အခန်း ၁၇၄၈
Vol. 117 Ch. 1748
အပိုင်း ( 1748 ) ဖီးနစ်အသိုက်။
"ဖီးနစ်အသိုက်လား"
လုမင်က သံသယဖြင့် ကြည့်လိုက်သည်။
"ဟုတ်တယ်၊ တစ်လကြာရင် ဖီးနစ်နန်းတော်ရဲ့ သူတော်စင်သမီးတော်နဲ့ သားတော်တွေက ဝူထုန်သစ်ပင်ရဲ့ နှလုံးသားကို ရှာဖွေဖို့ ပျက်စီးနေတဲ့ ဖီးနစ်အသိုက်ထဲကို ဝင်ကြလိမ့်မယ်။ အဲဒီနေရာမှာ သူတော်စင်သားတော်နဲ့ သမီးတော်တိုင်းက အကူအညီ လူတချို့ကို ဖိတ်ခေါ်နိုင်ကြတယ်။ နင်လည်း အကူအညီပေးလို့ရတယ်။ ငါတို့ အောင်မြင်မယ်ဆိုရင်တော့ နန်းတော်သခင်က နင့်ကို တကယ်တွေ့နိုင်လိမ့်မယ်"
ဟွမ်လင်က ရှင်းပြလိုက်သည်။
"မင်းက ငါ့သူငယ်ချင်းပဲလေ၊ ဒီလိုကိစ္စမျိုး မရှိရင်တောင် ဒီတာဝန်ကို ငါ သေချာပေါက် ကူညီပေးမှာပါ။ ဒါပေမဲ့ မြင့်မြတ်နယ်မြေမှာ ထူးချွန်တဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်။ ငါ့ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ ခက်ခဲမှာကို ကြောက်ရတယ်"
လုမင်က ပြောသည်။
"မဟုတ်ဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခေါက်မှာ တောက်ပသော သူတော်စင်နယ်ပယ် ကျင့်ကြံမှုအဆင့်ကိုပဲ ခွင့်ပြုထားတယ်"
ဟွမ်လင်က ပြောလိုက်၏။
သူတို့လေးယောက်က စကားပြောရင်း ဆက်လက် လျှောက်လှမ်းသွားကြလေသည်။ ဟွမ်လင်က အခြေအနေများကို အသေးစိတ် ရှင်းပြခဲ့သည်။
များမကြာမီက ဖီးနစ်နန်းတော်သည် ဖီးနစ်အသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ကံမကောင်းစွာဖြင့်၊ ဤဖီးနစ်အသိုက်က ပျက်စီးနေပြီး အသိုက်အတွင်းရှိ ဖီးနစ်များကလည်း သေဆုံးသွားသည်မှာ ကြာလှပြီ။
ထို့ကြောင့် ဖီးနစ်နန်းတော်၏ အကျော်အမော်တစ်ဦးက စုံစမ်းစစ်ဆေးရန် ဖီးနစ်အသိုက်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း၊ ဖီးနစ်အသိုက်ထဲရှိ အကြွင်းအကျန်ဝိညာဉ်များ၏ ဝိုင်းရံတိုက်ခိုက်ခံရပြီး ပြင်းထန်သောဒဏ်ရာများဖြင့် လွတ်မြောက်ခဲ့ရသည်။
စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက်၊ ဖီးနစ်နန်းတော်သည် ဤဖီးနစ်အသိုက်ထဲတွင် သေလွန်ပြီးသော ဖီးနစ်များ၏ အကြွင်းအကျန်ဝိညာဉ်များစွာရှိကြောင်း အတည်ပြုခဲ့သည်။ ဤဝိညာဉ်များက အများအားဖြင့် ငြိမ်သက်နေသော်လည်း ပြင်ပလူများ ဝင်ရောက်လာပါက အုပ်စုလိုက် တိုက်ခိုက်ကြလိမ့်မည်။
