← Chapters

အခန်း ၁၇၃၈

Vol. 116 Ch. 1738

အခန်း ၁၇၃၈

Vol. 116 Ch. 1738

အပိုင်း ( 1738 ) သတင်းစုံစမ်းခြင်း။

မြေပေါ်သို့ ရောက်လာပြီးနောက် ဤသည်မှာ ကျယ်ပြန့်သော တောင်တန်းတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ နတ်ဆိုးသားရဲများ၏ ဟိန်းဟောက်သံများကိုလည်း ရံဖန်ရံခါ ကြားရ၏။

"ဆရာ ဘယ်လိုနေမလဲ မသိဘူး။ နျန်ချင်းနဲ့ အခြားသူတွေကော..."

လုမင်၏ မျက်လုံးများက စိုးရိမ်ပူပန်မှုတို့ ပေါ်လာပြန်သည်။

"ပူဖောင်းလေး၊ မင်း တောင်နဲ့မြစ်ပန်းချီကားထဲကို အရင်ပြန်သွားလိုက်ဦး။ ငါ နဂါးနတ်ဘုရားတောင်ကြားကို ပြန်သွားချင်တယ်"

လုမင်က ပူဖောင်းလေးကို ပြောလိုက်သည်။

ပူဖောင်းလေးက ခေါင်းညိတ်ပြပြီး တောင်နှင့်မြစ်ပန်းချီကားထဲကို ပြန်ဝင်သွားလေသည်။

လုမင်၏ ခန္ဓာကိုယ်အချိုးအစားက ပြောင်းလဲလာသည်။ နောက်ဆုံးတွင်၊ သူက အသားမည်းမည်းဖြင့် လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ အသွင်အပြင်ကလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။

ထို့နောက်တွင် လုမင်က စန်းပြည်နယ်သို့ ဦးတည်သွားခဲ့သည်။

ဤအတိုင်း ထွက်ခွာသွားပါက သူ့စိတ်ထဲတွင် စိတ်မသက်မသာ ခံစားရလိမ့်မည်။

သူက တိမ်နဂါးတောင်ကြားသခင်၊ ရှဲ့နျန်ချင်း၊ ရှန်းရှန်း၊ ထျန်းချွေးနှင့် အခြားသူများ၏ အခြေအနေကို ဦးစွာ စုံစမ်းလိုသည်။ ထိုသို့မဟုတ်ဘဲ သူက ဤအတိုင်းထွက်သွားခဲ့သည်ရှိသော်၊ နောင်တွင် သူ၏ ကျင့်ကြံမှုအပေါ် သက်ရောက်မှုကြီးကြီးမားမားရှိစေမည့် အတွင်းနတ်ဆိုးပေါ်လာမည် ဖြစ်သည်။

လုမင်၏ လက်ရှိ ကျင့်ကြံမှုဖြင့်၊ မဟာသူတော်စင်တစ်ပါးနှင့် မတွေ့ဆုံသရွေ့ မည်သူမျှ သူ့ကို ထိုးဖောက်မြင်နိုင်မည် မဟုတ်ပေ။ သူက ၎င်းတို့ကို ရှောင်ကွင်းသွားရုံသာ ဖြစ်သည်။

လုမင်လည်း လေထဲသို့ ပျံတက်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေသည်။ လမ်းတစ်လျှောက်တွင် သူသည် မိစ္ဆာဝိညာဉ်ဂိုဏ်း သို့မဟုတ် တိမိသားစုမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။

မကြာမီ၊ လုမင်က တိမ်နဂါးတောင်ကြားသခင် ချန်ရစ်ခဲ့သာနေရာသို့ ရောက်လာခဲ့သည်။

ထိုနေရာတွင် ပတ်ဝန်းကျင်တစ်ခုလုံးက ရှုပ်ထွေးနေသည်။ မြေပြင်က မိုင်ထောင်ချီကာ ဖြတ်သန်းထားသော ဓားအမှတ်အသားများဖြင့် ပြည့်နေ၏။ တိုက်ပွဲက မည်မျှပြင်းထန်ခဲ့သလဲဆိုတာ မြင်နိုင်သည်။

လုမင်က တစ်နေရာတွင် သွေးများကိုပင် မြင်လိုက်ရပေသည်။

"ဆရာ အဆင်ပြေရဲ့လား"

