← Chapters

အခန်း ၁၇၃၉

Vol. 116 Ch. 1739

အခန်း ၁၇၃၉

Vol. 116 Ch. 1739

အပိုင်း ( 1739 ) ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့။

ကျစ်ဖုန်းနှင့် လမ်းခွဲပြီးနောက် လုမင်သည် သူ့အသွင်အပြင်ကို ပြောင်းလဲကာ အနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

ယခုအခါမှာတော့ သူက ယွင်ပြည်နယ်ကိုဖြတ်၍ အနောက်ဘက်မှ ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ သွားရောက်ရန် စီစဉ်ခဲ့ပေသည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ လုမင်သည် စန်းပြည်နယ်၏ အနောက်ဘက်ခြမ်းသို့ ရောက်ရှိလာပြီး ယွင်ပြည်နယ်သို့ ဝင်ရောက်ခဲ့သည်။

အချိန်အတော်ကြာပြီးနောက်၊ လုမင်က ယွင်ဧကရာဇ်တောင်အနီးသို့ ရောက်လာခဲ့လေသည်။

"ယွင်ဧကရာဇ်တောင် ပြိုကျသွားပြီ"

လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ပေါ်လာ၏။

အဝေးမှ ကြီးကျယ်ခမ်းနားသော ယွင်ဧကရာဇ်တောင်ကြီးမှာ ပြိုကျသွားခဲ့ပြီ ဖြစ်သည်။

ယင်းက အဆုံးမဲ့ စွမ်းအားကြီးတစ်မျိုးဖြင့် ထိမှန်သွားသကဲ့သို့ပင်။

ဤနေရာတွင် ဧကရာဇ်များကြားမှ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင်၊ ယွင်ဧကရာဇ် သေဆုံးခဲ့ပြီး ယွင်ဧကရာဇ်တောင်လည်း ပြိုကျသွားပေသည်။

လုမင်က သက်ပြင်းချလိုက်သည်။ ဧကရာဇ်အဆင့် အင်အားစုတစ်ခုက ထိုကဲ့သို့ ဖျက်ဆီးခံခဲ့ရ၏။ သိုင်းဧကရာဇ်တစ်ပါးပင်လျှင် အသတ်ခံခဲ့ရသည်။

ယွမ်လုက အလွန်ကြီးမားပြီး မရေမတွက်နိုင်သော အင်အားစုများ ရှိသည်။ ဤကိစ္စမျိုးက နေရာတိုင်းမှာ ဖြစ်နိုင်ပေသည်။

သိုင်းဧကရာဇ်နယ်ပယ် ကျင့်ကြံမှုအခြေခံ ပိုင်ဆိုင်ထားလျှင်ပင် ဘေးကင်းလုံခြုံမည်ဟု အာမမခံနိုင်ပေ။ တစ်ယောက်ထက် ပိုသန်မာသူတစ်ယောက်က အမြဲရှိနေမည် ဖြစ်သည်။ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်သော အင်အားမရှိပါက အချိန်မရွေး ကျဆုံးသွားလိမ့်မည်။

လုမင်က အကြာကြီးမနေပါ။ သူက ခဏတာ လှမ်းကြည့်ပြီးနောက် အနောက်ဘက်သို့ ဦးတည်ကာ ထွက်ခွာသွားသည်။

"ဟမ်"

ခဏအကြာတွင်၊ လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

သူ့ရှေ့တွင် ပျံသန်းနေသော လူတစ်စုကို မြင်ရ၏။ လူတစ်ဒါဇင်ခန့်ရှိ၍ အားလုံးက ရွှေရောင်ဝတ်စုံကို ၀တ်ဆင်ထားကြသည်။ သူတို့အားလုံးထံမှ ဧကရာဇ်များကဲ့သို့ မြင့်မြတ်သော ရောင်ဝါများ ထွက်ပေါ်နေပေသည်။

