← Chapters

အခန်း ၁၇၄၁

Vol. 117 Ch. 1741

အခန်း ၁၇၄၁

Vol. 117 Ch. 1741

အပိုင်း ( 1741 ) မြင့်မြတ်နယ်မြေသို့ ပထမဆုံး ရောက်ရှိခြင်း။

အမြင့်ဆုံးတောင်၏ တောင်ထိပ်တွင် မီတာသုံးသောင်း မြင့်မားသော ‌ဧရာမ ကျောက်စာတိုင်ကြီးတစ်ခု ရှိနေသည်။ ကျောက်စာတိုင်ပေါ်တွင် လျှို့ဝှက်ဆန်းကျယ်သော ရွန်းများ လှည့်ပတ်နေကြ၏။ ၎င်းမှ ကောင်းကင်နှင့်မြေပြင်ကို ဖြန့်ကျက်ကာ ပြင်ပကမ္ဘာနှင့် ခွဲထုတ်လိုက်သော အလင်းမျက်နှာပြင်တစ်ခုကို ထုတ်လွှတ်နေလေသည်။

"ဒါက နယ်နိမိတ်ကျောက်တိုင်လေ။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေက သဘာဝစွမ်းအင် ကြွယ်ဝတဲ့ ကျင့်ကြံခြင်းအတွက် နိဗ္ဗာန်ဘုံတစ်ခုပဲ။ ဒဏ္ဍာရီအရ ရှေးယခင်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ အင်အားစု‌ကြီးတွေဟာ နယ်နိမိတ်ကျောက်တိုင် တစ်ရာ့ရှစ်ခုကို ပူးပေါင်းတည်ဆောက်ခဲ့ကြတယ်။ သူတို့က သဘာဝစွမ်းအင် ပေါက်ကြားခြင်းနဲ့ ရှေးဟောင်းလမြင့်မြတ်နယ်မြေကို ထိခိုက်စေခြင်းကနေ ကာကွယ်ဖို့ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို ပြင်ကကမ္ဘာနဲ့ ခွဲထုတ်ခဲ့ကြတာ"

ရွှီယန်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို ကောင်းစွာသိပုံရသည်။ လုမင်၏ စိတ်ရှုပ်ထွေးမှုကို မြင်လိုက်ရသဖြင့် သူက ရှင်းပြလေသည်။

"ဒါပေမဲ့ နယ်နိမိတ်ကျောက်တိုင်က ‌မိုးနဲ့မြေရဲ့ သဘာဝစွမ်းအင်တွေကိုပဲ ခွဲထုတ်နိုင်ပါတယ်။ သက်ရှိတွေ ဝင်ထွက်တာကိုတော့ တားမြစ်ထားခြင်း မရှိဘူး။ အထဲကို ဝင်ကြရအောင်"

ရွှီယန်က ‌ဆက်ပြောလိုက်သည်။

နှစ်ယောက်သား လေထဲသို့ ပျံသန်းသွားကြသည်။ သူတို့က အလင်းမျက်နှာပြင်ကို ဖြတ်သွားသော်လည်း အတားအဆီး လုံးဝမရှိပေ။ သူတို့ နှစ်ယောက် ဖြတ်သွားစဉ် အလင်းမျက်နှာပြင်က ရေမျက်နှာပြင်ကဲ့သို့ အနည်းငယ်သာ လှိုင်းထလာခဲ့သည်။

"ကြွယ်ဝလိုက်တဲ့ စွမ်းအင်"

အလင်းမျက်နှာပြင်ကို ဖြတ်ကျော်ပြီးသည်နှင့်၊ လုမင်သည် အလင်းမျက်နှာပြင်အတွင်းမှ သဘာဝစွမ်းအင်ဟာ အပြင်လောကထက် အဆများစွာ ပိုကြွယ်ဝသည်ဟု ခံစားလိုက်မိသည်။ ထို့ပြင်၊ ကောင်းကင်နှင့်မြေပြင်၏ နိယာမများကို နားလည်သဘောပေါက်မှုက ဤနေရာတွင် ပို၍ရှင်းလင်းပုံရပေသည်။

