← Chapters

အခန်း ၁၇၄၀

Vol. 116 Ch. 1740

အခန်း ၁၇၄၀

Vol. 116 Ch. 1740

အပိုင်း ( 1740 ) သွေးကျောက်စိမ်းနန်းတော်။

စင်စစ်တွင်၊ စန်းပြည်နယ်က ကျယ်ပြောလှသော ယွမ်လု၏ သေးငယ်သော ထောင့်စွန်းနေရာလေးတစ်ခုသာ ဖြစ်သည်။ တိပြည်နယ်နှင့် စန်းပြည်နယ်တို့က ဝေးလံခေါင်သီသော အကန့်အသတ်မဲ့ တိမ်ပင်လယ်တောင်တန်းတွင် ရှိ၏။

စန်းပြည်နယ်ရှိ လူအများစုသည် ဤကမ္ဘာကြီးက မည်မျှကြီးမားသည်၊ သို့မဟုတ် စန်းပြည်နယ်၏ပြင်ပတွင် အင်အားစုများ ဘယ်လောက်များများ ရှိနေကြမှန်း မသိကြပေ။

သူတို့၏အမြင်တွင်၊ စန်းဧကရာဇ်က ကမ္ဘာပေါ်တွင် စွမ်းအားအကြီးဆုံး တည်ရှိမှု ဖြစ်သည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းမှာတော့ ဧကရာဇ်အဆင့် အကျော်အမော် ဒါဇင်များစွာရှိသောကြောင့် မိစ္ဆာဝိညာဉ်ဂိုဏ်းကို ယွမ်လုတွင် ကြောက်စရာအကောင်းဆုံးဂိုဏ်းဖြစ်သည်ဟု သဘာဝအတိုင်း ထင်မြင်ခဲ့လိမ့်မည်။

ယင်းက ပုံမှန်သာ ဖြစ်သည်။

လုမင်ကိုယ်တိုင်လည်း မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သို့ မသွားရောက်မီက ယွမ်လုတွင် ဧကရာဇ်အဆင့် အင်အားစုများ အများကြီးရှိနေမည်ဟု မထင်ထားခဲ့ပေ။

'ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူး။ မဟုတ်ရင် ရှေးဟောင်းလ မြင့်မြတ်နယ်မြေကိုရောက်အောင် ဘယ်လောက်ကြာကြာ ပျံသန်းရမယ်ဆိုတာ မသိဘူး။ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို ရှာဖွေရလိမ့်မယ်၊ မဟုတ်ရင် ငါ့အမြန်နှုန်းက အရမ်းနှေးနေလိမ့်မယ်'

လုမင်က စဉ်းစားလိုက်သည်။

သို့သော်လည်း ဧကရာဇ်အဆင့်များသာ ယွမ်လုတွင် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကြီးများကို တည်ဆောက်နိုင်သည်။

"ဒါက ဘယ်ဧကရာဇ်အဆင့် အင်အားစုလဲဆိုတာ ဆင်းကြည့်ရအောင်"

လုမင်က အစီအစဉ်ချလိုက်သည်။ သူက လွန်းပျံယဉ်ကို သိမ်းဆည်းပြီး ‌မြို့ကြီးတစ်မြို့သို့ ဆင်းသက်ခဲ့၏။

"ဒါက သွေးကျောက်စိမ်းနန်းတော်က ထိန်းချုပ်ထားတဲ့ သွေးကျောက်စိမ်းပြည်နယ်ပဲ။ ရွှီယန်က သွေးကျောက်စိမ်းနန်းတော်ရဲ့ တပည့်မဟုတ်လား"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

လုမင်နှင့် ရွီယန်သည် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် တိုက်ခိုက်ခဲ့ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် သိလာခဲ့ကြသည်။ အဆုံးမှာတော့ သူတို့က အပြန်အလှန် လေးစားမှုထားပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ကြပေသည်။

နောက်ပိုင်းတွင် ရွှီယန်က ဒေသခံတို့၏ ဖမ်းဆီးခြင်းကို ခံရသောအခါ လုမင်မှ ကယ်တင်ခဲ့ရသည်။

