ အသံပို့လွှတ်လိုက်သည်။ သူက ရှဲ့နျန်ချင်း၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်၏။

သူသည် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ထိန်းချုပ်ခြင်းကို မခံလိုပေ။ ထိုသို့ဖြစ်ပါက ၎င်းတို့၏ သေဆိုသေ၊ရှင်ဆိုရှင် နေထိုင်ရသော ရုပ်သေးဖြစ်လာမည်။ ယင်းက သေခြင်းတရားထက် ပိုဆိုးသော ဘဝပင်။ ထို့ပြင် ရှဲ့နျန်ချင်းလည်း ရှိသည်။

သူ့အသက်ကို စွန့်စားရမယ်ဆိုလျှင်ပင် ရှဲ့နျန်ချင်းကိုတော့ မိစ္ဆာဝိညာဉ်ဂိုဏ်း၏လက်ထဲသို့ နောက်တစ်ဖန် မကျရောက်စေရပေ။

'ကောင်းပြီ'

မမျှော်လင့်ဘဲ တိမ်နဂါးတောင်ကြားသခင်က ခေါင်းညိတ်ပြီး လုမင်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။

'ငါ တခြားသူတွေကို အဆက်အသွယ်လုပ်ပြီးရင် အတူတူ တိုက်ခိုက်မယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့ လူငယ်တွေ လွတ်မြောက်ကြရမယ်။ မဟုတ်ရင် ငါတို့မှာ မျှော်လင့်ချက် မရှိတော့ဘူး'

လုမင် စိတ်လှုပ်ရှားသွား၏။ တိမ်နဂါးတောင်ကြားသခင်က အညံ့ခံရန် စိတ်ကူးရှိပုံမရပေ။ လုမင်က ဘာမျှမပြောလျှင်ပင် တိမ်နဂါးတောင်ကြားသခင်က သူ့ကိုဖယ်ထုတ်ရန် နည်းလမ်းရှာဦးမည် ဖြစ်သည်။

'ဆရာ၊ မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာ ကျွန်တော်ရရှိခဲ့တဲ့ လှံပုဆိန်မှာ စွမ်းအင်နှစ်ခု ရှိတယ်။ နောက်ဆုံးတစ်ခေါက်က ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ တစ်ခုကို အသုံးပြုခဲ့ပေမဲ့ တစ်ခုကျန်သေးတယ်။ သူ့ရဲ့စွမ်းအားကို အပြည့်အဝ ထုတ်ဖော်မယ်ဆိုရင် အန္တိမသူတော်စင်တစ်ပါးကို တိုက်ရိုက် သတ်နိုင်တယ်'

လုမင်က တိမ်နဂါးတောင်ကြားသခင်ထံ အသံပို့လွှတ်ကာ ပြောလိုက်သည်။

'ကောင်းတယ်'

တိမ်နဂါးတောင်ကြားသခင်၏ မျက်လုံးများက အရောင်လက်သွားသည်။ မူလက သူသည် ဦးတည်ရာတစ်ခုစီတွင် အန္တိမသူတော်စင်တစ်ဦး ရှိနေသောကြောင့် ယုံကြည်မှုသိပ်မရှိခဲ့ပေ။ ထို့ပြင်၊ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြီးအကဲနှစ်ဦးလည်း ရှိခဲ့သည်။ သူတို့က အင်အားအပြည့်ဖြင့် ဖောက်ထွက်လျှင်ပင် အခွင့်အလမ်းက များများစားစား ရှိမှာ မဟုတ်ပေ။

သို့သော်လည်း အန္တိမသူတော်စင်တစ်ပါးကို သတ်နိုင်လျှင် ထို ထိုလမ်းကြောင်းမှ ရုန်းထွက်နိုင်မည် ဖြစ်သည်။ လွတ်မြောက်နိုင်ခြေကလည်း ပိုမြင့်မားလာလိမ့်မည်။

'ငါ တခြားသူတွေကို အရင်ဆက်သွယ်လိုက်မယ်'

တိမ်နဂါးတောင်ကြားသခင်က ပြောဆိုပြီး ရေခဲနဂါးဘိုးဘေးထံသို့ ချက်ချင်း အသံပို့လွှတ်လိုက်သည်။ ရေခဲနဂါးဘိုးဘေးက သဘာဝအတိုင်း သဘောတူသည်။

ထို့နောက် တိမ်နဂါးတောင်ကြားသခင်သည် သေခြင်းရှင်ခြင်း‌ဓားဂိုဏ်းချုပ်၊ နတ်ဆိုးရဲတိုက်သခင်၊ ကောင်းကင်ဘုရင်နန်းတော်နှင့် အခြားသူများထံ အသံပို့လွှတ်ပြီး ပြောလိုက်၏။

