← Chapters

အခန်း ၁၇၄၆

Vol. 117 Ch. 1746

အခန်း ၁၇၄၆

Vol. 117 Ch. 1746

အပိုင်း ( 1746 ) နတ်သမီးကျစ်လင်။

"ကောင်းပြီ၊ ပူးပေါင်းပြီးတော့ ဒီလူကို အရင်ဖယ်ရှားလိုက်ကြရအောင်။ တိုက်ခိုက်ကြစို့"

"တိုက်ခိုက်ကြစို့"

ရုတ်ခြည်းဆိုသလို အခြား ပါရမီရှင်များနှင့် ရွှေကျီးကန်းဒသမမင်းသားတို့သည် လုမင်ကို အတူတကွ တိုက်ခိုက်ခဲ့ကြသည်။ အဆင့်မြင့် ပါရမီရှင်များ ပူးပေါင်းလိုက်သောအခါ သူတို့၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ သူတို့က လုမင်ကို ဖယ်ရှားရန် အားကောင်းသော နည်းလမ်းအမျိုးမျိုးကို ထုတ်ဖော်လာ၏။

သို့သော်လည်း လုမင်က မျက်တောင်တစ်ချက်မခတ်ပါ။ သူ့လက်က ဓားတစ်လက်ကဲ့သို့ လှုပ်ရှားသွားသည်။

လုမင်၏ ခန္ဓာကိုယ်ကို ကစဉ့်ကလျားနိယာမ၏ စွမ်းအားဖြင့် ဝန်းရံထားသည်။ သူ့လက်တွင် အရာအားလုံးကို ဖိနှိပ်နိုင်သော ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်တစ်ခု ပေါ်လာ၏။

"ဝုန်း... ဝုန်း... ဝုန်း"

သူ၏ လက်ဝါးအောက်တွင် တစ်ဖက်လူများ၏ တိုက်ခိုက်မှုများအားလုံး လေပူဖောင်းများကဲ့သို့ ပေါက်ကွဲကာ ပျောက်ကွယ်သွားကြသည်။ ဤအခိုက်တွင် လုမင်က စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူက ရှေ့သို့ ဆက်လက်တိုးသွားနေပြီး မည်သည့်အရာကမျှ သူ့ကို မတားဆီးနိုင်ပေ။

ရွှေကျီးကန်းဒသမမင်းသားနှင့် အခြားသူများ၏ အမူအရာမှာ စိတ်မသက်မသာ ဖြစ်သွားသည်။

သူတို့က ပူးပေါင်းထားသော်လည်း လုမင်ကို ဘာမှမလုပ်နိုင်ပေ။

"ထွက်သွား"

လုမင်က လက်ဝါးဖြင့် ဆက်လက်ရိုက်ထုတ်နေရင်း အေးစက်စက် ပြောလိုက်သည်။

တစ်ချို့က လုမင်နှင့် တိုက်ခိုက်မှုဖလှယ်ရန် အတတ်နိုင်ဆုံး ကြိုးစားကြ၏။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များက ဓာတ်လိုက်သလို တဆတ်ဆတ်တုန်သွားကြသည်။ သူတို့၏ ချီနှင့်သွေးများက ဆူပွက်နေပြီး အရိုးများကျိုးတော့မလို ခံစားရကာ အဝေးသို့ လွင့်စဉ်သွားတော့သည်။

ဒါတောင်မှ လုမင်သည် သူတို့အပေါ် သက်ညှာထားခဲ့သည်။ မဟုတ်ပါက၊ လုမင်၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုခံရလျှင် အားလုံး သေကုန်ကြလိမ့်မည်။

ကျောက်စိမ်းလှေကားတွင် ရွှေကျီးကန်းဒသမမင်းသား တစ်ယောက်တည်းသာ ကျန်ခဲ့သည်။ သူက လုမင်ကို မယုံနိုင်စွာ ကြည့်နေသည်။

"မင်း ဘာဖြစ်လို့ မထွက်သွားသေးတာလဲ"

