← Chapters

အခန်း ၁၇၃၇

Vol. 116 Ch. 1737

အခန်း ၁၇၃၇

Vol. 116 Ch. 1737

အပိုင်း ( 1737 ) ပူဖောင်းလေး၏ အသွင်ပြောင်းခြင်း။

"ဆရာ..."

လုမင်က သူ့လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

ဤအရာသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ကို သူသိသော်လည်း၊ သူတစ်ယောက်တည်း ကိုယ်လွတ်ရုန်းပြေးပြီး ရန်သူများကို ရင်ဆိုင်ရန် တိမ်နဂါးတောင်ကြားသခင်ကို တစ်ဦးတည်း မထားခဲ့နိုင်ပေ။

သူသည် နဂါးနတ်ဘုရားတောင်ကြားသို့ ဝင်ရောက်ပြီး တိမ်နဂါးတောင်ကြားသခင်၏ တပည့်ဖြစ်လာပြီးကတည်းက၊ တိမ်နဂါးတောင်ကြားသခင်သည် သူ့ကို များစွာကူညီပေးခဲ့သည်။

တိမ်နဂါးတောင်ကြားရှေ့တွင် ရင်ကျန်းက သူ့ကို ဖိအားပေးသောအခါ၊ တိမ်နဂါးတောင်ကြားသခင်က ရင်ကျန်းအား နောက်ပြန်ဆုတ်သွားစေခဲ့သည်။

သူသည် တတိယသွေးမျိုးဆက်၏ စွမ်းအားကို အလွန်အကျွံ အသုံးပြုခဲ့သောကြောင့် သတ်ဖြတ်ခြင်းတစ်ခုသာသိသော ရုပ်သေးရုပ်ကဲ့သို့ ဖြစ်လာစဉ်မှာလည်း တိမ်နဂါးတောင်ကြားသခင်က အချိန်မီရောက်လာပြီး အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်တို့ကို ဖျောက်ဖျက်ရန် နှစ်ဝက်ကြာ ရေခဲထဲတွင် ချိတ်ပိတ်ခဲ့၏။

နောက်ထပ်လည်း အများကြီးရှိသေးသည်။

တိမ်နဂါးတောင်ကြားသခင်မရှိလျှင် ယနေ့ လုမင်လည်း မရှိလာဘူးဟု ဆိုနိုင်သည်။

ယခုမူ၊ လုမင်က ထိုသို့သော ရွေးချယ်မှုကို ပြုလုပ်ရတော့မည်။ လုမင် မလုပ်နိုင်ပေ။

'မင်အာ၊ မမိုက်မဲစမ်းနဲ့။ မင်းရဲ့ ဆရာတူအစ်ကိုတွေနဲ့ နဂါးနတ်ဘုရားတောင်ကြားက အခြားသူတွေက မင်းရဲ့အကူအညီကို လိုအပ်တယ်။ ငါ့အတွက်ကလည်း စိတ်ပူမနေနဲ့။ ခဏနေလို့ ငါ မခုခံနိုင်တော့ရင် အညံ့ခံပြီး မင်း ပြန်လာပြီးကယ်တင်မဲ့အချိန်ကို စောင့်နေမယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းက ပြန်လည်နိုးထနိုင်ဖို့ ကြိုးစားနေတာကြောင့် လူအင်အားတွေ လိုအပ်နေတယ်။ ဒါကြောင့် သူတို့က ငါ့ကိုသတ်မှာ မဟုတ်ဘူး'

တိမ်နဂါးတောင်ကြားသခင်က ဆက်ပြောလိုက်သည်။

'နောက်ပြီးတော့ မင်း လွတ်မြောက်သွားတဲ့အခါ အကူအညီတောင်းဖို့ ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို သွားပါ။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေကသာ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်'

'ငါတို့အားလုံး အဖမ်းခံလိုက်ရရင် ငါတို့ လုံးဝ မျှော်လင့်ချက်မရှိတော့ဘူး။ သွားတော့'

