← Chapters

အခန်း ၁၇၅၆

Vol. 118 Ch. 1756

အခန်း ၁၇၅၆

Vol. 118 Ch. 1756

အပိုင်း ( 1756 ) တစ်လအကြာတွင် တိုက်ခိုက်မည်။

"ကောင်လေး၊ မင်းဘာပြောလိုက်တာလဲ"

ဝမ်မျိုးနွယ်မှ အကြီးအကဲ၏ မျက်လုံးအကြည့်များက ပို၍ စူးရှလာသည်။

ရွှေကျီးကန်းမျိုးနွယ်စုမှ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများသည်လည်း ရွှေရောင်တောက်ပပြီး စူးရှလာ၏။

"ပထမအနေနဲ့ ဝမ်မျိုးနွယ်... ကျုပ် ခင်ဗျားတို့ကို မေးပါရစေ။ လက်နက်တစ်သောင်းတာအိုကျမ်းအပြင် ဝမ်မျိုးနွယ်က အခြား သိုင်းပညာနဲ့ သိုင်းကျင့်စဉ်တွေကို လေ့ကျင့်ကြသေးလား"

လုမင်၏‌ လေသံက အကြောက်တရားကင်းမဲ့ပြီး တည်ငြိမ်သည်။

"အပိုတွေပြောနေတယ်၊ ငါတို့က သဘာဝအတိုင်း လေ့ကျင့်ကြတာပေါ့"

ဝမ်မျိုးနွယ်၏ အကြီးအကဲက ပြောလိုက်သည်။

"ဒါဆိုရင် ခင်ဗျားတို့ ဝမ်မျိုးနွယ်ဝင်တွေ လေ့ကျင့်တဲ့ သိုင်းပညာနဲ့ သိုင်းကျင့်စဉ်အားလုံးကို ဝမ်မျိုးနွယ်က ဖန်တီးခဲ့တာလား။ အခြားသူတွေရဲ့ သိုင်းပညာတွေ ကျင့်စဉ်တွေကို မလေ့ကျင့်ကြဘူးလား"

"ကျုပ်လေ့ကျင့်ထားတဲ့ လက်နက်တစ်သောင်းတာအိုကျမ်းကလည်း ခင်ဗျားတို့ ဝမ်မျိုးနွယ်ဝင်တစ်ဦးက မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာ ကျုပ်ကိုသတ်ဖို့ ကြိုးစားတုန်းက ရရှိထားခဲ့တာ။ ဒါက ကျုပ်ရဲ့ တိုက်ပွဲအောင်နိုင်ခြင်း အကျိုးအမြတ်တွေပဲလေ။ ခင်ဗျားရဲ့ ဝမ်မျိုးနွယ်က အခြားသူတွေရဲ့ သိုင်းပညာနဲ့ ကျင့်စဉ်တွေကို လေ့ကျင့်နိုင်ရင်... ကျုပ်က ဘာကြောင့် လက်နက်တစ်သောင်း တာအိုကျမ်းကို မလေ့ကျင့်နိုင်ရမှာလဲ"

လုမင်၏ ရှင်းလင်းပြတ်သားသော အသံက ဧရိယာတစ်ဝိုက်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာကာ ဝမ်မျိုးနွယ်ဝင်များကို တိတ်ဆိတ်သွားစေခဲ့သည်။

အကယ်၍ သူတို့က အခြားသူများ၏ သိုင်းပညာရပ်များနှင့် သိုင်းကျင့်စဉ်များကို လေ့ကျင့်နိုင်လျှင် လုမင်က ဝမ်မျိုးနွယ်၏ လက်နက်တစ်သောင်းတာအိုကျမ်းကို အဘယ်ကြောင့် မလေ့ကျင့်နိုင်သနည်း။

"ခင်ဗျားတို့ ရွှေကျီးကန်းမျိုးနွယ်က ရွှေကျီးကန်း နဝမမင်းသားအတွက် ဒီကိုရောက်နေကြတာနော်။ အဲဒါက ပိုလို့တောင် ရယ်စရာကောင်းတယ်။ သူက မျိုးဆက်တူတိုက်ပွဲမှာ ကျရှုံးခဲ့တာနဲ့ အကြီးတွေကိုခေါ်ပြီး ကျုပ်ကို လာရှာကြတယ်ပေါ့။ ဒီလိုဆိုရင် ခင်ဗျားတို့ရဲ့ ရွှေကျီးကန်းမျိုးနွယ်ဝင်တွေ အပြင်ကို မထွက်သင့်ဘူး။ မဟုတ်လို့ တစ်ယောက်ယောက်က ခင်ဗျားတို့ကို ရိုက်လိုက်မယ်ဆိုရင် အကြီးအကဲတွေကိုခေါ်ပြီး ထပ်ရောက်လာကြလိမ့်မယ်"

