← Chapters

အခန်း ၁၇၅၄

Vol. 117 Ch. 1754

အခန်း ၁၇၅၄

Vol. 117 Ch. 1754

အပိုင်း ( 1754 ) ဖီးနစ်နန်းတော်၏ နန်းတော်ရှင်။

မကြာမီ၊ ဟွမ်လင်က ဝူထုံသစ်ပင်အထက် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။

"ဟွမ်လင်... ဘယ်လိုလဲ၊ ဝူထုံသစ်ပင်ရဲ့ နှလုံးသားကို မင်း ရရှိခဲ့ပြီလား"

လုမင်က မေးလိုက်သည်။

"အင်း၊ ငါရခဲ့ပြီ"

ဟွမ်လင်က ခေါင်းညိတ်လိုက်၏။

"ကောင်းတယ်"

မုချင်ရွယ်က စိတ်လှုပ်ရှားစွာ ခုန်လိုက်လေသည်။

ဟွမ်ခုန်း၊ ဟွမ်ပမ့်နှင့် အခြားသူများက မနာလိုဖြစ်ကြသော်လည်း ဘာမျှ မတတ်နိုင်တော့ပေ။ သူတို့က ဝူထုံသစ်ပင်၏ နှလုံးသားအတွက် မတိုက်ခိုက်နိုင်ကြတော့ပါ။ ဤတစ်ကြိမ်တွင် ဖီးနစ်နန်းတော်၏ အကျော်အမော်များမှ စောင့်ကြည့်နေမည် ဖြစ်သည်။ ယခင်က ပြိုင်ဆိုင်ခြင်းမှာ ဘာမျှမဖြစ်သော်လည်း ယခုတော့ ဟွမ်လင်သည် ဝူထုံသစ်ပင်၏နှလုံးသားကို ရရှိခဲ့ပြီဖြစ်သောကြောင့် တိုက်ခိုက်ဝံ့ပါက အပြစ်ပေးခံရလိမ့်မည်။

"ဂုဏ်ယူပါတယ် ဟွမ်လင်"

ဟွမ်ပမ့်က ပြုံးပြီး ဂုဏ်ပြုစကားဆိုကာ ဟွမ်လင်ကို ပြေလည်ရာပြေလည်ကြောင်း ပြောလိုက်သည်။

ယခုအခါ ဟွမ်လင်က ဝူထုံသစ်ပင်၏ နှလုံးသားကို ရရှိခဲ့ပြီ။ သူမ၏ ကြောက်စရာကောင်းသော အရည်အချင်းဖြင့် ဖီးနစ်နန်းတော်ရှိ သူမ၏အဆင့်အတန်းက ပို၍ မြင့်မားလာမည် ဖြစ်သည်။ သူမက အနာဂတ်တွင် ပိုအားကောင်းလာကာ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည်။ သူက ရှုံးနိမ့်သွားခဲ့ပြီမို့ ဟွမ်လင်နှင့် ဆက်ဆံရေးကောင်းကို သဘာဝအတိုင်း တည်ဆောက်ထားခဲ့ရသည်။

"ကျေးဇူးတင်ပါတယ်"

ဟွမ်လင်က ပြုံးလိုက်သည်။

"ဟမ့်"

ဟွမ်ခုန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက ချက်ချင်း ထွက်သွား၏။ သူ ဖိတ်ကြားခဲ့သော ပါရမီရှင်ကလည်း သူနှင့်အတူ လိုက်သွားကြတော့သည်။

"ညီမလေးဟွမ်လင်၊ ငါ အရင်သွား‌တော့မယ်"

ဟွမ်ပမ့်က ပြုံးပြပြီး ဟွမ်ကျန့်၊ အခြားသူများနှင့်အတူ ထွက်သွားသည်။ ဟွမ်ရွှမ်နှင့် ကျန်သူများလည်း ထွက်ခွာသွားကြ၏။ တခဏအတွင်းမှာပင် ဟွမ်လင်တို့လူစုသာ ကျန်တော့သည်။

