← Chapters

အခန်း ၁၇၇၉

Vol. 119 Ch. 1779

အခန်း ၁၇၇၉

Vol. 119 Ch. 1779

အပိုင်း ( 1779 ) စမ်းသပ်မှုကို အောင်မြင်ခြင်း။

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

လုမင်က တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ လက်ညှိုးတစ်ချက်ညွှန်ပြလိုက်သည်။ ကြီးမားသော ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက တစ်ဖက်လူအုပ်ဆီသို့ ထိုးဖောက်သွား၏။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ ဖြတ်သန်းသွားရာလမ်းရှိ မဟာသူတော်စင်နယ်ကယ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် အများအပြား ပေါက်ကွဲပြီး အသတ်ခံခဲ့ရသည်။

ဤအခိုက်အတန့်တွင်၊ လုမင်က သေခြင်းတရား၏ နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူက မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကို သုတ်သင်ချေမှုန်းရန် ဆင်းသက်လာသကဲ့သို့ ဖြစ်၏။

"ချီးပဲ"

ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ‌ဟိန်းဟောက်လိုက်သည်။ သူသာ ဒဏ်ရာပြင်းပြင်းထန်ထန်မရထားလျှင် လုမင်ကို ချက်ချင်း တိုက်ခိုက်ပြီး သတ်ပစ်မိလိမ့်မည်။

"သူ့ကိုဝိုင်းထား။ မလွတ်စေနဲ့"

ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က အော်ဟစ်အမိန့်ပေးလိုက်သည်။

"ဝုန်း... ဝုန်း"

ကျန်ရှိသော မဟာသူတော်စင်အဆင့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက ပြေးတက်လာကြပြန်သည်။ အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်နှစ်ဦးက ရှေ့ဆုံးမှ ဦးဆောင်ထား၏။ သူတို့က ပူးပေါင်းကာ လုမင်အပေါ် တိုက်ခိုက်မှုများ ထုတ်ဖော်လာကြတော့သည်။

"အတားအဆီးမဲ့သော ကောင်းကင်သိုင်း"

လုမင်က ဟိန်းဟောက်ပြီး လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်သည်။ သူ့အနီးတစ်ဝိုက်တွင်၊ ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်များ ပေါ်လာကြပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များအပေါ် ဖိနှိပ်လိုက်၏။

"မကောင်းတော့ဘူး၊ အဲဒါက ငရဲဖိနှိပ်ကျောက်စာချပ်ပဲ။ ဆုတ်ကြ"

ငရဲဖိနှိပ်ကျောက်စာချပ်ကို မြင်သောအခါ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ၏ မျက်လုံးများက ကြောက်ရွံ့တုန်လှုပ်ခြင်းများ ပြည့်သွားသည်။ အလွန်တရာ ကြောက်စရာကောင်းသော အရာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ သူတို့အားလုံး ဒရောသောပါး ဆုတ်သွားကြ၏။

ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်များက စုစုပေါင်းကိုးခုရှိသည်။ ၎င်းတို့က တောက်ပနေပြီး အောက်ဘက်သို့ ဆင်းသက်လာတော့သည်။

သနားစရာ အော်သံကိုးခုကို ကြားလိုက်ရသည်။ အဆင့်နိမ့် မဟာသူတော်စင်နှင့် အဆင့်မြင့် မဟာသူတော်စင်များက ခုခံရန်ပင် မစွမ်းသာဘဲ တိုက်ရိုက် သေဆုံးသွား၏။

"ငရဲဖိနှိပ်ကျောက်စာချပ်၊ ဒါက မင်းမှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ"

ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်၏ မျက်လုံးများသည်လည်း ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေတော့သည်။

"ဟမ်"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက ငရဲဖိနှိပ်ကျောက်စာချပ်ကို အမှန်တကယ်ပင် ကြောက်လန့်နေသလော။

လုမင်လည်း မတုံ့ဆိုင်းတော့ဘဲ သူ့ကျောရိုးမှ ငရဲဖိနှိပ်ကျောက်စာချပ်ကို ဆင့်ခေါ်လိုက်သည်။

ငရဲဖိနှိပ်ကျောက်စာချပ်က ပေါ်လာသည်နှင့် တပြိုင်နက် တောင်လုံးတမျှ လျင်မြန်စွာ ကြီးမားလာသည်။ အထူးသဖြင့် 'ကျန်' နှင့် 'ပေ' ဟူသော စကားလုံးနှစ်လုံးက ပြိုးပြိုးပြက်ပြက်‌ တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေတော့သည်။

"ဝမ်"

ငရဲဖိနှိပ်ကျောက်စာချပ်က မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များအပေါ်သို့ ရွေ့လျားသွားကာ ဖိနှိပ်လိုက်သည်။

