← Chapters

အခန်း ၁၇၆၅

Vol. 118 Ch. 1765

အခန်း ၁၇၆၅

Vol. 118 Ch. 1765

အပိုင်း ( 1765 ) ဟွင်းယွမ်ဂိုဏ်း၏ နောက်ဆုံး စမ်းသပ်မှု။

ဟွင်းယွမ်တံဆိပ်ပြား၏ ရုတ်တရက် ထွက်ပေါ်လာခြင်းက လုမင်ကို အံ့ဩသွားစေသည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် လုံချန်နှင့် ဟွမ်လင်တို့၏ ခန္ဓာကိုယ်မှ ဟွင်းယွမ်တံဆိပ်ပြား တစ်ခုစီ ပေါ်လာတာကို တွေ့လိုက်ရ၏။

ဟွမ်လင်ကလည်း ဟွင်းယွမ်တံဆိပ်ပြားကို ရရှိခဲ့ကြောင်း ထင်ရှားသည်။ လုမင်ကတော့ မအံ့ဩမိပေ။ ဟွင်းယွမ်တံဆိပ်ပြားကို အလားအလာကောင်းမွန်သော ပါရမီရှင်တိုင်း ရရှိနိုင်သည်ဟု ဆိုနိုင်သည်။ ဟွမ်လင်က သိုင်းအုပ်ချုပ်သူနယ်ပယ်ကို မရောက်မီတွင် အင်မော်တယ် ကောင်းကင်ဖီးနစ် သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့သူ ဖြစ်သည်။ ၎င်းက ထိပ်တန်းစစ်သားရဲဆယ်ကောင်အနက် တစ်ကောင်ဖြစ်ပြီး သူမ၏စွမ်းအားကလည်း လုံချန်ထက် အားမနည်းပေ။ ဟွင်းယွမ်တံဆိပ်ပြားကို သူမ ရရှိထားခြင်းက ပုံမှန်ဟုသာ ဆိုရမည်။

"ဟွင်းယွမ်ဂိုဏ်းရဲ့ နောက်ဆုံးစမ်းသပ်မှုက ရောက်လာတော့မှာလား"

ဟွမ်လင်က‌ ရေရွတ်လိုက်သည်။ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာ၏။

"ဟွင်းယွမ်ဂိုဏ်းရဲ့ နောက်ဆုံးစမ်းသပ်မှုလား"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ဟွင်းယွမ်တံဆိပ်ပြားကို ပထမဆုံး ရရှိစဉ်က ပဏာမစမ်းသပ်မှု အောင်မြင်ပြီဟု အဓိပ္ပာယ်ရသည့် အသံတစ်ခုကို ကြားခဲ့ရသည်။ နောက်ပိုင်းတွင်၊ ထူယီက ဟွင်းယွမ်တံဆိပ်ပြားသည် ဟွင်းယွမ်ဂိုဏ်း၏ ဆက်ခံသူနှင့် ဆက်စပ်နေကြောင်း လုမင်အား ပြောပြခဲ့လေသည်။

စင်စစ်တွင်၊ လုမင်က ဤအချိန်ကို စောင့်နေခဲ့တာ ကြာလှပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် နောက်ဆုံးမှာတော့ အချိန်ကျရောက်လာခဲ့ပြီလား။

ဟွင်းယွမ်တံဆိပ်ပြားသုံးခုက သူတို့သုံးဦး၏အထက်တွင် လွင့်မျောနေကာ အလင်းရောင်များ ပို၍ တောက်ပလာခဲ့သည်။

အဆုံးတွင် သူတို့ သုံးဦးစလုံးကို ဖုံးအုပ်ထားသော အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲသွား၏။

"ကျွန်မ... ကျွန်မလည်း သွားချင်တယ်"

