← Chapters

အခန်း ၁၇၄၉

Vol. 117 Ch. 1749

အခန်း ၁၇၄၉

Vol. 117 Ch. 1749

အပိုင်း ( 1749 ) ဖီးနစ်ဝိညာဉ်များ။

လူနှစ်ဆယ့်ရှစ်ယောက်၊ စုစုပေါင်း အဖွဲ့ ခုနစ်ခု ရှိသည်။ အားလုံးက တစ်ဦးကိုတစ်ဦးကို အကဲခတ်ရင်း တိုက်ခိုက်လိုစိတ်ဖြင့် ကြည့်နေကြ၏။ အခြေအနေက မသိမသာ တင်းမာနေတော့သည်။

"ဟွမ်လင်၊ ဒီတစ်ခေါက် ဝူထုံသစ်ပင်ရဲ့ နှလုံးသားကို ရရှိတဲ့သူက ငါပဲဖြစ်ရမယ်။ မင်း လက်လျှော့လိုက်သင့်ပြီ"

လူငယ်တစ်ယောက်က ဟွမ်လင်ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ သူက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိ‌နေပုံရ၏။

ထိုလူငယ်က ဖီးနစ် ၀တ်စုံကို ၀တ်ဆင်ထားပြီး ချောမောကာ မြင့်မြတ်ပုံရသည်။

"ရယ်စရာပဲ၊ ဝူထုံသစ်ပင်ရဲ့ နှလုံးသားက ငါ့အတွက်ပဲ ဖြစ်ရမှာ"

တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်။

ဟွမ်လင်၏ မျက်နှာအမူအရာကတော့ တည်ငြိမ်နေပြီး စကားမပြောပေ။

'အဲဒီလူရဲ့ နာမည်က ဟွမ်ခုန်း၊ မိန်းကလေးကတော့ ဟွမ်ပမ့်လို့ခေါ်တယ်။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းအခြေခံတွေက ဒီသူတော်စင်သမီးတော်နဲ့ သူတော်စင်သားတော်တွေထဲမှာ အမြင့်ဆုံးပဲ။ ဒါပေမဲ့ သူတို့ရဲ့အရည်အချင်းတွေကတော့ ဟွမ်လင်ကို မယှဉ်နိုင်ဘူးလေ။ အဲဒါကြောင့် ဟွမ်လင်ကို အမြဲတမ်းဆန့်ကျင်ဘက်ပြုပြီး ဖိနှိပ်နိုင်ဖို့ ကြိုးစားနေကြတာ'

မုချင်ရွယ်က လုမင်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ ဟွမ်လင်က အင်မော်တယ် ကောင်းကင်ဖီးနစ် ဝိညာဉ်ခန္ဓာပိုင်ရှင် ဖြစ်သည်။ သူ၏ ဝိညာဉ်ခန္ဓာက နိဗ္ဗာနသို့ ဝင်ရောက်ပြီး စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်ပေသည်။ ၎င်းက မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှာပင် အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာမှ အလယ်လတ် ဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ တော်ရုံတန်ရုံ ပါရမီရှင်များက သူမကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

လုမင်က ကြည့်လိုက်သောအခါ ဟွမ်ခုန်းနှင့် ဟွမ်ပမ့်တို့ ဖိတ်ခေါ်ထားသော အကူအညီများက အလွန်သန်မာကြောင်း သိလိုက်ရသည်။ ၎င်းတို့၏ အရှိန်အဝါများက အလွန်အားကောင်းကာ ခန့်မှန်းရမလွယ်ပေ။

ဥပမာအားဖြင့်၊ ရွှေကျီးကန်း နဝမမင်းသားက ဟွမ်ပမ့်၏ အနားတွင်ရပ်ပြီး ဝမ်ထျန်းလုံက ဟွမ်ခုန်း၏အနီးတွင် ရပ်နေသည်။

"ဝှစ်... ဝှစ်... ဝှစ်..."