"ပိတ်ဆို့၊ အတူတူပိတ်ဆို့ဟန့်တားကြ"

အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦးက အော်ဟစ်လိုက်သည်။ ၎င်းက အခြား မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် မဟာသူတော်စင် ခုနစ်ဦး၊ ရှစ်ဦးနှင့် ပူးပေါင်းလိုက်၏။ ၎င်းတို့က ကြောက်စရာကောင်းသော တိုက်ခိုက်မှုအမျိုးမျိုးကို ထုတ်ဖော်ကာ ငရဲဖိနှိပ်ကျောက်စာချပ်ကို တားဆီးရန် ကြိုးစားလိုက်ကြသည်။

သို့သော်... ငရဲဖိနှိပ်ကျောက်စာချပ်တွင မျက်လုံးသုံးလုံး နတ်မျိုးနွယ်ကို ဆန့်ကျင်ရန် အထူးစွမ်းရည်ရှိပုံရသည်။ မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တိုက်ခိုက်မှုများက ငရဲဖိနှိပ်ကျောက်စာချပ်ကို ထိမှန်သောအခါ အားလုံး ပြိုကျသွားတော့သည်။

ငရဲဖိနှိပ်ကျောက်စာချပ်၏ ဖိနှိပ်မှုကြောင့် ၎င်းတို့သာ နာကျင်စွာ အော်ဟစ်ရင်း တစ်ဦးပြီးတစ်ဦး ပေါက်ကွဲကာ ချက်ချင်း သေဆုံးသွားကြသည်။

အထွတ်အထိပ် မဟာသူတော်စင်ကတော့ မသေပေ။ သို့ရာတွင်၊ သူသည်လည်း သွေးများအန်နေပြီး သေလုမျောပါး ဖြစ်သွားသည်။

"သတ်"

လုမင်လည်း ချက်ချင်း ပြေးဝင်သွားကာ ဓားဖြင့် တစ်ချက်တည်း ခုတ်သတ်လိုက်သည်။

"သွား"

လုမင်က သူ့လက်ဝှေ့ယမ်းကာ ငရဲဖိနှိပ်ကျောက်စာချပ်ကို မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များထံသို့ စေလွှတ်လိုက်သည်။

"အား..."

မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက မျက်စိမျက်နှာပျက်ပြီး ထိတ်လန့်တကြားဖြင့် ထွက်ပြေးရန် ကြိုးစားကြ၏။ သို့သော်လည်း အသုံးမဝင်ပေ။ တခဏချင်းမှာပင် ငရဲဖိနှိပ်ကျောက်စာချပ်က သူတို့ကို မိသွားသည်။ ငရဲဖိနှိပ်ကျောက်စာချပ်က ပို၍ပင် တောက်ပလာပြီး သူတို့ကို ဖိချလိုက်တော့သည်။

"ငရဲဖိနှိပ်ကျောက်စာချပ်ဆိုရင်တောင် ဘာဖြစ်သေးလဲ၊ ထွက်သွားစမ်း"

ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းရောင်ခြည်က သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်လာပြီး ငရဲဖိနှိပ်ကျောက်စာချပ်ကို ထိမှန်ကာ တုန်လှုပ်သွားစေခဲ့၏။

သို့သော်လည်း ငရဲဖိနှိပ်ကျောက်စာချပ်ရျှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ပေါက်ကွဲထွက်လာပြီး ဖျက်ဆီးခြင်းရောင်ခြည်ကို ချက်ချင်း ချေမှုန်းလိုက်တော့သည်။

"ထွက်သွား... ထွက်သွား... ထွက်သွားစမ်း"

ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ဟိန်းဟောက်လိုက်သည်။ သူက ပုဆိန်ကြီးဖြင့် ငရဲဖိနှိပ်ကျောက်စာချပ်ကို အဆက်မပြတ် ခုတ်ထစ်ပြီး တုန်လှုပ်သွားစေခဲ့၏။

ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းကတော့ ကြောက်ခမန်းလိလိဖြစ်နေသေးသည်။ ငရဲဖိနှိပ်ကျောက်စာချပ်က ဩဇာကြီးမားသော်လည်း သူ့ကို ချက်ချင်း မသတ်နိုင်ခဲ့ပါ။

သို့ရာတွင်၊ ဘေးနားမှာ လုမင် ရှိနေဆဲ ဖြစ်သည်။

လုမင်က လေထဲသို့ ခြေတစ်ချက်လှမ်းပြီး မနီးမဝေးနေရာတွင် ပေါ်လာသည်။

"ငါ့ကို လာပြီးကူညီကြပါဦး"

ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ထိတ်လန့်တကြား ဖြစ်သွားသည်။

သို့သော်လည်း အခြားသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက ငရဲဖိနှိပ်ကျောက်စာချပ်ကို မြင်လိုက်ရကတည်းက လိပ်ပြာလွင့်မတတ် ကြောက်နေပြီ ဖြစ်သည်။ မည်သူမျှ ရှေ့ကို မတိုးလာသည့်အပြင် အသည်းအသန် ထွက်ပြေးသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဝေးသို့ ပျောက်ကွယ်သွားကြတော့သည်။

"မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး"

လုမင်က အေးစက်စက် ပြောလိုက်သည်။ သူက လက်ညှိုးတစ်ချက်ညွှန်ပြလိုက်၏။ ဧရာမ လက်ချောင်းကြီး၏ ကြောက်မက်ဖွယ် စွမ်းအားက သူ့ကို စိတ်ပျက်အားငယ်စေခဲ့သည်။

သူက အစွမ်းကုန် ခုခံရင်း ပုဆိန်ကြီးဖြင့် ဆက်လက် ခုတ်ထစ်ခဲ့၏။ နောက်ဆုံးတွင်၊ သူက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ပိတ်ဆို့နိုင်ခဲ့သော်လည်း ငရဲဖိနှိပ်ကျောက်စာချပ်၏ စွမ်းအားကိုတော့ မရပ်တန့်နိုင်တော့ပေ။

ငရဲဖိနှိပ်ကျောက်စာချပ်က ဆက်လက် ဖိနှိပ်ခဲ့သည်။ ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်လည်း လက်မခံနိုင်စွာ ဟိန်းဟောက်လိုက်ရင်း သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားတော့သည်။

ထိုအချိန်တွင်၊ အခြားသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ အားလုံး ထွက်ပြေးသွားကြပြီ ဖြစ်သည်။

လုမင်က လိုက်မရှာခဲ့ပေ။ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်အားလုံးကို သူ မသတ်နိုင်မှန်း သိသည်။ ၎င်းတို့က နေရာအနှံ့အပြားသို့ ထွက်ပြေးကြခြင်းဖြစ်သောကြောင့် သူ လိုက်လျှင်ပင် မီနိုင်မည် မဟုတ်ပေ။

မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် အများအပြားနှင့် ၎င်းတို့၏ စစ်သူကြီးကို သတ်နိုင်ခဲ့ခြင်းကပင် မယုံနိုင်စရာ‌ဖြစ်နေပြီ ဖြစ်သည်။

လုမင်က ငရဲဖိနှိပ်ကျောက်စာချပ်ကို ရုတ်သိမ်းပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ မြေပြင်ပေါ်ထိုင်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

ယခုလေးတင်ပဲ၊ လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို သူ့အစွမ်းရှိသမျှ အသုံးပြုခဲ့သည်။ သူ၏ သူတော်စင်စွမ်းအားကို အများအပြား အသုံးပြုခဲ့သလို ခန္ဓာကိုယ်မှာလည်း များစွာ ပင်ပန်းခဲ့ပေသည်။

ထိုစဉ် လုမင်၏ရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။ ဝတ်စုံဖြူဝတ် အဘိုးအို ပေါ်လာ၏။

"မင်း ကောင်းကောင်းလုပ်ခဲ့တယ်"

ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ဝတ်စုံဖြူဝတ် အဘိုးအို၏ မျက်နှာတွင် သဘောကျမှု အရိပ်အယောင်တို့ ပေါ်လာသည်။

"ဒါ ကျွန်တော်ရဲ့ စမ်းသပ်မှုလား"

လုမင်က မေးလိုက်သည်။

"ဟုတ်တယ်၊ ဒါက စမ်းသပ်မှုပဲ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။

လုမင်က တိတ်ဆိတ်နေသွားသည်။ ခဏအကြာတွင် သူက ထပ်မေးလိုက်၏။

“ဒါဆိုရင် ဒါတွေအားလုံးက ထင်ယောင်ထင်မှား ဖြစ်နေတယလား။ အားလုံး အတုပဲလား"

"ဒါကို မင်းက အစစ်လို့ပြောရင် အစစ်၊ အတုလို့ထင်ရင်တော့ အတုပဲ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။ သူ့မျက်လုံးများတွင် အောက်မေ့သတိရခြင်း ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေ၏။

"ဒီကာလမှာ မင်းတွေ့ကြုံမြင်ခဲ့ရတဲ့ အရာတွေက ရှေးခေတ်က အမှန်တကယ် ဖြစ်ခဲ့တာတွေပဲ။ အဲဒီလူတွေကလည်း အတိတ်မှာ အမှန်တကယ် ရှိခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့အားလုံး မျိုးနွယ်ခြားတွေရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ကြရတယ်"

