← Chapters

အခန်း ၁၇၇၄

Vol. 119 Ch. 1774

အခန်း ၁၇၇၄

Vol. 119 Ch. 1774

အပိုင်း ( 1774 ) နောက်ဆုံး စမ်းသပ်မှု။

မိန်းမငယ်လေး ထွက်သွားပြီးနောက် လုမင်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

ဤသည်မှာ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ကျောက်တုံးအိမ်တစ်လုံး ဖြစ်သည်။ အခန်းထဲတွင် ကုတင်နှင့် စားပွဲကလွဲလို့ ဘာမှ မရှိဘဲ အလွန်ရိုးရှင်း၏။

"ငါ ဘယ်နေရာကို ရောက်နေတာလဲ"

လုမင် အံ့ဩသွားသည်။

သူမှတ်မိသည်မှာ၊ သူသည် ဟွင်းယွမ်ဂိုဏ်း၏ စမ်းသပ်မှုကို ခံယူနေခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အလင်းတံခါးပေါက်တစ်ခုသို့ ဝင်ရောက်ကာ သတိလစ်သွား၏။ သူပြန်နိုးလာသည့်အခါ ဤနေရာကို မည်သို့ရောက်နေသနည်း။

'ဒါက နောက်ဆုံးစမ်းသပ်မှု ဖြစ်နိုင်သလား။ ဒါပေမဲ့ ဒီစမ်းသပ်မှုက ဘာလဲ'

လုမင်က သူ့ကိုယ်သူ ကြည့်လိုက်သောအခါ ပတ်တီးအပြည့်ဖြစ်နေကြောင်း‌ တွေ့လိုက်ရပြန်သည်။ လုမင် ဘာပြောရမည်မှန်း မသိတော့ပေ။

သူက ဒဏ်ရာအပြင်းအထန် ရရှိထားတာ သေချာသည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးသွားပြီး ကြွက်သားများလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့၏။ စူးစူးရှရှ နာကျင်မှုများလည်း အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ထို့ပြင်၊ လုမင်က သူ့ခန္ဓာကိုယ်ထဲတွင် သူတော်စင်စွမ်းအား အရိပ်အယောင်မျှပင် မရှိသည်ကို တွေ့ရှိခဲ့ရသည်။ နိယာမများကလည်း ထိန်းချုပ်ရန် မဆိုထားဘိ၊ ဆင့်ခေါ်၍ပင် မရပေ။

ယခုအခါ သူက ပြင်းထန်စွာ ဒဏ်ရာရနေသော သာမန်လူတစ်ဦးထက် မပိုတော့ပါ။

'ဒါက တကယ်ကို နောက်ဆုံး စမ်းသပ်မှုပဲလား'

လုမင်မှာ အတော်လေး ဆွံ့အနေမိသည်။

ထိုအချိန်တွင် ခြေသံများ ထွက်ပေါ်လာပြီး လူအနည်းငယ် ဝင်လာသည်။

အရပ်အမောင်းမြင့်မားပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်မာသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်၏။ သူ၏ လက်များက အလွန်ကြံ့ခိုင်သလို အမာရွတ်များဖြင့် ဖုံးလွှမ်းထားသည်။ သူ့နံဘေးမှာလည်း လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ရှိသေးသည်။

သူတို့နောက်မှာ လိုက်လာသူကတော့ အစောပိုင်းမှ ချစ်စရာကောင်မလေး ဖြစ်သည်။

"ညီငယ်လေး၊ နောက်ဆုံးတော့ မင်း နိုးလာပြီ။ မင်းသတိလစ်နေတာ သုံးရက်သုံးညရှိပြီ"

လူလတ်ပိုင်းအရွယ်က အမျိုးသားက ပြောလိုက်သည်။

"သုံးရက်နဲ့သုံးညလား"

လုမင်က ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။ ဤအကြောင်းများကို သူ လုံးဝ မစဉ်းစားနိုင်ပေ။

"အစ်ကိုကြီး၊ ကျုပ် ဘာဖြစ်သွားတာလဲ။ ကျုပ်က ဘယ်လိုလုပ်ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တာလဲ"

လုမင်က မေးလိုက်သည်။

သူက သေချာမသိသောကြောင့် အခြေအနေကို မေးမြန်းရာမှ သဲလွန်စအချို့ကို ရှာနိုင်သည်။

"ကျွန်မရဲ့ အဖေက သားရဲနတ်ဘုရားတောင်တန်းမှာ အမဲလိုက်နေတုန်း ရှင့်ကို တွေ့ခဲ့တာ... အဲဒီတုန်းကဆိုရင် ရှင်က ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်နေတယ်လေ။ ရှင့်ကို ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေက တိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်မယ်။ ရှင်က တကယ်သတ္တိကောင်းတယ်... သားရဲနတ်ဘုရားတောင်တန်းကို တစ်ယောက်တည်း သွားဝံ့တယ်"