ထိုအချိန်တွင် ကောင်းကင်၌ လေဟာနယ် ကွဲအက်သံများ ထွက်ပေါ်လာခဲ့သည်။ အဘိုးကြီး သုံးဦးက ကောင်းကင်မှ ထွက်ပေါ်လာ၏။

"အကြီးအကဲတို့ကို နှုတ်ခွန်းဆက်ပါတယ်"

ဟွမ်လင်အပါအဝင် အခြား ဖီးနစ်နန်းတော်၏ သူတော်စင်သားတော်နှင့် သူတော်စင်သမီးတော်များက ဦးညွတ်ကာ အရိုအသေပေးလိုက်ကြသည်။

"ထကြပါ"

ဦးဆောင်သူ အဘိုးကြီးတစ်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"လူစုံကြပြီပဲ၊ အခု ငါတို့နဲ့လိုက်ခဲ့ကြချေ"

ဦးဆောင်သူအဘိုးအိုက စကားပြောပြီးသည်နှင့် ကောင်းကင်သို့ ပျံတက်သွား၏။ အခြားသူများလည်း သူ့နောက်မှ လိုက်သွားကြလေသည်။ မကြာမီ ချိုင့်ဝှမ်းတစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။ ချိုင့်ဝှမ်းထဲတွင် မှောင်မိုက်နေသော ရေဝဲတစ်ခုရှိသည်။ ရေဝဲနောက်တွင် ဖီးနစ်အသိုက် ဖြစ်၏။

"ဝင်ကြ"

ဦးဆောင်သူ အဘိုးအိုက ပြောလိုက်သည်။

"သွားစို့"

ဟွမ်ခုန်းက ပထမဆုံး ပြောသည်။ သူက အကူအညီပေးသူ သုံးဦးနှင့်အတူ ရေဝဲအတွင်းထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွား၏။

ထို့နောက် ဟွမ်ပမ့်နှင့် အခြားသူများသည်လည်း ရေဝဲထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

"အထဲဝင်ရအောင်"

ဟွမ်လင်က ရေဝဲအတွင်းသို့ ဦးစွာ ပြေးဝင်သွားသည်။ လုမင်နှင့် အခြားသူများလည်း နောက်မှ လိုက်သွားကြလေသည်။

ရေဝဲအတွင်းထဲသို့ ပြေးဝင်လိုက်ပြီးသည်နှင့် နောက်အခိုက်အတန့်တွင် တောင်ထိပ်တစ်ခုပေါ်မှာ ပြန်ပေါ်လာခဲ့သည်။ ရှေ့ကိုမျှော်ကြည့်သောအခါတွင် ထူထဲသော အနက်ရောင်မြူခိုးများက မြင်ကွင်းကိုပိတ်ဆို့ပြီး ကောင်းကင်နှင့်မြေပြင်ကြားမှာ ပြည့်နှက်နေ၏။

အခြားသူများကိုတော့ သူတို့နှင့် မနီးမဝေးတွင် တွေ့ရသည်။

"ဝှစ်... ဝှစ်"

ထို့နောက်တွင် ဟွမ်ခုန်းနှင့် အခြားသူများက ရှေ့သို့ ပြေးသွားကာ ထူထပ်သော အနက်ရောင်မြူများထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

"ဖီးနစ်နန်းတော်ရဲ့ အကျော်အမော်တွေရဲ့ စုံစမ်းမှုတွေအရဆိုရင် ရှေးဟောင်း ဝူထုံသစ်ပင်ဟာ ဒီဖီးနစ်အသိုက်ရဲ့ နက်နဲတဲ့အရပ်မှာ ရှိနေတယ်"

ဟွမ်လင်က ပြောလိုက်သည်။

ထို့နောက်တွင် လေးယောက်သား ရှေ့သို့ ပြေးသွားကြလေသည်။

မြူခိုးထဲကို ပျံသွားပြီးမှ မြူများက တကယ်ထူထဲကြောင်း တွေ့လိုက်ရသည်။ သူတို့၏မြင်နိုင်စွမ်းက သိသိသာသာ ကျဆင်းသွား၏။ အစပိုင်းတွင် တခြား သူတော်စင်သားတော်နှင့် သူတော်စင်သမီးတော်များ၏ ပုံရိပ်များကို မြင်နေရသေးသည်။ သို့သော်လည်း မကြာမီပင် ပုံရိပ်အားလုံး လုံးဝ ပျောက်ကွယ်သွားကြသည်။