လုမင်က အေးစက်စက် ပြောလိုက်သည်။

'လုမင်၊ ဒါက ရှေးဟောင်းလမြင့်မြတ်နယ်‌မြေနော်။ ငါ့ရဲ့ ရွှေကျီးကန်းမျိုးနွယ်စုက ရှေးဟောင်းလမြင့်မြတ်နယ်မြေမှာ ရှိတယ်။ ငါ့ကို မျက်နှာသာတစ်ချက်လောက်ပေးပြီး ဒီအဆောင်ကို ပေးပါ၊ ဒါဆိုရင် ငါတို့ရဲ့အတိတ်ကို ဆက်မလိုက်တော့ဘူး'

ရွှေကျီးကန်းဒသမမင်းသားက လုမင်ထံ အသံပို့လွှတ်ကာ ပြောလာသည်။

"မင်းကို မျက်နှာသာပေးရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ။ ထွက်သွားစမ်း"

လုမင်က အော်ငေါက်လိုက်သည်။ သူက ရွှေကျီးကန်းဒသမမင်းသား၏ အတောင်ပံများကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် လေထဲတွင် ဆွဲဝှေ့ယမ်းကာ ပစ်လွှတ်လိုက်တော့သည်။

ရွှေကျီးကန်းဒသမမင်းသားက အတော်ရယ်စရာကောင်းသည်။ သူသည် လုမင်ကို အနိုင်မယူနိုင်သောကြောင့် ရွှေကျီးကန်းမျိုးနွယ်ဖြင့် လုမင်အား ခြိမ်းခြောက်ရန် ကြိုးစားလာ၏။ အငယ်များကြားမှ ပြဿနာကြောင့် ရွှေကျီးကန်းမျိုးနွယ်စုမှ အဆင့်မြင့် အကျော်အမော်များက သူ့ကို တိုက်ခိုက်လာမည်ဟု လုမင် မယုံပေ။

ထို့ကြောင့် သူက ရွှေကျီးကန်းဒသမမင်းသားကို ယဉ်ကျေးရန် မလိုအပ်ပါချေ။

"လုမင်"

ရွှေကျီးကန်းဒသမမင်းသားက အဝေးမှ မတ်တတ်ရပ်လိုက်သည်။ သူသည် အံကိုတင်းတင်းကြိတ်ပြီး လုမင်အား စိုက်ကြည့်‌လိုက်၏။

အခြားအဆောင်တစ်ခုတွင် ရွှေကျီးကန်းနဝမမင်းသား၏ မျက်လုံးများမှာလည်း အေးစက်သွားခဲ့သည်။

လုမင်က ရွှေကျီးကန်းဒသမမင်းသားကို ကြိမ်းမောင်းဝံ့၏။

ယင်းက မည်သို့ဖြစ်မည်နည်း။

ရွှေကျီးကန်းဒသမမင်းသားကို ကြိမ်းမောင်းခြင်းက သူ့ကို ကြိမ်းမောင်းခြင်းနှင့် မခြားပေ။

ရွှေကျီးကန်းဒသမမင်းသားကို ကျောက်စိမ်းလှေကားမှ ဖယ်ထုတ်လိုက်ပြီးနောက်မှာတော့ လှေကားပေါ်တွင် မည်သူမျှ မကျန်တော့ပါ။

"ရွှီယန်၊ သွားကြရအောင်"

လုမင်က ကြက်သေသေနေသေးသော ရွှီယန်ကို ကြည့်လိုက်သည်။ ထို့နောက် ရှေ့သို့လှမ်းပြီး ရွှီယန်နှင့်အတူ နဝမမြောက် အဆောင်အတွင်းသို့ ဝင်ရောက်သွားလေသည်။

ယခုအခါတွင် အဆောင်ကိုးခုစလုံးက လူများ ပြည့်စုံသွားကြပြီ ဖြစ်သည်။

"ဒီက သခင်လေးကို ဘယ်လိုခေါ်ရမလဲ။ ပါရမီရှင်တွေ အများကြီးကို ‌အနိုင်ယူခဲ့တာက ဒီညီမလေးကို တကယ်ပဲ လေးစားစေပါတယ်"

နဝမမြောက်အဆောင်တွင် ခရမ်းရောင်ဝတ်စုံရှည်ဝတ်ထားသော မိန်းကလေးတစ်ဦး ရှိသည်။ သူမ၏ အသားအရေက ကျောက်စိမ်းကဲ့သို့ ဖြူစင်ပြီး အလွန်လှပ၏။ သူမ၏ပုံရိပ်လေးက အလွန်ဆွဲဆောင်မှုရှိလေသည်။ ဤအခိုက်တွင် သူမက ချိုသာစွာပြုံးရင်း လှပသော မျက်လုံးများဖြင့် လုမင်ကို ကြည့်နေသည်။

