← Chapters

အခန်း ၁၇၄၂

Vol. 117 Ch. 1742

အခန်း ၁၇၄၂

Vol. 117 Ch. 1742

အပိုင်း ( 1742 ) မြင့်မြတ်နယ်မြေ၏ အင်အားစုများမှ ပါရမီရှင်များ။

"ဝမ်"

လုမင်၏ ခန္ဓာကိုယ်ပေါ်မှ အပ်စိုက်မှတစ်ခုက တောက်ပလာသည်။ ၎င်းက နေအသေးစားတစ်စင်းကဲ့သို့ အလွန် ထွန်းလင်းတောက်ပ၏။

ထို့နောက် မဟာသူတော်စင်လက်နက်က အပ်စိုက်မှတ်ထဲသို့ ပြေးဝင်သွားသည်။ မကြာမီ၊ လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းစက် တစ်ရာကျော် ပေါ်လာတော့သည်။ အလင်းစက်တစ်ခုစီတွင် လွင့်မျောနေသော သူတော်စင်လက်နက်တစ်ခုစီကို ယောင်ဝါးဝါးမြင်နိုင်သည်။

သူတော်စင်လက်နက် တစ်ရာကျော်ကို ချိတ်ဆက်လိုက်သောအခါ လက်နက်စွမ်းအင်က ပြင်းထန်သောဖိအားကို ဖြစ်ပေါ်စေသည်။ လုမင်က သူ၏ အပ်စိုက်မှတ်များက ဖောင်းကြွလာသလို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်က မသန်မာဘူးဆိုလျှင် ပေါက်ကွဲသွားလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့်၊ လုမင်၏ ခန္ဓာကိုယ်က လုံလောက်စွာ သန်မာခဲ့သည်။

တဖြည်းဖြည်းနှင့် မဟာသူတော်စင်လက်နက်က အခြား သူတော်စင်လက်နက်များနှင့် ချိတ်ဆက်သွား‌တော့သည်။

"မဟာသူတော်စင်လက်နက် နှစ်ခု...၊ ဒါပေမဲ့ မလုံလောက်သေးဘူး"

လုမင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။ ယခင်က၊ သူသည် မဟာသူတော်စင် လက်နက်တစ်ခုကို တံဆိပ်ခတ်ထားပြီး ဖြစ်သည်။ ဤတစ်ခုနှင့်ဆိုလျှင် စုစုပေါင်း နှစ်ခု ဖြစ်၏။ သို့သော်လည်း လုမင်သည် သူ၏ ကန့်သတ်ချက်သို့ မရောက်သေးဟု ခံစားနေမိသည်။ သူက ဆက်လက် တံဆိပ်ခတ်နိုင်သေးသည်။

ထို့နောက်တွင်၊ လုမင်က နောက်ထပ် မဟာသူတော်စင် လက်နက်တစ်ခုကို ထုတ်ကာ တံဆိပ်ခတ်လိုက်သည်။

အချိန်များကုန်လွန်လာကာ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားပြီ။

လုမင်သည် မဟာသူတော်စင်လက်နက် လေးခုကို တံဆိပ်ခတ်ပြီး‌မှ သူ့ခန္ဓာကိုယ်၏ အကန့်အသတ်သို့ ရောက်ရှိသွားသလို ခံစားလိုက်သည်။

ထို့နောက်တွင်၊ လုမင်က ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို စိတ်နှစ်ပြီး လေ့ကျင့်လိုက်လေသည်။

နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်ခြင်းက နိယာမအပေါ် နားလည်နိုင်စွမ်းကို တိုးတက်စေနိုင်သည်။ နတ်ဘုရားစွမ်းရည်က တိုးတက်လာသည်နှင့်အမျှ၊ နိယာမအပေါ် နားလည်နိုင်စွမ်းကလည်း သဘာဝအတိုင်း မြင့်မားလာလိမ့်မည်။ လုမင်က သဘာဝအတိုင်း ပေါ့လျော့နေမည် မဟုတ်ပေ။

