← Chapters

အခန်း ၁၇၃၅

Vol. 116 Ch. 1735

အခန်း ၁၇၃၅

Vol. 116 Ch. 1735

အပိုင်း ( 1735 ) ဧကရာဇ်တစ်ပိုင်း အဆင့်။

ဆံဖြူအဘိုးအို၏ အရှိန်က ကြောက်ခမန်းလိလိ ဖြစ်သည်။ သူသည် အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းနေပြီး ခဏချင်း နီးကပ်လာ၏။

မြစ်ကြီးတစ်စင်းကလည်း သူ့ကို ဝန်းရံထားကာ နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။

"နိယာမက မြစ်တစ်စင်းဖြစ်နေပြီ။ ဒီလူက နိယာမတစ်ခုလုံးကို အပြည့်အဝ ဆုပ်ကိုင်ထားပြီပဲ"

တိမ်နဂါးတောင်ကြားသခင်က အော်လိုက်သည်။ သူ့မျက်နှာက မည်းမှောင်သွား၏။

အခြားသူများမှာလည်း ထိုနည်းတူစွာပင်။

ဆံဖြူအဘိုးအို၏ ပတ်ဝန်းကျင်ရှိ မြစ်ကြီးက မြစ်အစစ်မဟုတ်ဘဲ နိယာမများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းက နိယာမမြစ်ကြီးပင်။

သူတော်စင်နယ်ပယ်တွင် နိယာမများကို နားလည်ဆင်ခြင်ရသည်။ သာမန်လူများက သူတော်စင်နယ်ပယ်တွင် နိယာမတစ်မျိုးတည်းကိုသာ နားလည်နိုင်ကြ၏။

နောက်ဆုံးတွင် နိယာမတစ်ခုကို အပြည့်အဝ ဆုပ်ကိုင်နိုင်သည်အထိ နားလည်ကြရသည်။

သို့သော်လည်း၊ နိယာမတစ်ခုလုံးကို အပြည့်အဝ နားလည်ရန်မှာ ခက်ခဲလွန်းလှသည်။ ကောင်းကင်ကို တက်ရသည်ထက် ပိုခက်ခဲသေးသည်။

လူတစ်ဦးက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်နိုင်ခဲ့လျှင်ပင် နိယာမတစ်ခုလုံးကို အပြည့်အဝ နားလည်နိုင်ဦးမည် မဟုတ်ပါ။

နိယာမတစ်ခုကို အပြည့်အဝ ဆုပ်ကိုင်နိုင်လျှင်တော့ သူတော်စင်နယ်ပယ်ကို ကျော်လွန်ပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ ခြေလှမ်းတစ်ဝက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤအဆင့်ကို ဧကရာဇ်တစ်ပိုင်းဟု ခေါ်ဆိုပေသည်။

ဤဆံဖြူအဘိုးအိုက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော် ဖြစ်သည်။

ဧကရာဇ်တစ်ပိုင်းက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ထက် များစွာ ပိုအားကောင်း၏။

လူတိုင်းက အံကိုတင်းတင်းကြိတ်ပြီး အရှိန်အဟုန်မြှင့်ကာ အစွမ်းကုန် ရှေ့သို့ ပျံသန်းကြတော့သည်။

"ဝှစ်... ဝှစ်..."

လူတိုင်းက အလင်းတန်းများ ကောင်းကင်ယံကို ဖြတ်ကျော်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ထောင်သောင်းချီ အကွာအဝေးကို ပျံသန်းသွား၏။

သို့သော်လည်း ထိုအချိန်တွင် ဆံဖြူအဘိုးအိုက သူတို့နှင့် ပို၍နီးကပ်လာတော့သည်။

"သတ်"