"ဂုဏ်ယူပါတယ် ဟွမ်လင်၊ ငါတို့ရဲ့ ကြိုးစားမှုတွေနဲ့ မင်းကို ဝူထုံသစ်ပင်ရဲ့ နှလုံးသားကို နောက်ဆုံးမှာ ရအောင် ကူညီပေးနိုင်ခဲ့ပြီ။ ဒီခရီးစဉ်က အလကားမဟုတ်ဘူး"

ချင်ယီက ပြုံးလျက် ပြောလိုက်သည်။

"ငါတို့ရဲ့ ကြိုးစားမှုလား။ ဖွီ... ချင်ယီ၊ နင်က ဒီစကားကို ပြောရဲသေးတယ်နော်။ ရွှေကျီးကန်းနဝမမင်းသားက ဟွမ်လင်ကို တိုက်ခိုက်နိုင်အောင် နင် တမင်လွှတ်ပေးခဲ့တာ မဟုတ်ဘူးလား"

မုချင်ရွယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

မုချင်ရွယ်၊ မင်း ဘယ်လိုပြောလိုက်တာလဲ။ ငါက ဘာဖြစ်လို့ နဝမမင်းသားကို တမင်လွှတ်ပေးရမှာလဲ။ သက်သေမရှိဘဲ ငါ့ကို မစွပ်စွဲနဲ့"

ချင်ယီက ပြောသည်။

"ဟမ့်၊ နင် တမင်လုပ်ခဲ့တာ ဟုတ်မဟုတ် နင်ကိုယ်တိုင် အသိဆုံးဖြစ်လိမ့်မယ်"

မုချင်ရွယ်က နှာခေါင်းရှုံ့ပြီး ဟွမ်လင်၏လက်ကိုဆွဲကာ ပြောလိုက်သည်။

"ဟွမ်လင်၊ သွားကြရအောင်။ ဒီလို စက်ဆုပ်ရွံရှာစရာကောင်းတဲ့လူကို ငါတို့ ဂရုမစိုက်သင့်ဘူး။ ဒီလိုလူက မျက်နှာနှစ်ဖက်နဲ့... သူနဲ့ နီးနီးကပ်ကပ်နေတာက အန္တရာယ်များတယ်"

ဟွမ်လင်က ပြုံးပြီး လုမင်ကိုကြည့်လိုက်သည်။

"လုမင်၊ သွားကြရအောင်"

"ကောင်းပြီ"

လုမင်လည်း ခေါင်းညိတ်ပြပြီး ဟွမ်လင်၊ မုချင်ရွယ်တို့နှင့်အတူ လာရာလမ်းအတိုင်း ပြန်ခဲ့သည်။

လုမင်နှင့် ဟွမ်လင်တို့က ချင်ယီကို တစ်ချက်မျှပင် မကြည့်ကြတော့ပေ။

"ချီးပဲ"

ချင်ယီက အံကြိတ်လိုက်သည်။ သူ့မျက်လုံးများတွင် ရက်စက်သောအရိပ်အယောင်များ တောက်ပလာ၏။ ထို့နောက် သူလည်း ထွက်သွားတော့သည်။

မကြာမီ၊ သူတို့က ထွက်ပေါက်ဆီသို့ ပြန်ရောက်လာခဲ့ကြသည်။ ရေဝဲအတွင်းသို့ လှမ်းဝင်ပြီးနောက် အပြင်လောကသို့ ထွက်ခွာသွား၏။

"ဟွမ်လင်၊ ဝူထုံသစ်ပင်ရဲ့ နှလုံးသားကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"

လုမင်နှင့် အခြားသူများ ထွက်လာသောအခါ အဘိုးအိုက ပြုံးပြကာ ပြောလိုက်သည်။

"အကြီးအကဲက ယဉ်ကျေးလွန်းပါပြီ"

ဟွမ်လင်က အနည်းငယ် ဦးညွှတ်လိုက်လေသည်။

"ကိုင်း... ဟွမ်လင်၊ နန်းတော်ရှင်က မင်းကို တွေ့ချင်နေတယ်။ ငါ မင်းကို လိုက်ပို့ပေးမယ်"​