လုမင်က ရွှေကျီးကန်းမျိုးနွယ်ဝင်များကို ကြည့်လိုက်ရာ ရွှေကျီးကန်း နဝမမင်းသား၏ မျက်နှာက နီရဲသွားသည်။

"မင်း သူ့ကို အနိုင်ယူနိုင်ပေမဲ့ ရွှေကျီးကန်းမျိုးနွယ်ရဲ့ မင်းသားတစ်ပါးကို အရှက်မခွဲသင့်ဘူး"

ရွှေကျီးကန်းမျိုးနွယ်မှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပို၍ပင် အေးစက်သွားသည်။

"အရှက်ခွဲတာလား၊ အတော် ရယ်စရာကောင်းတယ်။ ကျုပ်က သူ့ရဲ့ ငှက်မွေးတွေကို ဆွဲနှုတ်ပစ်လိုက်ရုံပဲလေ။ တိုက်ပွဲအတွင်းမှာ ဓားတွေက မျက်လုံးမရှိဘူး၊ ကျုပ်က ဘယ်လိုလုပ်ပြီး ကောင်းကောင်း ထိန်းချုပ်နိုင်မှာလဲ"

လုမင်က ပြောလိုက်သည်။

"မင်းက ပိုပိုပြီး ရဲတင်းလာတာပဲ၊ ဒီနေ့ မင်း ငါတို့နဲ့အတူ ရွှေကျီးကန်းမျိုးနွယ်ကို လိုက်ခဲ့ရမယ်"

ရွှေကျီးကန်းမျိုးနွယ်စုမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ကြီးစိုးစွာ ပြောလိုက်သည်။

"အမှန်ပဲ၊ မင်း ဘယ်လောက်ပဲ လျှာစောင်းထက်နေပါစေ အသုံးမဝင်ဘူး။ ငါပြောလိုက်မယ်၊ မင်းဘာသာ ဘယ်သိုင်းပညာနဲ့ သိုင်းကျင့်စဉ်တွေကို လေ့ကျင့်ထားပါစေ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ လက်နက်တစ်သောင်းတာအိုကျမ်းကိုတော့ လေ့ကျင့်လို့မရဘူး၊ ဖျက်ဆီးပစ်ရမယ်"

ဝမ်မျိုးနွယ်၏ အကြီးအကဲက ပို၍ပင် ကြီးစိုးသောပုံစံဖြင့် ပြောလိုက်၏။

"ဟားဟားဟား၊ နှုတ်ဆက်ပါတယ်"

လုမင်က လှောင်ပြောင်ရယ်မောလိုက်သည်။ သူက စကားဆက်ပြောရန် စိတ်ကူးမရှိတော့ဘဲ လှည့်ထွက်သွား၏။

ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်တို့က ကျိုးကြောင်းဆီလျော်မှုမရှိသောကြောင့် သူက ဘာကြောင့် ထပ်ပြောရမည်နည်း။

"မင်းကထွက်သွားချင်တာလား၊ ဒီမှာနေစမ်း"

ဝမ်မျိုးနွယ်မှ အဘိုးအိုက အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ယင်းက ဧကရာဇ်တစ်ပိုင်း အကျော်အမော်၏ အရှိန်အဝါ ဖြစ်၏။ ၎င်းက အနှိုင်းမဲ့ အစွမ်းထက်ပြီး လုမင်ကို ဖိနှိပ်ခဲ့သည်။ ချက်ခြင်းဆိုသလိုပင်၊ တွန်းလှန်ရခက်သော ဖိအားတစ်ခုက သူ့အပေါ်သို့ ကျရောက်လာတော့သည်။

"တော်လောက်ပြီ"

ဖီးနစ်နန်းတော်မှ ဧကရာဇ်တစ်ပိုင်း အကျော်အမော်၏ မျက်နှာတွင် မကျေနပ်သည့်အကြည့်များ ပေါ်လာသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အားကောင်းသော ရောင်ဝါတစ်ခု ထွက်လာပြီး ဝမ်မျိုးနွယ်ဝင် အကြီးအကဲ၏ အရှိန်အဝါကို ပိတ်ဆို့လိုက်၏။ လုမင်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