"ကျင့်ကြံမှုရဲ့ မြင့်မြတ်မြေက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ကျင့်ကြံမှု ပတ်ဝန်းကျင်က အပြင်မှာထက် အများကြီး ပိုကောင်းတယ်။ အလင်းမျက်နှာပြင်ရဲ့ အတွင်းနဲ့အပြင်က လုံးဝ မတူညီတဲ့ ကမ္ဘာနှစ်ခုပဲ"

လုမင်က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

"ရှေးဟောင်းလ မြင့်မြတ်နယ်မြေက ကြီးမားကျယ်ပြန့်ပြီး ပြည်နယ်ကြီးတွေထက်တောင် ကြီးမားတယ်။ ဒါပေမဲ့ ဒီနေရာမှာ အင်အားစုတည်ထောင်ပြီး အခြေချနိုင်တဲ့ အင်အားစုတိုင်းက အင်မတန်စွမ်းအားကြီးကြတယ်။ လုံလောက်တဲ့ အင်အားမရှိရင် ဒီနေရာမှာ ခြေကုပ်ယူဖို့ မဖြစ်နိုင်ဘူး။ ဥပမာဆိုရရင် မြင့်မြတ်နယ်မြေ အပြင်ဘက်က ဧကရာဇ်အဆင့် အင်အားစုတွေဟာ ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှာ ကိုယ်ပိုင်အင်အားစုကို တည်ထောင်ဖို့ အရည်အချင်းမပြည့်မီကြဘူးလေ။ မဟုတ်ရင်လည်း သူတို့ကို ရှေးဟောင်းလ မြင့်မြတ်နယ်မြေက အင်အားစုကြီးတွေရဲ့ နှင်ထုတ်တာကို ခံကြရလိမ့်မယ်"

ရွှီယန်က ပြောလိုက်သည်။

လုမင်လည်း တိတ်တဆိတ် တုန်လှုပ်သွားလေသည်။ ဧကရာဇ်အဆင့် အင်အားစုများပင်လျှင် ရှေးဟောင်းလ မြင့်မြတ်နယ်မြေတွင် ကိုယ်ပိုင်အင်အားစုကို မတည်ထောင်နိုင်လျှင်၊ ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ အင်အားစုများက မည်မျှအားကောင်းသနည်း။

ရွှီယန်သည် ယခင်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ ရောက်ဖူးသောကြောင့် ထိုနေရာနှင့် ရင်းနှီးသည်။ နှစ်ယောက်သား စကားစမြည်ပြောရင်း လျှောက်လှမ်းသွားကြလေသည်။

မကြာမီ၊ သူတို့၏ရှေ့တွင် ကြီးမားသော အဆောက်အဦတစ်ခု ပေါ်လာသည်။

သူတို့က အဝေးတွင်ရှိသော်လည်း ဝင်ထွက်သွားလာသူများနှင့် စည်ကားသက်ဝင်နေတာကို မြင်နေရသေးသည်။

"ဒါက ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ ထင်ရှားတဲ့ အဆောက်အဦတွေထဲက တစ်ခုပေါ့။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ အင်အားစုကြီးတွေက တပည့်တွေအပြင်... အပြင်လောကကနေ လာရောက်ကြတဲ့ ကျင့်ကြံသူတွေကလည်း ရတနာဝယ်ဖို့ ဒီနေရာကို လာရောက်တတ်ကြတယ်။ အဲဒီမှာ အင်မတန် စည်ကားတာပေါ့"

ရွှီယန်က ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်လေသည်။ ဤအဆောက်အဦက အလွန်ကြီးမားပြီး မြို့ရိုးမရှိသော မြို့ကြီးတစ်မြို့နှင့်ပင် တူလှသည်။

သူတို့နှစ်ယောက်က လမ်းမပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ဤနေရာရှိ လမ်းဘေးတစ်ဖက်စီတွင် ဈေးဆိုင်များ ပြည့်နေသည်ကို တွေ့ရ၏။ သူတို့နှစ်ယောက်က လမ်းအတိုင်း လျှောက်သွားကြတော့သည်။

"အကျော်အမော်တွေ အများကြီးပဲ"

လုမင်မှာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် တိတ်တဆိတ် တုန်လှုပ်သွားမိသည်။