ကျူးကျော်သူက အားကောင်းလေလေ၊ အကြွင်းအကျန်ဝိညာဉ်များကလည်း အားကောင်းလေဖြစ်ပြီး ဖီးနစ်နန်းတော်၏ ဧကရာဇ်အဆင့် အကျော်အမော်များပင်လျှင် ပြင်းထန်သော ဒဏ်ရာများဖြင့် ပြန်လည်ဆုတ်ခွာသွားမည် ဖြစ်သည်။
ကျင့်ကြံမှုအခြေခံက နိမ့်ကျလျှင်တော့ အားကောင်းသော ဝိညာဉ်များကို နှောင့်ယှက်မိမည် မဟုတ်ပေ။ အလွန်ဆုံး၊ အားနည်းသော ဝိညာဉ်များသာ ပေါ်ထွက်လာကြမည် ဖြစ်သည်။
ဖီးနစ်နန်းတော်၏ အကျော်အမော်က ဖီးနစ်နန်းတော်အတွက် အဖိုးမဖြတ်နိုင်သော အဖိုးတန်ရတနာဖြစ်သည့် ဝူထုံသစ်ပင်၏ နှလုံးသားကို စုစည်းထားသည့် ရှေးဝူထုံသစ်ပင်တစ်ပင်ရှိကြောင်းကိုလည်း တွေ့ရှိခဲ့ပေသည်။
ထို့ကြောင့် ဖီးနစ်နန်းတော်သည် ဖီးနစ်နန်းတော်၏ တောက်ပသော သူတော်စင်နယ်ပယ် သူတော်စင် သားတော်နှင့် သမီးတော်များကို ဖီးနစ်အသိုက်ထဲသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တစ်ဦးစီက ဖီးနစ်နန်းတော်အပြင်ဘက်ရှိ သူငယ်ချင်း သုံးဦးကို ကူညီရန် ဖိတ်ကြားနိုင်ပေသည်။
စင်စစ်တွင်၊ ဒါက သူတော်စင်သားတော်နှင့် သမီးတော်များအတွက် စမ်းသပ်မှု ဖြစ်သည်။ မည်သူမဆို၊ ဝူထုံသစ်ပင်၏ နှလုံးသားကို ရယူနိုင်ခဲ့ပါက ၎င်းတို့အား ဖီးနစ်နန်းတော်က ပို၍အလေးအမြတ်ထားမည်ဖြစ်ကာ ၎င်းတို့၏အဆင့်အတန်းသည်လည်း အခြား သူတော်စင်သားတော်များနှင့် သမီးတော်များထက် မြင့်မားပေလိမ့်မည်။
သူတို့လေးယောက်က စကားစမြည်ပြောရင်း လမ်းလျှောက်လာခဲ့သည်။ မကြာမီ၊ သူတို့၏ရှေ့တွင် ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်လုံး ပေါ်လာခဲ့၏။ ၎င်းက အတောင်ပံဖြန့်ကာ ပျံသန်းနေသည့် ဖီးနစ်တစ်ကောင်နှင့်တူကာ အလွန်အသက်ဝင်လှသည်။
တောင်ထိပ်တွင် ဘုံဗိမာန်များစွာ ဆောက်ထားလေ၏။ ဤနေရာကား ဖီးနစ်နန်းတော်ပင်။
ဤနေရာတွင် ကျင့်ကြံမှုပတ်ဝန်းကျင်က အခြားနေရာများထက် သာလွန်ကြောင်း လုမင် တွေ့ရှိခဲ့ရသည်။
"လုမင်၊ ရွှီယန်... အခုကစပြီး နင်တို့ ဖီးနစ်နန်းတော်မှာ နေလို့ရပါတယ်။ ဘယ်လိုသဘောရလဲ"
ဟွမ်လင်က ပြောလိုက်သည်။
"ငါ့မှာ ပြောစရာမရှိပါဘူး"
လုမင် ရယ်မောလိုက်၏။
ဤနေရာတွင် နေရတာက တည်းခိုဆောင်တွင် နေရတာထက် အများကြီး ပိုကောင်းသည်။
ရွှီယန်ကလည်း အကြိမ်ကြိမ် ခေါင်းညိတ်လိုက်လေသည်။
သူတို့လေးယောက်က ဖီးနစ်နန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။ ဟွမ်လင်က လုမင်တို့အတွက် နေရာတစ်ခု ဦးစွာစီစဉ်ပေးလိုက်သည်။ ထို့နောက် ဖီးနစ်နန်းတော်သို့ လည်ပတ်ရန် ခေါ်သွားလေသည်။
