← Chapters

အခန်း ၁၇၆၄

Vol. 118 Ch. 1764

အခန်း ၁၇၆၄

Vol. 118 Ch. 1764

အပိုင်း ( 1764 ) လုမင်နှင့် လုံချန်။

လုံချန်သည် ရှမ်းဟွမ်တိုက်ကြီးရှိ မျိုးဆက်သစ်လူငယ်များကြားတွင် နံပါတ်တစ် ဖြစ်သည်။ သူသည် ထိပ်တန်းစစ်သားရဲဆယ်ကောင်အနက် ရှေးဟောင်း နဂါးဆင်သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့သူ ဖြစ်၏။ သူက အလွန်အစွမ်းထက်ပြီး တုနှိုင်းမဲ့သော တိုက်ခိုက်နိုင်စွမ်းရှိသည်။

နောက်ပိုင်းတွင် သူက နတ်ဆင်ဂိုဏ်း၏ တပည့်ဖြစ်လာပြီး ရှေးဟောင်းလမြင့်မြတ်နယ်မြေသို့ ရောက်ရှိခဲ့ပေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက်၊ လုမင်သည် လုံချန်ကို မည်သည့်အဆင့်ထိ ရောက်လာသည်ကို သိလိုသည်။

"ဝုန်း... ဝုန်း"

နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ ကောင်းကင်တွင် ရပ်လိုက်ကြသည်။ ကြောက်စရာကောင်းသော ရောင်ဝါများက သူတို့ထံမှ ပေါက်ကွဲထွက်ပေါ်လာ၏။ သူတို့၏ အရှိန်အဝါများက ပြင်းထန်စွာ တိုက်မိပြီး ပတ်ဝန်းကျင်ရှိ တိမ်တိုက်များပင် ပြန့်ကျဲသွားတော့သည်။

"တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်"

အရှိန်အဝါများ ပေါ်လာသည်နှင့်တပြိုင်နက်၊ လုမင်သည် လုံချန်၏ ကျင့်ကြံမှုကို သိလိုက်သည်။ သူက မဟာသူတော်စင်နယ်ပယ်နှင့် များစွာမဝေးတော့ပေ။

ဒါကလည်း ပုံမှန်သာ ဖြစ်သည်။ ထိုစဉ်က လုမင်၏ ကျင့်ကြံမှုသည် လုံချန်ထက် သာလွန်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံချန်ကို နတ်ဆင်ဂိုဏ်း၏ အကျော်အမော်က တပည့်အဖြစ် ခေါ်ဆောင်သွားခဲ့သည်။ သူရရှိနိုင်သော အရင်းအမြစ်များက လုမင်ထက် များစွာ ကြွယ်ဝ၏။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ ကျင့်ကြံမှုက တောက်ပသော သူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံမှုသို့ ရောက်ရှိနေခြင်းမှာ ပုံမှန်ပင်။

"ဝူး... ဝေါင်း"

နဂါးဟိန်းဟောက်သံနှင့် နဂါးဆင်၏ ဟိန်းဟောက်သံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ သူတို့၏ဦးခေါင်းထက်တွင် နဝမနဂါးနှင့် နဂါးဆင်တို့၏ ထူးကဲသော ရူပါရုံများ ပေါ်လာ၏။

နဝမနဂါးနှင့် ရှေးဟောင်းနဂါးဆင် နှစ်ကောင်စလုံးက ကမ္ဘာကြီးကို အပေါ်စီးမှ ကြည့်ရှုနိုင်သော အရှိန်အဝါနှင့် ဘုန်းအာနုဘော်တို့ ရှိသည်။

ထို့နောက်တွင် နှစ်ယောက်သား တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။

နှစ်ယောက်စလုံးက တစ်ဖက်လူဆီသို့ တစ်ပြိုင်နက်တည်း ပြေးသွားကြ၏။

လုမင်၏ ခန္ဓာကိုယ်တွင် ကစဉ့်ကလျားနိယာမ၏ စွမ်းအားများက စီးဆင်းလာခဲ့သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။ သူ့လက်ဝါးက ငရဲဖိနှိပ်ကျောက်စာချပ်အဖြစ် ပြောင်းလဲသွားပုံရကာ လုံချန်အပေါ် ဖိချလိုက်တော့သည်။

