အခန်း ၁၇၆၀
Vol. 118 Ch. 1760
အပိုင်း ( 1760 ) တစ်ဦးပြီးတစ်ဦး အနိုင်ယူခြင်း။
'အန္တိမသူတော်စင်လက်နက်တွေက တကယ်ကို အစွမ်းထက်တာပဲ'
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူ၏ ဓားမှာလည်း ပဲ့ရာတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရ၏။
အန္တိမသူတော်စင်လက်နက်က အမှန်တကယ် အစွမ်းထက်သည်။ မဟာသူတော်စင်လက်နက်ဖြင့် လုံးဝ ယှဉ်မရနိုင်ပေ။
ဝမ်ထျန်းပမ်းက လုမင်ကို တစ်ချက်တည်းဖြင့် ဖိနှိပ်ပြီးနောက် ပိုတက်ကြွလာသည်။ သူ့ခန္ဓာကိုယ်က လျှပ်စီးလက်သကဲ့သို့ လုမင်၏ရှေ့တွင် ပေါ်လာခဲ့၏။ သူက ပုဆိန်ကြီးကိုမြှောက်ကာ ထပ်မံခုတ်ချလိုက်တော့သည်။
"ထန်"
ဤတစ်ကြိမ်တွင်လည်း လုမင် လွင့်စဉ်ခဲ့ရသည်။ သူ၏ ပျံသန်းစေခဲ့သည်။ သူ၏ ဓားပေါ်မှာလည်း အက်ကြောင်းတစ်ခု ပေါ်လာတော့သည်။
"သတ်၊ လုမင်ကိုသတ်"
"ဝမ်ထျန်းပမ်း... သူ့ကို တစ်ခါတည်း သတ်ပစ်လိုက်"
ဝမ်မိသားစုမှ လူငယ်တစ်ယောက်က လှမ်းအော်လိုက်သည်။ အဘိုးကြီးတစ်ယောက်ကလည်း အေးစက်စက် ပြောလိုက်၏။
"သတ်"
ဝမ်ထျန်းပမ်းက ပို၍ပင် စိတ်ဓာတ်တက်ကြွလာသည်။ သူ့ပုဆိန်ခုတ်ချက်များက မုန်တိုင်းတိုက်ခတ်သလို လုမင်အပေါ် ကျရောက်လာတော့သည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူတော်စင်လက်နက် ဒိုင်းနှစ်ခု ပြေးထွက်လာပြီး သူ့ရှေ့တွင် ပိတ်ဆို့လိုက်၏။
"ဒုန်း... ဒုန်း"
ပုဆိန်ခုတ်ချက်က သူတော်စင်လက်နက် ဒိုင်းနှစ်ခုကို ထက်ခြမ်းခွဲချလိုက်သည်။
တောက်ပသော သူတော်စင်လက်နက်များက အန္တိမသူတော်စင်လက်နက်တစ်ခု၏ရှေ့တွင် တိုဟူးကဲ့သို့ နုနယ်လွန်းလှသည်။
"ထန်... ထန်"
လုမင်က နောက်ကို ထပ်မံဆုတ်သွားခဲ့ရသည်။
"ဝမ်ထျန်းပမ်း၊ မင်းရဲ့ ကျင့်ကြံမှုနဲ့ အန္တိမသူတော်စင်လက်နက်ကို တံဆိပ်ခတ်ထားရင်တောင် မင်းရဲ့ခန္ဓာကိုယ်က ကြာရှည်မခံနိုင်ပါဘူးကွာ"
လုမင်က ပြောလိုက်သည်။ သူ့လေသံက အလွန်တည်ငြိမ်နေသည်။
"မင်းကိုသတ်ဖို့လုံလောက်တယ်ကွ"
ဝမ်ထျန်းပမ်းက ဟိန်းဟောက်ပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။
အမှန်လည်း သူက နောက်ထပ် အချိန်မဖြုန်းနိုင်တော့ပေ။ လုမင်ပြောသလိုပင် ကြောက်စရာကောင်းသော ဖိအားကို သူခံစားနေရသည်။ အန္တိမသူတော်စင်လက်နက်၏ ပြင်းထန်သော စွမ်းအားက သူ့ကို အဆက်မပြတ် ဖိအားပေးနေ၏။ သွေးများကလည်း သူ့အရေပြားမှ စိမ့်ထွက်လာနေပြီ။ လုမင်ကို တတ်နိုင်သမျှ အမြန်ဆုံးရှင်းထုတ်ရမည် ဖြစ်သည်။