ကောင်းကင်ခွင်းလွန်းပျံပေါ်တွင် ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက်၊ လုမင်၏ ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို ကျွမ်းကျင်မှုက ပို၍ နက်ရှိုင်းလာကာ ဆယ့်ငါးရာခိုင်နှုန်းအထိ ဆုပ်ကိုင်နိုင်ခဲ့သည်။

သူက ငါးရာခိုင်နှုန်းသာ တိုးတက်လာခဲ့သော်လည်း အထင်သေး၍မရပေ။ ပြီးပြည့်စုံသော နိယာမတစ်ခုကို အပိုင်းတစ်ရာ ပိုင်းခြားထားပါက၊ ၎င်းကို ငါးပိုင်းတိုးတက်ခြင်းဟု ဆိုနိုင်သည်။ ၎င်း၏ စွမ်းအားသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာလိမ့်မည်။

နတ်ဘုရားစွမ်းရည်များတွင် သေးငယ်သော တိုးတက်မှုက စွမ်းအားကြီးကြီးမားမား တိုးတက်လာစေနိုင်သည်။

ထိုအချိန်တွင် ယောင်ချစ်မှ ပြိုင်ပွဲက စတင်ခဲ့ပေသည်။

လုမင်နှင့် ရွှီယန်တို့လည်း ယောင်ချစ်သို့ ထွက်လာခဲ့ကြသည်။

သူတို့တင်မကဘဲ အဆောက်အဦအတွင်းရှိ လူအများအပြားက ထိုလမ်းကြောင်းအတိုင်း ဦးတည်သွားကြ၏။ အများစုက ငယ်ရွယ်သော ပါရမီရှင်များ ဖြစ်ကြသည်။ ယောင်ချစ်နတ်သမီးများက မည်မျှဆွဲဆောင်မှုရှိသည်ကို တွေးကြည့်နိုင်ပေသည်။

မကြာမီ၊ သူတို့က ရေကန်ကြီးတစ်ကန်ဆီသို့ ရောက်လာခဲ့ကြသည်။

ရေကန်က ကြေးမုံကဲ့သို့ ကြည်လင်ပြီး တည်ငြိမ်နေလေသည်။

လုမင်နှင့် အခြားသူများ ရောက်ရှိလာသောအခါ ရေကန်၏ မျက်နှာပြင်ပေါ်တွင် လမ်းလျှောက်နေသူများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

"သူတို့အားလုံးက ထိပ်တန်းပါရမီရှင်တွေပဲ"

လုမင်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သောအခါ အားလုံးက အားကောင်းသော အရှိန်အဝါများဖြင့် ပါရမီရှင်များဖြစ်ကြောင်း တွေ့ရသည်။ သူတို့၏ ချီနှင့်သွေးက မီးတောက်မီးလျှံကဲ့သို့ပင်။ သူတို့၏ ဝိညာဉ်ခန္ဓာများကလည်း အလွန်အစွမ်းထက်သည်။

သူတို့ထဲတွင် အများစုက ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင်များ ဖြစ်၏။ သူတို့၏ ကျင့်ကြံမှုကလည်း အခြေခံအားဖြင့် သူတော်စင်နယ်ပယ်သို့ ရောက်ရှိနေကြပြီ။

"ပါရမီရှင်တွေ အမျာကြီးပဲ၊ ယောင်ချစ်နတ်သမီးတွေက ဒီလောက်များတဲ့ ပါရမီရှင်တွေကို ဆွဲဆောင်နိုင်လောက်အောင် ကျက်သရေရှိတာလား"

လုမင် အလွန်အံ့ဩသွားသည်။

သိုင်းလမ်းစဉ်ကို လျှောက်လှမ်းနေကြသူများလည်း မိန်းမလှများကို နှစ်သက်တတ်ကြသည်။ သို့သော်လည်း အများစုကတော့ သိုင်းလမ်းစဉ်ကိုသာ အာရုံစူးစိုက်ပြီး ကျင့်ကြံမှုကို စွဲလမ်းနေဆဲပင်။ နောက်ဆုံးတွင်၊ ကျင့်ကြံမှုအဆင့် မြင့်မားလေလေ၊ သက်တမ်းရှည်လျားလာလေလေ ဖြစ်သည်။ သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိပါက၊ လူတစ်ဦး၏ သက်တမ်းမှာ အဆုံးမဲ့လုနီးပင်။ ဤသည်မှာ လူများစွာ၏ အဓိက လိုက်စားမှု ဖြစ်သည်။