လူအများစုက သဘောတူသည်။ သို့သော်လည်း မိစ္ဆာလမင်းဂိုဏ်းနှင့် ပိုယွမ်မိသားစုမှ လူများက ခေါင်းယမ်းကာ သက်ပြင်းချလိုက်ကြသည်။ သူတို့က အလောင်းအစား မလုပ်ဝံ့ကြပေ။

'မင်အာ၊ ငါတို့ ဆွေးနွေးပြီးသွားပြီ။ အချိန်တန်ရင် ရေခဲနဂါးဘိုးဘေးနဲ့ ငါက မင်းနဲ့နျန်ချင်းကို ခေါ်သွားမယ်'

တိမ်နဂါးတောင်ကြားသခင်က လုမင်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။

'ကျွန်တော်နဲ့ ရှောင်ချင်းပဲလား။ ကျွန်တော်ရဲ့ ဆရာတူအစ်ကိုတွေနဲ့ နဂါး‌နတ်ဘုရားတောင်ကြားက အခြားတပည့်တွေကို ဘယ်လိုလုပ်မလဲ'

လုမင်၏ အမူအရာက ပြောင်းလဲသွားသည်။

'အခြားနည်းလမ်း မရှိတော့ဘူး။ လူများလေလေ၊ ငါတို့ထွက်ပြေးဖို့ အခွင့်အလမ်းနည်းလေလေပဲ။ သူတို့ကို ခေါ်သွားရင်တောင် သူတို့ကိုပဲ သေစေလိမ့်မယ်။ အဲဒါကြောင့် သူတို့ကို လက်နက်ချစေပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းကို အရင်ဝင်ခိုင်းလိုက်မယ်။ မင်းနဲ့ နျန်ချင်းလို အထူးချွန်ဆုံး ပါရမီရှင်တွေ လွတ်မြောက်သွားရင် အနာဂတ်မှာ မင်းတို့တွေ ကြီးပြင်းလာပြီး သူတို့ကို ကယ်တင်ဖို့ ပြန်လာနိုင်တယ်'

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

'ဒါပေမဲ့...'

လုမင်က တုံ့ဆိုင်းနေဆဲပင်။

'‌ထပ်ပြောစရာမလိုတော့ဘူး။ မင်အာ... မင်းတို့က ငါတို့အားလုံးရဲ့ မျှော်လင့်ချက်ဆိုတာ သတိရပါ။ တခြားဂိုဏ်းခေါင်းဆောင်တွေကလည်း ဒီလိုပဲ တွေးကြတယ်။ သူတို့က ထိုးဖောက်ထွက်တဲ့အခါ အထူးချွန်ဆုံး တပည့်တွေထဲက တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ခေါ်ဆောင်သွားကြမှာ... မင်းတို့တွေ လွတ်မြောက်သွားနိုင်မှ ငါတို့အတွက် မျှော်လင့်ချက်ရှိနိုင်လိမ့်မယ်'

ထို့နောက်တွင်၊ တိမ်နဂါးတောင်ကြားသခင်က ရန်ထျန်းကျုံးနှင့် အခြားသူများထံ အသံပို့လွှတ်ကာ ရှင်းပြလိုက်သည်။

ရန်ထျန်းကျုံးနှင့် အခြားသူများလည်း အံ့အားသင့်သွားပြီးနောက် မဆိုင်းမတွ ခေါင်းညိတ်လိုက်လေသည်။

'ဆရာတူညီလေး၊ ငါ မင်းကို အားကိုးနေမယ်နော်။ အနာဂတ်မှာ မင်း ငါတို့ကို လာကယ်မဲ့အချိန်ကို စောင့်နေမယ်'

ရန်ထျန်းကျုံးက ပြုံးပြပြီး လုမင်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။ ထို့နောက်တွင် သူက ရှေ့သို့ လှမ်းထွက်သွားပြီး ပြောလိုက်၏။

"ငါ အညံ့ခံချင်တယ်"

"ငါလည်း အညံ့ခံချင်တယ်"

လုမင်၏ ဆရာတူအစ်ကိုများနှင့် နဂါး‌နတ်ဘုရားတောင်ကြားမှ အခြားသူများကလည်း လက်နက်ချရန် အော်ပြောပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတော့သည်။

ထိုအချိန်တွင် လုမင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ့နှလုံးသားထဲမှ နာကျင်မှုကို ခံစားရ၏။