"ဟုတ်လား"
လုမင်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ ထို့နောက်မှာတော့ သူ့မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပပြီး ထိုက်ကျိအစီရင်ဓာတ်ပြား ပေါ်လာတော့သည်။
"သွား"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုက်ကျိအစီရင်ဓာတ်ပြားက တောက်ပလာ၏။ ထိုက်ကျိအစီရင်ဓာတ်ပြားက ဝမ်ထျန်းပမ်းကို ဖိနှိပ်လိုက်တော့သည်။
"ထန်"
ဝမ်ထျန်းပမ်း၏ ပုဆိန်က ထိုက်ကျိအစီရင်ဓာတ်ပြားကို ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။ ထိုက်ကျိအစီရင်ဓာတ်ပြားက ပြင်းထန်စွာ တုန်ခါပြီး ပြန်လွင့်သွား၏။ သို့သော်လည်း ထိုက်ကျိအစီရင်ဓာတ်ပြားတွင် ခြစ်ရာတစ်ခုပင် မကျန်ရစ်ခဲ့ပေ။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ဝမ်ထျန်းပမ်း၏ မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားသည်။ လုမင်က မည်သို့သော ရတနာကို အသုံးပြုခဲ့သနည်း။ ၎င်းက အန္တိမသူတော်စင်လက်နက်ကိုပင် တားဆီးနိုင်ကာ ခြစ်ရာတစ်ခုမျှ မကျန်ရစ်ခဲ့ပေ။
ထို့နောက် လုမင်ကို ထပ်မံတိုက်ခိုက်လိုက်သည်။
လုမင်က ထိုက်ကျိအစီရင်ဓာတ်ပြားကို အသုံးပြုပြီး တားဆီးလိုက်၏။ ထိုက်ကျိအစီရင်ဓာတ်ပြားက အကြိမ်တိုင်း လွင့်စဉ်သွားသော်လည်း ဝမ်ထျန်းပမ်း၏ တိုက်ခိုက်မှုတို့ကို တားဆီးနိုင်ကာ အနည်းငယ်မျှ မထိခိုက်ခဲ့ပေ။
လုမင်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားကာ ပြုံးလိုက်သည်။ ထိုက်ကျိအစီရင်ဓာတ်ပြားက ဧကရာဇ်အဆင့် ရတနာတစ်ခု ဖြစ်နိုင်ချေရှိ၏။ လုမင်က သူ၏ စွမ်းအားအပြည့်ကို မထုတ်နိုင်သေးရုံမျှသာ။
"ချိုးဖောက်လိုက်စမ်း"
ဝမ်ထျန်းပမ်းက ဟိန်းဟောက်ပြီး ရူးသွပ်စွာ ခုတ်ထစ်လိုက်သည်။ သို့သော်၊ အချိန်တိုင်းတွင် ထိုက်ကျိအစီရင်ဓာတ်ပြားဖြင့် သူ့ကို ပိတ်ဆို့ထားခဲ့သည်။
ဝမ်မိသားစုဝင်များ၏ မျက်နှာများ မည်းမှောင်သွားကြသည်။
'လုမင်က တကယ်ကို ထူးချွန်တဲ့သူပဲ။ သူက ကစဉ့်ကလျားနိယာမကိုလည်း ကျွမ်းကျင်တယ်။ သူက ကစဉ့်ကလျားရဲ့သားတော်ဆိုတာ သံသယဖြစ်စရာမလိုတော့ဘူး'
ဖီးနစ်နန်းတော်မှ အဘွားအိုတစ်ဦးက ပြောလိုက်သည်။ သူ့မျက်လုံးများက သဘောကျမှုတို့ ပြည့်နေလေ၏။