ယခုမူ၊ ယောင်ချစ်နတ်သမီးများ၏ မွေးဖွားမှုက ပါရမီရှင်များစွာကို ဆွဲဆောင်နေခဲ့ပြီ။ ယင်းက အနည်းငယ် ထူးခြားသည်။

"သူတို့အားလုံးနီးပါးက ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ ဧကရာဇ်အဆင့် အင်အားစုကြီးတွေက ပါရမီရှင်တွေပဲလေ။ ဒီလိုလူတွေက မိန်းမလှလေးအတွက်သက်သက်နဲ့ ဒီကိုရောက်လာကြတာ မဟုတ်ဘူး။ ယောင်ချစ် နတ်သမီးတွေရဲ့ အလှတရားက မရေတွက်နိုင်တဲ့ ပါရမီရှင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက၊ သူတို့ဟာ ယောင်ချစ်ရဲ့ အရင်းအမြစ်တွေအတွက် ဒီကိုရောက်နေကြတာ"

"ယောင်ချစ်နတ်သမီး တစ်ဦးစီက တိုင်းပြည်တွေကိုတောင် ပြိုလဲစေနိုင်လောက်အောင် လှပကြပါတယ်။ ဒါကြောင့်ပဲ ရှေးခေတ်ကတည်းက ယောင်ချစ်နတ်သမီးတွေရဲ့ ဓမ္မကာကွယ်သူတွေ ဖြစ်လာဖို့ဆိုတာဟာ အစွမ်းထက်တဲ့ ပါရမီရှင်အများကြီးကို ဆွဲဆောင်နိုင်ခဲ့တယ်။ ဒီပါရမီရှင် တော်တော်များများကလည်း အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တယ်လေ။ သူတို့ထဲမှာ ဧကရာဇ်ဖြစ်လာကြတဲ့သူတွေက ကျင့်ကြံမှုအတွေ့အကြုံတွေနဲ့ ရှေးကျမ်းစာများစွာကို ယောင်ချစ်မှာ ချန်ထားခဲ့ကြတယ်"

"ကမ္ဘာပေါ်မှာ နိယာမပေါင်း ထောင်နဲ့ချီရှိပေမဲ့ ယောင်ချစ်မှာ ကျင့်ကြံမှုအတွေ့အကြုံတွေနဲ့ ကမ္ဘာ့နိယာမတွေ ငါးဆယ်ရာခိုင်နှုန်းရဲ့ နတ်ဘုရားစွမ်းရည်တွေ ရှိနေတယ်လို့ ဆိုတယ်။ အဲဒီ ပါရမီရှင် တော်တော်များများက ဒီကျင့်ကြံမှု အတွေ့အကြုံတွေနဲ့ ရှေးဟောင်းကျမ်းတွေအတွက် ရောက်လာခဲ့ကြတာ"

ရွှီယန်က ရှင်းပြလိုက်‌သည်။ လုမင်လည်း ဤတော့မှ နားလည်သွားလေသည်။

"ကမ္ဘာ့နိယာမ ငါးဆယ်ရာခိုင်နှုန်းရဲ့ ကျင့်ကြံမှုအတွေ့အကြုံနဲ့ နတ်ဘုရားစွမ်းရည်တွေလား"

လုမင်လည်း တိတ်တဆိတ် တုန်လှုပ်သွားမိသည်။

ဒါက အမှန်ဆိုလျှင် အလွန်ကြောက်စရာကောင်းလိမ့်မည်။

ယောင်ချစ်တွင် ထိပ်တန်း နိယာမဆယ်ခု၏ နတ်ဘုရားစွမ်းရည်နှင့် ကျင့်ကြံမှုအတွေ့အကြုံများပင်လျှင် ရှိနေမလား မပြောတတ်ပေ။

"ဒီ​နေ့ လူအရမ်းများတာပဲ"

