အခန်း ၁၇၇၅
Vol. 119 Ch. 1775
အပိုင်း ( 1775 ) အချုပ်အနှောင် ကျိုးပေါက်ခြင်း။
"သတ်"
"သတ်"
သတ်ဖြတ်ရန် ကြိမ်းမောင်းပြောဆိုသံများကို ကြားလိုက်ရသည်။ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက ကောင်းကင်မှ ဆင်းသက်လာပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။
"တားဆီးကြ"
မျိုးနွယ်စုရှိ ကျွမ်းကျင်သူတချို့က ၎င်းတို့၏လေးများကိုကိုင်ကာ တိုက်ခိုက်မှုများကို တားဆီးရန် ကြောက်မက်ဖွယ်ကောင်းသော မြှားများကို ပစ်လွှတ်လိုက်ကြသည်။
"မင်းတို့ သေချင်နေတာပဲ"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦးက အေးစက်စက် ပြောလိုက်သည်။ သူက လက်တစ်ဖက်ကို ဆန့်တန်းပြီး ဖမ်းဆုပ်ဟန်ပြုလိုက်၏။ ဧရာမ လက်ကြီးတစ်ဖက် ပေါ်လာပြီးနောက် မျိုးနွယ်စုမှ လူများကို ဆုပ်ကိုင်လာတော့သည်။
"ဟန့်တားကြ"
မျိုးနွယ်စုတွင် အင်အားအကောင်းဆုံးက အမဲလိုက်အဖွဲ့ ဖြစ်သည်။ ၎င်းတို့က ခြေတစ်ချက်ဆောင့်ပြီး ကောင်းကင်သို့ ခုန်တက်သွား၏။ လက်နက်မျိုးစုံကို အသုံးပြုပြီး ဧရာမလက်ကြီးကို ခုတ်ပိုင်းလိုက်တော့သည်။
"မကောင်းတော့ဘူး"
လုမင် ရင်ထိတ်သွားသည်။
ဧရာမ လက်ဝါးကြီးကို ထုတ်ဖော်လိုက်သော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်၏ အရှိန်အဝါအရ မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ။ မျိုးနွယ်စုမှာတော့ အသန်မာဆုံး အကျော်အမော်ပင်လျှင် တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သာ ဖြစ်သည်။ သူတို့က ၎င်းကိုတားဆီးရန် လုံးဝ မဖြစ်နိုင်ပေ။
မျှော်လင့်ထားသည့်အတိုင်းပင်၊ လူမျိုးနွယ်စုမှ ကျွမ်းကျင်သူများက ဧရာမလက်ကြီးကို ထိပ်တိုက်တွေ့မိသောအခါ သူတို့၏ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ သူတို့အားလုံး သွေးအန်ကာ မြေပေါ်သို့ ပြန်လည်ပြုတ်ကျသွားတော့သည်။
"ဝုန်း"
ဧရာမလက်ကြီးက ဆက်လက်ဆင်းသက်လာကာ မျိုးနွယ်စုမှ ကျွမ်းကျင်သူအချို့ကို ဖမ်းဆုပ်လိုက်သည်။ လက်ကြီးက ဖိညှစ်လိုက်သောအခါ ထိုကျွမ်းကျင်သူများက ကြေမွသွား၏။
"ဆုတ်... ဆုတ်ကြ"
မျိုးနွယ်စုမှ ကျွမ်းကျင်သူ တစ်ယောက်က လှမ်းအော်လိုက်သည်။ တစ်ဖက်လူသည် အလွန်အားကောင်း၏။ သူတို့မျိုးနွယ်စုတစ်၏ အင်အားဖြင့် လုံးဝ မယှဉ်နိုင်ပေ။ ဆက်လက် တိုက်ခိုက်ပါက သူတို့အားလုံး သေသွားမည် ဖြစ်သည်။
"မင်းတို့ထဲက တစ်ယောက်မှ မလွတ်နိုင်ဘူး။ သူတို့ကို ဝိုင်းထားကြ"
မျက်စိသုံးလုံး နတ်မျိုးနွယ်ဝင် မဟာသူတော်စင်က အေးစက်စက် အော်လိုက်သည်။
ကောင်းကင်ယံ၌ ပုံရိပ်များ လင်းလက်လာသည်။ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ ထပ်မံပေါ်လာပြီး သူတို့မျိုးနွယ်စုကို ဝန်းရံထားလိုက်တော့သည်။
ထို့နောက်တွင် နောက်ထပ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ ထွက်လာပြီး မျိုးနွယ်စုထဲသို့ ပြေးဝင်သွားကြသည်။ သူတို့၏ အရှိန်အဝါများက အလွန်အားကောင်းသည်။ ၎င်းတို့ထဲမှ အချို့က သူတော်စင်နယ်ပယ်တွင်ရှိကြ၏။ အချို့မှာ အဆင့်မြင့် သိုင်းအုပ်ချုပ်သူနှင့် သူတော်စင်တစ်ပိုင်းတို့ ဖြစ်ကြသည်။
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက ပုဆိန်များကို ကိုင်ဆောင်ကာ ပြင်းပြင်းထန်ထန် ခုတ်ထစ်လိုက်ကြသည်။ လူမျိုးနွယ်စုဝင်များ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံခဲ့ရ၏။ သွေးညှီနံ့က လေထဲတွင် လှိုင်တက်လာတော့သည်။
"ဝှစ်... ဝှစ်..."