လုမင်၏ စိတ်ထဲတွင် ပို၍ စိုးရိမ်လာခဲ့သည်။ ထို့နောက်တွင် သူ ထွက်သွား၏။ မကြာမီ၊ လုမင်က ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းအနီးသို့ ရောက်လာတော့သည်။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းတွင် အခြေအနေက အလွန်တည်ငြိမ်ပုံရသည်။ လူတချို့လည်း ဝင်ထွက်သွားလာနေကြ၏။ သို့သော်လည်း လုမင်သည် လူများကြားတွင် ရွှေရောင်ဝတ်စုံဝတ် လူရိပ်တချို့ကို မြင်လိုက်ရသည်။ သူတို့က တိမိသားစု၏ တပည့်များပင်။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းကို မိစ္ဆာဝိညာဉ်ဂိုဏ်းက ထိန်းချုပ်ထားပြီးသားဟု ထင်ရသည်။

လုမင်လည်း ထိုနေရာမှထွက်လာပြီး တောင်ဘက်သို့ ဦးတည်လိုက်လေသည်။

လမ်းတစ်လျှောက်တွင် သူက အင်အားကြီး ဂိုဏ်းများစွာကို ဖြတ်သန်းသွားရင်း လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့သည်။ ထိုအခါ၊ ဤဂိုဏ်းများသည်လည်း မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်ကြောင်း တွေ့ခဲ့ရပေသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်းက ၎င်းတို့၏အမိန့်ကို နာခံရန် လူများစွာကို တားမြစ်ချက်များဖြင့် ချမှတ်ထားသည်မှာ ထင်ရှားသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းက စန်းပြည်နယ်ရှိ အဓိကအင်အားစုအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားကြောင်း ထင်ရှားလှပေသည်။

ရက်အတော်ကြာပြီးနောက် လုမင်က နဂါးနတ်ဘုရားတောင်ကြားအနီးသို့ ရောက်လာခဲ့သည်။

သို့သော်လည်း သူက နဂါးနတ်ဘုရားတောင်ကြားသို့ မဝင်ရောက်ခဲ့ပေ။ ထိုအစား သူသည် အပြင်ဘက်တွင် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

"ဟမ်"

မကြာမီ၊ လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက ရင်းနှီးပြီးသား မျက်နှာတစ်ခုကို မြင်လိုက်ရ၏။ ၎င်းက ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ပင်။

'မိစ္ဆာဝိညာဉ်ဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားကိုလည်း သိမ်းလိုက်ပုံရတယ်။ ရှန်းရှန်းနဲ့ အခြားသူတွေ ဘယ်လိုများနေကြလဲ'

လုမင်မှာ အလွန်စိုးရိမ်နေခဲ့သည်။ သူက သူ့အရှိန်အဝါကို ထိန်းချုပ်ထားပြီး အဝေးမှ ကြည့်နေလိုက်၏။

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်နှာက မှုန်ကုပ်နေသည်။ သူက မြောက်ဘက်သို့ ပျံသန်းသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

လုမင်က ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။ နောက်တစ်နေ့တွင်၊ နဂါးနတ်ဘုရားတောင်ကြားမှ ပျံထွက်လာသော လူတစ်စုကို သူတွေ့လိုက်ရ၏။

'ဂိုဏ်းတူအစ်ကို ကျစ်ဖုန်း'

လုမင်၏ မျက်လုံးများ တောက်ပလာသည်။

လူအုပ်ထဲတွင် ကျစ်ဖုန်းကို သူမြင်လိုက်ရသည်။

ထိုအဖွဲ့သည် အဝေးသို့ ပျံတက်သွား၏။ လုမင်ကလည်း သူတို့၏အနောက်မှ တိတ်တဆိတ် လိုက်သွားတော့သည်။

'ဂိုဏ်းတူအစ်ကိုကျစ်ဖုန်း'

နဂါးနတ်ဘုရားတောင်ကြားနှင့် အနည်းငယ်ဝေးလာပြီးနောက်၊ လုမင်က ကျစ်ဖုန်းထံသို့ အသံပို့လွှတ်ကာ ခေါ်လိုက်သည်။