လမ်းမပေါ်တွင် လျှောက်လှမ်းနေသူတိုင်းက အကျော်အမော်များဖြစ်ကြောင်း တွေ့ရ၏။

သူတို့တစ်ဦးစီ၏ ချီနှင့်သွေးက ပြင်းထန်ပြီး အားကောင်းသော သူတော်စင်အငွေ့အသက်များ ပြည့်နေသည်။ သူတို့အများစုက အမှန်ပင် သူတော်စင်နယ်ပယ် အကျော်အမော်များ ဖြစ်ကြသည်။

တခြားသူများကလည်း သူတော်စင်မဟုတ်လျှင်ပင် အနည်းဆုံး သူတော်စင်တစ်ပိုင်း ကျင့်ကြံမှုရှိ၏။ အားအနည်းဆုံးက အဆင့်မြင့် သိုင်းအုပ်ချုပ်သူ ဖြစ်ချေသည်။

သူတော်စင်များကို စန်းပြည်နယ်တွင် ထိပ်သီး အကျော်အမော်များအဖြစ် သတ်မှတ်ကြသော်လည်း ဤနေရာမှာတော့ နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။

"ရှေးဟောင်းလ မြင့်မြတ်နယ်မြေက တကယ်ကို ယွမ်လုရဲ့ မြင့်မြတ်နယ်မြေကိုးခုထဲက တစ်ခုဖြစ်ထိုက်တယ်။ ဒီမှာ အကျော်အမော်တွေ အများကြီးပဲ"

လုမင်က ပြောလိုက်သည်။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေတွင် တန်ခိုးထွားသော ဂိုဏ်းများစွာရှိသည်။ ထိုဂိုဏ်းများမှ သူတော်စင်အရေအတွက်က အံ့မခန်းပင် ဖြစ်လိမ့်မည်။

စန်းပြည်နယ်တွင် ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုအပြင် အလယ်လတ်တန်းစားနှင့် အဆင့်နိမ့် အင်အားစုများ အများအပြား ရှိသည်။ ၎င်းတို့အားလုံးကို ပေါင်းလိုက်သောအခါတွင် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများစွာ ပေါ်လာကြ၏။

သို့သော်လည်း စန်းပြည်နယ်ရှိ အင်အားစုအကုန်လုံးကို ပေါင်းလိုက်လျှင်ပင် ဧကရာဇ်အဆင့် အင်အားစုတစ်ခုနှင့် မယှဉ်နိုင်သေးပါ။

သို့ရာတွင်၊ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ မည်သည့်အင်အားစုမဆို ဧကရာဇ်အဆင့် အင်အားစုထက် များစွာပို၍အားကောင်းသည်။ ၎င်းတို့တွင် သူတော်စင်အရေအတွက်က မည်မျှရှိသည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။

ထို့ပြင်၊ ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ အပြင်ဘက်မှ ဧကရာဇ်အဆင့် အင်အားစု အများအပြားက ကျွမ်းကျင်သူများကို ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ စေလွှတ်ခဲ့သည်။ သို့ဖြစ်ပေရာ၊ ဤနေရာတွင် အကျော်အမော်များစွာ ရှိနေခြင်းက အံ့သြစရာမဟုတ်တော့ပေ။

လုမင်က ဆိုင်ရှေ့တွင်ရပ်နေသော စားပွဲထိုးလေးပင်လျှင် သူတော်စင်တစ်ပိုင်းဖြစ်ကြောင်း တွေ့ခဲ့ရလေသည်။ ယင်းက လုမင်ကို ဆွံ့အသွားစေသည်။

"သူတော်စင်ရတနာတွေ"

ဆိုင်အနည်းငယ်ကို လိုက်ကြည့်ပြီးနောက် လုမင်သည် အပြင်တွင်ရောင်းချနေသော ပစ္စည်းများအားလုံးမှာ သူတော်စင်ရတနာများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ မဟာသူတော်စင်ရတနာနှင့် အန္တိမသူတော်စင် ရတနာများပင် ရှိခဲ့သေးသည်။

