← Chapters

အခန်း ၁၇၆၃

Vol. 118 Ch. 1763

အခန်း ၁၇၆၃

Vol. 118 Ch. 1763

အပိုင်း ( 1763 ) သိုင်းဧကရာဇ်နယ်ပယ်၏ အဆင့်သတ်မှတ်ချက်များ။

"လုမင်၊ နင်က သိုင်းဧကရာဇ်နယ်ပယ်ရဲ့ အဆင့်သတ်မှတ်ပုံကို သိပ်ပြီး မသိသေးဘူး မဟုတ်လား"

ဟွမ်လင်က ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ သူသည် မကြာသေးမီကပင် ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ စန်းပြည်နယ်တွင် ဧကရာဇ်အဆင့် အကျော်အမော် တစ်ဦးမျှမရှိခဲ့ပေ။ သဘာဝအတိုင်း၊ လုမင်သည် သိုင်းဧကရာဇ်နယ်ပယ်၏ သတ်မှတ်ချက်များကို ရှင်းလင်းစွာ မသိခဲ့ပါ။

"သိုင်းဧကရာဇ်နယ်ပယ်ဆိုပေမဲ့ တကယ်တော့ အဆင့်တွေအများကြီးရှိတယ်။ သိုင်းဧကရာဇ်နယ်ပယ်ကို ချိုးဖြတ်သွားတဲ့သူတွေကို ဧကရာဇ်ငယ် နယ်ပယ်လို့ ခေါ်တယ်။ ပြီးရင် အလယ်လတ်ဧကရာဇ်နယ်ပယ်ရှိပြီး သူ့အထက်က မဟာဧကရာဇ်တဲ့။ မဟာဧကရာဇ်ရဲ့အထက်ကိုတော့ ကောင်းကင်ဧကရာဇ်လို့ ခေါ်ကြတယ်။ နယ်ပယ်တစ်ခုစီမှာ ကြယ်ခုနစ်ပွင့်ရှိတယ်"

ဟွမ်လင်က ရှင်းပြလိုက်သည်။

လုမင် အံ့သြသွား၏။

သိုင်းဧကရာဇ်နယ်ပယ်တွင် အဆင့်များစွာ ရှိခဲ့သည်။

ဧကရာဇ်နယ်ပယ်၊ အလယ်လတ် ဧကရာဇ်နယ်ပယ်၊ မဟာဧကရာဇ်နယ်ပယ်နှင့် ကောင်းကင်ဧကရာဇ်နယ်ပယ်ဟူ၍ရှိပြီး နယ်ပယ်တစ်ခုစီတွင် ကြယ်ခုနစ်ပွင့် ခွဲခြားထား၏။

အံ့ဩစရာကောင်းလှသည်။

"ရှေးဟောင်းလမြင့်မြတ်နယ်မြေရဲ့ အပြင်ဘက်က ဧကရာဇ်အဆင့် အင်အားစုတွေရဲ့ ဧကရာဇ်အဆင့် အကျော်အမော်တွေဟာ အများအားဖြင့် ဧကရာဇ်ငယ်အဆင့်မှာပဲ ရှိကြတယ်။ သူတို့ကို စစ်မှန်တဲ့ ဧကရာဇ်လို့ မခေါ်နိုင်သေးဘူးလေ။ ဒါပေမဲ့ သိုင်းဧကရာဇ်နယ်ပယ်အောက်က လူအများအပြားက လေးစားသမှုနဲ့ မဟာဧကရာဇ်လို့ ခေါ်ဆိုခဲ့ကြတယ်။ တကယ်ဆိုရင် မဟာဧကရာဇ်အဆင့် အကျော်အမော်တွေကိုသာ စစ်မှန်တဲ့ ဧကရာဇ်တွေလို့ ခေါ်နိုင်တယ်။ ဥပမာပြောရရင် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်က ဆမ်ဆာရာဧကရာဇ်လိုမျိုးပေါ့"

ဟွမ်လင်က ဆက်လက်ရှင်းပြလိုက်၏။

"ဒီလိုပဲ"