မည်မျှကြာကြာ ပျံသန်းခဲ့ပြီမှန်းမသိ၊ နောက်ဆုံးတွင် သူတို့က မြူခိုးများဖုံးနေသော ဧရိယာမှ ပျံထွက်သွားကြသည်။ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်လာရ၏။ သို့သော်၊ အခြားသူတော်စင်သားတော်နှင့် သမီးတော်များ သို့မဟုတ် သူတို့၏ အကူအညီများကို မတွေ့ရတော့ပေ။

မြူခိုးထဲတွင် ပျံသန်းနေသော လူတိုင်း၏ ဦးတည်ရာက အနည်းငယ် သွေဖည်နေသောကြောင့် လူစုကွဲသွားပြီဖြစ်ကြောင်း ထင်ရှားသည်။

"ဒီနေရာမှာ ကြောက်စရာကောင်းတဲ့ တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပုံရတယ်"

မုချင်ရွယ်က တအံ့တဩ ပြောလိုက်သည်။

အဝေးကို လှမ်းကြည့်လိုက်လျှင် တောင်များကို မြင်ရသော်လည်း အများစုက ပြိုကျသွားပြီ ဖြစ်သည်။ တချို့က ဓားနှင့်ခုတ်ချထားပုံရပြီး တချို့ကလည်း လက်ဝါးနှင့် ရိုက်ချထားသကဲ့သို့ပင်။

မြေပြင်ပေါ်တွင် ကြီးမားသော လက်သီးပုံကြီးများနှင့် လက်ဝါးပုံများကိုလည်း တွေ့ကြရသည်။

"ဒီဖီးနစ်အသိုက်ဟာ အရင်က ကမ္ဘာငယ်လေးတစ်ခု ဖြစ်သင့်တယ်။ ဒါပေမဲ့ အရင်တုန်းက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ပွဲမျိုး ဖြစ်ပွားခဲ့သလဲ မသိဘူး၊ ဒီမှာရှိတဲ့ ဖီးနစ်တွေအားလုံးနီးပါး သေဆုံးသွားကြပြီ။ ရှေ့လျှောက် ငါတို့တွေ သတိထားကြရမယ်၊ ဖီးနစ်ဝိညာဉ်တွေက ငါတို့ကို သတိပြုမိပြီး တိုက်ခိုက်လာမှာကို ကြောက်ရတယ်"

ဟွမ်လင်က ပြောလိုက်သည်။

သူတို့လေးယောက်က သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ပြီး ရှေ့သို့ ပျံသန်းသွားကြလေသည်။

သူတို့က ဝေးဝေးသို့ မပျံသန်းမီတွင် ရုတ်တရက် ဖီးနစ်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ဖီးနစ်တစ်ကောင်က မြေပြင်မှ ပျံထွက်လာ၏။

ဤဖီးနစ်က စစ်မှန်သော အကောင်အထည်ရှိပုံမရဘဲ အနက်ရောင်အရိပ်တစ်ခု ဖြစ်သည်။ ၎င်း၏ မျက်လုံးများမှာတော့ ပြင်းထန်သော နာကြည်းမှုတို့ ပေါ်လွင်နေ၏။ ၎င်းက သူတို့လေးဦးဆီသို့ တဟုန်ထိုး ပျံသန်းလာတော့သည်။

မုချင်ရွယ်က လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ကြောက်စရာကောင်းသော အအေးလှိုင်းတစ်ခု ပြေးထွက်လာပြီး ဖီးနစ်ဝိညာဉ်ကို လွင့်စဉ်သွားစေ၏။

သို့သော်လည်း ထိုဖီးနစ်ဝိညာဉ်က အော်ဟစ်ပြီး မုချင်ရွယ်ဆီသို့ တစ်ဖန် ပျံသန်းလာတော့သည်။

"အအေးလှိုင်းဓား၊ ခုတ်"

