← Chapters

အခန်း ၁၇၄၇

Vol. 117 Ch. 1747

အခန်း ၁၇၄၇

Vol. 117 Ch. 1747

အပိုင်း ( 1747 ) ဟွမ်လင်နှင့် ထပ်မံဆုံစည်းခြင်း။

ရွှေကျီးကန်း ဒသမမင်းသားက အော်ဟစ်လိုက်၏။ ရွှေကျီးကန်းမင်းသားများကို မဆိုထားဘိ၊ ရွှေကျီးကန်းမျိုးနွယ်ဝင် ဖြစ်နေသရွေ့ သူ့ကိုယ်သူ ဂုဏ်ယူသည်။

ရွှေကျီးကန်း ဒသမမင်းသားသည် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် လုမင်ကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်။ ယခု သူသည် သူတော်စင်နယ်ပယ်ထဲသို့ ချိုးဖျက်ဝင်ရောက်လာသော်လည်း လုမင်၏ အနိုင်ယူခြင်းကို ခံနေရဆဲ ဖြစ်၏။ ထို့ကြောင့် သူသည် လုမင်အပေါ် သတ်ဖြတ်လိုစိတ် အလွန်ပြင်းထန်နေတော့သည်။

သို့ရာတွင်၊ လုမင်က အလွန်သန်မာသည်။ သို့ပေသော်ငြား၊ လုမင်သည် သူ၏ နဝမမြောက်အစ်ကိုအား တိုက်ခိုက်နိုင်မည်ဟု မယုံပေ။

ရွှေကျီးကန်းနဝမမင်းသားက နဝမသာဖြစ်သော်လည်း တောက်ပသောသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကာ နတ်ဘုရားစွမ်းရည် ဆုပ်ကိုင်ထားခြင်းကလည်း အလွန်အဆင့်မြင့်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ရွှေကျီးကန်းဒသမမင်းသားထက် များစွာ ပိုအားကောင်း၏။ ထို့ကြောင့် လုမင်ကို အလွယ်တကူ အမှုန့်ကြိတ်ပစ်နိုင်မည်ဟု ယုံကြည်မှုရှိသည်။

"ဒါက ငှက်နာတစ်ကောင်ပဲလေ။ ငါ့လက်တစ်ဖက်တည်းနဲ့တောင် ဖိနှိပ်နိုင်တယ်"

လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဟားဟားဟား၊ ကောင်လေး... မင်းက အတော်မောက်မာတာပဲ။ ဒါပေမဲ့ မင်းမှာ ဒီလိုမောက်မာဖို့ အရည်အချင်းရှိသလားဆိုတာ ငါကြည့်ချင်တယ်"

ရွှေကျီးကန်းနဝမမင်းသား၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ခု တောက်ပလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နေမီးလျှံက ပို၍ အားကောင်းလာ၏။ ပြင်းထန်သော ဖိအားတစ်ခုက လုမင်အပေါ်သို့ ကျရောက်လာတော့သည်။ သို့သော်.... လုမင်၏ မျက်နှာက ဘာမျှမခံစားရသကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။

ဤနေရာမှ လှုပ်ရှားမှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ အခြားလူများလည်း အာရုံစိုက်လာခဲ့ပေသည်။

"အငယ်ကိုရိုက်ရင် အကြီးဆီကိုရောက်သွားလိမ့်မယ်။ ရွှေကျီးကန်းမျိုးနွယ်က ပိုပိုပြီး အရှက်မဲ့လာတာပဲ"

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ အသံက ကြည်လင်ပြီး အမျိုးသမီးတစ်ဦး၏ အသံဖြစ်ကြောင်း ထင်ရှားပေသည်။

ရွှေကျီးကန်း နဝမမြောက်မင်းသားနှင့် ရွှေကျီးကန်းဒသမမင်းသားတို့၏ မျက်နှာများက မှုန်ကုပ်သွားကာ အသံထွက်လာရာဆီသို့ ကြည့်လိုက်ကြသည်။