သူတို့ မခွဲခွာခင်မှာ ရွှီယန်က လုမင် အားလပ်ချိန်များတွင် သွေးကျောက်စိမ်းနန်းတော်မှာ သူ့ကို လာရှာနိုင်ကြောင်း ဖိတ်ကြားခဲ့ပေသည်။

ဤနေရာက သွေးကျောက်စိမ်းနန်းတော်၏ နယ်မြေဖြစ်သောကြောင့်၊ ရွှီယန်ကိုရှာဖွေကာ ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့သွားရန် သွေးကျောက်စိမ်းနန်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို ငှားရမ်းနိုင်သည်။

လုမင်လည်း သွေးကျောက်စိမ်းနန်းတော်၏ တည်နေရာကို ချက်ချင်း စုံစမ်းကာ ပျံသန်းသွားလေသည်။

နေ့ဝက်အကြာတွင်၊ လုမင်က သွေးကျောက်စိမ်းနန်းတော်အပြင်ဘက်သို့ ရောက်ရှိလာပြီး ရွှီယန်ထံသို့ မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။

မကြာမီ၊ ရွှီယန်က သွေးကျောက်စိမ်းနန်းတော်ထဲမှ ပျံသန်းလာနေကြောင်း မြင်လိုက်ရလေသည်။

"ဟားဟားဟား၊ လုမင်... မင်း ငါ့ကို တကယ်လာရှာမယ်လို့ မမျှော်လင့်ထားဘူး"

ရွှီယန်က အတော်လေး အံ့အားသင့်နေပြီး ရယ်မောလိုက်သည်။

"ရွှီယန်၊ မင်းက သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားပြီပဲ၊ ဂုဏ်ပြုပါတယ်"

လုမင်က ရွှီယန်ကို သေချာကြည့်ပြီးနောက် ပြုံးလိုက်သည်။

"ဂုဏ်ပြုစရာမလိုပါဘူးကွာ၊ မင်းလည်း သူတော်စင်နယ်ပယ်ကို ရောက်နေပြီ မဟုတ်လား"

ရွှီယန်က လုမင်ကို စေ့စေ့ကြည့်လိုက်သည်။ လုမင်၏ ကျင့်ကြံမှုကို သူ လုံးဝ မမြင်နိုင်တော့ကြောင်း သိလိုက်ရ၏။

"ငါက မကြာသေးခင်ကပဲ သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့တာပါ"

လုမင် ပြုံးလိုက်သည်။

"ငါသိတာပေါ့၊ မင်း သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီဆိုတာ။ ဪ၊ ဒါနဲ့ မင်းက စန်းပြည်နယ်က မဟုတ်လား... ဘာဖြစ်လို့ သွေးကျောက်စိမ်းနန်းတော်ကို ရုတ်တရက် ရောက်လာရတာလဲ။ ငါ့ကိုတွေ့ဖို့သက်သက် ရောက်လာခဲ့တာတော့ မဟုတ်တန်ရာဘူး"

ရွှီယန်က ပြုံးလိုက်၏။

"ဒါက ဇာတ်လမ်းရှည်ကြီးပဲ"

လုမင်က သက်ပြင်းချလိုက်သည်။

"မိစ္ဆာဝိညာဉ်ဂိုဏ်းက ပြန်နိုးထလာပြီ။ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေက စန်းပြည်နယ်၊ တိပြည်နယ်နဲ့နဲ့ ယွင်ပြည်နယ်တို့ကို သိမ်းပိုက်ထားပြီးပြီလေ။ ငါလည်း အသက်ဘေးကနေ မနည်းလွတ်အောင် ထွက်ပြေးခဲ့ရတယ်"

"ဘာ၊ မိစ္ဆာဝိညာဉ်ဂိုဏ်းလား"

ရွှီယန်၏ အမူအရာက ပြောင်းလဲသွားသည်။

"ရွှီယန်၊ မင်း မိစ္ဆာဝိညာဉ်ဂိုဏ်းအကြောင်း ဘယ်လောက်သိလဲ"

လုမင်က မေးလိုက်၏။ ရွှီယန်သည် ဧကရာဇ်အဆင့် အင်အားစုတစ်ခုမှ ဖြစ်သောကြောင့် သူ့ထက် မိစ္ဆာဝိညာဉ်ဂိုဏ်းအကြောင်းကို ပိုသိနိုင်သည်။