ဆံပင်ဖြူ အဘိုးအိုက အော်ဟစ်လိုက်သည်။ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ နိယာမြစ်ကြီးက တောင်တစ်လုံးတမျှ ကြီးမားသော လက်ဖဝါးကြီးအဖြစ်သို့ ပြောင်းလဲသွား၏။ ကောင်းကင်ပြိုကျသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် လုမင်တို့အပေါ် ကျဆင်းလာတော့သည်။

"ပူးပေါင်းရင်ဆိုင်ကြစို့"

တိမ်နဂါးတောင်ကြားသခင်နှင့် တခြားသူများက အော်ဟစ်လိုက်ကြသည်။ လုမင်နှင့် အခြားလူငယ်များကို သူတို့နောက်တွင် ထားလိုက်သည်။ အန္တိမသူတော်စင် ဆယ်ယောက်က ပူးပေါင်းပြီး ၎င်းတို့၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုဆယ်ခုက ပေါင်းစည်းကာ ဧရာမလက်ဖဝါးဆီသို့ ကျရောက်သွားတော့သည်။

"ဝုန်း"

မိုးပြိုခမန်း ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသော အန္တိမသူတော်စင်များက လက်ဖဝါးကြီးကို ပိတ်ဆို့ထားနိုင်ခဲ့၏။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များက တုန်ခါသွားသည်။ သူတို့၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ‌ နောက်သို့ ဆုတ်သွားရတော့သည်။

လှုပ်ရှားမှုတစ်ခုတည်းက အန္တိမသူတော်စင် ဆယ်ဦးကို ဒဏ်ရာရစေရန် လုံလောက်သည်။ ဤစွမ်းအားက ကြောက်စရာကောင်းလွန်းလှပေသည်။

"ငါ မင်းတို့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်။ အညံ့ခံပါ၊ ငါ့ရဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းက မင်းတို့ကိုမသတ်ဘူး"

ဆံပင်ဖြူ အဘိုးအိုက အေးစက်စက် ပြောလိုက်သည်။

အားလုံး မျက်နှာမကောင်းကြတော့ပေ။ ထို့ပြင် သူတို့ကို ပို၍ စိတ်ပျက်အားငယ်စေအောင် နောက်မှ လိုက်လာသူများကလည်း နီးလာပြီ ဖြစ်သည်။ အခြား အန္တိမသူတော်စင်များ ရောက်လာကြတော့မည်။

"သူ့ကို ကျုပ်လက်ထဲအပ်လိုက်"

လုမင်က ဆမ်ဆာရာလှံပုဆိန်ကို ကိုင်ဆောင်ပြီး ရှေ့သို့လျှောက်သွားသည်။ သူက လှံပုဆိန်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ထို့နောက်မှာတော့ လှံပုဆိန်ဖြင့် ဆံဖြူအဘိုးကြီးကို ခုတ်ချလိုက်တော့သည်။

ဤတစ်ကြိမ်တွင်၊ လုမင်က ဆမ်ဆာရာလှံပုဆိန်၌ ကျန်ရှိသော စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်သည်။ စွမ်းအင်တစ်စွန်းတစ်စမျှ မကျန်တော့ပေ။

ဆမ်ဆာရာလှံဆိန်မှ ကြောက်မက်ဖွယ်စွမ်းအားက ဆံဖြူအဘိုးအို၏ အမူအရာကို ပြောင်းလဲသွားစေသည်။

"ခုတ်"

ဆံဖြူအဘိုးအိုက ဟိန်းဟောက်လိုက်သည်။ နိယာမမြစ်ကြီးက ဧရာမဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။ လုမင်ဆီသို့ ခုတ်ပိုင်းလိုက်တော့သည်။

"ဝုန်း"

ဓားနှင့် လှံပုဆိန်က လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက အရပ်ရပ်သို့ ဖြာထွက်လာပြီး ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

"ချိုးဖြတ်လော့"