ဤနေရာတွင် လုမင်ကို မင်သက်စေသည့် အဖိုးတန် ရတနာ မျိုးစုံလည်း ရှိခဲ့သည်။

လုမင်က ဆိုင်တစ်ဆိုင်တွင် အန္တိမသူတော်စင်အဆင့် အစစ်အမှန်နဂါး၏ အရိုး သို့မဟုတ် သွေးအနှစ်သာရများ ရှိ၊မရှိ မေးကြည့်ခဲ့သည်။ ထိုအရာမျိုး ရှိလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ဈေးနှုန်းက အံ့မခန်းဖြစ်ကြောင်း သိရလေသည်။

လုမင်သည် တစ်ချိန်က ဆမ်ဆာရာလှံပုဆိန်ဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အန္တိမသူတော်စင်နှစ်ဦးကိုသတ်ပြီး ၎င်းတို့၏ သိုလှောင်လက်စွပ်များကို ရယူခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူ အတော်လေး ချမ်းသာပြီဟု ယူဆသော်လည်း အန္တိမသူတော်စင်အဆင့် အစစ်အမှန်နဂါး၏ အရိုး သို့မဟုတ် သွေးအနှစ်သာရများကို မတတ်နိုင်သေးကြောင်း တွေ့ရှိခဲ့ရသည်။

ဈေးကြီးလွန်းပေသည်။

ထောင်ချီသော နတ်သားရဲများကြားမှာပင် အစစ်အမှန်နဂါးများက ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်သည်။ အထူးသဖြင့် အန္တိမသူတော်စင်အဆင့် အစစ်အမှန်နဂါးများက အလွန်ရှားပါးသည်။ ၎င်းတို့က အလွန်တန်ဖိုးမြင့်မားသည်မှာ သဘာဝပင်။

လုမင် ဆွံ့အသွားမိသည်။ သူ့ကိုယ်သူ အတော်ချမ်းသာသည်ဟု ထင်ထားသော်လည်း ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ ရောက်လာပြီးမှ ဆင်းရဲသားတစ်ဦးဖြစ်သွားတာကို သိလိုက်ရသည်။

နောက်ဆုံးတွင်၊ လုမင်က ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ကို ‌တိုက်ကျွေးရန်အတွက် ဝိညာဉ်အရည်အချို့ကို ဝယ်ယူခဲ့လေသည်။ ထို့နောက်တွင် သူနှင့် ရွှီယန်က တည်းခိုရန် ဆိုင်တစ်ခုကို ရောက်လာခဲ့ကြသည်။

သူတို့က ဤနေရာတွင် ဦးစွာအခြေချကြပြီးမှ ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ တန်ခိုးကြီးသော အင်အားစုများနှင့် တွေ့ဆုံရန် အခွင့်အရေး ရှာဖွေကြလိမ့်မည်။

လုမင်က ဟွမ်လင်နှင့် ယဲ့တုန်ဖန့်ကို ပထမဆုံး တွေးမိသည်။ ၎င်းတို့က ရှေးဟောင်းလမြင့်မြတ်နယ်မြေတွင် နေထိုင်သော်လည်း၊ ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှာ အလွန်ကြီးမားသည်။ သူက ယခုမှ ရောက်ရှိလာခြင်းကြောင့် သူတို့၏ဂိုဏ်းများက ဘယ်နေရာတွင်ရှိမှန်း မသိရပေ။ နေရာများကလည်း ဝေးကွာလွန်းသဖြင့် မက်ဆေ့ခ်ျပို့ရန် ခက်ခဲသည်။

"လုမင်၊ ခုနစ်ရက်ကြာရင် ယောင်ချစ်နတ်သမီးတွေ ပေါ်လာပြီးတော့ ဓမ္မကာကွယ်သူကို ရွေးချယ်လိမ့်မယ်။ အဲဒီအချိန်ကျရင် ပါရမီရှင်‌တွေ အများကြီး ရောက်လာကြမှာလေ။ ယဲ့တုန်ဖန့်နဲ့ တခြားသူတွေကိုလည်း တွေ့နိုင်တယ်"

ရွှီယန်က အကြံပြုလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ ဟွမ်လင်တို့ကို မတွေ့ရလျှင်ပင်၊ မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် သူသိသောသူများကို တွေ့နိုင်ပါက ပို၍ လွယ်ကူလာမည် ဖြစ်သည်။