လုမင်က လုံးဝ ချုပ်ထိန်းမထားဘဲ အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

"ဝူး"

လုံချန်၏ ခန္ဓာကိုယ်မှ ဆင်တစ်ကောင်၏ အော်မြည်သံက အဆက်မပြတ် ထွက်ပေါ်နေသည်။ သူ့ခန္ဓာကိုယ်က ထွားကျိုင်းလာပြီး သူ့လက်များကလည်း ဖောင်းကြွလာ၏။ သူ၏ ကြွက်သားများက အဆုံးမရှိသော ခွန်အားများဖြင့် ပြည့်နှက်နေသကဲ့သို့ပင်။

လက်ဝါးနှစ်ဖက်က တစ်ခုကိုတစ်ခု ပြင်းထန်စွာ ရိုက်ချလိုက်ကြသည်။

"ဒုန်း"

ကြယ်နှစ်စင်း တိုက်မိသကဲ့သို့ ကောင်းကင်နှင့် ဟင်းလင်းပြင်က တုန်ခါသွားသည်။ ၎င်းတို့နှစ်ဦး တိုက်မိရာနေရာမှ မမြင်နိုင်သော အားလှိုင်းတစ်ခု ထွက်ပေါ်လာကာ မိုင်ထောင်ချီအတွင်း တိမ်တိုက်များအားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။

နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံမှုတစ်ခုပြီးနောက် တစ်ချိန်တည်းတွင် ပြန်လည်ဆုတ်ခွာသွားကြသည်။

'ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား၊ ဒါက... အဆုံးစွန် ခွန်အားနိယာမပဲလား'

လုံချန်၏ နိယာမကို မြင်လိုက်ရပြီးနောက် လုမင် အံ့ဩသွားမိသည်။

လုံချန်၏ နိယာမက အဆုံးစွန်နိယာမဟု လူသိများသော နိယာမတစ်ခု ဖြစ်သည်။ ၎င်းက အလွန်အားကောင်းသော အင်အားကို ထုတ်လွှတ်နိုင်ပြီး လက်တစ်ဖက်တည်းဖြင့် နိယာမအားလုံးကို ချိုး‌ဖြတ်နိုင်စွမ်းရှိ၏။

ဒါက အလွန်ကြောက်စရာကောင်းသော နိယာမတစ်ခု ဖြစ်သည်။ ၎င်းက အန္တိမ နိယာမဆယ်ခုလောက် အစွမ်းမထက်သော်လည်း များစွာ ‌မဝေးပေ။ ၎င်းက အန္တိမနိယာမဆယ်ခုအောက်တွင် ကြောက်စရာအကောင်းဆုံး နိယာမများထဲမှ တစ်ခု ဖြစ်သည်။

"ထပ်လာမယ်"

လုံချန်၏ တိုက်ခိုက်လိုစိတ်က ပို၍ ပြင်းထန်လာသည်။ သူက ရှေးဟောင်း နတ်ဆင်ကြီးတစ်ကောင်ကဲ့သို့ ပြေးတက်လာ၏။

"ကောင်းတယ်"

လုမင်ကလည်း လုံးဝ မတွန့်ဆုတ်ပေ။ သူကား ကမ္ဘာပေါ်တွင် အသန်မာဆုံး နိယာမများထဲမှ တစ်ခုဖြစ်သော ကစဉ့်ကလျားနိယာမကို လေ့ကျင့်ထားခဲ့သည်။ သူ့တွင် အတားအဆီးမဲ့သော ကောင်းကင်သိုင်းလည်း ရှိ၏။ ဤနှစ်ခုပေါင်းစပ်ခြင်းဖြင့်၊ တိုက်ခိုက်မှုတိုင်းတွင် အရာအားလုံးကို ချိုးနှိမ်နိုင်သည့် အကန့်အသတ်မရှိသော စွမ်းအားများကို ထုတ်လွှတ်နိုင်သည်။