'ကစဉ့်ကလျားရဲ့သားတော်ကို နတ်ဘုရားရဲ့သားတော်တွေထဲက တစ်ပါးအဖြစ် လူသိများတယ်။ သူတို့က ကြီးမားတဲ့ အလားအလာနဲ့ ပါရမီမြင့်မားပြီး ကောင်းကင်ကိုတောင် အံတုနေသူတွေပဲ။ ရှေးခေတ်ကတည်းက နတ်ဘုရားသားတော်တိုင်းဟာ အန္တိမနိယာမတွေကို ထိန်းချုပ်နိုင်ကြတယ်။ သူတို့မသေသရွေ့ အနာဂတ်မှာ စိတ်မကူးနိုင်တဲ့ အောင်မြင်မှုတွေကို ရရှိလိမ့်မယ်'
'ဒီကောင်လေးက ဟွမ်လင်နဲ့လည်း အတော်လေးရင်းနှီးတယ်။ ဒီလိုဆိုမှတော့ ငါတို့ ဖီးနစ်နန်းတော်က သူ့ကို မိတ်ဖွဲ့ရုံမကဘဲ ကောင်းကောင်း ဂရုစိုက်ပေးရမယ်။ သူသာ အနာဂတ်မှာ ကြီးပြင်းလာရင် ငါတို့ ဖီးနစ်နန်းတော်အတွက် အကျိုးရှိလိမ့်မယ်'
'ဟုတ်တယ်'
ဖီးနစ်နန်းတော်၏ အကြီးအကဲများက အသံပို့လွှတ်သောနည်းဖြငိ့ ဆက်သွယ်ပြောဆိုလိုက်ကြသည်။
"ဝှစ်"
ထိုအချိန်တွင် လုမင်၏နောက်ကွယ်မှ ကြောက်မက်ဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာသည်။ ရွှေကျီးကန်း ဆဋ္ဌမမင်းသားက လုမင်ကို ထပ်မံတိုက်ခိုက်လိုက်၏။
"မင်းက ဒဏ်ရာရရှိထားတာတောင် ငါ့ကို ဘယ်လိုလုပ်ပြီး ခိုးဝင်တိုက်ခိုက်ဝံ့တာလဲ။ ငါမင်းကိုသတ်မယ်"
လုမင်က အေးစက်စက် ပြောလိုက်သည်။ သူက မဟာသူတော်စင်လက်နက် ဓားဖြင့် သူ့နောက်ကို ရုတ်တရက် ခုတ်ချလိုက်၏။
ယခုအခါ လုမင်၏ ခန္ဓာကိုယ်တွင် တံဆိပ်ခတ်ထားသော မဟာသူတော်စင်လက်နက် ခြောက်ခု ရှိသည်။ တစ်ခုချင်းစီက အလွန်အစွမ်းထက်၏။ ဓားချက်ထုတ်ဖော်လိုက်သည်နှင့် နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။ ရွှေရောင်အမွေးအတောင်များက နေရာအနှံ့ ပြန့်ကျဲသွားသည်။ ရွှေကျီးကန်း ဆဋ္ဌမမင်းသား၏ အတောင်ပံကို လုမင်မှ ဖြတ်တောက်လိုက်၏။
ရွှေကျီးကန်း ဆဋ္ဌမမင်းသားက ဒဏ်ရာရနေပြီ ဖြစ်သည်။ သူက လုမင်ကို သဘာဝအတိုင်း မယှဉ်နိုင်တော့ပေ။
ရွှေကျီးကန်း ဆဋ္ဌမမင်းသားက ထိတ်လန့်တုန်လှုပ်သွားသည်။ သူက ကျန်ရှိသော တောင်ပံတစ်ဖက်ကို အပြင်းအထန်ခတ်ပြီး နောက်ဆုတ်သွား၏။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ရွှေကျီးကန်း ဆဋ္ဌမမင်းသား၏ တောင်ပံကို သိမ်းလိုက်သည်။ ထို့နောက် လက်ညိုးထိုးလိုက်၏။ ကြောက်စရာကောင်းသော လက်ချောင်းကြီးက ရွှေကျီးကန်းဆဋ္ဌမမင်းသားကို ချိန်ရွယ်လာတော့သည်။ ရွှေကျီးကန်း ဆဋ္ဌမမင်းသားက ကြောက်လန့်သွားပြီး အသည်းအသန် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်၊ အချိန်နှောင်းသွားပြီ။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