ဧကရာဇ်တစ်ပိုင်း အကျော်အမော်များက စွမ်းအားကြီးလွန်း၏။ ဒါက သူ ခံနိုင်ရည်ရှိသောအရာ လုံးဝ မဟုတ်ပေ။

"ဒါက ဖီးနစ်နန်းတော်ကွ၊ မင်း အရမ်းလွန်သွားပြီ"

ဖီးနစ်နန်းတော်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်က အေးစက်စက် ပြောလိုက်သည်။

ဖီးနစ်နန်းတော်မှ နောက်ထပ် အကြီးအကဲတချို့က ကောင်းကင်မှ ဆင်းသက်လာပြီး ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်ကို ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။

"ဖီးနစ်နန်းတော်က ဒီလုမင်ကြောင့် ငါ့ရဲ့ ဝမ်မျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ်ကို စော်ကားချင်တာလား"

ဝမ်မျိုးနွယ်စုမှ အကြီးအကဲက လေးနက်သော လေသံဖြင့် ပြောသည်။

"လုမင်က ဖီးနစ်နန်းတော်ရဲ့ ဧည့်သည်တစ်ယောက်ပဲ။ သူက ဖီးနစ်နန်းတော်ရဲ့ ဧည့်သည်ဖြစ်တာကြောင့် သူ့ကို မင်းတို့လက်ထဲ ထည့်မပေးနိုင်ဘူး"

ဖီးနစ်နန်းတော်၏ ဧကရာဇ်တစ်ပိုင်းကလည်း ပို၍ အေးစက်လာ၏။

ဝမ်မျိုးနွယ်စုနှင့် ရွှေကျီးကန်းမျိုးနွယ်တို့မှ လူများလည်း မျက်နှာများ မှုန်ကုပ်လာကြတော့သည်။

"ဟမ့်၊ လုမင်... မင်း ဖီးနစ်နန်းတော်မှာ ထာဝရ ပုန်းအောင်းနေပြီး ဘယ်တော့မှ ထွက်မလာရင် ပိုကောင်းမယ်"

ဝမ်မျိုးနွယ်မှ လူငယ်တစ်ဦးက ပြောလိုက်သည်။ ဤလူငယ် ရွှေခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ မြင့်မြတ်သော ရောင်ဝါက သူ့ကို ဖုံးလွှမ်းထား၏။ သူ့အငွေ့အသက်များက ဝမ်ထျန်းလုံထက်ပင် ပို၍ ထူးကဲနေသေးသည်။

"ဟာသပဲ၊ မင်းရဲ့ ဝမ်မျိုးနွယ်က မျိုးဆက်ဟောင်း အကြီးအကဲတွေကို အားကိုးတာအပြင် အခြား ဘာလုပ်တတ်သေးလို့လဲ။ ငါနဲ့ မျိုးဆက်တူသာဆိုရင် သူတို့အားလုံးကို အသေရိုက်နိုင်တယ်"

လုမင်က ပြောလိုက်သည်။

"မောက်မာလိုက်တာ၊ ကောင်းကင်နဲ့မြေပြင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို မင်း မသိသေးဘူးပဲ။ ကောင်းပြီ... ငါ မင်းကို အခုစိန်ခေါ်တယ်။ မင်းရှုံးရင် မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်ရမယ်။ မင်း လက်ခံဝံ့သလား"

ဝမ်မျိုးနွယ်မှ လူငယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

'လုမင်၊ သူ့ရဲ့ စိန်ခေါ်မှုကို လက်မခံပါနဲ့။ အဲဒီလူကို ဝမ်ထျန်းပမ်းလို့ ခေါ်တယ်။ သူ့မှာ အလယ်အလတ်တန်းစား ကောင်းကင်ဝိညာဉ်ခန္ဓာရှိပြီး သူ့ရဲ့ ကျင့်ကြံမှုကလည်း တောက်ပသော သူတော်စင်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ သူက ဝမ်ထျန်းလုံထက် အများကြီး ပိုသန်မာတယ်'

ဟွမ်လင်က လုမင်ထံသို့ အသံပို့လွှတ်ကာ အလောတကြီး ပြောလိုက်သည်။

ဝမ်ထျန်းပမ်းက ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ မျိုးဆက်သစ်လူငယ်များကြားတွင် အလွန်ကျော်ကြားသည်။ အလယ်လတ်တန်းအဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာက ရှေးဟောင်းလ မြင့်မြတ်သောမြေမှာပင် အနည်းငယ်သာ ရှိလေသည်။