"ဒုန်း"

သူတို့နှစ်ယောက်က ဒုတိယအကြိမ် ထိပ်တိုက်တွေ့ပြီးနောက် ကောင်းကင်နှင့်မြေပြင်ကြားတွင် ပို၍ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်မှာတော့ ပုံရိပ်နှစ်ခုက နောက်မဆုတ်ကြတော့ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တော့သည်။

"ဒုန်း... ဒုန်း"

ထိတ်လန့်စရာကောင်းသော တိုက်မိမှုများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူတို့နှစ်ဦးက ကမ္ဘာကြီးကို ဖျက်ဆီးတော့မည် ရှေးခေတ် သားရဲများအဖြစ် ပြောင်းလဲသွားပုံရ၏။ ပုံရိပ်နှစ်ခုက ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်ရင်း အဆက်မပြတ် ပေါက်ကွဲနေကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးက ထိုးနှက်ချက်ပေါင်း တစ်ရာကျော် အပြန်အလှန် ရင်ဆိုင်ခဲ့ကြသည်။ သို့တိုင်၊ အနိုင်အရှုံးက သိသာထင်ရှားခြင်း မရှိခဲ့ပေ။

လုံချန်၏ ဝိညာဉ်ခန္ဓာက အလယ်အလတ် ကောင်းကင်ဝိညာဉ်ခန္ဓာ ဖြစ်သည်။ သူက အဆုံးစွန်နိယာမကိုလည်း နားလည်ထား၏။ ထိုနှစ်ခုစလုံးက လုမင်ထက် အနည်းငယ်နိမ့်ကျသော်လည်း ကျင့်ကြံမှုအခြေခံမှာတော့ လုမင်ထက် များစွာ အားကောင်းသည်။

သူတို့ နှစ်ယောက်က အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း အနိုင်ရသူကို ဆုံးဖြတ်ရန် မလွယ်ကူခဲ့ပေ။

"ဝုန်း"

နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖလှယ်လိုက်ပြီးနောက် သူတို့နှစ်ဦးစလုံး နောက်ဆုတ်သွားခဲ့သည်။

"လုမင်၊ ဒီတစ်ခါ ငါက နတ်ဘုရားစွမ်းရည်ကို အသုံးပြုမယ်။ မင်း သတိထားပါ"

လုံချန်၏ တိုက်ခိုက်ချင်စိတ်က ပို၍ အားကောင်းလာသည်။

"မင်းရဲ့သဘောအတိုင်းပဲ"

လုမင် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများ ပွက်ပွက်ဆူလာပြီး ကစဉ့်ကလျားနိယာမက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွား၏။

"အဆုံးစွန်အင်အားနဲ့ နတ်ဆင်လက်သီး"

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

သူတို့နှစ်ဦးက ပြိုင်တူအော်ဟစ်ပြီး နတ်ဘုရားစွမ်းရည်များကို အသုံးပြုခဲ့သည်။

လုမင်က သူ၏ ခွန်အားကို ဖုံးကွယ်မထားဘဲ အပြည့်အဝ ထုတ်လွှတ်လိုက်သည်။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏စွမ်းအား သုံးဆယ့်သုံးရာခိုင်နှုန်းက ပေါက်ကွဲထွက်လာ၏။ နတ်ဘုရား၏ လက်ညှိုးကဲ့သို့ ဧရာမ လက်ချောင်းကြီးက လုံချန်ကို ညွှန်ပြလိုက်တော့သည်။

လုံချန်ကလည်း လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ ကောင်းကင်တွင် ဆင်ကြီးတစ်ကောင်၏ ပုံရိပ်တစ်ခု ပေါ်လာ၏။ ဧရာမဆင်ကြီးက တစ်ချက်အော်မြည်ပြီး လုမင်ကို အမှုန့်ချေရန် ပြေးတက်လာတော့သည်။

"ဝုန်း"

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းနှင့် ဧရာမဆင်ကြီးတို့ တိုက်မိပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားကြသည်။ လုမင်နှင့် လုံချန်က ပေါက်ကွဲမှုအားအတိုင်း မိုင်ရာဂဏန်းအထိ ဆုတ်သွားကြ၏။ အဝေးမှ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