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ တန်ဖိုးကြီးပုံရပြီး သားနားသော ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက လေထဲမှ လျှောက်လှမ်းလာပြီး လူအုပ်ကြီး၏အထက်တွင် ရပ်လိုက်၏။

"ရှေးဟောင်းလမြင့်မြတ်နယ်မြေက ဝမ်မျိုးနွယ်ရဲ့ ပါရမီရှင်... ဝမ်ထျန်းလုံပဲ"

တစ်စုံတစ်ယောက်က ထိုလူငယ်ကို မှတ်မိသဖြင့် အော်ပြောလိုက်သည်။

'ဝမ်မျိုးနွယ်လား'

လုမင်၏ မျက်လုံးများက အရောင်လက်သွား၏။ ယခင်က သူသည် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် ဝမ်မျိုးနွယ်မှ ဉာဏ်ကြီးရှင်ကို သတ်ခဲ့ဖူးသည်။ သူသည် ဝမ်မျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ်ဖြစ်သော လက်နက်တစ်သောင်း တာအိုကျမ်းကိုပင် ရရှိခဲ့သေးသည်။

ဝမ်ထျန်းလုံ၏ မျက်လုံးအကြည့်များက အေးစက်ပြီး မောက်မာသည်။ သူက လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ အခြားပါရမီရှင်များကို အထင်အမြင်သေးစွာ ကြည့်နေလေ၏။

"ဟမ့်၊ သူက မြင့်မြတ်နယ်မြေရဲ့ အင်အားစုက လူတစ်ယောက်ဖြစ်ရုံပဲလေ။ မာနကြီးရအောင် ဘာကောင်မို့လို့လဲ"

လုမင်၏ အနီးတွင် ဆံပင်နီနီဖြင့် လူငယ်လေးတစ်ယောက်က နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်သည်။ သူက ဝမ်ထျန်းလုံကို တိုက်ခိုက်စိတ်တို့ လင်းလက်နေသော သူ့မျက်လုံးများဖြင့် ကြည့်လိုက်၏။

ဤနေရာသို့ ရောက်ရှိလာသော ပါရမီရှင်အများစုမှာ ဧကရာဇ်အဆင့် အင်အားစုများမှ ဖြစ်သည်။ ၎င်းတို့ထဲတွင် အများစုက သက်ဆိုင်ရာ ဧကရာဇ်အဆင့် အင်အားစုများတွင် အစွမ်းထက်ဆုံး ပါရမီရှင်များ ဖြစ်၏။

အမှန်တော့၊ ကောင်းကင်ဝိညာဉ်ခန္ဓာသည် ဧကရာဇ်အဆင့် အင်အားစုများတွင်ပင် အလွန်ရှားပါးသည်။ ဥပမာအားဖြင့်၊ ယွင်ဧကရာဇ်တောင်တွင် ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင် တစ်ဦးမျှ မရှိပေ။

ဤပါရမီရှင်များက အများအားဖြင့် မြင့်မားပြီး တန်ခိုးကြီးသောကြောင့် သဘာဝအတိုင်း မာနကြီးကြသည်။ ယခုအခါမှာတော့ ဝမ်ထျန်းလုံက သူတို့ခေါင်းပေါ်တွင် မတ်တပ်ရပ်ပြီး အထင်မြင်သေးစွာဖြင့် ကြည့်နေသောကြောင့် လူအများစုမှာ သဘာဝအတိုင်း မကျေနပ်ကြတော့ပေ။

"ရွှစ်"

ထိုအချိန်တွင် စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဓားအလင်းက ပျောက်ကွယ်သွားပြီးနောက် မီးခိုးရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ပေါ်လာ၏။ သူ့နောက်ကျောတွင် ဓားတစ်ချောင်းကို လွယ်ပိုးထားသည်။ သူ့တစ်ကိုယ်လုံးက စူးရှ‌ထက်မြက်သော အငွေ့အသက်များ ထွက်ပေါ်နေကာ နတ်ဓားတစ်လက်ကဲ့သို့ပင်။