အမျိုးသမီး နှစ်ယောက်က လေထဲမှ ပျံသန်းလာသည်။

တစ်ဦးက ဖီးနစ်ပုံစံအဝတ်အစားများကို ၀တ်ဆင်ထားပြီး ချောမောလှပ၏။

"ဟွမ်လင်"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။ သူသည် လုမင်ကို လိုက်ရှာတော့မည်ဖြစ်သော်လည်း ဤနေရာတွင် တွေ့ရန် မမျှော်လင့်ထားပေ။

ဟွမ်လင်၏ဘေးမှာလည်း အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမက အစိမ်းရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ထားပြီး မျက်နှာဝိုင်းဝိုင်းနှင့် ကျောက်စိမ်းကဲ့သို့ အသားအရည်ရှိ၏။ သူမသည်လည်း လှပကာ ဟွမ်လင်ထက် များစွာမဆိုးလှပေ။

မိန်းကလေးနှစ်ယောက်က ကမ္ဘာလောကသို့ ဆင်းသက်လာသော နတ်သမီးများကဲ့သို့ လှပကာ လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

"အဲဒီမိန်းကလေးနှစ်ယောက်က ဘယ်သူတွေလဲဟ။ အထူးသဖြင့် ဖီးနစ်ဝတ်စုံကို ၀တ်ဆင်ထားတဲ့ မိန်းကလေးက အတော်‌လှတယ်။ ယောင်ချစ်ရဲ့ နတ်သမီးတွေထက်တောင် ပိုလှသေးတယ်"

"လှတာပေါ့ဟ၊ သူက ဖီးနစ်နန်းတော်ရဲ့ အလှဆုံး ဟွမ်လင်ပဲလေ"

“ဟိုမိန်းကလေးကလည်း သိပ်ပြီး မဆိုးပါဘူး။ သူက ချင်ရွယ်ခန်းမရဲ့ ပါရမီရှင် မုချင်ရွယ်လေ"

ပတ်ဝန်းကျင်တွင် ဆွေးနွေးသံများ ထွက်လာသည်။

ဟွမ်လင်နှင့် မုချင်ရွယ်တို့လည်း လုမင်အနီးသို့ ရောက်လာကြလေသည်။

"ဘာကြည့်တာလဲ၊ ဒီလောက် ပြူးပြဲကြည့်နေတာက ငါ့ကို တိုက်ခိုက်ချင်လို့လား။ နင့်မှာ အစွမ်းအစရှိရင် လာစမ်းပါ"

မုချင်ရွယ်က ရွှေကျီးကန်းနဝမမင်းသားနှင့် ဒသမမင်းသားကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။

ယခုလေးတင် ‌စကားပြောခဲ့သူက မုချင်ရွယ်ပင်။

"ဟွမ်လင်၊ မုချင်ရွယ်... မင်းတို့နှစ်ယောက်က အခြားသူရဲ့ ကိစ္စမှာ ဝင်စွတ်ဖက်ချင်နေတာလား"

ရွှေကျီးကန်းဒသမမင်းသားက အေးစက်စက် ပြောသည်။

"အခြားသူရဲ့ ကိစ္စဆိုတာ ဘာကိုပြောတာလဲ။ လုမင်က ငါ့သူငယ်ချင်းပဲ... နင်က သူ့ကို တစ်ခုခုလုပ်ချင်ရင် ငါက သဘာဝအတိုင်း ဂရုစိုက်ရမှာပဲ"

ဟွမ်လင်က အနည်းငယ် ပြုံးလိုက်၏။

ရွှေကျီးကန်းနဝမမင်းသား၏ မျက်လုံးများက လေးနက်မှု အရိပ်အယောင်တို့ ပေါ်လာသည်။

ဟွမ်လင်၏ ကျင့်ကြံမှုအခြေခံက သူ့ထက်နိမ့်ကျပြီး တောက်ပသော သူတော်စင်နယ်ပယ်၏ အဆင့်မြင့်အဆင့်သာ ရှိသေးသည်။ သို့သော်လည်း ဟွမ်လင်၏ ဝိညာဉ်ခန္ဓာက အလွန်ကြောက်စရာကောင်းသည်။ သူမနှင့် အမှန်တကယ် တိုက်ခိုက်ကြပါက၊ သူ ယုံကြည်မှုအပြည့်အဝ မရှိပေ။