လုမင် သဘောပေါက်သွားသည်။ အများအားဖြင့်၊ သူတို့ရည်ညွှန်းသော မဟာဧကရာဇ်များသည် စစ်မှန်သော မဟာဧကရာဇ်များမဟုတ်ဘဲ ဘွဲ့အမည်တစ်ခုသာဖြစ်သည်။

ဥပမာအားဖြင့် စန်းဧကရာဇ်၊ ယွင်ဧကရာဇ်၊ သတ်ဖြတ်ခြင်းတစ်သောင်းဧကရာဇ်... အစရှိသူတို့သည် မဟာဧကရာဇ်များ မဟုတ်ကြသောကြောင့် ၎င်းတို့၏ဘွဲ့အမည်များတွင် မဟာဧကရာဇ်ဟူသော စကားလုံး မပါဝင်ပေ။

ဥပမာအားဖြင့်၊ စန်းဧကရာဇ်ကို စန်းပြည်နယ်မှာတော့ မဟာဧကရာဇ်ဟု ခေါ်သည်။ ဟုတ်ပေသည်၊ စန်းပြည်နယ်၏ လူများက ဧကရာဇ်နယ်ပယ်မှ အဆင့်သတ်မှတ်ပုံအကြောင်း မသိရှိကြသောကြောင့် ဖြစ်သည်။

ဆမ်ဆာရာဧကရာဇ်ကမှ စစ်မှန်သော မဟာဧကရာဇ်ပင်။

'သိုင်းဧကရာဇ်နယ်ပယ်မှာ နယ်ပယ်တွေ အများကြီးသေးတာပဲ။ စန်းဧကရာဇ်လိုမျိုး လူတွေက ဧကရာဇ်ငယ်တွေပဲ ဖြစ်သေးတယ်။ ကြည့်ရတာ ရှေ့ဆက်ရမဲ့လမ်းက ပိုရှည်လျားလာတာပဲ။ ဒါပေမဲ့ ပိုပြီးတော့လည်း စိတ်ဝင်စားဖို့ကောင်းတယ်'

လုမင်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။

သိုင်းပညာလမ်းစဉ်သည် ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသည်။ စိန်ခေါ်မှုအမျိုးမျိုး ရှိ၏။ သို့သော်လည်း စိတ်လှုပ်ရှားစရာကောင်းပေသည်။

"မဟာဧကရာဇ်တွေက ထိပ်ဆုံးမှာ ရပ်တည်နေကြတဲ့သူတွေပဲလေ။ အခု ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှာတောင် တစ်ဦး ရှိမရှိ ငါမသိဘူး။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်မြို့တော်မှာ မဟာဧကရာဇ်ကြီးတွေက ယွမ်တောင်မြင့်မြတ်တဲ့ကျောင်းတော်ကို တည်ထောင်လိုက်ကြတယ်။ ဒါက အတိတ်မှာ မဖြစ်ခဲ့ဖူးတဲ့အရာဆိုတော့ သဘာဝအတိုင်းပဲ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို ဆွဲဆောင်ထားခဲ့တာပေါ့"

ယဲ့တုန်ဖန့်က မျှော်လင့်နေသောအကြည့်ဖြင့် ပြောလိုက်သည်။

"ယွမ်တောင်မှာ ကောင်းကင်ဧကရာဇ်အဆင့် တန်ခိုးရှင်တွေ ရှိလား"

လုမင်က မေးသည်။

"ငါမသိဘူး"

ဟွမ်လင်၊ လုံချန်နှင့် အခြားသူများက ခေါင်းယမ်းလိုက်ကြ၏။

"ဒဏ္ဍာရီတွေအရတော့ ကောင်းကင်ဧကရာဇ်မြို့တော်ကို ကောင်းကင်ဧကရာဇ်ကိုယ်တိုင် တည်ဆောက်ခဲ့တာပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကောင်းကင်ဧကရာဇ်ဟာ ဒီကမ္ဘာမှာ မမြင်နိုင်တဲ့ ဒဏ္ဍာရီတစ်ခုဖြစ်နေခဲ့ပါပြီ။ မဟာဧကရာဇ်တွေက အထွတ်အထိပ် တည်ရှိမှုတွေပဲ"