တိမ်နဂါးတောင်ကြားသခင်က နောက်ဆုံးအကြိမ် ပြောလိုက်သည်။

"ဆရာ ဂရုစိုက်ပါ"

လုမင် ပြောလိုက်၏။ သူက လေမိုးကြိုးခြေလှမ်းဖြင့် ရှေ့သို့ ပြေးထွက်သွားတော့သည်။

လုမင်ကလည်း ပြတ်သားသူတစ်ဦး ဖြစ်သည်။ စိတ်ထဲမှ ရုန်းကန်နေပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်၏။

တိမ်နဂါးတောင်ကြားသခင်က နောက်သို့ပြန်လှည့်ပြီး သူ့ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ တိမိသားစုမှ အကျော်အမော်ကို စိုက်ကြည့်လိုက်၏။ သူ၏ အဖြူရောင်ဝတ်စုံနှင့် ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေတော့သည်။

"ဂါး...၊ ရွှပ်"

နဂါးဟိန်းဟောက်သံနှင့်အတူ ဓားအလင်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသည်။

အဝေးတွင်၊ လုမင်က လှည့်ကြည့်လိုက်သောအခါ ကြောက်စရာကောင်းသော ဓားစွမ်းအင်နှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားကြောင်း တွေ့လိုက်ရ၏။

လက်သီးကို တင်းတင်းဆုပ်ရင်း လုမင်၏ နှလုံးသားထဲတွင် တုန်လှုပ်သွားခဲ့သည်။ လက်သီးကို တင်းတင်းဆုပ်လွန်းသဖြင့် လက်သည်းများက သူ့လက်ဝါးကို ထိုးဖောက်ကာ သွေးများပင် စီးကျလာတော့သည်။

လုမင်၏ မျက်လုံးများက နီရဲနေကာ သူ့နှလုံးသားထဲမှ ဟိန်းဟောက်လိုက်သည်။

'ဆရာ... ဆရာ ဘာမှမဖြစ်ရဘူးနော်။ တစ်နေ့ကျရင် ဆရာ့ကို ကယ်တင်ဖို့အတွက် ကျွန်တော် ပြန်လာမယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမိသားစုကို ကျုပ်လက်နဲ့ ကိုယ်တိုင်ဖျက်ဆီးပစ်မယ်'

အဝေးတွင် ဓားစွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွားပြီး အဆက်မပြတ် တိုက်ခိုက်နေဆဲပင်။ တိုက်ပွဲက အလွန်ပြင်းထန်သည်။

လုမင်က အံကြိတ်ပြီး သူ့အရှိန်ကို အကန့်အသတ်သို့ တွန်းပို့လိုက်သ်ည်။ အလင်းတန်းတစ်ခုကဲ့သို့၊ သူက အဆုံးမဲ့ တောင်များဆီသို့ ပြေးသွား၏။

တောင်ပေါ်သို့ ပြေးသွားပြီးနောက်၊ လုမင်က ကစဉ့်ကလျားနိယာမကို မြေနိယာမအဖြစ်သို့ ပြောင်းလဲကာ ဆင်းသက်သွားသည်။ ထို့နောက်မှာတော့ လုမင်က မြေကြီးထဲသို့ တိုက်ရိုက်နစ်မြုပ်သွားကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။

လုမင်၏ ပတ်ဝန်းကျင်တွင် မြေနိယာမက လှည့်ပတ်နေပြီး အံ့မခန်း အမြန်နှုန်းဖြင့် မြေအောက်ကို ဆင်းသက်သွားသည်။

ထို့ပြင်၊ လုမင်က ပန်တုန်အရှိန်အဝါပညာရပ်ဖြင့် သူ၏အရှိန်အဝါကို အစွမ်းကုန် ထိန်းချုပ်ထားကာ အနည်းငယ်မျှ မပေါက်ကြားစေခဲ့ပေ။

ထိုကဲ့သို့ပင် လုမင်က မြေအောက်သို့ နှစ်ရက်နှင့် နှစ်ည ခရီးဆက်ခဲ့သည်။ မည်မျှအထိ ဝေးကွာခဲ့ပြီမှန်းပင် မသိရတော့ပေ။