ထိုအထဲမှ လူငယ်တစ်ဦးကို လုမင် မှတ်မိသည်။

တိရှန်း။

ထိုအချိန်က တိရှန်းသည် လုမင်ကိုသတ်ရန် တိရီကို ကူညီရန်အတွက် သူ၏လူများကို ရှမ်းဟွမ်တိုက်ကြီးသို့ ပို့ဆောင်ခဲ့သည်။ နောက်ဆုံးမှာတော့ လုမင်က သူ၏ လူအများစုကို သတ်ခဲ့ပြီး ပြန်ဆုတ်ခိုင်းခဲ့သည်။

သူက တိရှန်းကို ဤနေရာတွင်ပြန်တွေ့ရန် မမျှော်လင့်ထားပေ။

နှစ်များစွာကြာပြီးနောက်၊ တိရှန်း၏ ကျင့်ကြံမှုအဆင့်က သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်သွားခဲ့သည်။ ယခုအခါ သူက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူ ဖြစ်လာပြီ။

ထိုသူများထဲတွင် သူက အထင်အရှား ဖြစ်နေသည်။ ၎င်းတို့တွင် သူတော်စင်နှစ်ဦးရှိပြီး ကျန်သူများက အဆင့်မြင့် သိုင်းအုပ်ချုပ်သူများ ဖြစ်၏။

"ငါတို့ ဒီမှာ တွေ့ရမှတော့ သူ့ကို ရှင်းထုတ်လိုက်တော့မယ်။ မဟုတ်ရင် သူက လက်စားချေဖို့ ရှမ်းဟွမ်တိုက်ကြီးကို ဘယ်အချိန်သွားမယ်ဆိုတာ ဘယ်သူကသိမှာလဲ"

လုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။

လုမင်က ရှေ့သို့တိုးလာပြီး တိမိသားစုမှ လူများဆီသို့ လျှောက်သွားသည်။

"မင်းဘယ်သူလဲ"

သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက လုမင်အား စူးရှသောမျက်လုံးများဖြင့် ကြည့်လိုက်၏။

"မင်းကိုသတ်မဲ့လူ"

လုမင်က အေးစက်စက် ပြောလိုက်သည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာပြီး ခုတ်ထစ်ပစ်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခု လင်းလက်လာပြီး ထိုသူတော်စင်မှာ မတုံ့ပြန်နိုင်ဘဲ ချက်ချင်း သေဆုံးသွားတော့သည်။

"မကောင်းတော့ဘူး၊ အကူအညီတောင်းလိုက်"

တစ်ယောက်ယောက်က အော်လိုက်သည်။

"သတ်"

လုမင်၏ ဓားက အလင်းရောင်များ လက်ဖြာသွား၏။ ဤလူများ၏ တိုက်ခိုက်ရေးအင်အားဖြင့် လုမင်ကို လုံးဝ မတားဆီးနိုင်ပေ။ ကွာခြားချက်က ကြီးမားလွန်းသည်။

မျက်စိတစ်မှိတ်အတွင်း အားလုံးနီးပါး သုတ်သင်ခံခဲ့ရသည်။ လူတစ်ဦးသာ အသက်ရှင်ကျန်ခဲ့၏။ ၎င်းက တိရှန်းပင်။

ထိုအချိန်တွင် တိရှန်းက ငုတ်တုတ်မေ့သွားသည်။ သူက လေထဲတွင်ရပ်နေသော်လည်း ဒူးများတဆတ်ဆတ်တုန်နေ၏။ ချွေးများကလည်း ရေချိုးထားသလို ရွှဲနစ်နေတော့သည်။ သူက လုမင်အား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုကြီး၊ အေးအေးဆေးဆေး စကားပြောရအောင်။ ငါ့အသက်ကို ချမ်းသာပေးပါ။ မင်းက ယွင်ဧကရာဇ်တောင်ကနေ လာခဲ့တာမဟုတ်လား။ ကျေးဇူးပြုပြီး ထွက်သွားပါ၊ ငါ ဘယ်သူ့ကိုမှ ပြန်မပြောဘူး"

"ငါက ယွင်ဧကရာဇ်တောင်က မဟုတ်ဘူး"

လုမင်က ပြောလိုက်သည်။

"ယွင်ဧကရာဇ်တောင်က မဟုတ်ဘူးလား"