"လုမင်ပါ"

"ရွှီယန်"

လုမင်နှင့် ရွှီယန်တို့က လက်ယှက်ပြလိုက်ကြသည်။

"ကျွန်မရဲ့ နာမည်က ကျစ်လင်ပါ။ ထိုင်ကြပါရှင်... ကျစ်လင်က နှစ်ယောက်စလုံးအတွက် အရက်ငှဲ့ပေးမှာပါ"

ကျစ်လင်က ပြောလိုက်သည်။

"မိန်းကလေးကျစ်လင်... မင်းက ယဉ်ကျေးလွန်းပါပြီ။ တကယ်ဆို ငါက ညီနောင်ရွှီကို ကူညီဖို့အတွက် ရောက်လာခဲ့တာပါ။ ညီနောင်ရွှီက ယောင်ချစ်နတ်သမီးကို အင်မတန်စိတ်ဝင်စားနေတာလေ"

လုမင်က ခပ်ဖျော့ဖျော့ပြုံးပြီး ရွှီယန်ကို အနည်းငယ် တွန်းပေးလိုက်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး၊ ငါက အသိအမြင်တိုးပြီး အမြင်ကျယ်စေဖို့ပဲ ရောက်လာခဲ့တာပါ"

ရွှီယန်က ကမန်းကတန်း ငြင်းလေသည်။ သူ၏ အရည်အချင်းဖြင့် ယောင်ချစ်နတ်သမီးက သူ့ကို သဘောကျမှာမဟုတ်မှန်း သူသိသည်။ သူသည် အစကတည်းက အတွေ့အကြုံရှာရန် ရောက်လာခဲ့ခြင်း ဖြစ်၏။ လုမင်က ယောင်ချစ်နတ်သမီးနှင့်အတူ စားပွဲမှာထိုင်ရန် သူ့ကို ခေါ်သွားမည်ဟု မမျှော်လင့်ခဲ့ပေ။

ယခုတော့ သူ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားသည်။

"ရှင်တို့နှစ်ယောက်က အရမ်းငြင်းကျတာပဲနော်။ ကျစ်လင်ရဲ့ ကျက်သရေက သခင်လေးတို့နှစ်ဦး သဘောကျစေဖို့ မလုံလောက်ဘူးထင်တယ်"

ကျစ်လင်က သက်ပြင်းချလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် စိတ်မကောင်းမှု အရိပ်အယောင်တို့ ပေါ်လာလေသည်။

ကျစ်လင်က ထူးထူးကဲကဲ လှပနေပြီးသား ဖြစ်သည်။ ဤအခိုက်တွင် ဝမ်းနည်းနေသော သူ့အမူအရာလေးနှင့်အတူ မည်သူမဆို သွေးဆောင်ခံရလိမ့်မည်။

"မိန်းကလေးကျစ်လင်၊ မင်း နားလည်မှုလွဲနေပြီ"

ရွှီယန်က ကမန်းကတန်းပြောလိုက်သည်။ လုမင်လည်း အနည်းငယ် ရှက်ရွံ့သွားလေသည်။

ထိုအခါ ကျစ်လင်က ပြုံးပြီး ပြောလိုက်သည်။

"ကျစ်လင်က နောက်နေတာပါ။ လာ... ဒါက ကျွန်မတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုပဲလေ၊ ကျစ်လင်က ရှင်တို့အတွက် ဂုဏ်ပြုပေးပါစေ"

လုမင်နှင့် ရွှီယန်တို့လည်း အရက်ခွက်ကိုမြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်ကြသည်။

ကျစ်လင်က စကားပြောကောင်းသည်။ သူမက အဆင်မပြေသော အငွေ့အသက်ကို အမြန်ချိုးဖျက်ကာ လုမင်၊ ရွှီယန်တို့နှင့် စကားဝိုင်းတစ်ခု စတင်ခဲ့လေသည်။