အခန်းထဲသို့ ဝင်လာပြီးနောက် လုမင်က တောင်နှင့်မြစ် ပန်းချီကားအတွင်းကို ဝင်ရောက်ခဲ့လေသည်။

ထိုအချိန်တွင် အလင်းတန်းတစ်ခုကဲ့သို့ ပူဖောင်းလေးက လုမင်၏ ရင်ခွင်ထဲကို ပြေးဝင်လာခဲ့သည်။

"ကိုကိုလုမင်... ပူဖောင်းလေးက ဒီမှာပျင်းနေပြီ။ တွိ... တွိ"

ပူဖောင်းလေးက နှုတ်ခမ်းလေးကိုစူပြီး ပြောလိုက်သည်။

"အေးပါကွာ၊ ငါမင်းကို ရက်အနည်းငယ်အတွင်း အပြင်ခေါ်သွားမယ်"

လုမင်က ပူဖောင်းလေး၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။

"ဟုတ်"

ပူဖောင်းလေးက ပျော်ရွှင်စွာဖြင့် ဘေးဘက်သို့ ခုန်ထွက်သွားတော့သည်။

လုမင်က ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ဆီသို့‌ လျှောက်သွားကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် သူတော်စင်ရတနာတစ်ခု ပေါ်လာ၏။ ၎င်းက မဟာသူတော်စင်လက်နက် ဖြစ်သည်။

သူက လက်နက်တစ်သောင်းတာအိုကျမ်းကို လေ့ကျင့်ရန် စီစဉ်ခဲ့ပေသည်။

ဤကာလအတွင်း၌ လုမင်သည် ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကိုသာ အာရုံစိုက်ကာ လေ့ကျင့်ခဲ့သည်။ သူက လက်နက်တစ်သောင်း တာအိုကျမ်းကို လျစ်လျူရှုခဲ့မိ၏။

စန်းပြည်နယ်မှ တိုက်ပွဲတွင် သူက အန္တိမသူတော်စင်များစွာ၏ သိုလှောင်လက်စွပ်များကို ရရှိခဲ့သည်။ ၎င်းတို့ထဲတွင် မဟာသူတော်စင်ရတနာများစွာ ပါရှိသောကြောင့် သူ့ခန္ဓာကိုယ်မှ အပ်စိုက်ရာနေရာများတွင် တံဆိပ်ခတ်ထားနိုင်သည်။

လုမင်က သာမန် သူတော်စင်လက်နက်များကို သူ့ခန္ဓာကိုယ်ထဲသို့ တံဆိပ်ခတ်ရန် အစီအစဉ်မရှိပါ။ ၎င်းတို့၏ စွမ်းအားနှင့် တိုးတက်မှုက အကန့်အသတ်ရှိသည်။ ထို့ကြောင့် သူက တံဆိပ်ခတ်ချင်လျှင် မဟာသူတော်စင်လက်နက်များကို တံဆိပ်ခတ်ရလိမ့်မည်။

မဟာသူတော်စင် လက်နက်များကို တံဆိပ်ခတ်စဉ်တွင် လုမင်၏ ခန္ဓာကိုယ်က တောက်ပလာသည်။

မဟာသူတော်စင်လက်နက်များက အစွမ်းထက်သော်လည်း ခန္ဓာကိုယ်ပေါ်ရှိဖိအားသည် အလွန်ကြီးမားသည်။

သို့ရာတွင်၊ လုမင်၏ လက်ရှိ ဝိညာဉ်ခန္ဓာက ကောင်းကင်အလယ်လတ်အဆင့် ဝိညာဉ်ခန္ဓာသာဖြစ်သော်လည်း ၎င်း၏စွမ်းအားက ကောင်းကင်အဆင့်မြင့် ဝိညာဉ်ခန္ဓာနှင့် ညီမျှ၏။ သူ၏ ကျင့်ကြံမှုအခြေခံကလည်း သူတော်စင်နယ်ပယ်သို့ ရောက်နေပြီ။ မဟာသူတော်စင်လက်နက်များကို တံဆိပ်ခတ်ခြင်းက သူ့အတွက် ပြဿနာမဟုတ်ပေ။

All Chapters