မုချင်ရွယ်က အော်ပြောပြီး လက်သီးဆုပ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးလှိုင်းတစ်ခု ပေါ်လာပြီး ဓားရှည်တစ်လက်အဖြစ် ဖွဲ့စည်းသွား၏။ ထိုဓားဖြင့် ဖီးနစ်ဝိညာဉ်ကို ထက်ခြမ်းခွဲလိုက်သောအခါမှ အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွား‌တော့သည်။

'နတ်ဘုရားစွမ်းရည်တစ်ခုပဲ'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။

မုချင်ရွယ်က နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်၏။ သူ၏ ကျင့်ကြံမှုအခြေခံကလည်း အလွန်မြင့်မားပြီး တောက်ပသော သူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ။ နက်နဲသော နတ်ဘုရားစွမ်းရည်ကို ပေါင်းလိုက်သောအခါ သူမက အလွန်အစွမ်းထက်သွားသည်။ ရွှေကျီးကန်းနဝမမင်းသားက ကြောက်ရွံ့နေပြီး တိုက်ရိုက်ထွက်ခွာသွားခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

ဖီးနစ်ဝိညာဉ်ကို ဖျက်ဆီးပြီးနောက် သူတို့လေးဦးက အရှိန်မြှင့်ကာ ရှေ့သို့ ပျံသန်းသွားကြသည်။

သို့သော်လည်း ဝေးဝေးသို့ မပျံသန်းနိုင်မီ၊ ဖီးနစ်အော်သံများကို ထပ်မံ ကြားလိုက်ရသည်။ ယခုတစ်ကြိမ်တွင် ဖီးနစ်ဝိညာဥ်များစွာ ပေါ်လာကြ၏။ ၎င်းတို့လေးဦးဆီသို့ ပျံသန်းလာနေတော့သည်။

"ကျင့်ကြံမှုအခြေခံ အားနည်းတဲ့သူတွေ နောက်ဆုတ်နေပါ။ သူများတွေရဲ့လမ်းကို မပိတ်နဲ့"

ချင်ယီက လုမင်ကို အေးစက်စက် ကြည့်လိုက်သည်။ ထို့နောက်တွင် သူက ရှေ့သို့တိုးသွားပြီး ဖီးနစ်ဝိညာဉ်များကို တိုက်ခိုက်လိုက်၏။

ချင်ယီ၏ တိုက်ခိုက်နိုင်စွမ်းက မုချင်ရွယ်ထက် အားမနည်းဘဲ အလွန်သန်မာသည်။ သူက ဤမျှဝံ့ကြွားနေသည်မှာ အံ့ဩစရာမရှိတော့ပေ။

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူ့ကို မလှုပ်ရှားခိုင်းသောကြောင့် သူကလည်း တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။ လုမင်က ဟွမ်လင်၏အနားတွင် ရပ်နေလိုက်သည်။

မုချင်ရွယ်နှင့် ချင်ယီက ပူးပေါင်းပြီး ဖီးနစ်ဝိညာဉ်များကို လျင်မြန်စွာ ဖျက်ဆီးခဲ့‌ကြသည်။ ထို့နောက် သူတို့က ရှေ့သို့ ဆက်လက်ပျံသန်းသွား၏။ သို့သော်လည်း နောက်ပိုင်းတွင် ဖီးနစ်ဝိညာဉ်များက ပိုများလာခဲ့သည်။

မုချင်ရွယ်နှင့် ချင်ယီတို့ နှစ်ဦးတည်းဖြင့် ရင်ဆိုင်ရန် ပို၍ ခက်ခဲလာတော့သည်။

"ဟမ့်၊ ဟွမ်လင်က တကယ်ကို တစ်ခုခုပဲ။ အမှိုက်တစ်စကို‌ ခေါ်လာတယ်။ မဟုတ်ဘဲ ကျွမ်းကျင်သူတစ်ဦးသာ ပိုတိုးလာရင် ငါတို့တွေ ပိုလွယ်ကူဦးမှာ"

ဖီးနစ်ဝိညာဉ်များက ပိုများလာကြောင်း မြင်ရသောအခါ ချင်ယီ မျက်နှာပျက်လာသည်။ သူက သူ့အတွေးများကို ဖုံးကွယ်မထားတော့ဘဲ ရွဲ့စောင်းပြောဆိုလာတော့သည်။