လူအချို့က သေခြင်းတရားကို အမှန်တကယ်ကြောက်လန့်သောကြောင့် လက်နက်ချခဲ့ကြခြင်းဖြစ်သည်။ သို့သော်၊ ရန်ထျန်းကျုံးနှင့် အခြားသူများ၏ လုပ်ဆောင်မှုကိုတော့ လုမင် ကောင်းကောင်းသိပေသည်။ ပုံမှန်ဆိုလျှင်၊ အညံ့ခံခြင်းထက် အသက်‌အသေခံလိုက်မည်မှာ သေချာသည်။ သို့ရာတွင် ယခုအချိန်မှာတော့ သူတို့က မတုံ့ဆိုင်းဘဲ အညံ့ခံလိုက်ကြပြီ။

သူတို့၏ ရည်ရွယ်ချက်မှာ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုမှ ကျွမ်းကျင်သူများ သတိပေါ့လျော့လာပြီး လုမင်တို့အတွက် အခွင့်အရေးပိုရရှိရန် ဖြစ်သည်။

'အစ်ကိုကြီးတို့... ကျွန်တော် လွတ်မြောက်ခဲ့ရင် အနာဂတ်မှာ ခင်ဗျားတို့ကို ကယ်တင်ဖို့ သေချာပေါက်ပြန်လာမယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမိသားစုကို ယွမ်လုကနေ လုံးဝ ပျောက်ကွယ်သွားစေရမယ်'

လုမင်က သူ့နှလုံးသားထဲမှ ကျိန်ဆိုလိုက်သည်။

"ငါ အညံ့ခံပါတယ်"

အခြားဂိုဏ်းများမှ လူများသည်လည်း လက်နက်ချရန် အော်လိုက်ကြလေသည်။

မျှော်လင့်ထားသည့်အတိုင်း၊ မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လူများ ကျေနပ်ခဲ့ကြသည်။ ပိန်ပိန်အဘွားအိုက သူ့လက်ကို ဝှေ့ယမ်းပြီး ရန်ထျန်းကျုံးနှင့် အခြားသူများအပေါ် တားမြစ်ချက်တစ်ခု ချမှတ်လိုက်၏။

'မင်အာ၊ အချိန်ကျပြီ'

တိမ်နဂါးတောင်ကြားသခင်၏အသံက လုမင်၏ နားထဲတွင် ထွက်ပေါ်လာသည်။

"ဒုန်း"

လုမင်က ခြေတစ်ချက်ဆောင့်ကာ အနောက်ဘက်သို့ ပြေးထွက်သွားတော့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

တစ်ချိန်တည်းမှာပင် ရှဲ့နျန်ချင်း၊ တိမ်နဂါးတောင်ကြားသခင်၊ ရေခဲနဂါးဘိုးဘေးနှင့် သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်တို့သည်လည်း အနောက်ဘက်သို့ ပြေးသွားကြသည်။

"မင်းတို့က ခုခံချင်သေးလား၊ သေချင်နေတာပဲ"

အနောက်ဘက်ရှိ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင် တစ်ယောက်က လှမ်းအော်လိုက်သည်။ သူ့လက်ထဲတွင် ရွှေရောင်ဓားတစ်ချောင်း ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်ဓားအလင်းက လုမင်နှင့် အခြားလူများဆီသို့ ဖြတ်သန်းလာတော့သည်။

ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှု စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းက လေဟာနယ်ကို ဖြိုခွင်းပြီး ၎င်း၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့၏ အင်အား အားလုံးကို ခေါ်ခဲ့လျှင်ပင် ဤတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ တစ်ဖက်လူ၏ တားဆီးခံရပြီး အခြားသူများပါ ထပ်ရောက်လာလျှင် သူတို့မှာ အခွင့်အရေးရှိတော့မည် မဟုတ်ချေ။

"သတ်"

ထိုအချိန်တွင် လုမင်က အော်လိုက်သည်။ ဆမ်ဆရာလှံပုဆိန်က သူ့လက်ထဲတွင်ပေါ်လာ၏။ ‌သူက မတုံ့ဆိုင်းဘဲ နောက်ဆုံး စွမ်းအင်ကြိုးကို အသက်သွင်းလိုက်တော့သည်။

ဆမ်ဆာလှံပုဆိန်က ဧရာမ လှံပုဆိန်တစ်လက်အဖြစ် ပြောင်းလဲသွားကာ ခုတ်ပိုင်းလိုက်သည်။ လှံပုဆိန်က ရွှေရောင်ဓားအလင်းကို တိုက်ရိုက် ဖျက်ဆီးလိုက်၏။ ထိုမျှနှင့်မရပ်ဘဲ လှံပုဆိန်က လျှပ်စီးလက်သလို ဆက်လက် တိုးဝင်သွားတော့သည်။

"ဝုန်း"

ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်မှာ လုံးဝ မတားဆီးနိုင်ဘဲ လှံပုဆိန်ဖြင့် တိုက်ရိုက် ထက်ခြမ်းခွဲချခြင်း ခံလိုက်ရသည်။ လှံပုဆိန်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက မြေပြင်ကိုပင် ထိုးခွဲသွားကာ နက်ရှိုင်းသော လျှိုမြောင်တစ်ခု ဖြစ်ပေါ်လာစေခဲ့ပေသည်။