တိရှန်း အံ့အားသင့်သွားသည်။ လုမင်ကို ယွင်ဧကရာဇ်တောင်မှ လွတ်မြောက်သွားပြီး လက်စားချေရန် ပြန်လာခဲ့သူဟု သူထင်ခဲ့သည်။ ယခုတော့ သူဟာ ယွင်ဧကရာဇ်တောင်မှ ဂိုဏ်းဝင်မဟုတ်ကြောင်း သိလိုက်ရ၏။

"မင်းက ဦးနှောက်မကောင်းဘူးပဲ။ မင်း ငါ့ကို တကယ် မမှတ်မိဘူးလား"

လုမင်က လှောင်ပြောင်လိုက်သည်။ သူ့အသွင်အပြင်က ပုံမှန် ပြန်ဖြစ်သွား၏။

"ဟင်... ဒါက မင်းပဲ"

လုမင်ကို မှတ်မိလိုက်ပြီးနောက် တိရှန်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။

လုမင်ကိုရှာရန် ရှမ်းဟွမ်တိုက်ကြီးသို့ မသွားရသေးခင်၊ လုမင်က ကြိုတင်ရောက်နေမည်ဟု သူ မမျှော်လင့်ထားပေ။ ထို့ပြင်၊ သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းသည်။ သူတော်စင်တစ်ပါးပင်လျှင် သူ့ကို မယှဉ်နိုင်တော့ပေ။

သူ၏ မူလအစီအစဉ်မှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်သွားပြီးနောက် လုမင်ကို လက်စားချေရန်အတွက် ရှမ်းဟွမ်တိုက်ကြီးသို့သွားရန် ဖြစ်သည်။ သို့သော်လည်း တိမိသားစုတွင် အရာများစွာ ဖြစ်ပျက်ခဲ့ပြီး၊ သူသည်လည်း များစွာလုပ်ခဲ့ရပေသည်။ ထိုအချိန်၌ သူသည် ရှမ်းဟွမ်တိုက်ကြီးသို့ မသွားနိုင်ခဲ့ပေ။ သူ၏ အနေအထားကို တည်ငြိမ်စေရန် တိမိသားစုတွင်သာ နေခဲ့ရသည်။ အခြေအနေများ တည်ငြိမ်သောအခါမှ လုမင်ကိုသတ်ရန် ရှမ်းဟွမ်တိုက်ကြီးသို့ သွားလိမ့်မည်။

မမျှော်လင့်ဘဲ၊ ဤနေရာတွင် လုမင်နှင့် တွေ့ရ‌ပြီ ဖြစ်သည်။

သူက နောက်သို့လှည့်ပြီး ပြေးသွား၏။

သို့သော်လည်း လုမင်က ဓားဖြင့် တစ်ချက်လွှဲခုတ်လိုက်သည်။ တိရှန်း သေဆုံးသွားတော့သည်။

တိရှန်းကို သတ်လိုက်ပြီးနောက် လုမင်သည် ပို၍ စိတ်အေးလာသလို ခံစားလိုက်ရသည်။ ယခုအခါ သူက စိတ်အေးချမ်းသာစွာဖြင့် ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ သွားရောက်နိုင်ပြီ။

သူ့အသွင်အပြင်ကို တစ်ဖန်ပြောင်းပြီးနောက် လုမင်က ထိုနေရာမှ အမြန်ထွက်ခွာကာ အနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

လုမင် ထွက်သွားပြီး မကြာမီပင် တိရှန်းနှင့် အခြားသူများ အသတ်ခံလိုက်ရခြင်းကို သိသွားခဲ့ကြသည်။ တိမိသားစုက လူသတ်သမားကို ရှာဖွေရန် ကျွမ်းကျင်သူများစွာကို စေလွှတ်ခဲ့၏။ ကံမကောင်းစွာဖြင့် လူသတ်သမားကို ရှာမတွေ့ခဲ့ပေ။

လုမင်က အနောက်ဘက်သို့ ခရီးဆက်ခဲ့သည်။ သူက ယွင်ပြည်နယ်ကို ဖြတ်ကျော်ပြီး ကျယ်ပြောသော တောင်တန်းတစ်ခုဆီသို့ ရောက်ခဲ့၏။