လုံချန်က သက်ပြင်းချလိုက်သည်။

"ကောင်းကင်ဧကရာဇ်အထက်မှာကော အခြားအဆင့်တွေ ရှိသေးလား"

လုမင်က ထပ်မေးလိုက်သည်။

"ဒဏ္ဍာရီတွေတော့ရှိတယ်၊ ဒါပေမဲ့ သူတို့က အရမ်းဝေးသွားကြပြီလေ။ သူတို့က ဒဏ္ဍာရီတွေထဲက ဒဏ္ဍာရီတွေပဲ"

ဟွမ်လင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

လုမင်လည်း စိတ်လှုပ်ရှားနေခဲ့လေသည်။ သူက အရာများစွာကို တွေးခဲ့သည်။

ထိပ်တန်းသားရဲဆယ်ကောင်က ဘယ်နယ်ပယ်မှာလဲ။

တန်တန်သည် စစ်သားရဲဆယ်ကောင်က ကမ္ဘာပေါ်တွင် အသန်မာဆုံး တည်ရှိမှုများဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ သူတို့က မဟာဧကရာဇ်ကြီးလား သို့တည်းမဟုတ် ကောင်းကင်ဧကရာဇ်များ ဖြစ်နေကြမလား။

ထိုအချိန်က လုမင်သည် တိုက်တန် ဦးချိုရှည် နွားချေးပိုးကောင်၏ တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ဖူးသည်။ ယင်းက ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သလိုမျိုး တကယ်ကို ကြောက်စရာကောင်း၏။

ထို့ပြင် ကစဉ့်ကလျားဧကရာဇ်က ထိပ်တန်းသားရဲဆယ်ကောင်ထက်ပင် အားကောင်းသည်ဟု ဆိုကြသည်။ သူက မည်သည့်နယ်ပယ်တွင် ရှိသနည်း။

ခဏမျှ စဉ်းစားပြီးနောက် လုမင်က ခေါင်းခါယမ်းကာ အတွေးစများကို ဖြတ်လိုက်သည်။ ဤအရာများက သူနှင့်ဝေးလွန်းနေသေးသည်။

"ယွမ်တောင် မြင့်မြတ်သော ကျောင်းတော်က လူခေါ်ယူတာ ပြီးပြီလား"

လုမင်က အကြောင်းအရာကို ပြောင်းလိုက်သည်။

"မပြီးသေးပါဘူး၊ တည်ဆောက်တာကတော့ ပြီးသွားပြီလို့ ငါကြားတယ်။ လူတွေကိုတော့ မကြာခင် ခေါ်ယူမယ်ထင်တာပဲ။ ဒီတစ်ခေါက်မှာ ပါရမီရှင်တွေအများကြီးပဲ ပြန်ပေါ်လာခဲ့ကြတယ်။ အားလုံးက ယွမ်တောင် မြင့်မြတ်တဲ့ကျောင်းတော်ကို ဝင်ခွင့်ရဖို့ ပြင်ဆင်ကြတော့မှာလေ။ နောက်ဆုံးမှာတော့ ယွမ်တောင် မြင့်မြတ်တဲ့ကျောင်းတော်ကို ဝင်ရောက်ဖို့က ဒီလောက်မလွယ်ကူနိုင်ဘူး"

လုံချန်က ပြောလိုက်သည်။

လူတိုင်း စကားစမြည်ပြောရင်း စားသောက်ခဲ့လေသည်။ အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး နာရီအနည်းငယ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

လုမင်လည်း ယခင်က မသိခဲ့ရသော အချက်အလက်များစွာကို သိခဲ့ရပေသည်။

လုမင်က နဝမနဂါး၏ အမှတ်ရစရာများထဲမှ တစ်စိတ်တစ်ပိုင်းကို ရယူထားသော်လည်း ၎င်းမှာ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ သူတို့ထဲမှ တော်တော်များများက ပျောက်နေ၏။ ထို့ပြင် နဂါးဝမနဂါး ကျဆုံးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယွမ်တောင်၏ အမှတ်တရများသည်လည်း ပျောက်ကွယ်လုနီး ဖြစ်နေပြီ။