လုမင်၏ အသံကို ကြားရပြီးနောက် ကျစ်ဖုန်း၏ခန္ဓာကိုယ်က ဆတ်ခနဲ တုန်လှုပ်သွားသည်။ သို့သော်လည်း သူ့ကိုယ်သူ ချက်ချင်း ထိန်းချုပ်လိုက်၏။

"အခုမှ ရုတ်တရက် သတိရတယ်၊ ငါ့မှာ လုပ်စရာရှိသေးလို့ နဂါးနတ်ဘုရားတောင်ကြားကို ပြန်ရဦးမယ်။ မင်းတို့ အရင်သွားနှင့်ကြပါ"

ကျစ်ဖုန်းက အခြားသူများကို ပြောလိုက်သည်။

အခြားသူများက ‌သံသယမဝင်ဘဲ ခေါင်းညိတ်ကာ ဆက်လက်ပျံသန်းသွား၏။ မျက်စိတစ်မှိတ်အတွင်း အားလုံး ပျောက်ကွယ်သွားကြတော့သည်။ ထိုအချိန်တွင် ကျစ်ဖုန်းက နောက်သို့ လှည့်ကြည့်လိုက်သည်။

'ဂိုဏ်းတူအစ်ကိုကျစ်ဖုန်း၊ ငါက မင်းရဲ့ဘယ်ဘက်ခြမ်းက တောင်ကြားထဲမှာရှိတယ်'

လုမင်၏အသံက ကျစ်ဖုန်း၏ နားထဲတွင် ထွက်ပေါ်လာသည်။

ကျစ်ဖုန်းလည်း ဘယ်ဘက်ခြမ်းသို့ ပြေးသွားလေသည်။ သူက တောင်ကြားထဲသို့ ရောက်လာသောအခါ လုမင်ကို တွေ့လိုက်ရသည်။

"ဂိုဏ်းတူညီလေး လုမင်၊ မင်း လွတ်မြောက်သွားတယ်လို့ ငါကြားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက မင်းကို သည်းကြီးမည်းကြီးရှာနေကြတယ်။ မင်း ဘာဖြစ်လို့ ပြန်ရောက်လာတာလဲ၊ ဒါက အရမ်းအန္တရာယ်များတယ်"

ကျစ်ဖုန်းက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုကျစ်ဖုန်း၊ မိစ္ဆာဝိညာဥ်ဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားကို သိမ်းပိုက်ပြီးပြီလား"

လုမင်က မေးသည်။

"ဟုတ်တယ်"

ကျစ်ဖုန်းက သက်ပြင်းချလိုက်လေသည်။

"လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက်ကပဲ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကျော်အမော် အမြောက်အမြားက နဂါးနတ်ဘုရားတောင်ကြားကို ဆင်းသက်လာခဲ့တယ်။ သူတို့က နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်အများစုကို ဖမ်းသွားခဲ့ပြီး ငါတို့ရဲ့ နတ်ဘုရားဝိညာဉ်မှာ တားမြစ်ချက်တွေ ချလိုက်ကြတယ်"

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

"ဂိုဏ်းတူအစ်ကိုကျစ်ဖုန်း... ထျန်းချွေးနဲ့ ငါ့ရဲ့တပည့် ရှန်းရှန်းတို့ ဘာဖြစ်သွားကြသေးလဲ သိလား"

လုမင်က မေးလိုက်သည်။ သူ့နှလုံးသားထဲတွင် လေးလံလာ၏။

"ဂိုဏ်းတူညီလေး၊ မင်း ဒီအတွက် စိတ်ပူနေစရာမလိုပါဘူး။ အရင်က တောင်ကြားသခင်ဟာ အခွင့်အရေးကို စောစောစီးစီးမြင်ပြီး ရှန်းရှန်း၊ ထျန်းချွေး၊ ရွယ်နင်ရှင်းတို့ကိုခေါ်ပြီး နဂါးနတ်ဘုရားတောင်ကြားကနေ ထွက်သွားပြီ။ အခု သူတို့တွေ ဘယ်ကိုရောက်နေသလဲဆိုတာ မသိရပေမဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းက လူတွေက‌တော့ သူတို့ကို လိုက်ရှာနေတုန်းပဲလို့ကြားတယ်။ ကြည့်ရတာတော့ သူတို့တွေ အဆင်ပြေသေးပုံပါပဲ"