ဤသည်က တိမ်ပင်လယ်တောင်တန်းကြီးပင်။

တိမ်ပင်လယ်တောင်တန်းတွင် မြင့်မားသောရှေးဟောင်းသစ်ပင်များနှင့် အန္တရာယ်ရှိသော တောင်များဖြင့် ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများလည်း ထိုနေရာတွင် နေထိုင်ကြ၏။ အန္တိမသူတော်စင်အဆင့် သားရဲများပင် ရှိကြသေးသည်။

လုမင်လည်း သတိထားပြီး တိမ်ပင်လယ်တောင်တန်းမှာ လျှောက်လှမ်းသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် လေ့ကျင့်သွား၏။

နှစ်လကြာ လမ်းလျှောက်ပြီးနောက် လုမင်က အဆုံးမရှိသော တိမ်ပင်လယ်တောင်တန်းကို ဖြတ်ကျော်ကာ လူသားများစုဝေးရာ ဖုန်းပြည်နယ်သို့ ဝင်ရောက်ခဲ့သည်။

ဖုန်းပြည်နယ်ကို ဖုန်းဧကရာဇ်ဟုခေါ်သော ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးက အုပ်ချုပ်ထားပေသည်။

ဖုန်းပြည်နယ်သို့ ရောက်လာပြီးနောက် လုမင်က အသံထက် ငါးဆပိုမြန်စွာ သွားလာနိုင်သော ကောင်းကင်ခွင်းလွန်းပျံကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင် သူက ကောင်းကင်ခွင်းလွန်းပျံအတွင်းသို့ ဝင်ရောက်ပြီး ကောင်းကင်သို့ ပျံတက်သွား၏။။

လုမင်၏ ရည်မှန်းချက်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ သွားရောက်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးရန် အင်အားစုကြီးများကို တောင်းဆိုနိုင်မလား ကြည့်ရန်ပင်။

သာမန် ဧကရာဇ်အဆင့် အင်အားစုများက အသုံးမဝင်ပါ။ ဥပမာအားဖြင့် တိမ်ဧကရာဇ်တောင်က ပျက်စီးနေပြီ ဖြစ်သည်။

လုမင်က ကောင်းကင်ခွင်းလွန်းပျံကို ထိန်းချုပ်ပျံသန်းရင်း ဆက်လက် လေ့ကျင့်ခဲ့လေသည်။

တိမ်ပင်လယ်တောင်တန်းတွင် နှစ်လတာကာလအတွင်း လုမင်က ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို အဓိကထား လေ့ကျင့်ခဲ့သည်။ ဤကဲ့သို့ အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် လုမင်သည် ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို နားလည်သဘောပေါက်နိုင်ခဲ့ပေသည်။

ဟုတ်သည်၊ ယင်းက တစ်ဆယ်ရာခိုင်နှုန်းသာဖြစ်သော်လည်း စွမ်းအားက အလွန်ကြောက်စရာကောင်းနေသေးသည်။

ကစဉ့်ကလျားကပ်ဘေးလက်ချောင်းက ကစဉ့်ကလျားနိယာမကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုသည့် နတ်ဘုရားစွမ်းရည် ဖြစ်သည်။ စွမ်းအား တစ်ဆယ်ရာခိုင်နှုန်းပင်လျှင် သာမန် နတ်ဘုရားစွမ်းရည်ထက် များစွာပို၍ အစွမ်းထက်ပေသည်။

ယခုအခါ ကစဉ့်ကလျားကပ်ဘေးလက်ချောင်းက လုမင်၏ အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းနည်းလမ်း ဖြစ်လာခဲ့သည်။

လုမင်၏ ကျင့်ကြံမှုမှာလည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီ။ သူက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ ဖြစ်သည်။

ကောင်းကင်ခွင်းလွန်းပျံတွင် လုမင်က အေးအေးဆေးဆေး လေ့ကျင့်ခဲ့ပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်လ ကုန်ဆုံးသွားခဲ့သည်။