လှည့်ပတ်ကြည့်ရှုပြီးနောက် အားလုံးက လုမင်အတွက် နေအိမ်ဆီသို့ ပြန်ရောက်လာခဲ့ကြသည်။
"လုမင်၊ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ပတ်သက်ပြီး အကြီးအကဲတွေကို ငါအကြောင်းကြားထားတယ်။ နန်းတော်သခင်နဲ့ တွေ့ရဖို့လည်း ငါအကောင်းဆုံး ကြိုးစားပေးပါမယ်။ လောလောဆယ်တော့ နင် ဒီမှာပဲ နေဦးပေါ့။ တစ်ခုခုလိုအပ်တာရှိရင် ငါ့ကို ဆက်သွယ်လိုက်ပါ"
ဟွမ်လင်က ပြောလိုက်သည်။
"ကောင်းပြီ"
လုမင်က ခေါင်းညိတ်လိုက်၏။
ဟွမ်လင်နှင့် မုချင်ရွယ်တို့ ထွက်သွားပြီးနောက် လုမင်နှင့် ရွှီယန်တို့လည်း အခန်းထဲသို့ ၀င်ပြီး သီးခြားလေ့ကျင့်ခဲ့လေသည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားသည်။
ဤအတောအတွင်း၌ လုမင်က ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို အာရုံစိုက်ကာ လေ့ကျင့်ခဲ့၏။ ယခုအခါ ၎င်းက ဆယ့်ရှစ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားသဖြင့် လုမင်၏စွမ်းအားမှာလည်း အနည်းငယ် ထပ်မံတိုးတက်လာခဲ့ပြီ ဖြစ်သည်။
ဖီးနစ်နန်းတော်၏ ခြံဝင်းတစ်ခုတွင် လူသုံးဦး ရှိနေသည်။
ဟွမ်လင်၊ လုမင်နှင့် မုချင်ရွယ်တို့ ဖြစ်၏။
မုချင်ရွယ်က ဟွမ်လင်ကိုကူညီရန် ဖိတ်ကြားခံရသူများထဲမှ တစ်ဦးဖြစ်ကြောင်း လုမင် သိခဲ့ရသည်။
"အဲဒီကောင်စုတ် ချင်ယီက အရမ်းနှေးတာပဲ။ သူက အခုထိ ရောက်မလာသေးဘူး"
မုချင်ရွယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
သူတော်စင်သားတော်နှင့် သမီးတော်တိုင်းက ကူညီရန် သူငယ်ချင်းသုံးယောက်ကို ဖိတ်ခေါ်နိုင်သည်။ ယခုအခါ လုမင်နှင့် မုချင်ရွယ်တို့ ရောက်လာသဖြင့် လူတစ်ယောက် ကျန်နေသေးသည်။
"ဘာပဲဖြစ်ဖြစ် အချိန်ရှိပါသေးတယ်၊ ခဏစောင့်လိုက်ရအောင်"
ဟွမ်လင်က ပြောလိုက်သည်။
ထိုအချိန်တွင် လုမင်၏ မျက်လုံးအကြည့်က ကောင်းကင်သို့ လှည့်သွားခဲ့သည်။
လူငယ်လေးတစ်ယောက်က ကောင်းကင်မှ လျှောက်လာနေ၏။
ထိုလူငယ်က အဖြူရောင်ဝတ်ရုံကို ၀တ်ထားပြီး တော်တော်ချောသည်။ သူက ကောင်းကင်မှ ဆင်းလာပြီးနောက် ပြုံးပြကာ ပြောလိုက်လေသည်။
"ဟွမ်လင်၊ တောင်းပန်ပါတယ်။ ငါနောက်ကျသွားတယ်"
"ငါက နင်မလာတော့ဘူးလို့ ထင်နေတာ"