"ကံမကောင်းချင်တော့ အခြား ထွက်ပြေးကြသူတွေမှာ အများစုက အဖမ်းခံခဲ့ရတယ်"

ကျစ်ဖုန်းက ခါးသက်သက်ဖြင့် ရယ်မောလိုက်သည်။

"သူတို့ လွတ်မြောက်သွားတာလား"

လုမင်လည်း သက်ပြင်းချလိုက်လေသည်။

ရေခဲနဂါးတောင်ကြားသခင်က ရှန်းရှန်း၏ ပါရမီကို သိသည်။ အခြေအနေက မူမမှန်ကြောင်း သိလိုက်ရသည်နှင့် ရှန်းရှန်း၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ကိုခေါ်ကယ ချက်ချင်း ထွက်ပြေးသွား၏။

ရေခဲနဂါးတောင်ကြားသခင်ကဲ့သို့ ဂိုဏ်းချုပ်တစ်ဦးက အခြေအနေအပေါ် မည်သို့ဆုံးဖြတ်ရမည်မှန်း သဘာဝအတိုင်း သိသည်။ အရေးကြီးသောအခိုက်အတန့်တွင်၊ သူက အရည်အချင်း အမြင့်မားဆုံး ပါရမီရှင်ကို သဘာဝအတိုင်း ခေါ်ထုတ်သွားလိမ့်မည်။ သို့မှသာ အနာဂတ်အတွက် မျှော်လင့်ချက်ရှိမည် ဖြစ်သည်။

"ဂိုဏ်းတူအစ်ကိုကျစ်ဖုန်း၊ ငါ့ရဲ့ဆရာ တိမ်နဂါးတောင်ကြားသခင်ကော ဘယ်လိုနေလဲ သိရဲ့လား"

လုမင်က ထပ်မေးလိုက်သည်။

"သိပါတယ်"

လုမင်က ခေါင်းညိတ်လိုက်သည်။

"ဒီသတင်းကို အရင်က ငါကြားဖူးတယ်။ အဲဒီတုန်းက မင်းတို့တွေ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ချေမှုန်းဖို့ သွားကြတဲ့အခါ တိမိသားစုရဲ့ အငိုက်ဖမ်းတိုက်ခိုက်မှုကို ခံခဲ့ရတယ်တဲ့။ မိစ္ဆာဝိညာဉ်ဂိုဏ်းက လူတချို့လည်း အသတ်ခံခဲ့ရတယ်"

"မင်းရဲ့ဆရာက ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး အဆုံးမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်တဲ့"

"ဆရာ အဆင်ပြေတယ်"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

သူ့ဆရာက အသက်အန္တရာယ် မရှိပေ။ သူ့ကို တစ်ဖက်လူများက ထိန်းချုပ်ထားရုံသာ ဖြစ်သည်။ လုမင်က သူ့ကို အနှေးနှင့်အမြန် ကယ်တင်ရလိမ့်မည်။

"ဂိုဏ်းတူအစ်ကို၊ အခြား ဘာတွေကြားသေးသလဲ။ ဥပမာ... လူဘယ်နှယောက် လွတ်မြောက်သွားတယ် ဆိုတာမျိုးပေါ့"

လုမင်က မေးလိုက်သည်။

"ငါလည်း သိပ်ပြီးမသေချာဘူး။ ကောင်းကင်ဘုရင်နန်းတော်သခင်နဲ့ နတ်ဆိုးရဲတိုက်သခင်တို့အပါအဝင် လူအတော်များများ ဖမ်းဆီးခံခဲ့ရတယ်ထင်တယ်။ ဒါပေမဲ့ ငါတို့ရဲ့ ရေခဲနဂါးဘိုးဘေး လွတ်မြောက်သွားတယ်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်လည်း လွတ်မြောက်သွားပါတယ်"

ကျစ်ဖုန်းက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ရေခဲနဂါးဘိုးဘေးလည်း လွတ်သွားပြီလား"