ထို့ပြင် မုချင်ရွယ်၏ တိုက်ခိုက်နိုင်စွမ်းကလည်း သူ့ထက် အားမနည်းပေ။ အမှန်တကယ် တိုက်ခိုက်ကြပါက သူ့အတွက် အခက်ကြုံရမည် ဖြစ်သည်။

"ကောင်လေး၊ မင်း ကံကောင်းသွားမှတ်ပါ။ ဒါပေမဲ့ အမြဲတမ်း ကံကောင်းနေနိုင်မယ်လို့ မထင်နဲ့။ ဒသမညီလေး၊ သွားကြစို့"

ရွှေကျီးကန်းနဝမမင်းသားက အေးစက်စက် ပြောလိုက်သည်။ ထို့နောက်မှာတော့ ရွှေကျီးကန်းဒသမမင်းသားနှင့်အတူ ရွှေရောင်အလင်းတန်းနှစ်ခုကဲ့သို့ ဤနေရာမှ ထွက်သွားတော့သည်။

"ကံကောင်းတာလား"

လုမင်က မှတ်ချက်မပေးဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

ရွှေကျီးကန်းနဝမမင်းသားတို့နှစ်ယောက် ထွက်သွားပြီးနောက် ဟွမ်လင်က လုမင်ကိုကြည့်လိုက်သည်။ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြုံးလျက် ပြော၏။

"မိန်းမလှလေးရဲ့ ဆွဲဆောင်အားက တကယ်ကိုကြီးလွန်းတယ်နော်။ လုမင်လို သူရဲကောင်းတွေတောင်မှ ယောင်ချစ်နတ်သမီးတွေရဲ့ ကျက်သရေကို မခုခံနိုင်ဘူး"

ယခုလေးတင် လုမင်က နဝမမြောက်အဆောင်ပေါ်သို့ တက်သွားပြီး ယောင်ချစ်နတ်သမီးနှင့် အတူသောက်ခဲ့သည့် မြင်ကွင်းအားလုံးကို ဟွမ်လင်က တွေ့မြင်ခဲ့ကြောင်း ထင်ရှားသည်။

လုမင်က ရှက်ရွံ့စွာပြုံးလိုက်လေသည်။

"နားလည်မှုလွဲနေပြီ၊ ငါက ရွှီယန်နဲ့ အတူလာခဲ့တာပါ။ အဲဒီကိစ္စကလည်း ရွှီယန်ကို ကူညီခဲ့တာပဲ"

"ဟုတ်လို့လား"

ဟွမ်လင်က နှုတ်ခမ်းကို လှပစွာတွန့်ကွေးကာ ပြုံးလိုက်သည်။

"နင်က လုမင်လား"

မုချင်ရွယ်က မျက်ခုံးပင့်ကာ လုမင်အား အထက်အောက် သေသေချာချာ အကဲခတ်လိုက်သည်။ ထို့နောက် သူမက ပြောလိုက်၏။

"အင်း၊ နင်က ကြည့်လို့ကောင်းသားပဲ။ နင့်ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ကျင့်ကြံမှုအခြေခံကလည်း မဆိုးဘူး။ ဟွမ်လင်က နင့်ကို သတိတွေရပြီး နင့်အကြောင်းကို ဆက်တိုက်ပြောနေတာ အံ့ဩစရာမရှိတော့ဘူး"

"ချင်ရွယ်၊ ပေါက်ကရတွေ မပြောပါနဲ့။ ငါမဟုတ်ဘူး"

ဟွမ်လင်၏ ပြုံးနေသောမျက်နှာလေးက ချက်ချင်း နီရဲလာကာ မုချင်ရွယ်အား စိုက်ကြည့်လိုက်သည်။

"အို... မဟုတ်ဘူးလား။ ဒါဆိုရင် ငါ အမှတ်မှားသွားတာဖြစ်နိုင်တယ်"