"လုမင်၊ ငါမင်းကို မေးစရာရှိတယ်။ ငါတို့ အပြင်ထွက်ပြီး စကားပြောမလား"

လုံချန်က ပြောလိုက်သည်။

"ကောင်းပြီ"

လုမင် ခေါင်းညိတ်လိုက်၏။

"ငါတို့လည်း သွားသင့်ပြီ"

ဟွမ်လင်က ပြောလိုက်သည်။

ထို့နောက်တွင် ဟွမ်လင်၊ ယဲ့တုန်ဖန့်၊ ရွှီယန်နှင့် အခြားသူများ အားလုံး ထွက်ခွာသွားကြသည်။

လုမင်လည်း ငွေပေးချေပြီး လုံချန်နှင့်အတူ ထွက်ခွာခဲ့လေသည်။

ထိုအချိန်တွင် ညနက်နေပြီ ဖြစ်သည်။ သူတို့နှစ်ယောက်က တိမ်တိုက်များအထက် လေထဲတွင် လျှောက်သွားကြ၏။

"ရှမ်းဟွမ်တိုက်ကြီးမှာ အခုအခြေအနေက ဘယ်လိုလဲ"

လုံချန်က မေးသည်။

လုမင် မအံ့ဩမိတော့ပေ။ လုံချန်၏ မေးခွန်းကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်သည်။

"ရှမ်းဟွမ်တိုက်ကြီးက အခု ပေါင်းစည်းနေခဲ့ပါပြီ"

လုမင်က ရှမ်းဟွမ်တိုက်ကြီးတွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံးပြောပြလိုက်သည်။

ထိုစကားများကို နားထောင်ပြီးနောက် လုံချန် ငြိမ်သက်သွားပြီး စကားအကြာကြီး မပြောနိုင်တော့ပေ။

လုမင်ကလည်း ဘာမှထပ်မပြောတော့ပါ။

နောက်ဆုံးတွင်၊ လုံချန်က သူဖျက်ဆီးခဲ့သော အုပ်စိုးရှင်အင်အားစုတစ်ခုမှ ဆင်းသက်လာခဲ့သည်။ ရှဲ့မိသားစုကလည်း တံခါးတွေပိတ်ပြီး သူတို့ကိုယ်သူတို့ အနှစ်တစ်သောင်း တံဆိပ်ခတ်ထားခဲ့ပေသည်။

လုံချန်၏ စေ့စပ်ထားသူက ရှဲ့မိသားစု၏ မင်းသမီး ရှဲ့နျန်လင်း ဖြစ်သည်။

အချိန်အတော်ကြာပြီးမှ လုံချန်က သက်ပြင်းချလိုက်လေသည်။

"ရှမ်းဟွမ်တိုက်ကြီးမှာ ဒီလိုမျိုးတွေ ဖြစ်ခဲ့လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ တကယ်တော့ မင်းကိုမြင်ကတည်းက ရှမ်းဟွမ်တိုက်ကြီးမှာ ဖြစ်ပျက်နိုင်တာကို ငါရိပ်စားမိတယ်"

"မင်း ငါ့ကို အပြစ်မတင်ဘူးလား"

လုမင်က မေးလိုက်သည်။

"ဒီအ​ခြေအ​နေက ဘာများထူးဆန်းလို့လဲ။ ဒီကမ္ဘာကြီးမှာ နေ့စဉ်နဲ့အမျှ အင်အားများစွာ ဖျက်ဆီးခံရပြီး အင်အားများစွာ မွေးဖွားလာကြတယ်။ ဒါက ဒီလောကရဲ့ မပြောင်းလဲတဲ့ ဖြစ်စဉ်တစ်ခုပဲလေ။ မင်းနေရာမှာ ငါဆိုရင်လည်း ဒီလိုပဲ လုပ်မိမှာပါ"

လုံချန်က ပြုံးပြီး ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်"

လုမင် ပြောလိုက်သည်။

"ငါက မင်းကို ကျေးဇူးတင်ရမဲ့သူပါ။ ရှဲ့မိသားစုကို လွှတ်ထားပေးလို့ ကျေးဇူးတင်ပါတယ်"