"ဒါက ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှာ တန်ခိုးအထွားဆုံး အင်အားစုတွေထဲက တစ်ခုဖြစ်တဲ့ တောရိုင်းဓားဂိုဏ်းရဲ့ ပါရမီရှင်ပဲ"

တစ်စုံတစ်ယောက်က ထိုလူငယ်၏ အထောက်အထားကို အသိအမှတ်ပြုခဲ့သည်။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ အင်အားစုကြီးများမှ ပါရမီရှင်များ ရောက်ရှိလာကြပြီ။

ထို့နောက်တွင် မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ်လက်ပြီး လျှပ်စီး၀တ်စုံဝတ် လူငယ်တစ်ဦး ပေါ်လာသည်။ တစ်စုံတစ်ယောက်က သူ့ကို မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ပါရမီရှင်ဖြစ်ကြောင်း အသိအမှတ်ပြုပေသည်။

'ယဲ့တုန်ဖန့်ကလည်း မိုးကြိုးနတ်ဘုရားဂိုဏ်းပဲ။ ယဲ့တုန်ဖန့်က ဒီမှာမရှိတာ စိတ်မကောင်းစရာပဲ'

လုမင်က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

"ဂီး... ဂီး"

ထိုအချိန်တွင် ရှည်လျားသော အော်သံနှစ်ခုကို ကြားလိုက်ရသည်။ ရွှေရောင်အလင်းတန်းနှစ်ခုက ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် ဖြတ်သန်းလာ၏။

နောက်အခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ခြေသုံးချောင်း ရွှေကျီးကန်းကြီး နှစ်ကောင်က ကောင်းကင်တွင် ပေါ်လာတော့သည်။

"ရွှေကျီးကန်းမျိုးနွယ်ရဲ့ ပါရမီရှင်တွေ"

လူများစွာ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး လေးနက်လာခဲ့ကြသည်။

ရွှေကျီးကန်းမျိုးနွယ်က အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခု ဖြစ်၏။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ အားကောင်းသည့် အင်အားစုများကြားတွင်ပင် ၎င်းက အစွမ်းထက်ဆုံးနှင့် ကြောက်စရာအကောင်းဆုံးများထဲမှ တစ်ခု ဖြစ်သည်။

ရွှေကျီးကန်းမျိုးနွယ်တွင် ပါရမီရှင်များစွာ ရှိသည်။ မျိုးဆက်တိုင်းတွင် ပါရမီရှင်များစွာ မွေးဖွားလာတတ်၏။

ခြေသုံးချောင်း ရွှေကျီးကန်းနှစ်ကောင်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ရွှေရောင်ဝတ်စုံဝတ် လူငယ်နှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။

"ရွှေကျီးကန်း ဒသမမင်းသား"

လုမင်၏ မျက်လုံးများက အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားသည်။

ထိုအထဲမှ တစ်ယောက်သည် ရွှေကျီးကန်း ဒသမမင်းသား ဖြစ်၏။ သူ၏ အရှိန်အဝါအရ သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သွားပြီဖြစ်ပြီး တောက်ပသော သူတော်စင်နယ်ပယ် ကနဦးအဆင့်ထက်ပင် ပိုနိုင်သည်။

အခြားတစ်ယောက်၏ အရှိန်အဝါက ရွှေကျီးကန်း ဒသမမင်းသားထက်ပင် ပို၍ကြောက်စရာကောင်းသည်။ သူ့ပတ်ဝန်းကျင်မှ ဆွေးနွေးသံများအရ ထိုပုဂ္ဂိုလ်မှာ ရွှေကျီးကန်း နဝမမင်းသား ဖြစ်သည်။

"လုမင်"

ရွှေကျီးကန်း ဒသမမင်းသားက စူးရှသော အကြည့်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က လုမင်အပေါ်သို့ ကျရောက်သွား၏။ အေးစက်စက် သတ်ဖြတ်လိုစိတ်တစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာတော့သည်။

လုမင်ကလည်း ကြောက်ရွံ့ခြင်းမရှိဘဲ စူးစူးစိုက်စိုက် ပြန်ကြည့်လိုက်သည်။

All Chapters