'အလယ်လတ်တန်းအဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာလား'

လုမင် ပြုံးလိုက်သည်။

"ကောင်းပြီ မင်းစိန်ခေါ်တာကို ငါလက်ခံပါတယ်။ ဒါပေမဲ့ မင်းကိုအနိုင်ယူလိုက်ရင် ဝမ်မျိုးနွယ်ရဲ့ လူအိုကြီးတွေက ငါ့ကို ပြဿနာလာရှာကြလိမ့်မယ်"

လုမင်၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်လာသည်။

"စိတ်မပူပါနဲ့၊ မင်းအနိုင်ရရင် ဝမ်မျိုးနွယ်က မင်းရဲ့လက်နက်တစ်သောင်းတာအိုကျမ်း လေ့ကျင့်မှုကို အနှောင့်အယှက်ဖြစ်စေတော့မှာ မဟုတ်ဘူး"

ဝမ်မျိုးနွယ်မှ အကြီးအကဲက ပြောလိုက်သည်။ သူက ဝမ်ထျန်းပမ်းကို အလွန် ယုံကြည်မှုရှိပုံရသည်။

"ကောင်းပြီ"

ထို့နောက် လုမင်က ရွှေကျီးကန်းမျိုးနွယ်ဘက်ကို ကြည့်ပြီး မေးလိုက်၏။

"မင်းတို့ကော၊ ငါ့ကို စိန်ခေါ်ချင်တဲ့သူရှိသလား။ မင်းတို့ရဲ့စိန်ခေါ်မှုအားလုံးကို ငါလက်ခံမယ်"

"ငါ မင်းကို စိန်ခေါ်မယ်"

ရွှေကျီးကန်းမျိုးနွယ်စု၏ နဝမမင်းသားဘေးမှ လူငယ်တစ်ဦးက မောက်မာသောအကြည့်ဖြင့် ထွက်လာခဲ့သည်။

'လုမင်၊ ဒါက ရွှေကျီးကန်းမျိုးနွယ်ရဲ့ ဆဌမမင်းသားပဲ။ သူ့ရဲ့ အင်အားနဲ့ အရည်အချင်းက ဝမ်ထျန်းပမ်းနဲ့ တန်းတူပဲ'

ဟွမ်လင်က လုမင်ထံသို့ အမြန်သတင်းပို့လိုက်သည်။

"ကောင်းပြီ၊ မင်းနဲ့ ဝမ်ထျန်းပမ်း နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း လာနိုင်တယ်။ တစ်ယောက်ချင်းဆိုရင် အချိန်တွေကြာပြီး ပျင်းဖို့ကောင်းဦးမယ်၊ မင်းတို့အတူတူ လာခဲ့ကြချေ"

လုမင်က ပြောလိုက်၏။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူတိုင်း အံသြသွားကြသည်။

လုမင်က ရွှေကျီးကန်းမျိုးနွယ်၏ ဆဋ္ဌမမင်းသားနှင့် ဝမ်ထျန်းပမ်းကို တစ်ချိန်တည်းတွင် တိုက်ခိုက်လိုသလော။

ရွှေကျီးကန်းမျိုးနွယ်စု၏ ဆဌမမင်းသားနှင့် ဝမ်ထျန်းပမ်းတို့က ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ မျိုးဆက်သစ် လူငယ်များကြားတွင် အလွန်ကျော်ကြားကြသည်။ ၎င်းတို့တွင် အလယ်အလတ်တန်းစား ကောင်းကင်ဝိညာဉ်ခန္ဓာများ ရှိပြီး အဆင့်တူ ပညာရှင်များကြားတွင် ပြိုင်ဘက်ကင်းသလောက် ဖြစ်ခဲ့ပေသည်။

ယခုမူ၊ လုမင်က သူတို့နှစ်ယောက်လုံးကို တပြိုင်နက်တည်း တိုက်ခိုက်ချင်နေပြီ ဖြစ်သည်။

"ဟားဟားဟား၊ မောက်မာတယ်... တကယ်ကို မောက်မာတာပဲ။ မောက်မာတဲ့လူတွေကို ငါတွေ့ဖူးပေမဲ့ ဒီလိုမောက်မာတဲ့လူတွေကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး"

ဝမ်ထျန်းပမ်းက လှောင်ပြောင်ရယ်မောလိုက်သည်။

"အပိုတွေမပြောနဲ့၊ မင်းငါ့ရဲ့စိန်ခေါ်မှုကို လက်ခံဝံ့သလား။ လက်မခံဝံ့ရင် ထွက်သွား"