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ၏ တတိယမျက်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အလင်းတန်းများ ထွက်လာသည်။ လူမျိုးနွယ်စုဝင်များဘက်က တစ်ဦးမှ ၎င်းတို့ကို မတားဆီးနိုင်ပေ။ မျိုးနွယ်စုဝင်များ တစ်ယောက်ပြီးတစ်ယောက် ထိုးဖောက်ခံရပြီး သတ်ဖြတ်ခံခဲ့ကြရသည်။
ရိုးရှင်းပြီး အေးချမ်းသော မျိုးနွယ်စုလေးက ချက်ချင်းပင် လောကငရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ငါ့ရဲ့ ကျင့်ကြံမှု၊ ငါ့ရဲ့ တိုက်ခိုက်မှုစွမ်းရည့်
လုမင်၏ မျက်လုံးများက ဒေါသတို့ ပြည့်နှက်လာသည်။ သူ့ခန္ဓာကိုယ်တွင်း၌ သူတော်စင်စွမ်းအင်က အရူးအမူး လှည့်ပတ်နေ၏။ သို့သော်လည်း သူဟာ တောက်ပသော သူတော်စင်တစ်ပါး၏ ခွန်အားကိုသာ ထုတ်လွှတ်နိုင်ခဲ့သည်။ သူက လှံရှည်တစ်ချောင်းကို ဖွဲ့စည်းကာ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် အနည်းငယ်ကို သတ်ပစ်လိုက်သည်။
သို့သော်လည်း၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက များလွန်းသဖြင့် အသုံးမဝင်ပေ။
မျိုးနွယ်စုက ဖရိုဖရဲ တိုက်ပွဲထဲသို့ ကျရောက်သွားသည်။
"သတ်"
ရှားဟူက အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သော ကျားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူက ဓားတစ်လက်ကို ကိုင်ဆွဲထားပြီး သူတော်စင်နယ်ပယ် နတ်မျိုးနွယ်ဝင်နှစ်ဦးကို သတ်ပစ်လိုက်၏။
"မင်း သေချင်နေတာပဲ"
မဟာသူတော်စင်နယ်ပယ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦးက လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ရှားဟူ လွင့်စဉ်သွားသည်။ တစ်ချိန်တည်းမှာပင်၊ တတိယမျက်လုံးမှ ဖျက်ဆီးခြင်း အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်၏။ ရှားဟူ၏ လက်တစ်ဖက်က ပြတ်ကျသွားတော့သည်။
"အဖေ"
ရှားဟွာက စိုးရိမ်ပူပန်စွာ အော်ဟစ်လိုက်သည်။
"သတ်"
ရှားဟူက ကျန်လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ကာ ဆက်လက် တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ဖျက်ဆီးခြင်းအလင်းက သူ့ပြိုင်ဘက်၏ မျက်လုံးမှ ထပ်မံထွက်ပေါ်လာ၏။
နှစ်ဘက်ကြားမှ အင်အားကွာခြားချက်က အလွန်ကြီးမားသည်။ ရှားဟူက ဖျက်ဆီးခြင်းအလင်းတန်းနှစ်ခုကို အစွမ်းကုန် ခုခံတိုက်ခိုက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် သူ၏ဓားက ကွဲကြေသွားကာ သူ့ခန္ဓာကိုယ်လည်း ဖျက်ဆီးခြင်းအလင်းကြောင့် ပေါက်ကွဲသွားတော့သည်။
"အဖေ..."