ပူဖောင်းလေးက လုမင်ဆီသို့ ပျံသန်းလာသည်။ ပထမတော့ လုမင်သည် အလင်းတန်းက ပူဖောင်းလေးကို တွန်းထုတ်လိုက်မှာ စိုးရိမ်ခဲ့သေးသည်။ နောက်ဆုံးတွင်၊ ပူဖောင်းလေးက ဟွင်းယွမ်တံဆိပ်ပြားကို မရရှိခဲ့ပါ။ သို့ရာတွင် မမျှော်လင့်ဘဲ အလင်းတန်းက တည်ငြိမ်နေခဲ့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

အလင်းတန်းက တုန်ခါလာ၏။ ထို့နောက်မှာတော့ လုမင်၊ ဟွမ်လင်နှင့် လုံချန်တို့အားလုံး နေရာမှ ပျောက်ကွယ်သွားတော့သည်။ သဘာဝအတိုင်း ပူဖောင်းလေးလည်း ပျောက်သွားသည်။

လုမင်က အချိန်နှင့်နေရာကို ဖြတ်သန်းနေသကဲ့သို့ ခံစားနေရသည်။ ဤခံစားချက်က ဟွင်းယွမ်နန်းတော်ကို သွားတုန်းကနှင့် အလွန်ဆင်တူ၏။ ဤခံစားချက်ကို ရရှိရန် ရှည်လျားသော ဟင်းလင်းပြင်ခရီးကို သူဖြတ်သန်းခဲ့ရပေသည်။

ရုတ်​တရက်​ သူ့တစ်​ကိုယ်​လုံး တုန်​ခါသွားသည်​။ လုမင်က လှေငယ်တစ်စင်းပေါ်တွင် ပေါ်လာသည်ကို တွေ့လိုက်ရ၏။

"ဒါက ဘယ်နေရာမှာလဲ"

လုမင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။

အရပ်မျက်နှာတိုင်းတွင် တိမ်နှင့် မြူခိုးများရှိနေပြီး ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူက အရှေ့၊ အနောက်၊ တောင်၊ မြောက် မခွဲခြားနိုင်သလို မြေကမ္ဘာနှင့် ကောင်းကင်ကိုလည်း မတွေ့ရပါ။

သူ့အောက်မှ တိမ်တိုက်ကြီးထဲတွင် လှေငယ်လေးတစ်စင်း မျောပါနေသည်။

"အစ်ကိုကြီးလုမင်"

ပူဖောင်းလေးလည်း အမှန်တကယ် ဝင်လာခဲ့လေသည်။ သူမက လုမင်အနားတွင် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

'အရင်မျိုးဆက် ဝိညာဉ်ကြွက်က ဟွင်းယွမ်ဂိုဏ်းရဲ့ နန်းတော်ရှင်တွေထဲက တစ်ဦးပဲ။ ဒါကြောင့် ပူဖောင်းလေးက ဟွင်းယွမ်တံဆိပ်ပြားမရှိဘဲ ဝင်ရောက်လာနိုင်တာဖြစ်ရမယ်'

လုမင်က တိတ်တဆိတ် တွေးလိုက်မိသည်။

"ဟွမ်လင်၊ လုံချန်"

လုမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဟွမ်လင်နှင့် လုံချန်တို့က လုမင်၏ ညာဘက်ခြမ်းတွင် ရှိနေသည်။ သူတို့ကလည်း ‌တိမ်တိုက်များကြားမှ လှေငယ်တစ်စင်းစီပေါ်တွင် ရပ်နေကြ၏။

"ဟွမ်လင်၊ ဖီးနစ်နန်းတော်ရဲ့ လူတစ်ယောက်‌ယောက်က အရင်ကဝင်ဖူးတယ်မဟုတ်လား။ ငါတို့ ဘာဆက်လုပ်ကြမလဲ"

လုမင်က မေးလိုက်သည်။

"မသိဘူး"