မုချင်ရွယ်က ထူးခြားစွာပြုံးလိုက်လေသည်။

ဟွမ်လင်၏ မျက်နှာလေးက ပို၍နီရဲလာကာ ချက်ချင်း စကားလမ်းကြောင်းလွှဲလိုက်သည်။

"လုမင်၊ နင် ဘာဖြစ်လို့ ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို ရုတ်တရက် ရောက်လာတာလဲ"

"ဟုတ်တာပေါ့၊ ငါတို့ရဲ့ မိန်းမလှလေး ဟွမ်လင်ကို သတိရလို့လေ။ နင့်ကိုတွေ့ဖို့ ရောက်လာခဲ့တာ"

တစ်ဖက်တွင်၊ မုချင်ရွယ်က ထပ်ပြီး စနောက်ပြန်သည်။

မုချင်ရွယ်က ဟာသလုပ်တတ်ပြီး ပေါ့ပေါ့ပါးပါးနေခြင်းကို နှစ်သက်သူ ဖြစ်ပုံရသည်။ ဟွမ်လင်၏ မျက်နှာလေးအပြင် လည်ပင်းမှာ ရှက်စိတ်ဖြင့် နီမြန်းလာတော့သည်။

လုမင်က ပြုံးပြီး ပြောလိုက်သည်။

"ဟွမ်လင်က တကယ်ကို လှပလွန်းပါတယ်။ သဘာဝအတိုင်း ငါလည်း အရင်ကတည်းက မင်းကို လာတွေ့ချင်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ ငါက အခြား အရေးကြီးကိစ္စရှိလို့ လာခဲ့တာ"

"အိုး၊ ဘာကိစ္စရှိလို့လဲ"

ဟွမ်လင်က မေးလိုက်သည်။

"ဒါက မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်တယ်။ စန်းပြည်နယ်ကို မိစ္ဆာဝိညာဉ်ဂိုဏ်းက သိမ်းပိုက်လိုက်ကြပြီ၊ စန်းပြည်နယ်တင်မကဘူး... ယွင်ပြည်နယ်နဲ့ တိပြည်နယ်ကိုလည်း သိမ်းပိုက်ထားကြတယ်။ အဲဒါကြောင့် ရှေးဟောင်းလမြင့်မြတ်နယ်မြေရဲ့ အင်အားစုကြီးတွေကနေ အကူအညီတောင်းဖို့ ရောက်လာခဲ့တာပါ"

လုမင်က ပြောလိုက်၏။

"မိစ္ဆာဝိညာဉ်ဂိုဏ်း"

ဟွမ်လင်နှင့် မုချင်ရွယ်တို့၏ အမူအရာများ တစ်ချိန်တည်းတွင် ပြောင်းလဲသွားသည်။

"လုမင်... ဖီးနစ်နန်းတော်ကို အရင်သွားရအောင်၊ လမ်းလျှောက်ရင်း စကားပြောကြမယ်"

ဟွမ်လင် ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်လေသည်။ သူတို့လေးယောက်က ဖီးနစ်နန်းတော်ဆီသို့ ချက်ချင်း ဦးတည်သွားကြသည်။

လမ်းတွင်၊ လုမင်က စန်းပြည်နယ်တွင် ဖြစ်ပျက်ခဲ့တာတွေကို အတိုချုံး ရှင်းပြခဲ့သည်။

"ဟွမ်လင်၊ ဖီးနစ်နန်းတော်က မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးဖို့ အကျော်အမော်တွေကို စေလွှတ်နိုင်မလား မသိဘူး"

နောက်ဆုံးတွင်၊ လုမင်က မေးလိုက်သည်။

ဟွမ်လင်က မျက်မှောင်ကြုတ်ကာ ပြောသည်။

"လုမင်၊ နင်ပြောတဲ့အတိုင်းဆိုရင် မိစ္ဆာဝိညာဉ်ဂိုဏ်းက တိမိသားစုနဲ့ ပူးပေါင်းပြီး ယွင်ဧကရာဇ်တောင်ကို တစ်ရှိန်ထိုးဖျက်ဆီးပစ်လိုက်တာပေါ့။ ဒီလိုဆိုရင် သူတို့မှာ ဧကရာဇ်အဆင့် အကျော်အမော် အနည်းဆုံး နှစ်ယောက်ရှိပြီး အရမ်းအားကောင်းမှာကို ကြောက်ရတယ်။ ဒါကြောင့် ဖီးနစ်နန်းတော်က လူတွေကိုပို့ချင်ရင် အနည်းဆုံး ဧကရာဇ်အဆင့် အကျော်အမော်ကို လေးငါးဦးလောက် စေလွှတ်ရမှာ...၊ အဲဒီအတွက်တော့ ငါ့မှာ အခွင့်အာဏာ မရှိဘူး"