ရှားဟွာက ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်သည်။
"သေစမ်း"
လုမင်လည်း သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်မိသည်။ ရှားဟူက သူ့ကို သားရဲနတ်ဘုရားတောင်တန်းမှ ပြန်ခေါ်လာခဲ့ပြီး သူ့ဒဏ်ရာများကို ကုသပေးခဲ့သည်။ သူသည် အလွန်ရိုးသားသော လူတစ်ယောက် ဖြစ်၏။ လွန်ခဲ့သည့်နှစ်လတွင်၊ လုမင်က ရှားဟူကို သူ၏ သူငယ်ချင်းနှင့် မိသားစုဝင်အဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။
ယခုမူ၊ ရှားဟူက သူ့ရှေ့မှာတင် သေဆုံးသွားခဲ့ပြီ။
"အမေ... မလုပ်နဲ့"
ရှားဟွာက ထပ်မံအော်လိုက်သည်။
ထိုအချိန်တွင် ရှားဟွာ၏မိခင်က ဓားတစ်လက်ကိုကိုင်ပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် တစ်ဦးဆီသို့ ဦးတည်သွားခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် ဖျက်ဆီးခြင်း အလင်းတန်းတစ်ခုကြောင့် ရှားဟွာ၏မိခင်လည်း သေဆုံးသွားတော့သည်။
"အမေ..."
ရှားဟွာ အော််ဟစ်လိုက်သည်။ သူ့မျက်လုံးများက နီရဲလာသည်။ သူက လေးကိုလွှင့်ပစ်ပြီး ကျောပေါ်ရှိ ဓားရှည်ကို ဆွဲထုတ်ကာ ပြေးသွားခဲ့၏။
"ရှားဟွာ၊ မသွားနဲ့"
လုမင်လည်း အော်ပြောပြီး ရှားဟွာ၏နောက်ကို လိုက်သွားတော့သည်။
"ပုရွက်ဆိတ် သေစမ်း"
တောက်ပသော သူတော်စင်နယ်ပယ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦးက ရှားဟွာ၏ရှေ့တွင် ပေါ်လာပြီး ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။
လုမင် စိုးရိမ်သွားသည်။ သူက လျှပ်စီးလက်သကဲ့သို့ ရှားဟွာအရှေ့ကို ပြေးတက်သွား၏။ သူက လှံရှည်ဖြင့် တစ်ဖက်လူ၏ ပုဆိန်ကို ထိပ်တိုက် ရင်ဆိုင်လိုက်တော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လုမင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်သွားရသည်။
တစ်ဖက်လူကိုလည်း လုမင်က တွန်းလှန်နိုင်ပေသည်။
'နိယာမကို အသုံးမပြုနိုင်တော့ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို သိပ်ပြီး မထုတ်ဖော်နိုင်ဘူး'
လုမင် စိုးရိမ်လာသည်။
"ကောင်လေး၊ သေစမ်း"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က လုမင်ကို ထပ်မံတိုက်ခိုက်လိုက်သည်။
လုမင်က လှံရှည်ကိုကိုင်ပြီး ပြန်လည်တိုက်ခိုက်လိုက်၏။
ထိုအချိန်တွင် ရှားဟွာက ရှေ့သို့ ပြေးသွားပြန်သည်။
"ရှားဟွာ၊ အကျိုးမဲ့ မသေချင်စမ်းနဲ့"
လုမင်က တစ်ဖက်လူအား သူ့လှံရှည်ဖြင့် နောက်ပြန်ဆုတ်စေကာ ရှားဟွာအား ပြန်ဆွဲခေါ်လိုက်သည်။
"အစ်ကိုကြီး လု... ရှင် မြန်မြန်ထွက်သွားပါ။ ကျွန်မရဲ့ မိဘတွေကတော့ သေသွားပြီ။ ဒီလောကကြီးမှာ ဘာကိစ္စနဲ့ ဆက်နေရဦးမှာလဲ"
ရှားဟွာက ဝမ်းနည်းပူဆွေးစွာ ပြောလိုက်သည်။
"မင်းအသက်ရှင်ပြီး သူတို့အတွက် လက်စားချေရမယ်လေ"
လုမင်က အော်ဟစ်လိုက်၏။ ရှားဟွာ၏ ခန္ဓာကိုယ်ကလေးက ဆတ်ခနဲ တုန်သွားသည်။
"လက်စားချေမှာလား... အိပ်မက်နေလိုက်။ မင်းတို့အားလုံး သေရလိမ့်မယ်"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်နှစ်ဦးက လုမင်အား တိုက်ခိုက်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံးက တောက်ပသော သူတော်စင်နယ်ပယ် ကျင့်ကြံမှုအဆင့်ရှိ၏။ ၎င်းတို့အနက် တစ်ဦးမှာ တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့် ဖြစ်သည်။
ဖျက်စီးခြင်း အလင်းတန်းများက လုမင်ဆီသို့ အဆက်မပြတ် ပစ်လွှတ်လာခဲ့သည်။