လုမင်က ပြည်နယ်ကြီးခြောက်ခုကို ဖြတ်ကျော်ခဲ့ပြီး ဧကရာဇ်အဆင့် အင်အားစုခြောက်ခုကို ဖြတ်သန်းသွား၏။ သို့သော်လည်း သူက ရှေးဟောင်းလ မြင့်မြတ်နယ်မြေနှင့် အလွန်ဝေးကွာနေသေးသည်။

"ဒီနယ်မြေမှာ ဧကရာဇ်အဆင့် အင်အားစုတွေ အများကြီးရှိတာပဲ။ နောက်ပြီးတော့ ရှေးဟောင်းလမြင့်မြတ်နယ်မြေကို ဗဟိုပြုထားတဲ့ ဧကရာဇ်အဆင့် အင်အားစုက ဘယ်လောက်တောင် ရှိလိမ့်မလဲ။ ဒီဧကရာဇ်အဆင့် အင်အားစုတစ်ခုမှာ အနည်းဆုံး ဧကရာဇ်အဆင့် အကျော်အမော် တစ်ဦးရှိတယ်။ နယ်မြေကြီးတစ်ခုလုံးဆိုရင် ဧကရာဇ်အဆင့် အကျော်အမော်တွေ ဘယ်လောက်တောင်ရှိလိမ့်မလဲ"

"နောက်ပြီးတော့ ယွမ်ရှန်မှာ မြင့်မြတ်တယ်မြေက ကိုးခုတောင်မှ ရှိတယ်။ ဒါဆိုရင် ဧကရာဇ်အဆင့် အင်အင်အားစုတွေက ဘယ်လောက်တောင်ရှိမလဲ။ ယွမ်လုတစ်ခုလုံးရဲ့ နယ်မြေကြီးဆယ်ခုမှာဆိုရင် ဧကရာဇ်အဆင့် အကျော်အမော်တွေက ဘယ်လောက် ရှိနေကြမလဲ။ ငါ ရေတွက်လို့ မရနိုင်မှာတောင် ကြောက်ရတယ်"

"ဒါဆိုရင် မိစ္ဆာဝိညာဉ်ဂိုဏ်းက ယွမ်လုကို ထိခိုက်စေပြီး ယွမ်လုမှာရှိတဲ့ မရေအတွက်နိုင်တဲ့ အင်အားစုတွေက ဘာကြောင့် ပူးပေါင်းရင်ဆိုင်ခဲ့ရတာလဲ"

လုမင်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။ သူ သိချင်မိ၏။

မိစ္ဆာဝိညာဉ်ဂိုဏ်းတွင် ဂိုဏ်းချုပ်၊ ဒုဂိုဏ်းချုပ်နှစ်ဦးနှင့် ဓမ္မဘုရင် သုံးဆယ့်ခြောက်ပါးရှိကြောင်း သူကြားသိခဲ့ရသည်။ သူတို့အားလုံးက ဧကရာဇ်အဆင့် အကျော်အမော်များ ဖြစ်၏။

ထိုသို့သော အင်အားစုက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော်လည်း ကျယ်ပြောလှသည့် ယွမ်လုမှာတော့ ထူးထူးခြားခြား မဖြစ်သင့်ပေ။

ကျယ်ပြောလှသော ယွမ်လုတွင် ဧကရာဇ်အဆင့် အင်အားစုများစွာရှိသည်။ ဧကရာဇ်အဆင့်မှ ကျွမ်းကျင်သူများစွာတို့ ပူးပေါင်းလိုက်လျှင် မိစ္ဆာဝိညာဉ်ဂိုဏ်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလော။

'ဖြစ်ကောင်းဖြစ်နိုင်တာ... စန်းပြည်နယ်က ဝေးကွာလွန်းတာကြောင့် လူအများစုက အသိအမြင်မကြွယ်ဝဘဲ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ယွမ်လုမှာ ကြောက်စရာအကောင်းဆုံး အင်အားစုလို့ ထင်နေကြတာဖြစ်ရမယ်'

လုမင်က တွေးလိုက်သည်။

All Chapters