လုမင်က ခေါင်းညိတ်လိုက်သည်။ ဒါကို သူ နားလည်ပေသည်။

ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးက အလွန် အဆင့်အတန်းမြင့်မားပြီး ဒေသကြီးတစ်ခုကို အုပ်စိုးနိုင်သည်။ ဟွမ်လင်က ထိုအဆင့်အကျော်အမော်ကို မည်သို့စေလွှတ်နိုင်မည်နည်း။

"ဖီးနစ်နန်းတော်မှာ နန်းတော်သခင်တစ်ဦးပဲ ဒီလိုလုပ်ပိုင်ခွင့်ရှိတယ်"

ဟွမ်လင်က ပြောလိုက်သည်။

"ဖီးနစ်နန်းတော်ရဲ့ နန်းတော်သခင်ကို ငါ ဘယ်လိုတွေ့နိုင်မလဲ"

လုမင်က မေးသည်။

"နန်းတော်သခင်ရဲ့ ကျင့်ကြံမှုက နက်နဲပြီး တစ်နှစ်ပတ်လုံး တံခါးပိတ်လေ့ကျင့်နေတတ်တယ်။ တခြား ဧကရာဇ်အဆင့် တန်ခိုးရှင်တွေတောင် သူ့ကိုတွေ့ရဖို့ မလွယ်ကူဘူးလေ။ ငါဆိုရင် သူ့ကို သုံးကြိမ်လောက်ပဲ တွေ့ဖူးသေးတယ်"

ဟွမ်လင်က ရှင်းပြလိုက်သည်။

ထိုအဆင့် အကျော်အမော်များက အလွန်ရှားပါးသည်။ ထို့ကြောင့် သူတို့ကို တွေ့ခွင့်ရရန် အမှန်တကယ် ခက်ပေသည်။

လုမင်လည်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ အင်အားစုများထံမှ အကူအညီတောင်းရန်မှာ ဤမျှလွယ်ကူမည်မဟုတ်ကြောင်း သူ ခန့်မှန်းထားပြီး ဖြစ်သည်။

အဓိက အကြောင်းအရင်းကတော့ သူ့အင်အားက အားနည်းသောကြောင့်ပင်။ တစ်ဖက်လူများက သူ့ကိုတွေ့ရန် အစပြုလာခြင်းမရှိလျှင်၊ ဧကရာဇ်အဆင့် အကျော်အမော်များကို မြင်နိုင်ရန်က ခက်ခဲလွန်းလှသည်။

"နင့်ကို ဖီးနစ်နန်းတော်ရဲ့ နန်းတော်သခင်နဲ့ တွေ့ခွင့်ရဖို့ ငါ့မှာ နည်းလမ်းရှိတယ်"

ထိုအချိန်တွင် မုချင်ရွယ်က ပြောလိုက်သည်။

"ဘာနည်းလမ်းလဲ"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

"နောက်လမှာ ဖီးနစ်နန်းတော်ရဲ့ သူတော်စင် သမီးတော်အချို့နဲ့ သူတော်စင်သားတော်တွေက ဖီးနစ်အသိုက်ထဲကိုဝင်ပြီး ရတနာတစ်ခုအတွက် ယှဉ်ပြိုင်ကြလိမ့်မယ်။ ဟွမ်လင်က အဲဒီရတနာကိုရရှိအောင် နင်ကူညီနိုင်ရင် ဖီးနစ်နန်းတော်ရဲ့ နန်းတော်သခင်က နင့်ကို ခေါ်တွေ့လိမ့်မယ်"

မုချင်ရွယ်က ပြောလိုက်သည်။

All Chapters