"ဝှစ်"
ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ထိမှန်သွားသည်။ ၎င်းက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ချိုးဖျက်ပြီး ရွှေကျီးကန်း ဆဋ္ဌမမင်းသားကို လွတ်မြောက်စေခဲ့၏။
ရွှေကျီးကန်းမျိုးနွယ်မှ အကြီးအကဲတစ်ဦးက ရွှေကျီးကန်း ဆဋ္ဌမမင်းသားကို ကယ်တင်ခဲ့ခြင်း ဖြစ်တော့သည်။
"ရွံ့စရာကောင်းလှချေလား"
မုချင်ရွယ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူ့အသံက နေရာအနှံ့သို့ ပျံ့နှံ့သွား၏။
ရွှေကျီးကန်းမျိုးနွယ်၏ ကျွမ်းကျင်သူက မုချင်ရွယ်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။ သို့သော်၊ ဘာမျှမပြောတော့ပေ။
လုမင်က ရွှေကျီးကန်းမျိုးနွယ်ကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် ရွှေကျီးကန်း ဆဋ္ဌမမင်းသားနောက်ကို မလိုက်တော့ဘဲ ဝမ်ထျန်းပမ်းကို စိုက်ကြည့်လိုက်၏။
ယခုအခါ ဝမ်ထျန်းပမ်း၏ မျက်လုံးများက နီရဲနေပြီ။ သူ့ခန္ဓာကိုယ်မှာလည်း သွေးများရွှဲနေသည်။
ဒါက လုမင်၏သွေးများ မဟုတ်ပေ။ အန္တိမသူတော်စင်လက်နက်၏ ဆန့်ကျင်ဘက် တုံ့ပြန်မှုကြောင့် သူ့ခန္ဓာကိုယ် ထိခိုက်လာရခြင်း ဖြစ်သည်။ ဝမ်ထျန်းပမ်းက မခံနိုင်တော့ပေ။
ရုတ်တရက်၊ ဝမ်ထျန်းပမ်း၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ သူ့ပါးစပ်မှ သွေးများ အန်ထွက်လာ၏။ သူ၏ အရှိန်အဝါကလည်း လျင်မြန်စွာ အားနည်းသွားတော့သည်။
"သေ"
လုမင်က ဤအခွင့်အရေးကို လက်လွတ်မခံပါ။ ထိုက်ကျိအစီရင်ဓာတ်ပြားက သူ့ခေါင်းထက်မှာ လွင့်မျောနေသည်။ သူက ဓားတစ်လက်ကို ကိုင်ဆောင်ပြီး ဝမ်ထျန်းပမ်းကို ခုတ်ထစ်လိုက်၏။
ဝမ်ထျန်းပမ်းက တိုက်ခိုက်မှုကို တားဆီးရန် သူ၏ပုဆိန်ကို ဆုပ်ကိုင်ထားရုံမျှသာ တတ်နိုင်တော့သည်။
"ထန်"
ဝမ်ထျန်းပမ်း၏ ခန္ဓာကိုယ်က အမြောက်ဆံတစ်ခုကဲ့သို့ လွင့်စဉ်သွားသည်။ သူက ပုဆိန်ကိုပင် မကိုင်နိုင်တော့ပေ။ ပုဆိန်က တုန်ခါပြီး သူ့လက်ထဲမှ လွတ်ထွက်သွား၏။
လုမင်က နောက်မှ ထက်ချပ်မကွာ လိုက်သွားသည်။ သူက သူတော်စင်စွမ်းအားဖြင့် ပုဆိန်ကိုဆွဲယူပြီး သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သိမ်းလိုက်၏။ တစ်ချိန်တည်းမှာပင်၊ သူက ဝမ်ထျန်းပမ်းကို ဓားဖြင့် ခုတ်ချလိုက်တော့သည်။