ဟွမ်လင်က ခေါင်းကိုခါယမ်းလိုက်၏။

"ကမ္မတိုက်ပွဲက ကျင်းပခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ အချိန်တိုင်းမှာ တစ်ယောက်ယောက်က ဟွင်းယွမ်တံဆိပ်ပြားကို ရရှိပြီး နောက်ဆုံးစမ်းသပ်မှုထဲ ပါဝင်ကြရတယ်။ ဒါပေမဲ့ ဝင်ရမယ့်နေရာက အချိန်တိုင်းမှာ မတူညီကြဘူး။ ဒါ​ကြောင့်​ ငါလည်း ဘာမှမပြောတတ်ဘူးဖြစ်နေတယ်"

"ဟုတ်တယ်၊ နတ်ဆင်ဂိုဏ်းမှာလည်း အလားတူ မှတ်တမ်းတွေကို တွေ့ဖူးတယ်။ ဟွင်းယွမ်ဂိုဏ်းရဲ့ နောက်ဆုံးစမ်းသပ်မှုမှာ ပါဝင်ရမယ့်နေရာက အကြိမ်တိုင်း မတူဘူး"

လုံချန်ကလည်း ပြောသည်။

"ဟွင်းယွမ်ဂိုဏ်းက ဘယ်လိုတည်ရှိမှုမျိုးဆိုတာကိုရော သိကြလား။ သူတို့က ကမ္မတိုက်ပွဲကို စီစဉ်နေပြီး ယွမ်လုတစ်ခုလုံးကို လွှမ်းခြုံနိုင်ကြတယ်"

လုမင်က ဤအချက်ကို အမြဲသိချင်နေခဲ့သည်။

"ဒဏ္ဍာရီအရတော့ ဟွင်းယွမ်ဂိုဏ်းဟာ ကောင်းကင်လောကရဲ့ ထိပ်တန်း အင်အားစုတွေထဲက တစ်ခုပဲ။ သူတို့က အရမ်းအစွမ်းထက်တယ်။ ယွမ်လုမှာ မရေမတွက်နိုင်တဲ့ အစွမ်းထက် ပညာရပ်တွေရှိပြီး အားလုံးလိုလိုက ဟွင်းယွမ်ဂိုဏ်းကနေ ဆင်းသက်လာတာလို့ဆိုနိုင်တယ်။ ကောလဟာလတွေအရတော့ ဟွင်းယွမ်ဂိုဏ်းက ဆက်ခံသူကို ရှာဖွေနေတာတဲ့"

ဟွမ်လင်က ရှင်းပြလေသည်။

"ဒါဆိုရင် ယွမ်လုတစ်ခုလုံးမှာရှိတဲ့ အလားအလာရှိတဲ့ လူငယ်အားလုံး နောက်ဆုံးစမ်းသပ်မှုကို ပါဝင်ကြမှာလား"

လုမင်က မေးလိုက်သည်။

"အဲဒီလိုတော့လည်း မဟုတ်ပါဘူး၊ ဟွင်းယွမ်ဂိုဏ်းက ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး တည်ရှိမှုတွေထဲက တစ်ခုဖြစ်ပေမဲ့ သူတို့ချည်းတော့ မဟုတ်ဘူး။ ဟွင်းယွမ်ဂိုဏ်းလောက် အစွမ်းထက်တဲ့ အခြားတည်ရှိမှုတွေလည်း ရှိသေးတယ်။ အဲဒီတည်ရှိမှုတွေနဲ့ပတ်သက်တဲ့ ပါရမီရှင်တွေကတော့ နောက်ဆုံးစမ်းသပ်မှုမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့လည်း ကြောက်စရာကောင်းတဲ့ အရည်အချင်းနဲ့ အလားအလာရှိတဲ့ ပါရမီရှင်အများကြီး ပါဝင်လိမ့်မယ်"

ဟွမ်လင်က ရှင်းပြလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ ဤတစ်ကြိမ်တွင်၊ ယွမ်လုနစ်ခွင်မှ ပါရမီရှင် အများအပြားကို တွေ့နိုင်မည် ဖြစ်သည်။ ဟွင်းယွမ်တံဆိပ်ပြားကို ရရှိနိုင်သူတိုင်းက ပါရမီရှင်များကြားမှ အသန်မာဆုံး တည်ရှိမှုများ ဖြစ်၏။