ယောင်ချစ်နတ်သမီးများက အထူး လေ့ကျင့်သင်ကြားမှုများကို ခံယူထားရကြောင်း ထင်ရှားသည်။ လူမှုဆက်ဆံရေးကလည်း ထိုအထဲမှ တစ်ခုဖြစ်လိမ့်မည်။ မဟုတ်လျှင် ရှေးခေတ်ကတည်းက ယောင်ချစ်နတ်သမီးများ၏ရှေ့တွင် ကြွေဆင်းခဲ့ရသော ပါရမီရှင်များ အမြောက်အများ ရှိခဲ့လိမ့်မည် မဟုတ်ပေ။

အဆောင်အပြင်ဘက်တွင် လူအများက မနာလိုဖြစ်နေကြသည်။ ဘယ်ပါရမီရှင်က ယောင်ချစ်နတ်သမီးနှင့်အတူ မသောက်ချင်ဘဲနေမည်နည်း။

အခြားအဆောင်များမှာလည်း ထို့အတူပင်။ အားလုံးက အဆင်ပြေစွာ စကားစမြည် ပြောဆိုနေခဲ့ကြသည်။

အရက်သုံးကြိမ်သောက်ပြီးနောက် ကျစ်လင်၏ လက်ထဲတွင် ကျောက်စိမ်းပြားနှစ်ခု ပေါ်လာသည်။ ထို့နောက်၊ သူမက လုမင်နှင့် ရွှီယန်ကို တစ်ခုစီပေးကာ ပြောလေသည်။

"နောက်ကျနေပြီ၊ ကျစ်လင်က ပြန်သွားပြီး လေ့ကျင့်ဖို့လိုတယ်။ နောင်အချိန်ရရင် ကျစ်လင်ကို မက်ဆေ့ချ်ပို့နိုင်သလို ယောင်ချစ်နန်းတော်ကိုလည်း ဧည့်သည်အနေနဲ့ လာရောက်လည်ပတ်နိုင်ပါတယ်"

လုမင်နှင့် ရွှီယန်တို့လည်း ကျောက်စိမ်းပြားများကို လက်ခံလိုက်ကြသည်။

"ကောင်းပါပြီ၊ ဒါဆိုရင် လုမင်က နှုတ်ဆက်ပါတယ်"

လုမင်က လက်ယှက်ပြပြီး အဆောင်မှ ထွက်လာခဲ့သည်။

ရွှီယန်ကမူ အဆောင်မှ ထွက်လာသော်လည်း အနည်းငယ် တုံ့ဆိုင်းနေပုံရ၏။

"ဘာဖြစ်လို့လဲ၊ မင်းက သူ့ကို စိတ်ဝင်စားနေလို့လား"

လုမင် ပြုံးလိုက်သည်။

"ဟင်း၊ မိန်းကလေးကျစ်လင်ရဲ့ အရည်အချင်းနဲ့ဆိုရင် သူက ငါ့ကို ဘယ်လို စိတ်ဝင်စားနိုင်မှာလဲကွာ။ ဓမ္မကာကွယ်သူအတွက် ယှဉ်ပြိုင်ဖို့က ဒီလူတွေနဲ့တင် ပြီးသွားမှာမဟုတ်ဘူး။ မင်း လုမင်ဆိုရင်တော့ ဖြစ်နိုင်တယ်"

ရွှီယန်က သက်ပြင်းချလိုက်သည်။

ဟုတ်ပေသည်၊ ဓမ္မကာကွယ်သူတစ်ဦး ဖြစ်လာရန်က ဤမျှမလွယ်ပါ။ အဆောင်ပေါ်သို့ တက်လှမ်းခြင်းက အဆင့်တစ်ခုသာ ဖြစ်သည်။ ယနေ့တွင်၊ ယောင်ချစ်နတ်သမီးများ ပေါ်လာခြင်းက မိတ်ဆွေဖွဲ့ရန်သာ ဖြစ်ချေသည်။

အနာဂတ်တွင် အချင်းချင်း အပြန်အလှန် ဆက်ဆံရမည့်အပြင် အခြားသော ပါရမီရှင်များနှင့်လည်း ယှဉ်ပြိုင်ရနိုင်သည်။ နောက်ဆုံးတွင် မိန်းကလေး၏ နှလုံးသားကို သိမ်းပိုက်နိုင်သူက စစ်မှန်သော ယောင်ချစ်နတ်သမီး၏ ဓမ္မကာကွယ်သူ ဖြစ်လာပေလိမ့်မည်။

"ငါ့အတွက်လား... မဖြစ်နိုင်ပါဘူး"