"လုမင်၊ မင်းကိုမတွေ့ရတာ နှစ်တော်တော်ကြာခဲ့ပေမဲ့ မင်းက အရင်ကအတိုင်း အရမ်းသန်မာနေတုန်းပဲ။ ဒီနေ့တိုက်ပွဲက တကယ်ပျော်ဖို့ကောင်းပါတယ်။ ငါတို့နောက်နေ့ကျရင် ထပ်ပြီး တိုက်ခိုက်ကြမယ်၊ ဘယ်လိုလဲ"

လုံချန်က ပြောလိုက်သည်။

"မင်းလည်း အရမ်းသန်မာပါတယ်။ နောက်နေ့ကျရင် ထပ်ပြီး တိုက်ခိုက်ကြမယ်"

လုမင် ခေါင်းညိတ်လိုက်၏။

"ငါ့ဆရာဆီကနေ သတင်းရရင်​ ရက်​အနည်းငယ်​အတွင်း မင်းကို လာတွေ့မယ်"

ထို့နောက်တွင် လုံချန်က လှည့်​ထွက်​သွားသည်​။ ဟုတ်ပေသည်၊ အင်္ကျီထဲတွင်ဝှက်ထားသော လုံချန်၏ လက်များက တုန်နေတာကိုတော့ လုမင် သတိမပြုမိခဲ့ပေ။

လုံချန် ထွက်သွားပြီးနောက် လုမင်က ထုံကျင်နေသော လက်ကို ခါလိုက်ပြီး ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။

"ငါ့ရဲ့ ကျင့်ကြံမှုက နည်းနည်းအားနည်း​နေ​သေးတယ်​"

ရိုးရိုးသားသား ပြောရလျှင် လုံချန်က အလွန်သန်မာသည်။ နောက်ဆုံး နတ်ဘုရားစွမ်းရည်တွင် လုံချန်က အင်အားအပြည့် မသုံးခဲ့သလို ‌ဝိုးတဝါး သူ ခံစားမိခဲ့၏။

ဟုတ်သည်၊ လုမင်၏ နည်းလမ်းများက ထိုမျှသာမဟုတ်ပါ။ သူ အမှန်တကယ် ပေါက်ကွဲပါက၊ လုံချန်သည် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

လုမင်လည်း ခပ်ဖျော့ဖျော့ပြုံးကာ ဖီးနစ်နန်းတော်သို့ ပြန်သွားခဲ့သည်။

နောက်ရက်အနည်းငယ်တွင် လုမင်က လေ့ကျင့်ခြင်းဖြင့် အချိန်ကုန်ဆုံးစေခဲ့လေသည်။

သုံးရက်အကြာတွင်၊ လုံချန်က ဖီးနစ်နန်းတော်သို့ ပေါက်ချလာသည်။

"မင်းရဲ့ဆရာက သ​ဘောမတူဘူးလား"

လုမင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

လုံချန်၏ မျက်နှာမှာလည်း ခါးသီးမှုတို့ ပြည့်နှက်နေ၏။ သူက လုမင်၏ ခြံဝင်းရှိ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်ပြီး အရက်တစ်အိုးကို ထုတ်ယူကာ ‌တစ်ကျိုက်မော့သောက်လိုက်သည်။

"ဟုတ်တယ်၊ ငါက မိစ္ဆာဝိညာဉ်ဂိုဏ်းအကြောင်း ဆရာ့ကိုပြောပြပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းကို ချေမှုန်းဖို့ လူလွှတ်စေချင်ခဲ့ပေမဲ့ ဆရာက တိုက်ရိုက် ငြင်းပယ်ခဲ့တယ်။ သူက ဒီကိစ္စကို ဖြေရှင်းဖို့ ငါ့အတွက် ထားခဲ့မယ်တဲ့"

"မင်းအတွက် ထားခဲ့မှာလား"