ဦးဆောင်သူ အဘိုးအိုက ပြောလိုက်သည်။

"နန်းတော်ရှင်လား"

ဟွမ်လင်၏ မျက်လုံးများ တောက်ပလာသည်။

"အကြီးအကဲ၊ လုမင်ကလည်း နန်းတော်ရှင်နဲ့ စကားပြောချင်နေတာ ရှိတယ်။ နန်းတော်ရှင်ကို တွေ့ဖို့ သူ့ကိုခေါ်သွားလို့ရမလား"

"သူ့ကို ငါတို့နဲ့အတူ ခေါ်သွားဖို့လား။ ဒီကိစ္စက နန်းတော်ရှင်ကို သတင်းပို့ရမယ်။ သူ ဘယ်လိုစီစဉ်မလဲ ကြည့်ရတာပေါ့"

အဘိုးအိုက ပြောလိုက်၏။

"ဒါဆို အကြီးအကဲကိုပဲ အလုပ်ရှုပ်စေရတော့မှာပဲ"

ဟွမ်လင်က ဦးညွှတ်လိုက်လေသည်။

အဘိုးအိုက အသံလွှင့်ကျောက်စိမ်းပြားကို ထုတ်ယူကာ မက်ဆေ့ခ်ျပို့လိုက်သည်။ ခဏကြာတော့ သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။

"နန်းတော်ရှင်က သူ့ကိုတွေ့ဖို့သဘောတူတယ်။ ငါနဲ့လိုက်ခဲ့ပါ"

အဘိုးအိုက လေထဲသို့ ပျံတက်ကာ ထွက်သွားလေသည်။ လုမင်နှင့် ဟွမ်လင်တို့လည်း ‌နောက်မှ လိုက်သွားကြသည်။ မုချင်ရွယ်ကတော့ တစ်ဦးတည်း ပြန်သွားတော့သည်။

သိပ်မကြာခင်မှာပဲ ခမ်းနားကြီးကျယ်သော ခန်းမတစ်ခုဆီကို ရောက်လာကြသည်။

ခန်းမထဲတွင် တော်ဝင်အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူက ကြင်နာသော မျက်နှာအမူအရာနှင့် ပြုံးနေလေ၏။

သူမက မည်သည့် အရှိန်အဝါကိုမျှ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း လုမင်သည် သူမထံ ချဉ်းကပ်လာသောအခါတွင် နှလုံးခုန်နှုန်း မြန်လာခဲ့သည်။ သူ၏ ကြွက်သားများ တင်းမာလာပြီး သူ၏ ဝိညာဉ်မှာလည်း အနည်းငယ် တုန်ခါသွားပေသည်။

'ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ'

လုမင် အံ့သြသွားသည်။

တစ်ဖက်လူ၏ စွမ်းအားက အလွန်ကြောက်စရာကောင်းပြီး မထင်မှတ်နိုင်သော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေလိမ့်မည်။ သူမထံသို့ ချဉ်းကပ်မိရုံဖြင့် လုမင်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို အလိုအလျောက် ခံစားလိုက်ရသည်။

ဒါက ဖီးနစ်နန်းတော်ရဲ့ နန်းတော်ရှင်လား။

သူမက ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးဖြစ်သည်ကို သံသယဖြစ်စရာမလိုပေ။ ထို့ပြင်၊ သူမက ဧကရာဇ်အဆင့် အကျော်အမော်များကြားတွင် အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်မှာ သေချာသည်။

"နန်းတော်ရှင်ကို နှုတ်ခွန်းဆက်ပါတယ်"

အဘိုးအိုက ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ဟွမ်လင်က နန်းတော်ရှင်ကို နှုတ်ခွန်းဆက်ပါတယ်"

ဟွမ်လင်ကလည်း ဦးညွှတ်သည်။

"အငယ်လေး လုမင်က နန်းတော်ရှင်ကို နှုတ်ခွန်းဆက်ပါတယ်"

လုမင်ကလည်း လက်ယှက်ပြပြီး ပြောလိုက်၏။

"အင်း"

ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ခေါင်းညိတ်ပြပြီး အဘိုးအိုကို ပြောလိုက်သည်။

“မင်းထွက်သွားနိုင်ပြီ”

"ကောင်းပါပြီ"

အဘိုးအိုက နောက်ဆုတ်ပြီး ပြန်ထွက်သွားလေသည်။

ထို့နောက် ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ဟွမ်လွင်ကိုကြည့်ပြီး ပို၍ ပီပြင်စွာပြင်စွာ ပြုံးလာတော့သည်။

"ဟွမ်လင်၊ မင်းက သိပ်တော်တယ်။ မင်း ငါ့ကို တကယ်စိတ်ပျက်အောင် မလုပ်ခဲ့ဘူး"

"ကျေးဇူးတင်ပါတယ် နန်းတော်ရှင်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ ဟွမ်လင်က လုမင်ရဲ့အကူအညီကြောင့် ဝူထုံသစ်ပင်ရဲ့နှလုံးသားကို ရယူနိုင်ခဲ့တာပါ"

ဟွမ်လင်က စကားအဆုံးတွင် ပျံသန်းနေသော ဖီးနစ်ကဲ့သို့ သစ်သားတစ်တုံးကို ထုတ်ယူလိုက်သည်။ ၎င်းက အလွန်လျှို့ဝှက်ဆန်းကျယ်၏။ ဤသည်က ဝူထုံသစ်ပင်၏ နှလုံးသားပင်။

ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က သူမ၏လက်ကို ဝှေ့ယမ်းကာ ဝူထုံသစ်ပင်၏နှလုံးသားကို သိမ်းယူလိုက်သည်။

"ဟွမ်လင်၊ နောင်မှာ မင်း နားမလည်တာရှိရင် ငါ့ကို လာတွေ့ပါ"

ထို့နောက် သူမက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"လူငယ်လေး၊ မင်းငါ့ကိုရှာနေတာလို့ ငါကြားတယ်။ ဘာကိစ္စရှိလို့လဲ"

"နန်းတော်ရှင်၊ အဲဒါ မိစ္ဆာဝိညာဉ်ဂိုဏ်းအကြောင်းပါ"

လုမင်က ပြောလိုက်သည်။

"မိစ္ဆာဝိညာဉ်ဂိုဏ်းလား"

ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က မျက်ခုံးပင့်လိုက်သည်။

"ဒီလိုပါ...."

ထို့နောက် လုမင်သည် မိစ္ဆာဝိညာဉ်ဂိုဏ်းက စန်းပြည်နယ်ကို သိမ်းပိုက်ပြီး ယွင်ဧကရာဇ်အား သတ်ခဲ့ပုံတို့ကို ပြန်ပြောပြလိုက်သည်။ နောက်ဆုံးတွင် ဖီးနစ်နန်းတော်မှ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖယ်ရှားရန် ကျွမ်းကျင်သူများစေလွှတ်ရန် တောင်းဆိုလိုကြောင်း ပြောလိုက်လေသည်။

ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားနေပြီးမှ ပြောလိုက်သည်။

"လူငယ်လေး၊ မင်းရဲ့တောင်းဆိုမှုကို သဘောတူဖို့က အရမ်းခက်ခဲမှာကို ကြောက်ရတယ်"

"နန်းတော်ရှင်... ဘာဖြစ်လို့လဲ"

လုမင်က စိုးရိမ်တကြီး မေးလိုက်၏။

"လူငယ်လေး၊ ငါမင်းကို ပြောပြနိုင်ပါတယ်။ အရင်တုန်းက ရှေးဟောင်းလမြင့်မြတ်နယ်မြေမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းက ဒုဂိုဏ်းချုပ်ရဲ့ ခြေရာလက်ရာတွေကို ငါတို့ ရှာတွေ့ခဲ့ကြတယ်"

ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ပြောလိုက်သည်။

"မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်လား"