လုမင်က လှံရှည်ကိုကိုင်ပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့၏။
သို့သော်လည်း လုမင်၏ လက်ရှိအင်အားက အကန့်အသတ် ရှိနေသည်။ တိုက်ခိုက်မှု အနည်းငယ်ဖြင့် သွေးများ အန်ထုတ်လိုက်ရကာ ထပ်ခါထပ်ခါ ဆုတ်သွားရတော့သည်။
ထိုအချိန်တွင် မျိုးနွယ်စုတစ်ခုလုံးက သွေးနှင့် မီးတောက်မီးလျှံများကြား နစ်မြုပ်သွားသည်။
မျိုးနွယ်စုအတွင်းရှိ လုမင်နှင့် ရင်းနှီးသူများကိုလည်း မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက သတ်ဖြတ်လိုက်ကြောင်း တွေ့လိုက်ရ၏။ တချို့ဆိုလျှင် အလောင်းတောင် မကျန်တော့ပေ။
လုမင်သည် သူ့ကို ဆေးအရက်များ မကြာခဏ ပေးလေ့ရှိသော ဦးလေးလီအား မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦးမှ ပုဆိန်ကြီးဖြင့် ထက်ခြမ်းခွဲထားသည်ကိုပင် တွေ့လိုက်ရသည်။
လုမင်ကို သားရဲအသားများ မကြာခဏ ပေးလေ့ရှိသော လူတစ်ဦးကိုလည်း မျက်စိသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦးမှ ခေါင်းဖြတ်သတ်လိုက်ကြောင်း တွေ့လိုက်ရ၏။
ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက အမှန်တကယ် နတ်ဆိုးများ ဖြစ်သည်။
လုမင်က သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများ ပွက်ပွက်ဆူနေပြီး မီးတောက်မီးလျှံအဖြစ်သို့ ပြင်းထန်စွာ လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။
အလွန်အေးစက်သော သတ်ဖြတ်ချင်စိတ်တစ်ခုက လုမင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။
"သေလိုက်စမ်း"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်နှစ်ဦးက လုမင်ကို ထပ်မံတိုက်ခိုက်လိုက်ကြသည်။
လုမင်က ရှားဟွာ၏ရှေ့တွင် ပိတ်ရပ်နေပြီး နောက်မဆုတ်တမ်း တိုက်ခိုက်လိုက်၏။
သို့သော်လည်း မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက အလွန်များသည်။ သူတို့အနောက်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက သူတို့ကို တိုက်ခိုက်လာတော့သည်။
"အစ်ကိုကြီး လု၊ ရှင်လွတ်မြောက်နိုင်မယ်ရင် မြန်မြန်ထွက်သွားပါ။ ကျွန်မအတွက် စိတ်မပူနဲ့"
ရှားဟွာက အော်ဟစ်လိုက်သည်။ သူမ၏ မျက်လုံးအိမ်မှ မျက်ရည်စက်အနည်းငယ် ကျလာသည်။ သူက နောက်လှည့်ပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦးဆီသို့ ပြေးသွား၏။
...မလုပ်နဲ့...
လုမင်က အော်လိုက်ချင်သော်လည်း သူ့အသံက လည်ချောင်းထဲမှာပင် ပျောက်ကွယ်သွားသည်။ သူ မည်မျှပင် အော်ဟစ်နေပါစေ၊ အသံ မထွက်လာပေ။
"ရွှပ်"
နှင်းပွင့်များက အရပ်ရပ်သို့ ပျံ့လွင့်သွားသည်။ ငယ်ရွယ်နုပျိုသော ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်က ပန်းကလေးတစ်ပွင့် ညှိုးနွမ်းသွားသလို ကြွေလွင့်သွားခဲ့ပြီ။
"အား...."
လုမင်က ရင်ခေါင်းသံဖြင့် အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်လာ၏။
ထိုအချိန်တွင် မျိုးနွယ်စုတစ်ခုလုံး ပျက်စီးလုနီးပါးဖြစ်နေပြီ ဖြစ်သည်။ မျိုးနွယ်စုဝင် သိပ်မကျန်တော့ပေ။
"သတ်... အားလုံးကို သတ်ပစ်၊ တစ်ယောက်မှ မကျန်စေနဲ့"
တစ်စုံတစ်ယောက်က ပုရွက်ဆိတ်များကို သတ်နေသလိုမျိုး အော်လိုက်သည်။
"ဝုန်း"
ဤအခိုက်တွင်၊ လုမင်ကို ချုပ်နှောင်ထားသော ကြိုးတချို့ ပြတ်တောက်သွားပုံရ၏။ လုမင်၏ အရှိန်အဝါက တဟုန်ထိုး တိုးတက်လာတော့သည်။