လုမင် ဆွံ့အသွား၏။

"ဟင်း... ကြည့်ရတာ လောလောဆယ်တော့ ရှမ်းဟွမ်တိုက်ကြီးကို ပြန်မသွားနိုင်တော့ဘူး။ အနာဂတ်မှာ ဧကရာဇ်ကြီးဖြစ်လာအောင် ကြိုးစားအားထုတ်ရမယ်။ အဲဒါမှ စန်းပြည်နယ်ကို ပွင့်ပွင့်လင်းလင်းသွားပြီး ရှမ်းဟွမ်တိုက်ကြီးကိုသွားဖို့ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို အသုံးပြုနိုင်မှာ"

လုံချန်က အကူအညီမဲ့စွာ ပြောလိုက်သည်။

လုမင်လည်း ခါးသက်သက်ဖြင့် ပြုံးလိုက်လေသည်။ ဒါက လုံချန်အတွက် သူ့ဆရာ၏ စမ်းသပ်မှုတစ်ခု ဖြစ်ပုံရသည်။

"မွှေးတယ်ဟေ့၊ အရက်ကောင်းကောင်း ရှိနေတယ်မဟုတ်လား"

ခြံပြင်မှ နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ဟွမ်လင်နှင့် ပူဖောင်းလေးတို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၊ ပူဖောင်းလေးသည် ဟွမ်လင်နှင့် ရင်းနှီးလာခဲ့သည်။ သူတို့က ဖီးနစ်နန်းတော်တွင် နေ့တိုင်း အတူလျှောက်သွားကြ၏။ ဖီးနစ်နန်းတော်၏ သူတော်စင်ဆေးပင်များစွာကလည်း ပူဖောင်းလေး၏ဗိုက်ထဲကို ရောက်သွားခဲ့လေသည်။

"ဒီကောင်မလေးက အရက်ကြိုက်သေးတာပဲ။ ငါမင်းကို တစ်အိုးပေးမယ်"

လုံချန်၏ လက်ထဲတွင် အရက်တစ်အိုးပေါ်လာပြီး ပူဖောင်းလေးကို ပစ်ပေးလိုက်သည်။

ပူဖောင်းလေးက အရက်အိုးကို ဖမ်းယူပြီး အားရပါးရ မော့သောက်လိုက်၏။ သူမ၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် မှေးစင်းသွားလေသည်။

"ဒီကောင်မလေးက တကယ်လောဘကြီးတာပဲ"

ဟွမ်လင်က ပြုံးရွှင်စွာဖြင့် လျှောက်လာခဲ့သည်။

"မင်းတို့လာတာက အချိန်ကောင်းပဲ၊ ငါ့မှာ မစားရသေးတဲ့ ရွှေကျီးကန်းတောင်ပံတစ်ဖက် ရှိသေးတယ်"

လုမင်က ပြုံးပြီး ရွှေတောင်ပံတစ်ဖက်ကို ထုတ်ယူလိုက်သည်။ သူတော်စင်စွမ်းအားဖြင့် တောင်ပံပေါ်ရှိ ရွှေကျီးကန်းအမွေးအားလုံးကိုနှုတ်ပြီး မီးကင်လိုက်၏။

ဟွမ်လင် အနည်းငယ် တုန်လှုပ်သွားသည်။ လုမင်က ရွှေကျီးကန်းတောင်ပံကို အမှန်တကယ် ကင်စားဝံ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

မကြာမီ၊ မွှေးပျံ့သောရနံ့က သူတို့၏နှာခေါင်းထဲကို ဝင်လာသည်။ သူတို့က အားပါးတရ စားသောက်လိုက်၏။ အထူးသဖြင့် ပူဖောင်းလေး၏ပါးစပ်က အဆီများရွှဲနေပြီး ပျော်ရွှင်စွာ နေတော့သည်။

ထိုအချိန်တွင် လုမင်၏ အမူအရာ ပြောင်းသွားသည်။ တံဆိပ်ပြားတစ်ခုက သူ့ခန္ဓာကိုယ်မှ လျင်မြန်စွာ ထွက်ပေါ်လာပြီး တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။

ဟွင်းယွမ်တံဆိပ်ပြား ဖြစ်တော့သည်။

All Chapters