ထိုအချိန်တွင် လုမင် ရပ်တန့်သွားသည်။ အတွေးတစ်ခုဖြင့် သူက တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့၏။

တောင်နှင့်မြစ် ပန်းချီကားက မြေအောက် နက်ရှိုင်းသောအရပ်တွင် ကျန်ရစ်ခဲ့သည်။

တောင်နှင့်မြစ် ပန်းချီကားအတွင်း၌ လုမင်က ကျောက်ကြမ်းများကို ထုတ်ယူပြီး ဝါးမျိုကာ သန့်စင်လိုက်လေသည်။ မကြာမီ၊ လုမင်၏ သူတော်စင်စွမ်းအင်က အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။

"ဆရာ ဘယ်လိုနေလဲမသိဘူး။ သူ အသက်အန္တရာယ်ကင်းဖို့တော့ မျှော်လင့်ပါတယ်"

"ပြီးတော့ နျန်ချင်း၊ သူနဲ့ ရေခဲနဂါးဘိုးဘေးတို့ လွတ်မြောက်သွားပြီလား"

လုမင်၏ မျက်လုံးများက စိုးရိမ်ပူပန်မှုတို့ ပြည့်နေခဲ့သည်။

ခွန်အား၊ ထိုအချိန်တွင် သူက ခွန်အားကို တောင့်တလာသည်။

လုမင်၏ ကျင့်ကြံမှုအရှိန်က အလွန်မြန်သည်။ ယွမ်လုမှာပင် သူ၏ ကျင့်ကြံမှုက အလွန်မြန်နေသေးသည်။

ယွမ်လုသို့ သူ ရောက်လာခဲ့သည်မှာ ငါးနှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။

ယွမ်လုကို ရောက်လာစဉ်က သူ၏ ကျင့်ကြံမှုမှာ အဓိပဓိအဆင့်ဖြစ်ပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ပင် မရောက်သေးပေ။ သို့ရာတွင်၊ ယခုအခါမှာတော့ သူတော်စင်နယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။

ငါးနှစ်ကျော်အတွင်း၌ ဤမျှမြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းမှာ တုန်လှုပ်စရာပင်။

သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိပြီးနောက် သက်တမ်းများ အလွန်ရှည်လျားလာကြသည်။ လူများစွာက တစ်ကြိမ် တံခါးပိတ်လေ့ကျင့်ရာတွင် ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်များပင် ကုန်လွန်သွားတတ်၏။

ငါးနှစ်၊ ခြောက်နှစ်အတွင်း၌ လူများစွာသည် ကျင့်ကြံမှု အဆင့်သေးတစ်ခုကိုပင် ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လုမင်၏ ကျင့်ကြံမှုအရှိန်က အလွန်မြန်နေပြီဟု ဆိုနိုင်သည်။ ထိပ်သီး ပါရမီရှင်တချို့ထက် မနိမ့်ကျတော့ပေ။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းကလည်း ကြောက်စရာကောင်းလွန်းသည်။ တောက်ပသော သူတော်စင်နယ်ပယ် ကနဦးအဆင့် ကျင့်ကြံမှုဖြင့်၊ အစွမ်းကုန် ထုတ်ဖော်ပါက သာမန် မဟာသူတော်စင်များကိုပင် သတ်နိုင်နေပြီ။ ရှေးခေတ်ကတည်းက စန်းပြည်နယ်တွင် ဤအခြေအနေမျိုး မရှိခဲ့ဖူးပေ။

ထိုကဲ့သို့သော တိုက်ခိုက်မှုစွမ်းရည်က သဘာဝအတိုင်း မြင့်မားပြီး စန်းပြည်နယ်ရှိ မျိုးဆက်သစ်လူငယ်များကြားတွင် ပြိုင်ဘက်ကင်းနိုင်သည်။ သို့သော်လည်း ဧကရာဇ်အဆင့် အင်အားစုတစ်ခုကဲ့သို့ ဘီလူးကြီးများနှင့် ရင်ဆိုင်ရချိန်မှာတော့ သူက အလွန်အားနည်းနေပုံရသေးသည်။