လုမင်၏ နှလုံးသားက ငြိမ်သက်သွားပြန်သည်။

ရေခဲနဂါးဘိုးဘေး၏ လွတ်မြောက်မှုက ရှဲ့နျန်ချင်းလည်း လွတ်မြောက်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် အခြေအနေများက အဆိုးဆုံးထိ မဖြစ်ခဲ့ကြပေ။ ရှန်းရှန်းနှင့် အခြားသူများကို ရေခဲနဂါးတောင်ကြားသခင်က ခေါ်ဆောင်သွားခဲ့ပြီး ရှဲ့နျန်ချင်းကိုတော့ ရေခဲနဂါးဘိုးဘေးက ခေါ်ဆောင်သွားခဲ့သည်။

သူ၏ဆရာဖြစ်သော တိမ်နဂါးတောင်ကြားသခင်သာ ဒဏ်ရာသာရရှိပြီး ရန်သူများ၏လက်ထဲသို့ ကျရောက်ခဲ့ပေသည်။

ဤနည်းဖြင့် လုမင်သည် အနည်းနှင့်အများ စိတ်သက်သာရာရသွားသည်။

"ဂိုဏ်းတူအစ်ကိုကျစ်ဖုန်း၊ ငါနဲ့လိုက်ခဲ့ပါ"

လုမင်က ပြောလိုက်သည်။

"ဂိုဏ်းတူညီလေး၊ မင်းပဲ ထွက်သွားပါ။ ငါက ဘယ်မှ ထွက်သွားလို့မရဘူး။ သူတို့က ငါ့ရဲ့ နတ်ဘုရားဝိညာဉ်အပေါ်မှာ တားမြစ်ချက်တွေ ချထားတယ်။ ငါက အချိန်တစ်ခုကြာတိုင်းမှာ သတင်းပို့နေမှလေ၊ မဟုတ်ရင် တားမြစ်ချက်ကို အသက်သွင်းပြီး ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ကို ဖျက်ဆီးလိုက်လိမ့်မယ်"

ကျစ်ဖုန်းက ခေါင်းယမ်းကာ ခါးသက်သက်ဖြင့် ပြုံးလိုက်လေသည်။

လုမင်လည်း အံကို တင်းတင်းကြိတ်လိုက်သည်။

"ဒါက လူတွေကို ထိန်းချုပ်ဖို့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ နည်းလမ်းပဲ။ ဂိုဏ်းတူညီလေး... မင်း မြန်မြန် ထွက်သွားသင့်တယ်။ စန်းပြည်နယ်ကနေပါ ထွက်သွားလိုက်ပါ။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အနာဂတ်မှာ မင်းက ဧကရာဇ်ဖြစ်လာဖို့ အခွင့်အရေး ရလိမ့်မယ်။ ငါ မင်းကို အားကိုးနေတယ်နော်၊ မင်းပြန်လာပြီး ကယ်တင်ဖို့ကို ငါတို့အားလုံး ဒီမှာစောင့်နေမယ်"

ကျစ်ဖုန်းက အားနည်းစွာ ပြုံးလိုက်သည်။

"ဂိုဏ်းတူအစ်ကိုကျစ်ဖုန်း... ဂရုစိုက်ပါ"

လုမင်က လက်ယှက်ပြလိုက်သည်။

"ဟားဟားဟား... စိတ်မပူပါနဲ့၊ ဂိုဏ်းတူညီလေး ပြန်လာတဲ့အချိန်ထိ ငါ ဘာမှမဖြစ်နိုင်ဘူး။ ဂိုဏ်းတူညီလေး ပြန်ရောက်လာတဲ့အခါ အတူတူ သောက်ကြတာပေါ့။ အခုတော့ ထွက်သွားသင့်ပြီ။ မင်း နောက်ကျနေရင် အပြောင်းအလဲတစ်ခုခု ဖြစ်လာမှာကို ကြောက်ရတယ်"

ကျစ်ဖုန်း ပြောလိုက်၏။

"ဂိုဏ်းတူအစ်ကို စိတ်ချပါ၊ အနာဂတ်မှာ လုမင်က အားလုံးကို ကယ်တင်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းကို ချေမှုန်းဖို့ သေချာပေါက် ပြန်လာခဲ့တယ်"

လုမင်က လေးလေးနက်နက် ပြောလိုက်သည်။ ထို့နောက်မှာတော့ လျှပ်စီးလက်သလို ပျံသန်းပြီး ပျောက်ကွယ်သွားတော့သည်။

All Chapters