လူလတ်ပိုင်းအမျိုးသားက စကားမပြောနိုင်မီ၊ မိန်းမငယ်လေးက ဝင်ပြောလိုက်သည်။

"သားရဲနတ်ဘုရားတောင်တန်းလား"

လုမင် စိတ်ရှုပ်ထွေးသွားသည်။ ဒီအကြောင်းများကို သူ မမှတ်မိပေ။

ဒါကို ဝတ်စုံဖြူဝတ် အဘိုးအိုက စီစဉ်ထားတာ ဖြစ်နိုင်သည်။

ဒါက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်လိမ့်မည်။ ဤသည်မှာ နောက်ဆုံးစမ်းသပ်မှုဖြစ်သင့်သော်လည်း မည်သည့်အရာကို စမ်းသပ်ခြင်း ဖြစ်သနည်း။

လုမင်က အလွန် အံသြသွားသည်။ အဘယ်ကြောင့် ဤကဲ့သို့ စီစဉ်ရသည်ကို သူနားမလည်နိုင်ပေ။

"ညီငယ်လေး၊ အေးအေးဆေးဆေး ‌နားနေပါ။ မင်းရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်။ မင်း အပြည့်အဝ ပြန်ကောင်းလာဖို့ အချိန်အတော်ကြာလိမ့်ဦးမယ်။ နောင်မှာ တစ်ခုခု လိုအပ်ရင် ငါ့ကို ပြောလိုက်ပါ"

လူလတ်ပိုင်း အမျိုးသားက ရိုးသားသော အမူအရာဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ကျုပ်အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး"

လုမင်က လက်ယှက်ပြရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း သူ့လက်ကို ရွှေ့လိုက်သည်နှင့် ဒဏ်ရာများက ဟသွား၏။ ပြင်းထန်သော နာကျင်မှုကြောင့် အသက်ကိုပြင်းပြင်းရှူလိုက်မိသည်။

"ညီငယ်လေး၊ မလှုပ်နဲ့ဦးလေ။ မင်း ပြန်ကောင်းလာဖို့ပဲ အာရုံစိုက်ပါ"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြလိုက်သည်။

ထို့နောက်တွင် လူလတ်ပိုင်း အမျိုးသားနှင့် လူလတ်ပိုင်း အမျိုးသမီးက ထွက်ခွာသွားလေသည်။ မိန်းမငယ်လေးကတော့ အပြင်ဘက်မှ ဆေးတစ်ခွက် ယူလာပြီး လုမင်ကို တိုက်လိုက်သည်။

"မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"

လုမင်က မေးလိုက်သည်။

"ကျွန်မရဲ့ နာမည်က ရှားဟွာပါ၊ ကျွန်မရဲ့ အဖေက ရှားဟူ။ အစ်ကိုကြီးကကော... နာမည်ဘယ်လိုခေါ်လဲ "

ရှားဟွာက လုမင်ကိုကြည့်ရင်း မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။ လုမင်က သားရဲနတ်ဘုရားတောင်တန်းသို့ တစ်ယောက်တည်း သွားရောက်ရသည့်အကြောင်း သူမ အလွန်သိချင်နေသေးသည်။ ထိုနေရာက အလွန်အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။

"ငါက လုမင်ပါ"

လုမင်က ပြောလိုက်သည်။

"လုမင်လား၊ ကျွန်မက ရှင့်ကို အစ်ကိုလုလို့ ခေါ်မယ်နော်။ အဖေ့ရှေ့မှာမဟုတ်ရင် ဦးလေးလို့ မခေါ်ချင်ဘူး။ အစ်ကိုကြီးက အသက်ကြီးပုံလည်းမရသေးပါဘူး"

ရှားဟွာက ခပ်တိုးတိုးလေး ပြော၏။

"အဆင်ပြေပါတယ်"

လုမင် ပြုံးလိုက်လေသည်။

...........