"ငါလည်း သိပ်မသေချာပါဘူး။ လွန်ခဲ့တဲ့ အနှစ် ရှစ်သောင်းက မိစ္ဆာဝိညာဉ်ဂိုဏ်း ပေါ်လာခဲ့တယ်ဆိုတာကိုပဲ ငါသိတယ်။ သူတို့မှာ ဂိုဏ်းချုပ်၊ ဒုဂိုဏ်းချုပ် နှစ်ယောက်နဲ့ ဓမ္မဘုရင် သုံးဆယ့်ခြောက်ယောက် ရှိတယ်။ သူတို့အားလုံးက ဧကရာဇ်အဆင့် အကျော်အမော်တွေဖြစ်ပြီး အင်မတန် တန်ခိုးကြီးကြတယ်လေ။ နောက်ပြီးတော့ သူတို့က ဧကရာဇ်အဆင့် အကျော်အမော်တွေနဲ့ ဧကရာဇ်ဖြစ်လာဖို့ အလားအလာရှိတဲ့ ပါရမီရှင်ကို သတ်ဖြတ်ဖို့ အထူးပြုကြတယ်"

"အရေးကြီးဆုံးကတော့ မိစ္ဆာဝိညာဉ်ဂိုဏ်းဟာ လူတွေကို ထိန်းချုပ်ရာမှာ ထူးချွန်တယ်၊ ဒါကြောင့် သူတို့က အပေါ်ယံမှာ မြင်ရသလောက် မရိုးရှင်းကြဘူး။ အဲဒီတုန်းက ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ အင်အားစုတွေနဲ့ အကျော်အမော်တွေဟာ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ပူးပေါင်းချေမှုန်းခဲ့ကြတယ်။ ဒီမိစ္ဆာတွေကို တစ်ဖန် နိုးထလာဦးမယ်လို့ မမျှော်လင့်ထားဘူး"

ရွှီယန်က မျက်မှောင်ကြုတ်လိုက်သည်။

"အခု ငါဒီကိုလာရတာကလည်း ရှေးဟောင်းလ မြင့်မြတ်နယ်မြေကိုသွားပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို ချေမှုန်းပစ်ဖို့ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ အင်အားစုတွေကို တောင်းဆိုချင်လို့ပဲ"

လုမင် ပြောလိုက်သည်။

"အိုး၊ ငါလည်း မကြာခင် ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို သွားတော့မှာပဲ။ ငါတို့ အတူတူ သွားကြတာပေါ့။ ဒါပေမဲ့ လုမင်... ရှေးဟောင်းလ မြင့်မြတ်နယ်မြေဆီကနေ အကူအညီတောင်းဖို့ မျှော်လင့်ချက်တော့ သိပ်မရှိဘူး"

ရွှီယန်က ပြောသည်။

"ဘာဖြစ်လို့လဲ"

လုမင် အံ့ဩသွား၏။ မိစ္ဆာဝိညာဉ်ဂိုဏ်းက အလွန်အန္တရာယ်များသောကြောင့် ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ အင်အားစုကြီးများက ၎င်းကို မည်သို့လျစ်လျူရှုနိုင်မည်နည်း။

"ရှေးဟောင်းလမြင့်မြတ်နယ်မြေမှာ အင်အားကြီးများတဲ့ အင်အားစုတွေ အများကြီးရှိပေမဲ့ သူတို့ကြားမှာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်တယ်။ ဒါကြောင့် အခြားအရာတွေကို ဂရုစိုက်ဖို့ အချိန်မရှိမှာကို ကြောက်ရတယ်။ အဲဒီတုန်းက မိစ္ဆာဝိညာဉ်ဂိုဏ်းက ရှေးဟောင်းလမြင့်မြတ်နယ်မြေရဲ့ အင်အားစုကြီးတွေကို ဒေါသထွက်စေခဲ့လို့ သူတို့ကို ဝန်းရံပြီး ချေမှုန်းခံလိုက်ရတာ"