လုမင် ပြုံးလိုက်သည်။

သူက မိန်းမလှလေးများနှင့် ဆက်ဆံရန်မဟုတ်ဘဲ မြင့်မြတ်နယ်မြေမှ အကူအညီတောင်းရန် ရောက်လာခြင်းပင် မဟုတ်လော။

အဆောင်ကိုးခုရှိ လူများ ထွက်ခွာသွားပြီးနောက် လေဟာနယ်သည် တဖန်တုန်ခါသွားပြန်သည်။ ထို့နောက် အဆောင်ကိုးခုနှင့် ယောင်ချစ်အင်မော်တယ်နန်းတော်လည်း ပျောက်ကွယ်သွားတော့သည်။

"ဒါက ကမ္ဘာငယ်လေးလား"

လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦး၏ သူတော်စင်နှလုံးသားသည် တကယ့်ကမ္ဘာနှင့်တူသော ကမ္ဘာငယ်လေးကို ဖွဲ့စည်းထားနိုင်သည်။

ယောင်ချစ်အင်မော်တယ်နန်းတော်တွင် ဧကရာဇ်အဆင့် အကျော်အမော် အများအပြား ရှိကောင်းရှိလိမ့်မည်။ ထို့ကြောင့် ကမ္ဘာငယ်တစ်ခု ရှိနေသည်မှာ သဘာဝ ဖြစ်သည်။

စင်စစ်တွင်၊ ဧကရာဇ်အဆင့် အင်အားစု‌တော်တော်များများ၏ အခြေခံက ပြင်ပလောကတွင် ရှိနေသော်လည်း စစ်မှန်သော အခြေခံစိုက်ရာမဟုတ်ပေ။ စစ်မှန်သော အခြေစိုက်ရာက ဧကရာဇ်အဆင့် အကျော်အမော်၏ ကမ္ဘာငယ် ဖြစ်သည်။

၎င်းက တောင်နှင့်မြစ်ပန်းချီကားထက် ပိုလျှို့ဝှက်ဆန်းကြယ်ပြီး ကျယ်ပြောမည်မှာ သေချာလှပေသည်။ နောက်ဆုံးတွင်၊ တောင်နှင့်မြစ်ပန်းချီကားက ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးမှ သန့်စင်ထားသော ရတနာတစ်ခုမျှသာ ဖြစ်သည်။

"ဟေ့ကောင်၊ အဲဒီမှာ ရပ်လိုက်စမ်း"

သူတို့နှစ်ယောက် ထွက်ခွာခါနီးတွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းနှစ်ခု လင်းလက်လာပြီး လုမင်တို့၏ရှေ့တွင် လူရိပ်နှစ်ခု ပေါ်လာကြ၏။

ရွှေကျီးကန်း ဒသမမင်းသားနှင့် ရွှေကျီးကန်းနဝမမင်းသား ဖြစ်သည်။

"ကောင်လေး၊ ငါ့ ရွှေကျီးကန်းမျိုးနွယ်ကို စော်ကားဝံ့တာ မင်း သေချင်နေတာလား။ အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း"

ရွှေကျီးကန်း နဝမမင်းသားက အေးစက်စက် ပြောလိုက်သည်။ သူသည် ရွှေရောင်ဝတ်ရုံကို ၀တ်ဆင်ထား၏။ သူ၏ခန္ဓာကိုယ်ကိုလည်း ရွှေရောင်မီးတောက်များဖြင့် ဖုံးလွှမ်းထားကာ လေဟာနယ်သည်ပင် လောင်ကျွမ်းခံနေရပုံရှိသည်။

"ငါက အငယ်ကိုရိုက်လိုက်တော့ အကြီးရောက်လာတယ်။ အကြီးကိုထပ်ရိုက်လိုက်ရင် အဘိုးကြီးများ ရောက်လာဦးမလား မသိဘူး"

လုမင်က နှုတ်ခမ်းကိုမဲ့ပြီး အထင်မြင်သေးစွာ ပြောလိုက်၏။

"မောက်မာလိုက်တာ၊ မင်းက ငါ့ရဲ့ နဝမမြောက်အစ်ကိုနဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာလား"

ရွှေကျီးကန်းဒသမမင်းသားက အော်ဟစ်လိုက်သည်။

All Chapters