လုမင်က ဟိန်းဟောက်လိုက်သည်။ သူ့ဆံပင်များက လေထဲတွင် လွင့်ပျံလာ၏။ ဤအခိုက်တွင် သူက ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားကဲ့သို့ပင်။ ဆံဆာရာလှံပုဆိန်က အနက်ရောင်အလင်းများ ဖြာထွက်လာပြီး ပြိုင်ဘက်ကို ဖြည်းညှင်းစွာ ဖိအားပေးလာခဲ့သည်။

"ဝုန်း"

အဆုံးတွင် ပြိုင်ဘက်၏ ဓားအလင်းက ပေါက်ကွဲသွားခဲ့သည်။ ဆမ်ဆာရာလှံပုဆိန်၏ ကြောက်စရာကောင်းသော စွမ်းအားက ဆံပင်ဖြူအဘိုးအိုအား လုံးလုံးလျားလျား ထိမှန်သွား၏။ ဆံဖြူအဘိုးအိုမှာ နာကျင်စွာအော်ဟစ်ရင်း မိုင်ပေါင်းရာချီ လွင့်စဉ်သွားတော့သည်။ သူ့ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး သူ၏ အရှိန်အဝါကလည်း အလွန်အားနည်းသွားသည်။

သို့သော်၊ ဆံပင်ဖြူအဘိုးအိုက အသက်ရှင်နေသေးသည်။

လုမင် သက်ပြင်းချလိုက်သည်။ ပြိုင်ဘက်မှာ အားကောင်းလွန်း၏။ သူက ဧကရာဇ်တစ်ပိုင်း အကျော်အမော် ဖြစ်ထိုက်သည်။

ဟုတ်ပေသည်၊ ဆမ်ဆာရာလှံပုဆိန်၏ မူလစွမ်းအင်ကြိုးကို အပြည့်အဝ ထုတ်ဖော်ခဲ့မည်ဆိုလျှင် ဧကရာဇ်တစ်ပိုင်းကိုပင် သတ်နိုင်သည်။ ကံမကောင်းစွာဖြင့်၊ လုမင်သည် နောက်ဆုံးစွမ်းအင်ကြိုးမှ စွမ်းအင်တချို့ဖြင့် ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါးကို သတ်ခဲ့သည်။ ရလဒ်အနေဖြင့်၊ ဆံဖြူအဘိုးကြီးကိုသတ်ရန် စွမ်းအင် မလုံလောက်တော့ပေ။ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရုံမျှသာ ဖြစ်ခဲ့သည်။

ထိုစဉ်က ဆမ်ဆာရာဧကရာဇ်သည် ဆမ်ဆာရာလှံပုဆိန်ထဲမှ စွမ်းအင်ကြိုးကို အပြည့်အဝ ထုတ်လွှတ်ခဲ့သည်ရှိသော် ဧကရာဇ်အဆင့်အောက်မှ မည်သူ့ကိုမဆို သတ်နိုင်သည်ဟု ဆိုခဲ့သည်။ ဧကရာဇ်တစ်ပိုင်းပင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ယင်းက စွမ်းအင်ကြိုးကို အပြည့်အဝ ထုတ်လွှတ်မှသာ ဖြစ်သည်။

"အကြီးအကဲ..."

ထိုအချိန်တွင် တိမိသားစုမှ ကျွမ်းကျင်သူများ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် အခြား ကျွမ်းကျင်သူများ ရောက်လာခဲ့ကြသည်။ သူတို့အားလုံး အလွန်တုန်လှုပ်သွားကြ၏။

လုမင် ကိုင်ဆောင်ထားတာက မည်သို့သောလက်နက်ဖြစ်သနည်း။ ကြောက်စရာကောင်းလွန်းသည်။ ၎င်းက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သေးသည်။ ယခင်ကလည်း ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်ကို သတ်ခဲ့ဖူးသည်။ ယင်းက သူတို့ကို အလွန်တုန်လှုပ်စေကာ ရှေ့ကို ဆက်မတိုးဝံ့တော့ပေ။

"သွားကြစို့"