မုချင်ရွယ်က အေးစက်စက် ပြောလိုက်သည်။ သူက ထိုလူငယ်ကို သိပ်ပြီး သဘောကျပုံမရပေ။
မုချင်ရွယ်၏ သဘောထားကို လူငယ်က စိတ်ဆိုးဟန်မပြပါ။ သူက ပြုံးနေဆဲဖြစ်ပြီး လုမင်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ဟွမ်လင်၊ ဒါက ဘယ်သူလဲ"
"သူက လုမင်ပါ၊ လုမင်... သူ့နာမည်က ချင်ယီ"
ဟွမ်လင်က မိတ်ဆက်ပေးလိုက်၏။
"အို၊ ညီနောင်လုပဲ"
ချင်ဖုန်းက လက်ယှက်ပြလိုက်သည်။
"ညီနောင်ချင်"
လုမင်လည်း လက်ယှက်ပြလိုက်လေသည်။ သို့ရာတွင်၊ ချင်ယီ၏ အပြုံးက ဟန်ဆောင်နေသကဲ့သို့ သူ ခံစားနေရသည်။
ချင်ယီက လုမင်ကို ခဏလောက်ကြည့်နေပြီးနောက် မေးလိုက်သည်။
"ညီနောင်လုကို တစ်ခါမှ မတွေ့ဖူးဘူး၊ ရှေးဟောင်းလမြင့်မြတ်နယ်မြေက မဟုတ်ဘူးလား"
"မဟုတ်ပါဘူး၊ ငါက စန်းပြည်နယ်က"
လုမင် ပြောလိုက်သည်။
"စန်းပြည်နယ်လား"
ချင်ယီ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။ အထင်မြင်သေးမှု အရိပ်အယောင်က တစ်စွန်းတစ်စ ပေါ်လာ၏။ ၎င်းက ချက်ချင်း ဖုံးကွယ်လိုက်သော်လည်း လုမင်က ရိပ်မိလိုက်သေးသည်။
"ညီနောင်လုရဲ့ ကျင့်ကြံမှုအခြေခံက ဘာလဲမသိဘူး"
ချင်ယီက ထပ်မေးပြန်သည်။ လုမင်က သူ၏ အရှိန်အဝါကို ဖုံးကွယ်ရန် ပန်တုန်အရှိန်အဝါပညာရပ်ကို အသုံးပြုထားသောကြောင့် ချင်ယီက မမြင်နိုင်ပေ။
"ဟေး ချင်ယီ၊ နင်က မေးခွန်းတွေအများကြီး ဘာဖြစ်လို့ မေးနေရတာလဲ။ လုမင်ရဲ့ ကျင့်ကြံမှုက ဘာဖြစ်ဖြစ် နင်နဲ့ဘာဆိုင်သလဲ။ လုမင်က ဘာဖြစ်လို့ နင့်ကို ပြောပြရမှာလဲ"
မုချင်ရွယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ချင်ရွယ်၊ မင်းမှားနေပြီ။ ငါတို့က အဖွဲ့တစ်ဖွဲ့အနေနဲ့ ဟွမ်လင်ကို ကူညီဖို့အတွက် ဖီးနစ်အသိုက်ကို အတူတူဝင်ကြရမှာလေ။ သဘာဝအတိုင်း တစ်ဦးရဲ့ ကျင့်ကြံမှုအခြေခံကို တစ်ဦးက နားလည်ထားရမယ်။ ဒါမှ အချိန်တန်ရင် ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နိုင်မယ် မဟုတ်လား"
ချင်ယီက ပြုံးပြီး ပြောလိုက်သည်။ သူ၏ စကားများက ကျိုးကြောင်းဆီလျော်ပုံရသောကြောင့် မုချင်ရွယ်လည်း မငြင်းသာတော့ပေ။
"ဒါက ကျင့်ကြံမှုအဆင့်ပဲလေ၊ ဖုံးကွယ်ထားစရာမလိုပါဘူး။ ငါ့ရဲ့ ကျင့်ကြံမှုက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်"
လုမင်က ပြောလိုက်သည်။
"တောက်ပသော သူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်လား"