"ရှေးခေတ်က တိုင်းတစ်ပါးမျိုးနွယ်တွေ ဟင်းလင်းပြင်ကို ဖွင့်လိုက်တဲ့အခါ ကောင်းကင်ကမ္ဘာက ကသောင်းကနင်း ဖြစ်သွားတယ်။ မရေမတွက်နိုင်တဲ့ သတ္တဝါတွေ အသတ်ခံခဲ့ရသလို အလောင်းတွေက သန်းရာနဲ့ချီပြီး နေရာအနှံ့ ပြန့်ကျဲနေခဲ့တယ်။ ဒါက တကယ်ကို သွေးချောင်းစီးခဲ့တာပဲလေ။ အခု မင်း တွေ့ကြုံခဲ့ရတာက ရှေးခေတ်က ထောင့်စွန်းတစ်နေရာရာကို ပုံဖော်ပြလိုက်ရုံပါပဲ"

လုမင်က နောက်တစ်ဖန် တိတ်ဆိတ်သွားလေသည်။ ခဏကြာမှ သူ မေးလိုက်သည်။

"ကျွန်တော် အောင်မြင်သွားပြီလား"

"အမှန်ပဲ၊ မင်း အောင်မြင်ပြီ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

"ရန်သူ စစ်သူကြီးကို မသတ်နိုင်ရင် မအောင်မြင်ဘူးလား"

လုမင်က သိလိုစိတ်ဖြင့် မေးကြည့်သည်။

ဝတ်စုံဖြူဝတ် အဘိုးအိုက ခေါင်းခါယမ်းလိုက်၏။

"ဒါက ဒီလောက် မခက်ပါဘူး၊ နောက်ဆုံးရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ဒီစခန်းကို ထိုးဖောက်ဝင်ရောက်ဝံ့သရွေ့ အောင်မြင်တယ်။ မင်းရဲ့ စွမ်းဆောင်ရည်ကတော့ ငါ မျှော်လင့်ထားတာထက် တကယ်ကို ကျော်လွန်သွားတာပဲ"

"ဒါပေါ့လေ၊ မင်းက ဒီစခန်းကိုတောင် မဝင်သွားဝံ့ရင်တော့ ကျရှုံးသွားပြီ။ မင်း ကြည့်လိုက်ပါ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ပုံရိပ်များက လေထဲတွင် ပေါ်လာကြ၏။

လုမင်က အခြားသူများသည်လည်း သူကဲ့သို့ပင် အလားတူ ကြုံတွေ့ရသည်ကို မြင်လိုက်သည်။ အားလုံးက ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရှားဟူ၏ ကယ်တင်ခြင်းကို ခံခဲ့ရပေသည်။ ထို့နောက် ၎င်းတို့က မျိုးနွယ်စုတွင် ပြန်လည်ကျန်းမာလာပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

သို့သော်လည်း၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်က တိုက်ခိုက်လာချိန်တွင် ၎င်းတို့၏ အချုပ်အနှောင်များကို လူတိုင်း မချိုးဖြတ်နိုင်ကြောင်း တွေ့လိုက်ရသည်။ ထိုအစား၊ ၎င်းတို့ကို မျက်လုံးသုံးလုံး နတ်မျိုးနွယ်က သတ်ပစ်ခဲ့ပေသည်။ ထိုအချိန်တွင် အဖြူရောင်အလင်းတန်းများက သူတို့ကို ဖုံးလွှမ်းသွားပြီး ၎င်းတို့ကို ဖယ်ရှားပစ်ခဲ့သည်။

လူမျိုးနွယ်စုကို စွန့်ခွာပြီး ကိုယ်လွတ်ရုန်းပြေးသူများလည်း ရှိသေးသည်။ သူတို့ကိုလည်း အဖြူရောင်အလင်းများက ဖုံးလွှမ်းကာ ဖယ်ရှားပစ်ခဲ့သည်။

တချို့ကတော့ အချုပ်အနှောင်များကို ချိုးဖြတ်ပြီး တိုက်ခိုက်လာသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကို သတ်ခဲ့သည်။ ထို့နောက် မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တပ်စခန်းဆီသို့ လိုက်သွားကြ၏။ သို့သော်လည်း ၎င်းတို့က တခဏမျှ စောင့်ကြည့်နေပြီးနောက် တိုက်ခိုက်ရန် အစီစဉ်မရှိသောကြောင့် သူတို့ကို ဖယ်ရှားပစ်ခဲ့သည်။

All Chapters