ထို့နောက် လုမင်သည် ဤနေရာတွင် ပြန်လည်ကုသနေခဲ့သည်။

ရက်များ ကြာလာသည်နှင့်အမျှ၊ လုမင်၏ ဒဏ်ရာများမှာ တဖြည်းဖြည်း သက်သာလာခဲ့သည်။

လဝက်ကြာပြီးနောက် လုမင်က အိပ်ရာမှထပြီး လမ်းလျှောက်နိုင်ခဲ့၏။

ကျောက်တုံးအိမ်လေးရှေ့တွင် လုမင်က နံရံကိုမှီပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ဤဒေသတွင် ကျောက်တုံးအိမ်များ အများကြီးရှိသည်။ လုမင်လည်း မျိုးနွယ်စုတစ်ခုဖြစ်သည်ကို သိလိုက်ရလေသည်။

ဤမျိုးနွယ်စုတွင် လူမများဘဲ လူတစ်ထောင်ခန့်သာ ရှိသည်။ သူတို့က အလွန်ရိုးရှင်းပြီး အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းကြ၏။ လုမင်လည်း ရှေးခေတ်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

သို့ရာတွင်၊ လုမင်ကို အံ့ဩစေသည်မှာ ဤမျိုးနွယ်စုမှ လူများက အလွန်သန်မာကြသည်။ အရွယ်ရောက်ပြီးသော အမျိုးသားများ၏ ခွန်အားက ပထမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သည်။ သူတို့ထဲမှ တချို့က ပိုတောင် သန်မာကြ၏။ ရှားဟွာ၏ ဖခင်၊ ရှားဟူဆိုလျှင် သူတော်စင်နယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။

သူတို့က အဖွဲ့ဖွဲ့ပြီး အမဲလိုက်လေ့ရှိသည်။ နောက်ဆုံးအကြိမ်က၊ လုမင်ကို သားရဲနတ်ဘုရားတောင်တန်းတွင် အမဲလိုက်အဖွဲ့မှ တွေ့ရှိခဲ့ခြင်းပင်။

အစပိုင်းတွင် လုမင်က ဤနေရာအကြောင်းကို ပိုမိုသိရှိနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ စမ်းသပ်မှုက ဘာလဲဆိုတာကို သိချင်မိ၏။ သို့သော်လည်း ရက်တွေကြာလာသည်နှင့်အမျှ လုမင်က မျိုးနွယ်စုထဲသို့ ပေါင်းစည်းသွားပုံရပြီး စမ်းသပ်မှုကို မေ့လုနီးပါးဖြစ်ခဲ့ရသည်။

"ညီငယ်လေးလုရေ... ထကွ၊ ဒီအရက်အိုးက မင်းအတွက် ယူလာခဲ့တာ။ ဒါကို ဆေးပင် ဆယ့်ရှစ်မျိုးနဲ့ ငါကိုယ်တိုင် ချက်ထားတာလေ။ မင်းရဲ့ခန္ဓာကိုယ်အတွက် အရမ်းအာဟာရဖြစ်စေပြီး မင်းပြန်ကောင်းလာဖို့ ကူညီပေးနိုင်တယ်"

အရက်အိုးတစ်လုံးကို ကိုင်ထားသော ဆံပင်ဖြူအဘိုးကြီးတစ်ဦးက လုမင်ထံသို့ ရောက်ရှိလာကာ အပြုံးဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးလီ"

လုမင်က လှမ်းယူရင်း အပြုံးဖြင့် ကျေးဇူးတင်စကားဆိုလိုက်လေသည်။

"ဟားဟားဟား၊ ယဉ်ကျေးနေစရာမလိုပါဘူး။ မင်း မကြာခင် ပြန်ကောင်းလာလိမ့်မယ်"

အဘိုးအိုက ရယ်မောပြီး ပြန်လည်ထွက်ခွာသွားသည်။

ထို့နောက် မျိုးနွယ်စုမှ အခြားလူများကလည်း လုမင်၏ ခန္ဓာကိုယ်ကို အားရှိစေရန်အတွက် အစွမ်းထက် သားရဲအသားများကို ယူဆောင်လာကြသည်။

ဤမျိုးနွယ်စုမှ လူများက အရမ်းရိုးသားသည်။ ဤအဖြစ်မျိုးက မကြာခဏ ဖြစ်တတ်ပေသည်။

လုမင်လည်း မျိုးနွယ်စုထဲသို့ တဖြည်းဖြည်း ပေါင်းစည်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် လဝက်ကြာသွားပြီ။

လုမင်၏ ဒဏ်ရာက ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ပိုကောင်းလာသည်။ ထိုအချိန်တွင်၊ သူတော်စင်စွမ်းအင် အရိပ်အယောင်က သူ့ခန္ဓာကိုယ်ထဲတွင် ပေါ်လာခဲ့၏။