ထိုအထဲမှ ပါရမီရှင်အချို့ဆိုလျှင် စိတ်ကူးမယဉ်နိုင်သောအဆင့်သို့ ရောက်ရှိသွားနိုင်သည်။

"ငါတို့ဘာဆက်လုပ်ကြမလဲ"

လုံချန်က မေးလိုက်သည်။

"ရှေ့ကိုပဲ ဆက်သွားကြတာပေါ့၊ ငါတို့ရဲ့ လှေသုံးစင်းကလည်း ဦးတည်ရာတစ်ခုကိုပဲ ဦးတည်နေတာ... ရှေ့ကို ဆက်သွားကြရအောင်"

လုမင်က အကြံပြုလိုက်သည်။

ဟွမ်လင်နှင့် လုံချန်တို့လည်း ခေါင်းညိတ်လိုက်ကြလေသည်။ သူတို့သုံးယောက်က သူတော်စင်စွမ်းအားများကို လှေဆီသို့ ပို့လွှတ်လိုက်သောအခါ၊ လှေက ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။

ဤနေရာက အကန့်အသတ် မရှိ၊ ဦးတည်ချက်မရှိခဲ့ပါ။ ကုန်းမြေ သို့မဟုတ် ကြယ်ရောင်စုံသော ကောင်းကင်ကြီးလည်း မရှိခဲ့ပေ။ သူတို့ သုံးယောက်က ဤအတိုင်းပင် ရှေ့ကို ဆက်သွားနေခဲ့ကြသည်။

သို့သော်၊ ရက်အနည်းငယ်ကြာပြီးသည့်တိုင် သူတို့က ဘာမှ ရှာမတွေ့သေးပေ။ ပတ်ဝန်းကျင်က တိမ်များ၊ မြူမှုန်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ ၎င်းက အဆုံးမရှိသကဲ့သို့ဖြစ်ပြီး အကန့်အသတ်မရှိပေ။

ကံကောင်းထောက်မစွာဖြင့် သူတို့သုံးဦးက အလွန်စိတ်ရှည်ကြသည်။ သူတို့က အလိုမလိုဘဲ လှေပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်ရင်း ရှေ့ဆက်သွားကြလေသည်။

တစ်ဖက်တွင်၊ ပူဖောင်းလေးက အစပိုင်းသာ သိချင်စိတ်ဖြစ်ပေါ်နေခဲ့သည်။ နေရာတိုင်းတွင် တိမ်တိုက်များမှလွဲ၍ ဘာမျှမရှိမှန်း သိလိုက်သောအခါတွင် ပျင်းရိငြီးငွေ့စွာဖြင့် လှေပေါ်၌ လှဲချကာ အိပ်ပျော်သွားလေတော့သည်။

အချိန်များ စီးဆင်းလာပြီး တစ်နေ့ပြီးတစ်နေ့ ကုန်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကြာသွားပြီ။ သူတို့က တိမ်ထဲတွင် ဖြတ်သန်းသွားနေဆဲ ဖြစ်သည်။

"ကြည့်ကြစမ်း၊ အဲဒါက ဘာလဲ"

ရုတ်တရက်၊ ဟွမ်လင်က အံ့အားသင့်စွာ အော်လိုက်သည်။

လုမင်နှင့် လုံချန်တို့လည်း ကြည့်လိုက်ကြ၏။

အဆုံးမဲ့တိမ်တိုက်များကြားတွင် ကြီးမားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ထိုပုံရိပ်က တိမ်တိုက်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ ၎င်း၏ ကောင်းကင်ထက် မြင့်မားပြီး တုနှိုင်းမရလောက်အောင် ကြီးမား၏။ အဆုံးမဲ့တိမ်တိုက်များက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားခဲ့သည်။

"ဒါကဘာလဲ..."