ချင်ယီ၏ အထင်မြင်သေးမှုက ဤတစ်ကြိမ်တွင် ပို၍ ပြင်းထန်လာသည်။
"ရိုးရိုးသားသားပြောရရင် တောက်ပသော သူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်က မလုံလောက်ဘူး။ ဟွမ်လင်... မင်း သူငယ်ချင်းတွေ ရှာမတွေ့တော့ရင်လည်း ငါမင်းကို အကြံပြုပေးနိုင်ပါတယ်။ အနည်းဆုံးတော့ တောက်ပသော သူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်ထက် မြင့်မားလိမ့်မယ်"
ချင်ယီက အပေါ်ယံတွင် ပြုံးနေသေးသော်လည်း သူ၏ ရှုတ်ချမှုက ထင်ရှားနေပြီ။
ဟွမ်လင်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"မလိုပါဘူး၊ လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ထက် အားမနည်းဘူးလို့ ငါယုံတယ်။ သူက အများကြီး ကူညီပေးနိုင်လိမ့်မယ်"
"အိုး၊ တကယ်ပဲလား"
ချင်ယီ၏ နှုတ်ခမ်းများက အထင်မြင်သေးစွာဖြင့် တွန့်ကွေးသွားသော်လည်း သူက ဆက်မပြောတော့ပေ။
"ကဲ၊ နောက်ကျနေပြီ။ သွားကြရအောင်"
ဟွမ်လင်က ပြောလိုက်သည်။
ချက်ခြင်းပင်၊ သူတို့လေးယောက်က လေထဲသို့ ပျံတက်သွားပြီး မကြာမီ တောင်ထိပ်တစ်ခုသို့ ရောက်လာခဲ့ကြသည်။
တောင်ပေါ်မှာတော့ လူအနည်းငယ် ရောက်နေပြီ။ လုမင်က ဟိုဟိုသည်သည် ကြည့်လိုက်သောအခါ လေးယောက်တစ်ဖွဲ့ဖြင့် အဖွဲ့ခြောက်ခုရှိနေကြောင်း တွေ့လိုက်ရသည်။
၎င်းတို့က ဖီးနစ်နန်းတော်၏ အခြားသော သူတော်စင်သားတော်နှင့် သမီးတော်များအပြင် သူတို့ ဖိတ်ကြားထားသော သူငယ်ချင်းများ ဖြစ်ကြသည်။
ဟွမ်လင်၏ အဖွဲ့နှင့်အတူ စုစုပေါင်း အဖွဲ့ခုနစ်ဖွဲ့ ရှိလေသည်။
လုမင်နှင့် အခြားသူများ ရောက်လာသောအခါ အားလုံးက လျစ်လျူရှုသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။
"ဟမ်၊ ရွှေကျီးကန်းနဝမမင်းသား"
လုမင်က ကြည့်လိုက်သောအခါ ရွှေကျီးကန်းနဝမမင်းသားက သူ့အား အေးစက်စက် ကြည့်နေတာကို တွေ့လိုက်ရသည်။
ထို့ပြင်၊ လုမင်က ရင်းနှီးပြီးသား မျက်နှာများကိုလည်း တွေ့လိုက်ရသေးသည်။
ဝမ်မျိုးနွယ်မှ ဝမ်ထျန်းလုံနှင့် ကန္တာရဓားဂိုဏ်းမှ ပါရမီရှင်တို့ ဖြစ်ကြသည်။
လွန်ခဲ့သော တစ်လခန့်က ယောင်ချစ်နတ်သမီးများ၏ အဆောင်များအပေါ် ခြေချခဲ့သော ပါရမီရှင် လေးငါးယောက်လည်း ရှိနေသေးသည်။ မမျှော်လင့်ဘဲ၊ ၎င်းတို့အားလုံးကို ဖီးနစ်နန်းတော်၏ သူတော်စင်သားတော်နှင့် သူတော်စင်သမီးတော်တို့မှ ဖိတ်ကြားထားခဲ့သည်။