"ထိုးဖောက်ကြ"

"သတ်"

တိမ်နဂါးတောင်ကြားသခင်နှင့် တခြားသူများက အော်ဟစ်လိုက်ကြသည်။ သူတို့က အစွမ်းကုန်ထုတ်ဖော်ပြီး ရှေ့သို့ ပြေးထွက်သွား၏။

သူတို့၏ရှေ့တွင် အန္တိမသူတော်စင်တချို့ ရှိနေဆဲ ဖြစ်သည်။ သို့သော်၊ သူတို့က တွန်းထိုးဖယ်ရှားခံလိုက်ရ၏။ လုမင်တို့အဖွဲ့က ဆက်လက်တိုက်ခိုက်ရန် စိတ်ကူးမရှိဘဲ လူအုပ်ကြားမှ ဖောက်ထွက်ကာ အဝေးကို ပြေးသွားကြတော့သည်။

"ဟာ...ဟာ၊ လိုက်ဟ... လိုက်ကြ"

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဆံဖြူအဘိုးအိုက အော်ဟစ်ပြီး ဦးစွာ ပြေးလိုက်သွားသည်။

ထို့ပြင်၊ တိမိသားစုမှ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်နှစ်ဦးလည်း ရှိသေးသည်။ အခြား ပြီးပြည့်စုံခြင်းအဆင့် သူတော်စင်အချို့နှင့်အတူ သူတို့လည်း လုမင်တို့အနောက်သို့ ပြေးလိုက်သွားကြသည်။

"မင်းတို့လည်း သူတို့နောက်ကို လိုက်ကြ"

ပိန်ပိန်အဘွားအိုက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် အခြားသူများကို ကြည့်လိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲသွားသည်။

"မြန်မြန်လုပ်စမ်း"

ပိန်ပိန်အဘွားကြီးက အော်ငေါက်လိုက်၏။ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် တားမြစ်ချက်အောက်တွင်ရှိနေသော အခြား အန္တိမသူတော်စင်များလည်း လုမင်နှင့် အခြားသူများ ထွက်ပြေးလွတ်မြောက်သွားသည့် လမ်းကြောင်းအတိုင်း လိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

တိမ်နဂါးတောင်ကြားသခင်က သူ၏ သူတော်စင်စွမ်းအားဖြင့် လုမင်ကို ဖုံးအုပ်လိုက်သည်။ ရေခဲနဂါးဘိုးဘေးကလည်း ရှဲ့နျန်ချင်းကို သယ်ဆောင်ကာ လျင်မြန်စွာ ပျံသန်းသွား၏။

လုမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အခြား အကျော်အမော်များကလည်း လူတစ်ဦးစီ ခေါ်ဆောင်ထားကြောင်း တွေ့လိုက်ရသည်။

သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်က လူငယ်တစ်ဦးကို ခေါ်ထားသည်။ လုမင်နှင့် ရင်းနှီးမှုရှိသော လော့ရှန်း ဖြစ်၏။

သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ အခြား အန္တိမသူတော်စင်တစ်ဦးကလည်း သူနှင့်အတူ လူငယ်တစ်ဦးကို ခေါ်ဆောင်ထားသည်။

ထို့ပြင် နတ်ဆိုးရဲတိုက်မှ အန္တိမသူတော်စင် နှစ်ဦး၊

ကောင်းကင်ဘုရင်နန်းတော်မှ အန္တိမသူတော်စင်နှစ်ဦးနှင့် လင်လုံနန်းတော်မှ အန္တိမသူတော်စင်နှစ်ဦးတို့လည်း ရှိသေးသည်။ သူတို့တစ်ဦးစီတွင် လူငယ်တစ်ယောက်စီ ခေါ်ဆောင်ထားကြသည်။

အန္တိမသူတော်စင် ဆယ်ဦးရှိပြီး လူငယ်ဆယ်ဦး ရှိပေသည်။

ဤလူငယ်အားလုံးက သက်ဆိုင်ရာဂိုဏ်းများ၏ အထူးချွန်ဆုံး ပါရမီရှင်များဖြစ်မည်မှာ သေချာသည်။ သူတို့ကို ဖယ်ထုတ်နိုင်မှ အနာဂတ်အတွက် မျှော်လင့်ချက်များ ရှိလာလိမ့်မည်။

"မင်းတို့မလွတ်နိုင်ဘူး။ အညံ့ခံကြစမ်း"

ထိုစဉ်၊ အနောက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြီးအကဲဖြစ်သော ဆံဖြူအဘိုးအို ဖြစ်တော့သည်။

All Chapters