သို့သော်၊ ထိုအချိန်တွင် ကြီးမားသော ဖီးနစ်ဝိညာဥ်တစ်ခု ပေါ်လာသည်။ ဤဖီးနစ်ဝိဥာဉ်သည် အခြား ဖီးနစ်ဝိညာဉ်များထက် အဆများစွာကြီးမား၏။ ၎င်း၏ အငွေ့အသက်ကလည်း အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။

ဖီးနစ်ဝိညာဉ်ကြီးက အော်မြည်ကာ ချင်ယီဆီသို့ ပျံသန်းလာတော့သည်။

ချင်ယီက အင်အားအပြည့်ဖြင့် ပေါက်ကွဲပြီး ဖီးနစ်ဝိညာဉ်ကြီးကို ရိုက်ထုတ်လိုက်သည်။ သို့သော်၊ ဖီးနစ်ဝိညာဉ်ကြီးက ခြေသည်းများဖြင့် လက်ဝါးပုံရိပ်ကို ကုပ်ဖြဲလိုက်၏။ ထို့နောက် သူ့‌အတောင်ပံများကို ဓားသဖွယ် အသုံးပြုကာ ခုတ်ချလိုက်တော့သည်။

ချင်ယီ မျက်နှာပျက်သွားသည်။ သူက ခုခံရန် သူတော်စင်လက်နက်တစ်ခုကို အမြန်ထုတ်ယူသော်လည်း လွင့်စဉ်သွားရ၏။ သူ့မျက်နှာက ဖြူဖျော့နေပြီး သွေးအန်လုနီးပါး ဖြစ်နေတော့သည်။

"ဒီဖီးနစ်ဝိညာဉ်က သန်မာလွန်းတယ်။ ငါတို့ မယှဉ်နိုင်ဘူး။ ဒီနေရာကနေ အရင်ထွက်ပြီး လမ်းလွှဲလိုက်ကြရအောင်"

ချင်ယီက အကြံပြုလိုက်သည်။

"လမ်းလွှဲသွားမှာလား။ ငါ့အမြင်အရတော့ နေရာတိုင်းမှာ ဒီလိုမျိုး အစွမ်းထက်တဲ့ ဖီးနစ်ဝိညာဉ်တွေရှိတယ်။ မင်းက ဒီနေရာကို ဖြတ်မသွားနိုင်ရင် တခြားနေရာတွေကိုသွားရင်လည်း ထူးခြားမှာမဟုတ်ဘူး"

လုမင်က ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား၊ မင်းလို အမှိုက်တစ်စက စကားပြောရအောင် ဘာအရည်အချင်းရှိလို့လဲ။ ငါတို့က တိုက်ခိုက်နေချိန်မှာ မင်းဘာလုပ်နေလဲ"

ချင်ယီက အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။

ထိုအချိန်တွင် စွမ်းအားကြီးမားသော ဖီးနစ်ဝိညာဥ်က ချင်ယီဆီသို့ တစ်ဖန် ပျံသန်းလာပြန်သည်။ ချင်ယီ၏ မျက်နှာအမူအရာက အလွန်ပြောင်းလဲသွားကာ လှည့်ထွက်ပြေးတော့သည်။

"ငါ့စကားကို နားထောင်ပါ... ဒီနေရာကနေ ကွေ့သွားကြမယ်။ ငါတို့အားလုံး ပူးပေါင်းရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး"

ချင်ယီ၏ အရှိန်က အလွန်မြန်သည်။ သူ ပြေးသွားသောအခါ ဖီးနစ်ဝိညာဉ်ကြီးက လုမင်နှင့် ဟွမ်လင်ဆီသို့ ပျံသန်းလာသည်။

"ဟွမ်လင်၊ သတိထား"

မုချင်ရွယ် အော်ဟစ်လိုက်၏။ သူမက အပြေးအလွှားလာပြီး ကူညီလိုသော်လည်း နောက်ကျသွားပြီ။

ဟွမ်လင်၏ အမူအရာက လေးနက်သွားသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မီးလျှံများ ဖြာထွက်လာကာ မီးတောက်ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters