← Chapters

အခန်း ၁၇၇၇

Vol. 119 Ch. 1777

အခန်း ၁၇၇၇

Vol. 119 Ch. 1777

အပိုင်း ( 1777 ) အငှားဓားနှင့် လူသတ်ရန်။

သူတော်စင်စွမ်းအားက ပေါက်ကွဲထွက်လာပြီးနောက် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်ကို သတ်ပစ်လိုက်သည်။ သွေးများက အုတ်ဂူပေါ်ကို ဖြန်းပက်ကျသွား၏။

"ရှားဟူ... ရှားဟွာ၊ ငါ မင်းတို့အတွက် လက်စားချေပေးမယ်။ အခုချိန်ကစပြီး အပြင်ကမ္ဘာမှာ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တွေနဲ့ ငါတွေ့ရင် ကရုဏာမရှိဘဲ သတ်ပစ်မယ်"

လုမင်က ခပ်တိုးတိုး ပြောလိုက်သည်။ ဒါက သူ၏ ကတိစကားပင်။

ထို့နောက် လေထဲသို့ ပျံတက်ကာ အနောက်ဘက်သို့ ဦးတည်သွားသည်။

မကြာမီ၊ လုမင်က ​​မိုင်ရှစ်သောင်းခရီးကို ရောက်လာခဲ့သည်။

သူ့ရှေ့တွင် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ အများအပြား တပ်စွဲထားသော စခန်းတစ်ခု ရှိ၏။

လုမင်က တိမ်တိုက်များနောက်ကွယ်တွင် ငြိမ်သက်စွာ ရပ်နေသည်။ သူက တိတ်တဆိတ်ကြည့်ရင်း သူ့စိတ်ထဲမှ အစီအစဉ်တစ်ခုကို တွေးနေပေသည်။

ခဏကြာသောအခါ လုမင်က လှည့်ထွက်သွားသည်။

လုမင်က လက်လျှော့သွားခြင်းမဟုတ်ဘဲ ခွန်အားအချို့ကို ငှားယူလို၏။

ရန်သူများတွင် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျွမ်းကျင်သူများ ရှိသည်။ လုမင်၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းဖြင့် ၎င်းတို့ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။ ထို့ပြင် မဟာသူတော်စင်များ အများအပြား ရှိကောင်းရှိနိုင်သည်။

သူတစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်ခြင်းက ပညာမဲ့ရာကျလိမ့်မည်။

ဤနေရာက အတုအယောင်ဖြစ်ပြီး ပုံရိပ်ယောင်ဖြစ်နိုင်သော်လည်း အတိအကျ သူ မပြောနိုင်ပေ။ အကြောင်းမူ၊ အရာအားလုံးက စစ်မှန်လွန်းသောကြောင့် ဖြစ်သည်။ လုမင်က လက်ရှိအခြေအနေကို အစစ်အမှန် ဟုတ်မဟုတ် အတပ်မပြောနိုင်ပေ။

မကြာမီပင် လုမင်က သားရဲနတ်ဘုရားတောင်တန်းကို ရောက်လာသည်။

ယခင်က လုမင်သည် ​​မျိုးနွယ်စု၏ အမဲလိုက်အဖွဲ့နှင့်အတူ သားရဲနတ်ဘုရားတောင်ကို အကြိမ်ပေါင်းများစွာ လိုက်ခဲ့ဖူးသည်။ ထို့ကြောင့် သားရဲနတ်ဘုရားတောင်တွင် သွေးမျက်လုံး နတ်ဆိုးမျောက်များ အုပ်စုလိုက်ရှိနေကြောင်း သူသိထားပေသည်။

ဤနတ်ဆိုးမျောက်များက သွေးဆာပြီး အလွန်လက်စားချေတတ်ကြသည်။ သူတို့ကို နှောင့်ယှက်ဝံ့သည့် မည်သူ့ကိုမျှ လက်မလွှတ်တတ်ပေ။

ယခင်ကတော့ မျိုးနွယ်စု၏ အမဲလိုက်အဖွဲ့သည် ဤနတ်ဆိုးမျောက်များကို ရှောင်ရှားခဲ့သည်။

ယခုမူ၊ လုမင်က ဤနတ်ဆိုးမျောက်များ၏ ခွန်အားကို ငှားရန် လိုအပ်နေပြီ။

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သား‌ရဲနတ်ဘုရားတောင်သို့ ပြေးသွားခဲ့သည်။ မကြာမီ ချိုင့်ဝှမ်းတစ်ခုရှေ့သို့ သူရောက်လာသည်။

"ဂါး... ဂါး"

ချိုင့်ဝှမ်းအဝင်ဝတွင် မျောက်ကြီးနှစ်ကောင် ရှိသည်။ သူတို့၏ မျက်လုံးများက သွေးနီရောင်ဖြစ်ပြီး သူတို့၏ကိုယ်ခန္ဓာကလည်း သံမဏိကဲ့သို့ နက်မှောင်နေ၏။ ၎င်းတို့က ငါးမီတာကျော်မြင့်မားပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ရှိသည်။

၎င်းတို့က လုမင်ကို တွေ့လိုက်သည်နှင့် ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် ဟိန်းဟောက်ကာ တိုက်ခိုက်လာတော့သည်။

လုမင်၏ လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာခဲ့သည်။ ဓားတစ်ချက် ခုတ်ထစ်ခြင်းဖြင့် နတ်ဆိုးမျောက်တစ်ကောင် သေဆုံးသွား၏။

"ဂါး..."

အခြားတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဟိန်းဟောက်သံက အလွန်ကျယ်ပြီး ပဲ့တင်ထပ်သွားသည်။ ရုတ်တရက်၊ ချိုင့်ဝှမ်းတစ်ခုလုံး တုန်လှုပ်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များလည်း ထွက်ပေါ်လာကာ တောင်တန်းတစ်ခုလုံး တုန်ခါလာတော့သည်။

မရေမတွက်နိုင်သော သွေးမျက်လုံး နတ်ဆိုးမျောက်များက သံမဏိရေလှိုင်းကြီးကဲ့သို့ ချိုင့်ဝှမ်းအတွင်းမှ ပြေးထွက်လာခဲ့သည်။ မြေပြင်က ပြင်းထန်စွာ တုန်ခါသွား၏။

"သတ်"

လုမင်က အော်ဟစ်ပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အစွမ်းကုန်ထုတ်ဖော်လိုက်သည်။ သူက လက်ညှိုးတစ်ချက်ညွှန်လိုက်သောအခါ ကြီးမားသော လက်ချောင်းကြီးက သွေးမျက်လုံး နတ်ဆိုးမျောက်အုပ်ထံသို့ ထိုးဖောက်သွား၏။

ခဏချင်းမှာပင် သွေးမျက်လုံး နတ်ဆိုးမျောက်များစွာ၏ ခန္ဓာကိုယ်များက ပေါက်ကွဲသွားတော့သည်။

ထို့နောက်တွင် လုမင်က သူ့ကိုယ်ဖော့သိုင်းအား အစွမ်းကုန်အသုံးပြု၍ လှည့်ထွက်ပြေးသွားသည်။

"ဂါး... ဂါး"

ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သွေးမျက်လုံး နတ်ဆိုးမျောက်အုပ်ထဲမှ ကြောက်စရာကောင်းသော အရှိန်အဝါဖြင့် မျောက်ကြီးများ ပြေးထွက်လာ၏။ ၎င်းတို့က မဟာသူတော်စင်နယ်ပယ် တည်ရှိမှုများဖြစ်မည်မှာ သေချာသည်။ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် လုမင်ကို လိုက်ဖမ်းကြတော့သည်။

လုမင်က လေမိုးကြိုးခြေလှမ်းကို အသုံးပြုထားသည့်အပြင် အေးခဲလေပုလဲကိုပါ အသက်သွင်းလိုက်သည်။ အေးခဲလေပုလဲမှ စွမ်းအင်လှိုင်းများက လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ထို့နောက် အနက်ရောင်တောင်ပံများက သူ့နောက်ကျောမှ ထွက်ပေါ်လာ၏။ လုမင်က သူ့အမြန်နှုန်းကို အဆုံးစွန်ထိ တွန်းပို့ကာ မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ စစ်စခန်းဆီသို့ ပြေးထွက်သွားတော့သည်။

ယခုအချိန်တွင် သူ့နောက်ကို လိုက်နေတဲ့ သွေးမျက်လုံး နတ်ဆိုးမျောက်များက အနည်းဆုံး သောင်းဂဏန်း ရှိသည်။

သူတို့၏ အရှိန်က အံ့မခန်းပင်။ မကြာမီပင် မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ စခန်းကို မြင်လိုက်ရသည်။

မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တပ်များကလည်း သွေးမျက်လုံးနတ်ဆိုးမျောက်များစွာကို အာရုံခံမိပြီး ဖြစ်ပုံရသည်။ သောင်းနှင့်ချီသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက ပေါ်လာပြီး အစီရင်ကြီးတစ်ခုကို တည်ဆောက်လိုက်၏။

လုမင်ကတော့ မရပ်တန့်ဘဲ မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တပ်စခန်းဆီသို့ ဆက်ပြေးသွားတော့သည်။

"ရပ်လိုက်စမ်း"

မျက်လုံးသုံးလုံး နတ်မျိုးနွယ်စစ်တပ်ထံမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လုမင်က သူတို့ကို လျစ်လျူရှုပြီး ရှေ့သို့ ဆက်ပြေးသွား၏။

"သူ့ကိုသတ်"

မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ အရာရှိတစ်ဦးက အမိန့်ပေးလိုက်သည်။ ရုတ်တရက်၊ မြောက်များစွာသော ဖျက်ဆီးခြင်း အလင်းတန်းများက လုမင်ဆီသို့ ကျရောက်လာတော့သည်။

လုမင်၏ ခန္ဓာကိုယ်က အဆက်မပြတ် တောက်ပလာပြီး တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ရှောင်တိမ်းသွားခဲ့သည်။ သူက မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တပ်စခန်းနှင့် နီးကပ်လာသည်။

ထိုအချိန်တွင် လုမင်၏ မျက်လုံးများက မှင်ကဲ့သို့ မည်းသွားသည်။ သူက စိတ်ဝိညာဉ်ပုံရိပ်ယောင်ပညာရပ်ကို အသုံးပြုခဲ့သည်။

ဤအခိုက်အတန့်တွင်၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်တပ်များရှိ မဟာသူတော်စင်များမှလွဲ၍ ကျန်မျက်လုံးသုံးလုံးနတ်နွယ်ဝင် စစ်သည်အားလုံးက ပုံရိပ်ယောင်၏ သက်ရောက်မှုကို ခံခဲ့ရသည်။ သူတို့၏ မျက်လုံးထဲတွင် လုမင်က ပျောက်ကွယ်သွားပုံရ၏။

ခဏမျှ ရပ်နေပြီးနောက် လုမင်က မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တပ်စခန်းထဲသို့ ပြေးဝင်သွားတော့သည်။

"သတ်"

မျက်လုံးသုံးလုံး နတ်မျိုးနွယ်မှ မဟာသူတော်စင်အချို့က လုမင်အား တိုက်ခိုက်လိုက်ကြသည်။ သို့သော်လည်း လုမင်က ခုခံတိုက်ခိုက်ခြင်း မပြုပေ။ သူက အစွမ်းကုန် ရှောင်တိမ်းပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တပ်စခန်းကို ဖြတ်ကျော်သွားခဲ့သည်။

"ဂါး...ဂါး"

ထိုအချိန်တွင်၊ သွေးမျက်လုံး နတ်ဆိုးမျောက်များ ရောက်ရှိလာကြသည်။ သူတို့က ဘာကိုမျှ ဂရုမစိုက်ကြတော့ဘဲ မည်းမည်းမြင်သမျှ တိုက်ခိုက်ကြ၏။ ၎င်းတို့၏လမ်း၌ ရပ်နေသူတိုင်းကို တိုက်ခိုက်သတ်ဖြတ်သွားတော့သည်။

တခဏချင်းမှာပင် မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ စစ်သည်အများအပြား ကျဆုံးသွားကြသည်။

မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ စစ်သည်များကလည်း ချက်ချင်းပင် တန်ပြန်တိုက်ခိုက်ပြီး သွေးမျက်လုံး နတ်ဆိုးမျောက်များကို သတ်ပစ်လိုက်၏။ ဤနည်းဖြင့် သွေးမျက်လုံး နတ်ဆိုးမျောက်များက မျက်လုံးသုံးလုံးနတ်မျိုးနွယ်ကို ပစ်မှတ်ထားလိုက်ကာ ပြင်းထန်သောတိုက်ပွဲကို စတင်လိုက်တော့သည်။

နှစ်ဖက်စလုံးက ရေလှိုင်းကြီးများကဲ့သို့ တိုက်မိသွားကြသည်။ တခဏချင်းမှာပင်၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ စစ်တပ်နှင့် သွေးမျက်လုံးနတ်ဆိုးမျောက် အမြောက်အများ သေဆုံးသွားခဲ့ရသည်။

"သူ့ကိုသတ်"

ကောင်းကင်အမြင့်တွင် ထူးထူးကဲကဲ ထွားကျိုင်းသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦး ရှိနေသည်။ သူသည် သတ္တုချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး သူ့အရှိန်အဝါကလည်း အားကောင်း၏။ သူ၏ မျက်လုံးသုံးခုစလုံးက လုမင်ကို စိုက်ကြည့်နေကြသည်။

ယခုလေးတင် လုမင်က သွေးမျက်လုံး နတ်ဆိုးမျောက်များကို ဦးဆောင်လာကြောင်း သူ ကောင်းစွာ မြင်ခဲ့ရသည် မဟုတ်လော။

ချက်ချင်းဆိုသလိုပင် ‌မဟာသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့် ကျွမ်းကျင်သူနှစ်ဦးက လုမင်ကို တိုက်ခိုက်လိုက်ကြသည်။ ဖျက်ဆီးခြင်း အလင်းတန်းနှစ်ခုက လေထုကို ဖြတ်သန်းပြီး လုမင်ဆီသို့ ပစ်လွှတ်လိုက်သည်။

လုမင်၏ လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာသည်။ သူက ဖျက်ဆီးခြင်း အလင်းတန်းနှစ်ခုကို ဆက်တိုက် ဖြတ်တောက်ပစ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါကာ နောက်သို့ ဆုတ်သွားတော့သည်။ သူ့ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့သည်။

ဟုတ်ပေသည်၊ ဒါကို လုမင်က တမင်တကာ လုပ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင်၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ အဆင့်နိမ့်အဆင့် မဟာသူတော်စင်နှစ်ဦးက သူ့ကို မည်သို့ဒဏ်ရာရရှိစေမည်နည်း။

သို့သော်လည်း ဤအခြေအနေတွင် အားနည်းဟန်ဆောင်ခြင်းက အကောင်းဆုံး ဖြစ်သည်။ သူသည် အလွန်အားကောင်းပြနေပါက၊ မျက်လုံးသုံးလုံးရှိ နတ်မျိုးနွယ်နွယ်မှ ကျွမ်းကျင်သူများကို ပိုမိုဆွဲဆောင်နိုင်လိမ့်မည်။ လုမင်က ဦးစွာ အားနည်းဟန်ဆောင်ကာ မျက်လုံးသုံးလုံးနတ်မျိုးနွယ်နှင့် သွေးမျက်လုံးနတ်ဆိုးမျောက်များကို တိုက်ခိုက်စေမည် ဖြစ်သည်။

မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ ကျွမ်းကျင်သူနှစ်ဦးက လုမင်ဆီသို့ ပြေးလာခဲ့သည်။ လုမင်က ထွက်မပြေးဘဲ တမင်တကာ ခုခံတိုက်ခိုက်ခဲ့၏။ သို့သော်လည်း သူက အခြေအနေဆိုးရွားပြီး အန္တရာယ်ရှိနေသလို ဟန်ဆောင်နေတော့သည်။

လုမင်ကို မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် အဆင့်နိမ့် မဟာသူတော်စင်နှစ်ဦးက ဒဏ်ရာရစေပြီး ဖိနှိပ်ခဲ့ကြောင်း မြင်လိုက်ရသောအခါ သတ္တုချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်၏ မျက်နှာတွင် အထင်မြင်သေးမှုတို့ ပေါ်လာသည်။ သူက လုမင်ကို ဂရုမစိုက်တော့ဘဲ သွေးမျက်လုံး နတ်ဆိုးမျောက်များကို အာရုံစိုက်လိုက်သည်။

"သတ်"

ချပ်ဝတ်တန်ဆာဝတ် မျက်စိသုံးလုံး နတ်မျိုးနွယ်ဝင်က ဟိန်းဟောက်လိုက်သည်။ သူက ရှေ့သို့ လှမ်းတက်ပြီး ဖျက်ဆီးခြင်းအလင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ မဟာသူတော်စင်နယ်ပယ် သွေးမျက်လုံး နတ်ဆိုးမျောက်တစ်ကောင် သေဆုံးသွား‌၏။ တစ်ချိန်တည်းမှာပင်၊ သူက သူ၏ပုဆိန်ဖြင့် အခြား သွေးမျက်လုံး နတ်ဆိုးမျောက်တစ်ကောင်ကို ခုတ်သတ်လိုက်တော့သည်။

"ဒီအကောင်တွေကို သတ်ကြ"

ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ဟိန်းဟောက်လိုက်သည်။ သူက အသန်မာဆုံးသော ကျွမ်းကျင်သူအဖွဲ့ကို ဦးဆောင်ပြီး သွေးမျက်လုံး နတ်ဆိုးမျောက်များဆီသို့ ဦးတည်သွား၏။

"ဂါး..."

ဟိန်းဟောက်သံနှင့်အတူ ဆယ်မီတာခန့်ရှိသော သွေးမျက်လုံး နတ်ဆိုးမျောက်ကြီးတစ်ကောင် ခုန်ထွက်လာသည်။ ၎င်းက ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဆီသို့ ဦးတည်သွား၏။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအလင်းတစ်ခုကို ထုတ်ဖော်ပြီး ဖျက်ဆီးခြင်းအလင်းကို ချေမှုန်းလိုက်တော့သည်။

သူ့နောက်မှာလည်း ထူးထူးကဲကဲ အစွမ်းထက်သော သွေးမျက်လုံး နတ်ဆိုးမျောက်အချို့ ရှိသည်။ နှစ်ဖက်စလုံးက ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်လိုက်၏။

အသန်မာဆုံးသူနှင့် အသန်မာဆုံးတို့ တိုက်ခိုက်ကြချေပြီ။ တိုက်ပွဲက အလွန်ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သည်။

သွေးမျက်လုံး နတ်ဆိုးမျောက်ဖြစ်စေ၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဖြစ်စေ... နှစ်ဖက်စလုံးက ကျဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ်နေတော့သည်။

All Chapters