လုမင်က ငေါက်ငမ်းလိုက်၏။

"ကောင်းပြီ၊ မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ ဆဋ္ဌမမင်းသား၊ မင်းကော ဘယ်လိုလဲ"

ဝမ်ထျန်းပမ်းက အေးစက်စက်ပြောကာ ရွှေကျီးကန်း ဆဌမမင်းသားကို ကြည့်လိုက်သည်။

"သူက သေချင်နေတာကြောင့် သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့။ ဒီနေရာမှာ သက်သေတွေ အများကြီးရှိနေတာကြောင့် ငါတို့က သူ့ကို အနိုင်ကျင့်နေတယ်လို့ မပြောနိုင်တော့ဘူး"

ရွှေကျီးကန်း ဆဋ္ဌမမင်းသားကလည်း အေးစက်စက် ပြောသည်။

"ကောင်းပြီ၊ ဒါပေမဲ့ အချိန်ကို ငါသတ်မှတ်မယ်"

လုမင်က ပြောလိုက်သည်။

"မင်း အချိန်ကို သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ နောက်နှစ်တစ်ရာ ဒါမှမဟုတ် အနှစ်တစ်ထောင်ကြာကို သတ်မှတ်ရင် ငါတို့ ဘယ်လိုယှဥ်ပြိုင်နိုင်မှာလဲ"

ဝမ်ထျန်းပမ်းက လှောင်ပြောင်လိုက်သည်။

"မလိုပါဘူး၊ နောက်တစ်လကြာရင် ဖီးနစ်ရေကန်မှာ တိုက်ခိုက်မယ်။ ဘယ်လိုလဲ"

လုမင်က ပြောသည်။

"နောက်တစ်လလား...၊ ကောင်းပြီ၊ ငါသဘောတူတယ်"

"ငါလည်းသဘောတူတယ်"

ဝမ်ထျန်းပမ်းနှင့် ရွှေကျီးကန်း ဆဋ္ဌမမင်းသားတို့က တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြ၏။

လုမင်က တစ်လအတွင်း ကစားပွဲကို ပြောင်းပြန်လှန်နိုင်မှာလား။ ထို့ပြင် ၎င်းတို့က နှစ်ယောက်ဖြစ်သည်။ လုမင်တွင် အနိုင်ရရှိရန် မျှော်လင့်ချက်မရှိပေ။

ဖီးနစ်အသိုက်တွင် လုမင်၏ စွမ်းဆောင်ရည်အကြောင်းကို သူတို့ ကြားခဲ့ဖူးသည်။

သို့သော်၊ ၎င်းတို့တွင် အလယ်လတ်တန်းစား ကောင်းကင်ဝိညာဉ်ခန္ဓာများရှိပြီး တောက်ပသော သူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီ။ ၎င်းတို့၏ နတ်ဘုရားစွမ်းရည်ကလည်း အားကောင်းကာ ဟွမ်ကျန့်ကဲ့သို့သော အဆင့်တူများကို အလွယ်တကူ ချေမှုန်းနိုင်သည်။

ထို့ကြောင့် သူတို့က လုမင်ကို လုံးဝ အလေးအနက်မထားခဲ့ကြပေ။ တစ်ယောက်တည်းဖြစ်လျှင်ပင် လုမင်ကို ဖိနှိပ်နိုင်မည်ဟု သူတို့နှစ်ယောက်စလုံးက ယုံကြည်ကြသည်။

ထို့ပြင်၊ လုမင်က ဖီးနစ်နန်းတော်တွင် ပုန်းအောင်းနေသောကြောင့် လုမင်ကိုသတ်ရန် ဤစိန်ခေါ်ချက်ကို အသုံးပြုခဲ့ရပေသည်။

"နောက်တစ်လကြာရင် ဖီးနစ်ရေကန်မှာ တိုက်ခိုက်ကြမယ်။ အားလုံးပဲ ကျေးဇူးပြုပြီး"

လုမင်က သူ့လက်ကိုဝှေ့ယမ်းပြီး လှည့်ထွက်သွားသည်။

ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်၏ လူများလည်း ထွက်သွားကြလေသည်။ သို့ရာတွင်၊ လုမင် ထွက်ပြေးမည်ကို စိုးရိမ်သောကြောင့် ဖီးနစ်နန်းတော်၏ အပြင်ဘက်တွင် စောင့်ကြည့်ရန် လူများကို စေလွှတ်ခဲ့ကြသည်။

All Chapters