သုံးယောက်သား မျက်မှောင်ကြုတ်သွားကြသည်။ ပုံရိပ်သည် အလွန်ကြီးမား၏။ မီတာတစ်သောင်းမြင့်မားသောတောင်တစ်လုံးကဲ့သို့ ပုံရိပ်ကြီး၏ရှေ့တွင် သူတို့က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဓားစိတ်ဆန္ဒလဲ"

သူတို့က နီးကပ်လာလေလေ၊ ထိုပုံရိပ်က ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်ဟု ခံစားလာရလေလေပင်။ ၎င်းက ကောင်းကင်နှင့်မြေကြီးကို ခွဲထွက်သွားသလိုပင် ဖြစ်သည်။

သေချာတာကတော့ ၎င်းမှာ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုပင်။

သို့ရာတွင် ထိုရုပ်က မလှုပ်ရှားဘဲ ထိုနေရာတွင် ထိုင်နေခဲ့သည်။

"မဟုတ်သေးဘူး၊ အဲဒါက ပုံရိပ်တစ်ခုပဲ... အစစ်အမှန် ခန္ဓာကိုယ်မဟုတ်ဘူး"

လုမင်က သေသေချာချာကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။ ဤပုံရိပ်က အစစ်အမှန်မဘဲ စိတ်ကူးယဉ်ပုံရိပ်တစ်ခုသာ ဖြစ်နေခဲ့လေသည်။

ဟွမ်လင်နှင့် လုံချန်က သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ထိုပုံရိပ်က သူတို့ကို ကြီးမားသော ဖိအားများ ပေးခဲ့၏။ ၎င်း၏ အသက်ရှူထုတ်ရုံဖြင့် သူတို့ သေဆုံးသွားနိုင်သလို ခံစားခဲ့ရပေသည်။

"ဓားလမ်းစဥ်ကို လျှောက်လှမ်းသူတစ်ယောက်သာ ဒီကိုရောက်လာမယ်ဆိုရင် ဒါက အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာမှာ သေချာတယ်"

ဟွမ်လင်က ပြောလိုက်သည်။

ဓားလမ်းစဉ်ကို လျှောက်လှမ်းသူတစ်ယောက်က ဤနေရာကိုရောက်လာပြီး ဓားစိတ်ဆန္ဒကို နားလည်နိုင်မည်ဆိုလျှင် သူတို့ တစ်ခုခုတော့ သေချာပေါက် ရရှိနိုင်လိမ့်မည်။

သို့သော်၊ သူတို့သုံးဦးတွင် မည်သူမျှ ဓားလမ်းစဉ်ကို အထူးမပြုပါ။ သဘာဝအားဖြင့် ဒါက သိပ်အသုံးမဝင်ခဲ့ပေ။

သူတို့ သုံးယောက်က လှေကိုထိန်းချုပ်ပြီး ကွေ့ပတ်ကာ ရှေ့ကို ဆက်သွားခဲ့ကြသည်။

သို့သော်လည်း မကြာမီပင် သူတို့က နောက်ထပ် ရုပ်ပုံလွှာတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းကလည်း အနှိုင်းမဲ့ကြီးမားပြီး အလွန်ကြွယ်ဝသော သတ္တု အရှိန်အဝါကို ထုတ်လွှတ်နေ၏။

သို့ပေသော်ငြား၊ သူတို့သုံးယောက်အတွက်ကတော့ သိပ်အသုံးမဝင်ပါ။ သူတို့ သုံးယောက်က ရှေ့ကိုဆက်လာခဲ့ကြသည်။

နောက်ရက်အနည်းငယ်တွင် သူတို့က တိမ်တိုက်များနှင့် မြူခိုးများကြားတွင် ဆိုင်းငံ့ထားကာ အရှိန်အဝါမျိုးစုံ ထွက်ပေါ်နေသော ဧရာမပုံရိပ်ကြီးငါးခုနှင့် ကြုံတွေ့ခဲ့ရလေသည်။

All Chapters