ရွှီယန်က ပြောလိုက်သည်။

"ဒီလိုပဲ"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ အင်အားစုအားလုံးက ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ဦးစားပေးကြောင်းကို သူနားလည်ပေသည်။ သူတို့၏ အကျိုးစီးပွားကို မထိခိုက်သရွေ့တော့ ဝင်စွက်ဖက်မည် မဟုတ်ပေ။

သို့သော်လည်း မည်မျှခက်ခဲစေကာမူ ကြိုးစားရဦးမည် ဖြစ်သည်။

အကယ်၍၊ ရှေးဟောင်းလ မြင့်မြတ်နယ်‌မြေ၏ အင်အားစုကြီးများကို အကူအညီတောင်းနိုင်လျှင် တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများကို အမြန်ဆုံး ကယ်တင်နိုင်လိမ့်မည်။

"လုမင်၊ မင်း သိပ်ပြီးတော့လည်း စိတ်ဓာတ်မကျပါနဲ့။ ငါ ဒီကိစ္စကို အကြီးအကဲတွေကို အစီရင်ခံပေးမယ်။ သူတို့ ဘာလုပ်မယ်ဆိုတာကိုတော့ ငါလည်း မဆုံးဖြတ်နိုင်ဘူးလေ"

ရွှီယန်က ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

လုမင်က လက်ယှက်ပြလိုက်၏။

"အသေးအဖွဲပါ၊ သွားကြရအောင်။ သွေးကျောက်စိမ်းနန်းတော်မှာ ရက်နည်းနည်းလောက် နားနေဦးပေါ့။ နှစ်ရက်ကြာရင် ငါတို့အတူတူ ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို သွားကြမယ်"

ရွှီယန်က ပြောလိုက်သည်။

လုမင်လည်း ခေါင်းညိတ်ပြပြီး ရွှီယန်နှင့်အတူ သွေးကျောက်စိမ်းနန်းတော်သို့ ဝင်လိုက်သွားလေသည်။

သွေးကျောက်စိမ်းနန်းတော်ရှိ ရွှီယန်၏ အဆင့်အတန်းက အလွန်မြင့်မားသည်။ လုမင်အတွက် ခြံဝင်းတစ်ခု စီစဉ်ပြီးနောက် ရွှီယန်က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ကိစ္စကို သတင်းပို့ရန် ထွက်သွားလေသည်။

နောက်နှစ်ရက်အကြာတွင် ရွှီယန်က လုမင်ကိုလာတွေ့ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းအကြောင်းကို သတင်းပို့ပြီးဖြစ်ကြောင်း ပြောခဲ့သည်။ သွေးကျောက်စိမ်းနန်းတော်၏ ဧကရာဇ်ကြီးက ထိုအကြောင်းကို သိသွားပြီးဖြစ်သော်လည်း မည်သို့ စီစဉ်မလဲတော့ မသိရပေ။

လုမင် ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင်၊ ဧကရာဇ်တစ်ပါးက ဤကိစ္စရပ်တွင် ဝင်ရောက်စွက်ဖက်နိုင်သည်။ သို့သော်လည်း ဧကရာဇ်ကြီး၏ ဆုံးဖြတ်ချက်ကိုတော့ သူတို့က ဝင်စွတ်ဖက်၍ မရပေ။

"လုမင်၊ ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို သွားကြရအောင်။ မကြာသေးမီက၊ ရှေးဟောင်းလ မြင့်မြတ်မြေမှာ ယောင်ချစ်(ကျောက်စိမ်းရေကန်)ရဲ့ ယောင်ချစ်သူတော်စင်ငယ်ပေါ်လာပြီး ဓမ္မကာကွယ်သူကို ရွေးချယ်ဖို့ ရည်မှန်းထားကြောင်း ငါသတင်းကြားရတယ်။ အခုဆိုရင် အဓိက အင်အားစုကြီးတွေရဲ့ ပါရမီရှင်တွေအတော်များများ ခရီးထွက်နေကြပြီလေ။ ဒီကာလအတွင်းမှာ ရှေးဟောင်းလ မြင့်မြတ်နယ်မြေက အင်မတန် အသက်ဝင်နေလိမ့်မယ်"