ဤအခိုက်အတန့်တွင် တိမ်နဂါးတောင်ကြားသခင်က သူ၏ သူတော်စင်စွမ်းအားဖြင့် လုမင်ကို ရစ်ပတ်လိုက်သည်။ သူတို့၏အဖွဲ့က ရှေ့သို့ ဆက်လက် ပျံသန်းသွား၏။

"သူတို့ကို မလွတ်စေနဲ့"

ဆံပင်ဖြူ အဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ့ဒဏ်ရာများကို ကုသလိုက်တော့သည်။

"လိုက်ကြ"

တိမိသားစုမှ ကျွမ်းကျင်သူများနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်တို့လည်း လုမင်တို့ကို ဆက်လက် လိုက်ကြပြန်သည်။ မကြာမီ၊ နောက်ထပ် မိုင်ပေါင်းသောင်းချီကာ ဖြတ်သန်းခဲ့ကြသည်။ တိမ်နဂါးတောင်ကြားသခင်နှင့် တခြားသူများက လူတစ်ယောက်စီကို သယ်ဆောင်သွားကြသောကြောင့် ထင်သလောက်မမြန်ဆန်နိုင်ပေ။ နှစ်ဖက်ကြားရှိ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာသည်။

သို့သော်လည်း လုမင်၏ လှံပုဆိန်ကို ကြောက်ရွံ့နေသောကြောင့် အလောတကြီး တိုက်ခိုက်ရန် မဝံ့မရဲဖြစ်နေသည်။

"မင်းတို့ အရင်တိုက်ခိုက်ကြစမ်း"

တိမိသားစုမှ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါးက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် အခြားသူများကို ကြည့်လိုက်သည်။

"ကျုပ်တို့က ဘာဖြစ်လို့ အရင်တိုက်ခိုက်ရမှာလဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

"မင်း မတိုက်ခိုက်ရင် အခုပဲသေရမယ်"

တိမိသားစုမှ အကျော်အမော်က အေးစက်စက် ပြောလိုက်၏။

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ မျက်နှာက မည်းမှောင်သွားသည်။ သို့သော်၊ သူတို့ကို မိစ္ဆာဝိညာဉ်ဂိုဏ်းက ထိန်းချုပ်ထားသောကြောင့် အမိန့်ကိုနာခံရမှတပါး အခြား ရွေးချယ်စရာမရှိတော့ပေ။ မဟုတ်လျှင်၊ တစ်ဖက်လူများက သူတို့ကို အတွေးတစ်ခုဖြင့် သတ်နိုင်သည်။

"ယွင်လောရှ... လုမင်၊ မင်းတို့ အညံ့ခံရင် ပိုကောင်းမယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းက ပစ်မှတ်ထားပြီးပြီဆိုရင် မင်းတို့ မလွတ်မြောက်နိုင်ဘူး"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က ပြောလိုက်သည်။

"ငါတို့မလွတ်မြောက်နိုင်ရင်တောင် ထိုးဖောက်သွားရမှာပဲ"

နိမ်နဂါးတောင်ကြားသခင်က ပြောလိုက်၏။

"ခေါင်းမာနေတယ်၊ သတ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ မျက်နှာက သုန်မှုန်သွားသည်။ သူက သူတော်စင်လက်နက် ဓားတစ်လက်ကို ထုတ်ယူပြီး အဝေးမှ လှမ်းခုတ်လိုက်၏။

တိမ်နဂါးတောင်ကြားသခင်က သူ၏ဓားဖြင့် ခုတ်ပိုင်းကာ

သူတော်စင်လက်နက် ဓားကို လွင့်စဉ်စေခဲ့သည်။

ထို့နောက်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် အခြား အန္တိမသူတော်စင်များကလည်း တိုက်ခိုက်ခဲ့ကြသည်။ သူတို့က ကိုယ်ပိုင် သူတော်စင်လက်နက်များကို ထုတ်ယူပြီး လုမင်နှင့် အခြားသူများကို တိုက်ခိုက်ခဲ့၏။