လုံချန်က ပြုံးလိုက်လေသည်။ ခဏစဉ်းစားပြီးနောက် သူက ပြောလိုက်သည်။

"ကြည့်ရတာ ငါ ရှမ်းဟွမ်တိုက်ကြီးကို ခရီးထွက်ရလိမ့်မယ်ထင်တယ်။ နျန်လင်းကို ငါ ခေါ်ထုတ်ချင်တယ်လေ။ ဒါက သစ္စာကို ချိုးဖောက်တာမဟုတ်ဘူး ဟုတ်တယ်မလား"

"သဘာဝပေါ့၊ မင်းက ဘယ်တော့ပြန်မှာလဲ။ နတ်ဆင်ဂိုဏ်းမှာ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ရှိတာလား"

လုမင်က မေးလိုက်သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီမို့ လုမင်လည်း ပြန်သွားချင်ခဲ့သည်။

"နတ်ဆင်ဂိုဏ်းမှာတော့ ရှန်းရွှီတိုက်အဖွဲ့အစည်းကိုသွားဖို့ အစီရင်မရှိပါဘူး။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေအတွက်၊ ရှန်းရွှီတိုက်အဖွဲ့အစည်းက ဝေးကွာလွန်းတယ်။ ဒီလို တည်နေရာရွှေ့ပြောင်းခြင်းအစီရင်မျိုးကို ဘယ်သူမှ တည်ဆောက်ကြမှာ မဟုတ်ဘူးလေ။ ငါသိသလောက်ဆိုရင် စန်းပြည်နယ်၊ ယွင်ပြည်နယ်နဲ့ တိပြည်နယ်တို့ကပဲ ရှန်းရွှီတိုက်ကြီးကိုသွားဖို့ တည်နေရာရွှေ့ပြောင်းခြင်းအစီရင်ကို ဖွင့်နိုင်လိမ့်မယ်"

လုံချန်က ပြောလိုက်သည်။

"ဘာ...၊ စန်းပြည်နယ်၊ ယွင်ပြည်နယ်နဲ့ တိပြည်နယ်ကပဲ တည်နေရာရွှေ့ပြောင်းခြင်း အစီရင် ရှိကြတာလား"

လုမင်၏ အမူအရာ ပြောင်းသွားသည်။

"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ။ ဒီပြည်နယ်သုံးခုမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်ခဲ့လို့လား"

လုံချန်က မေးလိုက်သည်။

"ဟုတ်တယ်"

လုမင်က မိစ္ဆာဝိညာဉ်ဂိုဏ်းအကြောင်း ချက်ချင်း ပြောပြလိုက်၏။

"တကယ်ကို အဲ့ဒါက မိစ္ဆာဝိညာဉ်ဂိုဏ်းပဲ။ ငါပြန်သွားပြီး ဒီကိစ္စကို ဆရာ့ဆီ အကြောင်းကြားရမယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးဖို့အတွက် အကျော်အမော်တွေကို စန်းပြည်နယ်ကို ပို့နိုင်မလားဆိုတာ ကြည့်ရအောင်"

လုံချန်က ပြောသည်။

လုမင် ခေါင်းညိတ်လိုက်သည်။ နတ်ဆင်ဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးရန် ကျွမ်းကျင်သူများကို စေလွှတ်နိုင်ပါက အကောင်းဆုံးဖြစ်လိမ့်မည်။

"ဒါနဲ့ လုမင်... ငါတို့ မတွေ့ရတာ နှစ်အတော်ကြာပြီ။ ငါတို့က ဘာဖြစ်လို့ ပညာမဖလှယ်ရမှာလဲ"

လုံချန်က ရုတ်တရက် ပြောလိုက်သည်။ ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ့ခန္ဓာကိုယ်မှ ထွက်လာ၏။

"ဒါက ငါလိုချင်တာ အတိအကျပဲ"

လုမင် ပြောလိုက်သည်။ သူ့ထံမှလည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ ဖြစ်ပေါ်လာတော့သည်။

All Chapters