ဝမ်ထျန်းပမ်းမှာ အန္တိမသူတော်စင်လက်နက်၏ တုန့်ပြန်မှုဒဏ်ကို ခံစားနေခဲ့ရသည်။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲတော့မလို ပြင်းထန်စွာ ဒဏ်ရာရခဲ့၏။ သူက လုမင်၏ တိုက်ခိုက်မှုကို အဘယ်သို့ တားဆီးနိုင်မည်နည်း။
"မဟုတ်ဘူး"
ဝမ်ထျန်းပမ်းက အော်လိုက်သည်။
"တော်လောက်ပြီ"
ဝမ်မိသားစုမှ အကြီးအကဲတစ်ဦးက ရှေ့သို့ထွက်လာကာ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ ဖဲကြိုးကဲ့သို့ သူတော်စင်စွမ်းအားဖြင့် ဝမ်ထျန်းပမ်းကို သူ့နောက်သို့ ဆွဲထုတ်လိုက်၏။ ထို့နောက် သူ့မျက်လုံးထဲတွင် အေးစက်သော အရိပ်တစ်ခု ပေါ်လာသည်။ သူက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လုမင်ကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တော့သည်။
"မကောင်းတော့ဘူး"
လုမင်၏ အမူအရာက ပြောင်းသွားသည်။ တစ်ဖက်လူကို ဤမျှ အရှက်မဲ့ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းမည်ဟု သူ မမျှော်လင့်ထားပေ။ ၎င်းက ဝင်ရောက်စွက်ဖက်ရုံသာမကဘဲ သူ့ကိုလည်း တိုက်ခိုက်ခဲ့သည်။
ရှောင်တခင်တိုက်ခိုက်ခြင်းမျှသာဖြစ်သော်လည်း တစ်ဖက်လူ၏ ကျင့်ကြံမှုသည် မြင့်မားလွန်း၏။ ၎င်း၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းနေသေးသည်။
"ဝမ်"
လုမင်၏ ၏ခေါင်းအထက်ရှိ ထိုက်ကျိအစီရင်ဓာတ်ပြားက တုန်ခါသွားသည်။ ၎င်းက အလင်းရောင်များ တောက်ပပြီး လျင်မြန်စွာ ကြီးထွားလာ၏။ ထို့နောက် ဧရာမ လက်ဝါးကြီးဆီသို့ ပျံသန်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် လုမင်က အစွမ်းကုန်ထုတ်ဖော်ကာ လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
"ဝုန်း"
ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ စွမ်းအားက အပြည့်အဝ ပေါက်ကွဲထွက်လာသည်။ ကြီးမားသော လက်ချောင်းတစ်ချောင်းက ရှေ့သို့ ညွှန်ပြလိုက်၏။ သူကိုယ်တိုင်ကတော့ အမြန်ဆုံး ပြန်ဆုတ်သွားတော့သည်။
"ဝုန်း"
ထိုက်ကျိအစီရင်ဓာတ်ပြားက ဧရာမလက်ဝါးကြီးကို ပထမဆုံးထိမှန်သွားသည်။ ဓာတ်ပြားက တုန်ခါသွားပြီး ထိုက်ကျိအစီရင်လည်း ပျက်စီးသွား၏။ ၎င်းက သေးငယ်လာပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပြန်လည်တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။