လုမင် အလွန်ဝမ်းသာသွားသည်။ သူ၏ သူတော်စင်စွမ်းအင် ပြန်လည်ကောင်းမွန်လာပါက၊ မိမိကိုယ်ကို ကာကွယ်နိုင်ပြီး စမ်းသပ်မှု၏အကြောင်းကို သိရှိရန် ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်သည်။

အချိန်များ ကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်က မျိုးနွယ်စုထဲမှာ နှစ်လခန့် နေထိုင်ခဲ့ပြီးပြီ။

ယခုတော့ သူ့ဒဏ်ရာများက အပြည့်အဝ သက်သာလာပြီ ဖြစ်သည်။

သို့ရာတွင်၊ လုမင်ကို အံ့အားသင့်စေသည့်အရာမှာ သူ၏ ကျင့်ကြံမှုက အပြည့်အဝ ပြန်လည်ကောင်းမွန်လာမှုမရှိခြင်းပင်။ ယခုအခါ သူက တိုက်ပွဲစင်မြင့်၌ တိုက်ပွဲဝင်နေသကဲ့သို့ အနေအထားတွင် ရှိနေဆဲ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုနှင့် နိယာမ စွမ်းအင် အားလုံးကို တံဆိပ်ခတ်ထား၏။

သူက ပန်လုံလှံသိုင်းကိုသာ အသုံးပြုနိုင်သေးသည်။ သူ၏ သူတော်စင်စွမ်းအင် အဆင့်ကလည်း တောက်ပသော သူတော်စင်နယ်ပယ် အဆင့်နိမ့်တွင် ရှိနေဆဲ ဖြစ်သည်။

'နှစ်လရှိပြီ။ ဒီတစ်ခါ စမ်းသပ်မှုက တကယ်ကို ဘာများဖြစ်မလဲ'

လုမင်လည်း နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"ဒုံ... ဒုံ... ဒုံ..."

ရုတ်တရက်၊ မျိုးနွယ်စုထဲတွင် ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ ယင်းက စစ်ပွဲဗုံသံပင်။

"မိစ္ဆာနတ်ဆိုး၊ မိစ္ဆာနတ်ဆိုးတွေရောက်လာပြီ။ ရန်သူကို ရင်ဆိုင်ဖို့ အသင့်ပြင်ကြ"

ကျယ်လောင်သော ဟိန်းဟောက်သံက မျိုးနွယ်စုတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"မိစ္ဆာနတ်ဆိုးတွေ ရောက်လာပြီ"

ရှားဟွာ၏ မျက်နှာလေးမှာလည်း အနည်းငယ် ဖြူဖျော့သွားသည်။

"မိစ္ဆာနတ်ဆိုးဆိုတာက ဘာလဲ"

လုမင်က မေးလိုက်သည်။

"မိစ္ဆာ... မျက်လုံးသုံးလုံး မိစ္ဆာတွေ၊ ဒီမိစ္ဆာနတ်ဆိုးတွေက တခြား နယ်မြေတွေမှာ ဖျက်ဆီးမှုတွေ ပြုလုပ်နေတယ်လို့ ကြားဖူးတယ်။ သူတို့တွေ ဒီနေရာကို ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး"

ရှားဟွာ၏ မျက်နှာလေးက ဖြူဖျော့နေလေသည်။ သို့ရာတွင်၊ သူက အံကြိတ်ပြီး အမြန်ပြေးထွက်သွားခဲ့သည်။

လုမင်လည်း နောက်မှ ပြေးလိုက်သွားပေသည်။

သူတို့ ပြေးထွက်လိုက်သည်နှင့် တပြိုင်နက် လုမင်သည် ကောင်းကင်တွင် အရပ်မြင့်မြင့်၊ ထွားထွားကျိုင်းကျိုင်း ပုံရိပ်များကို တွေ့လိုက်ရသည်။ ဤပုံရိပ်များကို အနက်ရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထား၏။ ၎င်းတို့၏ မျက်ခုံးနှစ်ခုကြားမှာလည်း မျက်လုံးတစ်လုံး ရှိသေးသည်။

မျက်လုံးသုံးလုံး နတ်မျိုးနွယ်။

လုမင် အံ့သြသွားသည်။ ဤသည်မှာ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဖြစ်ကြောင်း သိသာထင်ရှား၏။ လုမင်က ၎င်းတို့ကို အကြိမ်ကြိမ် မြင်ဖူးသောကြောင့် ကောင်းစွာ သိနေသည်။

"သတ်၊ ဒီပုရွက်ဆိတ်တွေကို သတ်ပစ်ကြ"

အေးတိအေးစက် အသံတစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။

All Chapters