ရွှီယန်က မျှော်လင့်ချက်တို့ဖြင့် ပြောလိုက်သည်။

"ယောင်ချစ်ရဲ့ သူတော်စင်ငယ်လား"

လုမင် အံ့ဩသွား၏။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေအကြောင်း သူဘာမှသိသေးပေ။

"ဟုတ်တယ်၊ ယောင်ချစ်က အင်မတန်ထူးခြားတဲ့ အင်အားစုတစ်ခုပဲ။ သူတို့အားလုံးက အမျိုးသမီးတွေဖြစ်ပြီး တစ်ယောက်ချင်းစီက ထူးကဲတဲ့ အလှလေးတွေချည်းပဲ။ အထူးသဖြင့် သူတော်စင်ငယ်က နတ်သမီးလေးတွေလို လှပကြပါတယ်။ အနှစ်နှစ်ဆယ်တိုင်းမှာ ယောင်ချစ်က သူတော်စင်ငယ်တွေကို လွှတ်ပေးတယ်လေ။ ဒီတစ်ခါ‌မှာတော့ သူတော်စင်ငယ် ကိုးယောက်ရှိတယ်"

"သူတို့တစ်ဦးစီက သေမျိုးကမ္ဘာကို ဆင်းသက်လာတဲ့ နတ်သမီးလေးတွေလို လှပကြတယ်တဲ့။ နောက်ပြီးတော့ သူတို့က အလွန်ထက်မြက်ပြီး နက်နဲတဲ့ ကျင့်ကြံမှုအခြေခံတွေ ရှိကြတယ်။ သူတို့ရဲ့ ဓမ္မကာကွယ်သူ ဖြစ်လာနိုင်ရင် ဒါက အကောင်းဆုံးပဲ မဟုတ်လား"

စကားပြောရင်း ရွှီယန်၏ မျက်လုံးများက ပို၍ တောက်ပလာခဲ့သည်။

လုမင်လည်း ခေါင်းကိုခါယမ်းပြီး ပြုံးလိုက်လေသည်။ ယခုအချိန်တွင် သူက မိန်းမလှများကိုကြည့်ရန် မည်သို့ စိတ်ကူးရှိမည်နည်း။

လုမင်နှင့် ရွှီယန်တို့လည်း သွေးကျောက်စိမ်းနန်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ရှိရာသို့ လျှောက်သွားကြသည်။

တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ထဲသို့ လှမ်းဝင်ပြီးနောက် သွေးကျောက်စိမ်းနန်းတော်မှ ထွက်ခွာသွားကြ၏။

မကြာမီ၊ သူတို့၏ရှေ့တွင် ရှေးဟောင်းမြို့တစ်မြို့ ပေါ်လာသည်။

ဤသည်က ရှေးဟောင်းလမြင့်မြတ်နယ်မြေတော့ မဟုတ်ပေ။ ၎င်းက ‌ရှေးဟောင်းလ မြင့်မြတ်နယ်မြေ အပြင်ဘက်ရှိ ရှေးဟောင်းမြို့ ဖြစ်သည်။

အမျိုးမျိုးသော ဧကရာဇ်အဆင့် အင်အားစုများက ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ တိုက်ရိုက် ပေးပို့၍ မရပေ။ သူတို့က ရှေးဟောင်းလ မြင့်မြတ်နယ်မြေ အပြင်ရှိ ရှေးဟောင်းမြို့သို့သာ ပို့ဆောင်ပေးနိုင်သည်။ ထိုမှတဆင့် ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ သွားကြရလေသည်။

လုမင်နှင့် ရွှီယန်တို့လည်း ရှေးဟောင်းမြို့၌ မနားတော့ဘဲ ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ တိုက်ရိုက်ပျံသန်းခဲ့ကြသည်။

မကြာမီ၊ သူတို့၏‌ရှေ့တွင် တောင်တန်းကြီးတစ်ခု ပေါ်လာသည်။ တောင်ထိပ်များက ဓားများကဲ့သို့ ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်နေကြ၏။ အဝေးမှ လှမ်းကြည့်ရသည်မှာ အကန့်အသတ်မဲ့ပြီး ကြီးကျယ်ခမ်းနားလွန်းလှသည်။

All Chapters