လုမင်နှင့် ဟွမ်လင်တို့ အံ့သြသွားကြသည်။

ကောလဟာလများတွင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်က တုနှိုင်းမဲ့ပြီး မယုံကြည်နိုင်လောက်သော တည်ရှိမှုဖြစ်သည်ဟု ဆိုထားသည်။ ထိုကဲ့သို့သော တည်ရှိမှုက အသက်ရှင်လျက် ပြန်ပေါ်လာမည်ဟု မည်သူထင်မှတ်ခဲ့မည်နည်း။

"ဒါကြောင့် ဒီကာလအတွင်းမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ကို ငါတို့ အာရုံစိုက်ရမယ်။ နောက်တစ်ခုရှိသေးတာက အခုအချိန်မှာ ရှေးဟောင်းလ မြင့်မြတ်နယ်မြေက အရမ်းရှုပ်ထွေးပြီး ပြိုင်ဆိုင်မှုတွေကလည်း ပိုပိုပြီးပြင်းထန်လာတယ်။ မင်းပြောခဲ့တဲ့စကားအရ၊ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမိသားစုမှာ အနည်းဆုံး ဧကရာဇ်အဆင့် အကျော်အမော် နှစ်ဦး ဒါမှမဟုတ် သုံးဦးရှိနိုင်တယ်"

"တစ်ဖက်လူကို အပြည့်အဝ ချေမှုန်းဖို့ဆိုရင် ငါတို့က ရန်သူအင်အားထက် အနည်းဆုံး နှစ်ဆပိုစေလွှတ်ဖို့ လိုအပ်တယ်။ ဒီလိုမှပဲ တစ်ဖက်လူကို ချေမှုန်းနိုင်မယ်လို့ ငါတို့ အာမခံနိုင်မယ်။ ဒါပေမဲ့ ဖီးနစ်နန်းတော်က ဧကရာဇ်အဆင့် အကျော်အမော် အများအပြားကို စေလွှတ်လိုက်တာနဲ့ ကိုယ်ပိုင်အင်အားက အားနည်းသွားမှာဖြစ်ပြီး အခြား အင်အားစုတွေကို အခွင့်ကောင်းယူဖို့ အခွင့်အရေးပေးသလို ဖြစ်လိမ့်မည်။ ဒါကြောင့် ဒီအခြေအနေကို သဘောတူဖို့က ငါ့အတွက် အလွန်ခက်ခဲပါတယ်"

ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ"

လုမင် သက်ပြင်းချလိုက်သည်။

အင်အားကြီးမားသော ရှေးဟောင်းလ မြင့်မြတ်နယ်မြေထံမှ အကူအညီတောင်းရန် လွယ်ကူမည်မဟုတ်ကြောင်း သူ သိနှင့်ပြီးသား ဖြစ်ပေသည်။

ဤအဖွဲ့များက ကိုယ့်အကျိုးစီးပွားကို ဦးစွာစဉ်းစားသည်။ ကိုယ့်အကျိုးစီးပွားကို ထိခိုက်စေမည်ဆိုလျှင် သူတို့က သဘောတူမည် မဟုတ်ပေ။

အမှန်တကယ်တွင်လည်း ဖီးနစ်နန်းတော်၏ နန်းတော်ရှင်ပြောခဲ့သည့်အတိုင်း ဖီးနစ်နန်းတော်က ဧကရာဇ်အဆင့် အကျော်အမော်များစွာကို စေလွှတ်လိုက်မည်ဆိုလျှင် ၎င်း၏အင်အားက အားနည်းသွားကာ အခြားအဖွဲ့များကို အခွင့်ကောင်းယူရန် အခွင့်အရေးပေးမိမည် ဖြစ်သည်။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေတွင် စွမ်းအားကြီးမားသော အင်အားစုများရှိပြီး အချင်းချင်း ပြိုင်ဆိုင်မှုက လုံးဝ ပြင်းထန်သည်။ အင်အားစုအားလုံးက တစ်ယောက်ကိုတစ်ယောက် အမြဲ စောင့်ကြည့်နေကြ၏။ ဤအခြေအနေမျိုးမှာ အမှားလုပ်လို့မရပေ။

All Chapters