← Chapters

အခန်း ၁၇၄၃

Vol. 117 Ch. 1743

အခန်း ၁၇၄၃

Vol. 117 Ch. 1743

အပိုင်း ( 1743 ) ယောင်ချစ်နတ်သမီး။

"ဒသမညီလေး၊ ဘာဖြစ်လို့လဲ"

ရွှေကျီးကန်း နဝမမင်းသားက လုမင်ကို လှမ်းကြည့်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ပုရွက်ဆိတ်တစ်ကောင်နဲ့တွေ့လို့။ သူ့ကို ကျွန်တော်ကိုယ်တိုင် အခွင့်အရေးရှာပြီး ဖြေရှင်းလိုက်မယ်"

ရွှေကျီးကန်း ဒသမမင်းသားက ပြောလိုက်၏။

ရွှေကျီးကန်း နဝမမင်းသားက ခေါင်းညိတ်ကာ တခြားဘာမှ ထပ်မပြောတော့ပေ။

"ရွှီယန်၊ မင်းပဲ။ ဟားဟားဟား... မင်းလို အမှိုက်တစ်စကလည်း ယောင်ချစ်ကိုလာဖို့ ငါ မမျှော်လင့်ထားဘူး"

ရုတ်တရက်၊ လုမင်နှင့်​ အခြားသူများ​နောက်​မှ​ ပြက်ရယ်ပြုသော အသံတစ်​ခု ထွက်ပေါ်လာသည်​။

လုမင်နှင့် ရွှီယန်က လှည့်ကြည့်လိုက်သောအခါ လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ရပ်နေသော ခရမ်းရောင်၀တ်စုံဝတ် လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။ သူက ရွှီယန်ကို မထီမဲ့မြင်ဟန်ဖြင့် ကြည့်နေသည်။

"ထိုပါ့ဖေး၊ မင်းလည်း ရောက်လာတာပဲ"

ရွှီယန်၏ မျက်နှာက သုန်မှုန်သွားသည်။

"ဒါပေါ့၊ ငါရောက်လာတာပေါ့။ ငါက ယောင်ချစ်နတ်သမီးရဲ့ ဓမ္မကာကွယ်သူဖြစ်ဖို့ ရည်မှန်းထားတယ်။ ဒါပေမဲ့ မင်းလို ကောင်းကင်ဝိညာဉ်ခန္ဓာမဟုတ်တဲ့ အမှိုက်တစ်စက ယောင်ချစ်ကို တကယ်ကြီး ရောက်လာခဲ့တယ်လား။ မင်းကလည်း ဓမ္မကာကွယ်သူ ဖြစ်ချင်နေတာလား။ ငန်းသားစားချင်နေတဲ့ ဖားတစ်ကောင်ပဲ။ ဒီကိုမလာခင် မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သေချာကော ပြန်ကြည့်ခဲ့ရဲ့လား"

ထိုပါ‌ဖေးက ပိုမိုရဲတင်းလာပြီး လှောင်ပြောင်ပြောဆိုလိုက်၏။

ရွှီယန်၏ မျက်နှာက နီမြန်းနေပြီး အံကိုတင်းတင်းကြိတ်ထားမိသည်။ သူက ချေပချင်သော်လည်း သူ့အရည်အချင်းမှာ တစ်ဖက်လူထက် အမှန်တကယ် နိမ့်ကျနေသောကြောင့် မတတ်နိုင်ခဲ့ပေ။

'ရွှီယန်၊ ဘာဖြစ်တာလဲ'

လုမင်က ရွှီယန်ကို အသံပို့လွှတ်ကာ မေးလိုက်သည်။

'အဲဒီလူက ဧကရာဇ်အဆင့် အင်အားစုတစ်ခုက ပါရမီရှင်တစ်ဦးပဲ။ သူတို့က သွေးကျောက်စိမ်းနန်းတော်နဲ့ နီးစပ်ပြီး အင်အားစုနှစ်ခုကြားမှာ မကြာခဏဆိုသလို ပဋိပက္ခတွေ ဖြစ်တတ်တယ်'

ရွှီယန်က ရှင်းပြလိုက်၏။

လုမင် သဘောပေါက်သွားခဲ့သည်။ သွေးကျောက်စိမ်းနန်းတော်နှင့် ထိုပါ့ဖေး၏ အင်အားစုတို့က ချိတ်ဖြစ်နေကြကြောင်း ထင်ရှားသည်။ ယခုတော့ သူတို့တွေ့ဆုံကြပြီမို့ ထိုပါ့ဖေးသည် ရွှီယန်ကို တိုက်ခိုက်ရန် သဘာဝအတိုင်း အစပြုခဲ့ပေသည်။

"ဘာလဲ၊ မင်း ဘာဖြစ်လို့ စကားမပြောတာလဲ။ ငါပြောတာက မှားလို့လား၊ ကောင်းကင်ဝိညာဉ်ခန္ဓာမဟုတ်တဲ့ မင်းလိုအမှိုက်က သွေးကျောက်စိမ်းနန်းတော်မှာပဲ ပြန်ပုန်းနေသင့်တယ်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို လာရောက်တာက ကိုယ့်အရှက်ကို ခွဲသလိုပဲ"

ထိုပါ့ဖေးက ဆက်လက်လှောင်ပြောင်လိုက်သည်။

ရွှီယန်က သူ့လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ သူ့နဖူးပေါ်ရှိ သွေးကြောများပင် ထောင်လာ၏။ တစ်ဖက်လူကို တိုက်ခိုက်ပြီး သူ၏အရှက်တရားကို ဖယ်ရှားပစ်ချင်သော်လည်း၊ သူသည် တစ်ဖက်လူကို မယှဉ်ကြောင်း ကောင်းကောင်းသိသည်။

"ဘယ်ကလာတဲ့ ခွေးရူးလဲ။ ဟောင်သံတွေကို ကြားရတာက တကယ် စိတ်အနှောက်အယှက်ဖြစ်ရတယ်"

ဤအခိုက်တွင် လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ရွှီယန် အနည်းငယ် တုန်လှုပ်သွား၏။

ထိုပါ့ဖေး၏ မျက်နှာကလည်း မည်းမှောင်သွားသည်။ သူက မျက်မှောင်ကြုတ်ပြီး လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး၊ မင်း ဘယ်​သူ့ကို ခွေးရူးလို့​ ခေါ်လိုက်တာလဲ"

"ငါက ဘယ်သူ့ကို ပြောလိုက်တာလဲ"

လုမင် ပြုံးလိုက်သည်။

အေးစက်စက် လူသတ်ရန် ရည်ရွယ်ချက်တစ်ခုက ထိုပါ့ဖေး၏ မျက်လုံးထဲတွင် လင်းလက်လာသည်။။

"ကောင်လေး၊ စကားပြောမယ်ဆိုရင် အဲဒီစကားကို တာဝန်ခံနိုင်ရမယ်ဆိုတာ မင်း သိလား။ တချို့စကားတွေက မင်းခံနိုင်ရည်ရှိတာ မဟုတ်ဘူး"

"ခွေးရူးကိုက်တော့မယ်"

လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"မင်းက သေချင်နေတာပဲ"

ထိုပါ့ဖေး၏ မျက်လုံးများက ပို၍ပင် အေးစက်သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အားကောင်းသော အရှိန်အဝါတို့ဖြင့် လုမင်အပေါ် ဖိချလိုက်တော့သည်။

'တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ထိုပါ့ဖေး၏ ကျင့်ကြံမှုက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ ရောက်နေပြီ။ သူ့တွင် ကောင်းကင်ဝိညာဉ်ခန္ဓာလည်း ရှိသည်။ သူက အလွန်မောက်မာပြီး ရွှီယန်ကို မျက်လုံးထဲမထည့်တာ အံ့သြစရာမရှိတော့ပေ။

အကယ်၍၊ သူသည် စန်းပြည်နယ်တွင်ရှိပါက နတ်ဘုရားသားတော်ကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။

"ယောင်ချစ် ပေါ်လာပြီ"

ရုတ်တရက်၊ အော်သံတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

"ဝုန်း"

ကောင်းကင်မှ လှိုင်းခတ်သံ ကြားလိုက်ရပြီး ခမ်းနားထည်ဝါသော နန်းတော်တစ်ခုက ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အဆောင်များကလည်း အဆုံးမရှိသကဲ့သို့ လေထဲတွင် လွင့်မျောနေ၏။ အရှေ့ဘက်ရှိ အဆောင်များကို မြင်နိုင်သော်လည်း နောက်ဘက်မှ အဆောင်များကမူ အင်မော်တယ်နန်းတော်များကဲ့သို့ မှုန်ဝါးနေသည်။

ယောင်ချစ်၏ အခြားအမည်တစ်ခုက ယောင်ချစ်အင်မော်တယ်နန်းတော် ဖြစ်ချေသည်။

ယောင်ချစ်အင်မော်တယ်နန်းတော်၏ အသွင်ပြင်က ထိုပါ့ဖေးအပါအဝင် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"ကောင်လေး၊ ငါ မင်းကို အခုတော့ လွှတ်ပေးလိုက်မယ်"

ထိုပါ့ဖေးက ယောင်ချစ်အင်မော်တယ်နန်းတော်ကိုကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။

လုမင်လည်း ပြုံးရုံ ပြုံးလိုက်လေသည်။

ထိုအချိန်တွင် ယောင်ချစ်အင်မော်တယ်နန်းတော်တံခါး ပွင့်လာပြီး တော်ဝင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။

ထိုအမျိုးသမီးက အသက်လေးဆယ်ကျော်ရှိပုံရသော်လည်း ဆွဲဆောင်မှုရှိပြီး ချောမောလှပသေးသည်။ သူမ ငယ်ရွယ်စဉ်က ထူးကဲသော အလှလေးတစ်ဦးဖြစ်ခဲ့မည်မှာ သေချာသည်။

"ယောင်ချစ်ရဲ့ နတ်သမီးတွေ ထွက်လာကြပါပြီ။ လာလည်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

ထိုအမျိုးသမီး၏ အသံက ဧရိယာအနှံ့ ပဲ့တင်ထပ်သွားသည်။

"ဒီနှစ်မှာလည်း ယောင်ချစ်ရဲ့ နတ်သမီးတွေနဲ့ အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီမဲ့သူကို ရွေးချယ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဟုတ်တာပေါ့၊ ဓမ္မကာကွယ်သူ ဖြစ်လာမယ်... မဖြစ်လာဘူးက မင်းတို့ရဲ့ ကံကြမ္မာအပေါ်လည်း မူတည်တယ်"

အမျိုးသမီးက ဆက်ပြောလိုက်သည်။

ပါရမီရှင်များက မည်သူမျှ စကားမပြောကြပေ။ အားလုံးက စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းခဲ့ကြသည်။

သူတို့က ယောင်ချစ်၏ နတ်သမီးများ ပေါ်လာမည်ကို စောင့်မျှော်နေကြခြင်းပင်။

"ဒီမျိုးဆက်မှာ ယောင်ချစ်က နတ်သမီးကိုးယောက် ရှိပါတယ်။ သူတို့ကို အခုပဲ ထွက်လာခွင့်ပြုလိုက်မယ်"

တော်ဝင်ဝတ်စုံဝတ် အမျိုးသမီးက သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ယံ၌ ရေလှိုင်းများ ထပ်မံပေါ်လာ၏။ ထို့နောက် အဆောင်ကိုးခုက လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲတွင် လွင့်မျောနေတော့သည်။

အဆောင်တစ်ခုစီတွင် ကျောက်စိမ်းစားပွဲတစ်လုံးစီ ရှိသည်။ ကျောက်စိမ်းစားပွဲပေါ်တွင် သစ်သီးများ၊ ပန်းကန်လုံးများနှင့် အရက်အိုးများ တင်ထားလေသည်။

ကျောက်စိမ်းစားပွဲတစ်ခုစီ၏ ဘေးမှာတော့ ပြိုင်စံရှားအောင် လှပသော အမျိုးသမီးတစ်ဦးစီ ထိုင်နေကြသည်။

အဆောင်ကိုးခု၊ ကျောက်စိမ်းစားပွဲကိုးလုံးနှင့် မိန်းမလှလေး ကိုးဦး။

သူတို့တစ်ဦးစီက လူလောကသို့ ဆင်းသက်လာသော နတ်သမီးလေးများကဲ့သို့ပင်။ သူတို့တစ်ဦးစီ၏ အငွေ့အသက်များက မတူညီဘဲ ထူးကဲသော စိတ်နေစိတ်ထားများ ရှိကြသည်။

"လှလိုက်တာ"

မနီးမဝေးတွင်၊ ထိုပါ့ဖေး၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူ့မျက်လုံးထဲတွင် တောက်လောင်နေသော မီးတောက်တစ်ခု ပေါ်လာ၏။

သူတင်မကဘဲ တခြားသူများလည်း ထိုကဲ့သို့ပင် ဖြစ်သည်။

ယောင်ချစ်၏ နတ်သမီးများက တကယ်ကို လှပသည်။ သူတို့တစ်ဦးစီက ကမ္ဘာပေါ်တွင် ရှားပါးသော မိန်းမလှလေးများပင်။

ပို၍ပင်ရှားပါးသည်မှာ၊ ယောင်ချစ်နတ်သမီးတိုင်းက ထူးချွန်ထက်မြက်ပြီး မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိခြင်းပင် ဖြစ်သည်။

သို့‌သော်၊ လုမင် အံ့ဩရခြင်းက နတ်သမီးကိုးပါး၏ အလှအပကြောင့် မဟုတ်ပေ။ နတ်သမီးကိုးပါးက လှပသော်လည်း ရှဲ့နျန်ချင်းသည် သူတို့ထက် ပိုလှပတာ သေချာသည်။ လုမင် အံ့ဩရတာက သူတို့၏ အရည်အချင်းကိုပင်။

၎င်းတို့အားလုံးက ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင်များ ဖြစ်သည်။

ဒါက လုမင်ကို ထိတ်လန့်သွားစေသည်။

အချို့သော ဧကရာဇ်အဆင့် အင်အားစုများဆိုလျှင် ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင် တစ်ဦးမျှပင် မရှိပေ။ သို့ရာတွင်၊ ယောင်ချစ်မှာတော့ အင်မော်တယ်နန်းတော် ကိုးခုရှိပြီး တစ်ဦးစီကလည်း ထူးချွန်ထက်မြက်သူကြသူများ ဖြစ်သည်။

'ဒါက ရှေးဟောင်းလရဲ့ မြင့်မြတ်နယ်မြေရဲ့ စွမ်းအားပဲလား။ အံ့သြစရာကောင်းတယ်'

လုမင်က ရေရွတ်လိုက်သည်။

"အဆောင်ကိုးခုနဲ့ နတ်သမီးကိုးပါး... ဒီနေ့ ဘယ်သူတွေကများ ယောင်ချစ် နတ်သမီးတွေနဲ့ အရက်သောက်ပြီး သိုင်းတာအိုအကြောင်း ဆွေးနွေးနိုင်မလဲ"

တော်ဝင်ဝတ်စုံဝတ် အမျိုးသမီး၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ယင်းက လူအများ၏ မျက်လုံးများကို တောက်ပစေခဲ့ပေသည်။

အဆောင်ကိုးခုနှင့် မိန်းမလှလေးက ကိုးဦးသာရှိသော်လည်း ပါရမီရှင်များမှာ အလွန်များပြားသည်။ ဤမျှများပြားသော လူများကြားမှာမှ မိန်းမလှလေးနှင့် အတူသောက်ရန် အဆောင်ပေါ်သို့ တက်လှမ်းနိုင်ခြင်းမှာ တကယ်ကို ဂုဏ်ယူစရာကောင်းလိမ့်မည်။

"ဒီညီမလေးနဲ့ အရက်သောက်ရအောင် ဘယ်သူကများ လာရောက်ဖို့ ဆန္ဒရှိမလဲ"

ပထမအဆောင်မှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျောက်စိမ်းစားပွဲဘေးမှ အမျိုးသမီးက မတ်တပ်ရပ်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ အဆောင်မှ ကျောက်စိမ်းလှေကားတစ်ခုက ရေကန်အတွင်းကို ကျဆင်းလာတော့သည်။

"ဟားဟားဟား၊ ဒီလိုဆိုရင် ငါ အရင်ဆုံးသွားပါရစေ"

ဝမ်မျိုးနွယ်၏ ပါရမီရှင် ဝမ်ထျန်းလုံက ရှေ့သို့တိုးလာပြီး ကျောက်စိမ်းလှေကားပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက်တွင် သူက ကျောက်စိမ်းလှေကားအတိုင်း လျှောက်လှမ်းသွား၏။

ရွှေကျီးကန်းမျိုးနွယ်၏ မင်းသားနှစ်ပါး၊ မိုးကြိုးနတ်ဘုရားဂိုဏ်းမှ ပါရမီရှင်၊ တောရိုင်းဓားဂိုဏ်းနှင့် ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ အခြား အင်အားစုကြီးများမှ ပါရမီရှင်များက ဝမ်ထျန်းလုံကို စိုက်ကြည့်လိုက်ကြသည်။

သို့သော် ဤပါရမီရှင်များက မလှုပ်ရှားခဲ့ပေ။

အဆောင်ကိုးခုရှိသောကြောင့် သူတို့က အလျင်လိုခြင်း မရှိပါ။

"ဟမ့်၊ ငါလည်း ဒီအဆောင်ကို သဘောကျတယ်။ ကျေးဇူးပြုပြီး ဆင်းသက်လိုက်ပါတော့"

အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လုမင်နှင့် အခြားသူများအနီးမှ အနီရောင်ဆံပင်ဖြင့် လူငယ်လေးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျောက်စိမ်းလှေကားပေါ်သို့ ဆင်းသက်လိုက်၏။ သူ့တစ်ကိုယ်လုံးက ကြောက်စရာကောင်းသော မီးတောက်များ ထွက်ပေါ်လာတော့သည်။

"ထွက်သွား"

ဝမ်ထျန်းလုံ၏ မျက်လုံးများက အေးစက်စက်အလင်းတို့ တောက်ပလာခဲ့သည်။ သူ့လက်ဖဝါးတွင် အလင်းတန်းတစ်ခု ထွန်းလင်းလာပြီး မဟာသူတော်စင်လက်နက် ဓားတစ်လက် ပေါ်လာ၏။ အနီရောင်ဆံပင်ဖြင့် လူငယ်လေးကို ခုတ်ပိုင်းလိုက်တော့သည်။

"ကောင်းကင်ကို လောင်မြိုက်ခြင်း"

အနီရောင်ဆံပင်ဖြင့် လူငယ်လေးက ဟိန်းဟောက်ပြီး သူ၏ ကျင့်ကြံမှုကို ဖောက်ခွဲလိုက်သည်။ သူက လက်ဝါးရိုက်ချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်၏။ ကြောက်ခမန်းလိလိ ပူပြင်းသော မီးတောက်များက မီးတောက်တိုင်လုံးအဖြစ် ပြောင်းလဲကာ ဝမ်ထျန်းလုံဆီသို့ တိုးဝင်သွားတော့သည်။

All Chapters