ဧကရာဇ်အဆင့် အင်အားစု၏ ဧကရာဇ်ကြီးကို မဆိုထားဘိ။

လုမင်သည် ဧကရာဇ်တစ်ပိုင်း သို့မဟုတ် သူ့အောက်ရှိ အန္တိမသူတော်စင်များကိုပင် မယှဉ်နိုင်သေးပါ။

သူဆက်ပြီး တိုးတက်နေရမည်။

အကယ်၍ ယခုအချိန်တွင် သူသည် သိုင်းဧကရာဇ်နယ်ပယ် ကျင့်ကြံမှုရှိပါက၊ တိမိသားစုသို့ တိုက်ရိုက်သွားရောက်ပြီး တိမိသားစုနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်းကိုပင် ဖျက်ဆီးပစ်နိုင်သည်။

"ဆရာ၊ ကျွန်တော်ကို စောင့်နေပါ။ ကျွန်တော် ရှေးဟောင်းလ မြင့်မြတ်နယ်မြေကိုသွားပြီး အကူအညီယူမယ်။ အကူအညီ မရှိရင်တောင် ဆရာကို သေချာပေါက် ကယ်တင်မယ်"

လုမင်၏ မျက်လုံးများက ခိုင်မာသော ဆုံးဖြတ်ချက် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက်တွင်၊ သူက တောင်ကြားတစ်ခုတွင် ပြန်ပေါ်လာ၏။

တောင်ကြားထဲတွင် အဖြူရောင်အလင်း ပိုးအိမ်တစ်ခု ရှိနေသည်။ ပိုးအိမ်ထဲတွင် ပူဖောင်းလေးရှိနေ၏။

လုမင်လည်း တစ်ချက်သာကြည့်ပြီး ထိုနေရာမှ ထွက်ခဲ့သည်။ သူက ရှေးဟောင်းဉာဏ်အလင်း သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်လိုက်လေသည်။

'ငါ အပြင်ထွက်လို့ မဖြစ်သေးဘူး။ အခုချိန်မှာ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမိသားစုက ငါ့ကို မြေလှန်ရှာနေလောက်တယ်။ ခဏလောက်နေပြီးမှပဲ အပြင်ထွက်တော့မယ်'

လုမင်က သူ့စိတ်ထဲမှ‌ တွေးလိုက်သည်။

ထို့နောက်တွင် လုမင်က မျက်လုံးကိုမှိတ်ပြီး ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို နားလည်ဆင်ခြင်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်း လဝက် ကြာသွားသည်။

ထိုအချိန်တွင်၊ အဝေးမှ အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားပြီး လုမင်၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"ပူဖောင်းလေး"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ထိုတောင်ကြားတွင် ပေါ်လာခဲ့၏။

ထိုအခိုက်တွင်၊ ပူ‌ဖောင်းလေးကို လွှမ်းခြုံထားသော ပိုးအိမ်က တုနှိုင်းမရအောင် တောက်ပနေပြီ။ ခဏအကြာတွင် အလင်းရောင်များ ပျောက်ကွယ်သွားသည်။ လုမင်လည်း အလင်းရောင်များထဲမှ လူရိပ်လေးတစ်ခုကို မြင်လိုက်ရတော့သည်။

ဟုတ်သည်၊ ယင်းက အမှန်တကယ်ပင် လူရိပ်တစ်ခု ဖြစ်၏။

"ပူဖောင်းလေးက လူအသွင်ပြောင်းလိုက်တာများ ဖြစ်နိုင်မလား"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

အလင်းရောင်များ လုံးဝ ပျောက်ကွယ်သွားသောအခါ လုမင်၏ရှေ့တွင် ကလေးမလေးတစ်ယောက် ပေါ်လာတော့သည်။