သို့သော်လည်း လုမင်၏ လှံပုဆိန်ကို ကြောက်ရွံ့သောကြောင့် နီးနီးကပ်ကပ်တော့ မတိုက်ခိုက်ဝံ့ပေ။

"သူတို့က မီးစာကုန်ဆီခန်းခါနီးနေပြီ။ အစွမ်းကုန်တိုက်ခိုက်ကြ"

တိမိသားစုမှ ကျွမ်းကျင်သူက အေးစက်စက် အော်လိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် အခြားသူများလည်း ရုတ်တရက် အင်အားမြှင့်လာကြ၏။ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ လက်ထဲတွင် လှံတစ်ချောင်းပေါ်လာကာ လုမင်နှင့် အခြားလူများဆီသို့ ထိုးသွင်းလိုက်တော့သည်။

"ထွက်သွား"

တိမ်နဂါးတောင်ကြားသခင်က သူ၏ဓားဖြင့် ခုတ်ပိုင်းပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ကို‌ နောက်ဆုတ်သွားစေခဲ့သည်။

"ဝုန်း"

ထိုစဉ်၊ တိမိသားစုမှ အကျော်အမော်တစ်ဦးက ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက သူတို့လူစုဆီသို့ ကျရောက်လာ၏။ လုမင်တို့လူစုလည်း ပူးပေါင်းကာ ဓားအလင်းကို တားဆီးရန်ကြိုးစားရတော့သည်။

"ဒီကောင်လေးရဲ့ လှံပုဆိန်မှာ ကန့်သတ်ချက်တချို့ ရှိရမယ်။ အခု သူ မသုံးနိုင်တော့ဘူး"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က ရုတ်တရက် အော်လိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် လုမင်က ရဲတင်းပြီး အတားအဆီးမဲ့ခဲ့သည်ကို သူသတိရမိသည်။ ထိုစဉ်က သူသည် အန္တိမသူတော်စင်နှင့် မဟာသူတော်စင် အများအပြားကို ဆက်တိုက်သတ်ပစ်ခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင်၊ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် အခြားသူများ ထွက်သွားခြင်းကို ရပ်ကြည့်နေခဲ့သည်။

လုမင်က လှံပုဆိန်ကို အကန့်အသတ်မရှိ အသုံးပြုနိုင်ခဲ့လျှင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် အခြားသူများကို အဘယ်ကြောင့် မသတ်ခဲ့သနည်း။

ယခုလေးတင် ဧကရာဇ်တစ်ပိုင်း အကျော်အမော်ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ခြင်းက အစွမ်းကုန် ဖြစ်နိုင်သည်။

ထို့ပြင်၊ ယခု သူသည် ၎င်းတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အသုံးမပြုခဲ့ပေ။ လှံပုဆိန်က အစွမ်းထက်သော်လည်း အသုံးပြုနိုင်စွမ်းက အကန့်အသတ်ရှိကြောင်း ထင်ရှားသည်။

လုမင်၏ အမူအရာက ပြောင်းလဲသွားသည်။ တစ်ဖက်လူများက သူ့အခြေအနေကို မြင်သွားကြပုံပင်။

တိမိသားစုမှ ကျွမ်းကျင်သူ၏ မျက်လုံးများက တောက်ပလာသည်။ သူက အသံဝါကြီးဖြင့် အော်ဟစ်လိုက်၏။

"အားလုံး အတူတူ တိုက်ခိုက်ကြ"

ချက်ချင်းဆိုသလိုပင်၊ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်နှစ်ဦးနှင့် အခြား အန္တိမသူတော်စင် ဆယ်ဦးကျော်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများက လုမင်နှင့် အခြားသူများဆီသို့ ဖြတ်သန်းလာတော့သည်။

All Chapters