နှစ်နှစ်၊ သုံးနှစ်အရွယ်ခန့်သာရှိသော ကလေးမလေးတစ်ယောက် ဖြစ်သည်။ သူမ၏ ဆံပင်များကို ဖြည်ချထားပြီး မည်သည့်အဝတ်အစားမှ ဝတ်ဆင်မထားပေ။ သူမက မျက်လုံးဝိုင်းဝိုင်းလေးဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသားအရေကလည်း ဝင်းလက်နေသည်။ သူမက ဝဝကစ်ကစ်လေးဖြင့် ချစ်စရာကောင်းလေသည်။

"ဒါက ပူဖောင်းလေးလား၊ သူက တကယ်ကို မိန်းကလေးတစ်ယောက်ပဲ"

လုမင် အံ့ဩသွားသည်။

"လု... အစ်ကိုကြီးလုမင်၊ တွိ...တွိ"

ကောင်မလေးက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လုမင်ကို တွေ့လိုက်ရသောအခါ ကလေးတစ်ယောက်ကဲ့သို့ အသံသေးသေးလေးဖြင့် အော်လိုက်၏။ သူမက လုမင်၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားကာ လူးလှိမ့်လိုက်လေသည်။

"ပူဖောင်းလေး၊ မင်း အသွင်ပြောင်းနိုင်ပြီလား"

လုမင်က မေးလိုက်သည်။

သာမန် နတ်ဆိုးသားရဲများက ဝိညာဉ်ပင်လယ်နယ်ပယ်တွင် အသွင်ပြောင်းနိုင်သည်။

သို့သော်လည်း နတ်သားရဲများက သိုင်းအုပ်ချုပ်သူနယ်ပယ်တွင်သာ အသွင်ပြောင်းနိုင်သည်။

သွေးမျိုးဆက်က ပိုအားကောင်းလေလေ၊ အသွင်ပြောင်းရန် ခက်ခဲလေပင်။

ပူဖောင်းလေးက ထိပ်တန်းစစ်သားရဲ ဆယ်ကောင်ထဲမှ တစ်ကောင်၏ မျိုးဆက်ဖြစ်၍ သူတော်စင်နယ်ပယ်မှသာ အသွင်ပြောင်းနိုင်ခဲ့သည်။

"ဟုတ်... ဟုတ်ကဲ့၊ တွိ..."

ပူဖောင်းလေးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ သို့သော်လည်း သူမက လူသားဘာသာစကားကို ကျွမ်းကျင်စွာ မပြောနိုင်သေးဘဲ အဆုံးတွင် ယခင်အတိုင်း အသံလေး ထွက်ပေါ်နေသေးသည်။ သူမက တကယ်ကို ချစ်စရာကောင်းလှသည်။

"ဟားဟားဟား၊ ပူဖောင်းလေး... မင်း အဝတ်ဝတ်လိုက်ဦး"

လုမင်လည်း အနည်းငယ် စိတ်လက်ပေါ့ပါးလာပြီး ရယ်မောလိုက်သည်။

"ဟုတ်ကဲ့ အစ်ကိုကြီးလုမင်... တွိ"

ပူဖောင်းလေး၏ ခန္ဓာကိုယ်ကို တောက်ပသော အလင်းရောင်က လွှမ်းခြုံသွားသည်။ သူမက သူတော်စင်စွမ်းအင်ဖြင့် ဝတ်စုံသေးသေးလေးကို ယက်လုပ်လိုက်၏။ ထိုဝတ်စုံဖြင့် ပူဖောင်းလေးက ပို၍ပင် ချစ်စရာကောင်းလာတော့သည်။

"ပူဖောင်းလေး... အပြင်ထွက်ကြည့်ရအောင်"

လုမင်က ပြောလိုက်

ထို့နောက်တွင် ပူဖောင်းလေးက လုမင်၏ပခုံးပေါ်တွင် ထိုင်လိုက်၏။ လုမင်လည်း တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်လာပြီးနောက် သူ၏အရှိန်အဝါများကို ထိန်းချုပ်ကာ မြေပေါ်သို့ တက်လာတော့သည်။

ယခုဆိုလျှင် လဝက်ကျော်ကြာသွားပြီမို့ တစ်ဖက်လူများလည်း ထွက်သွားလောက်ပြီ ဖြစ်သည်။

All Chapters