← Chapters

အခန်း ၁၇၈၁

Vol. 119 Ch. 1781

အခန်း ၁၇၈၁

Vol. 119 Ch. 1781

အပိုင်း ( 1781 ) အကျိုးကျေးဇူးနှင့် ဆုလာဘ်များ။

"ဒါက အာဒိကပ္ပချီလား"

လူခြောက်ယောက်၏ မျက်လုံးများက အရောင်တလက်လက် တောက်ပလာသည်။

အာဒိကပ္ပချီသည် ကစဉ့်ကလျားချီကဲ့သို့ ကျော်ကြားမှုရှိ၏။ ကောင်းကင်နှင့်မြေပြင် ဖြစ်ပေါ်ချိန်တွင် မွေးဖွားခဲ့သော မိုးနှင့်မြေ၏ သဘာဝရတနာ ဖြစ်သည်။ ယင်းက အလွန်အဖိုးတန်ပြီး လျှို့ဝှက်ဆန်းကြယ်ပေသည်။

အာဒိကပ္ပနိယာမက အသန်မာဆုံး နိယာမဆယ်ခုအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

ဝတ်စုံဖြူဝတ်အဘိုးအို ပြောသကဲ့သို့ပင်၊ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီး ကမ္ဘာငယ်လေးကို တည်ဆောက်သည့်အခါ အာဒိကပ္ပချီကို သန့်စင်ခြင်းဖြင့် ကမ္ဘာငယ်ကို သာမန်ကမ္ဘာငယ်များထက် ပိုတည်ငြိမ်၍ ‌အားကောင်းစေနိုင်လိမ့်မည်။

ယင်းက အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်ခဲ့သည်။

သူတို့၏ နှလုံးသားများက စိတ်လှုပ်ရှားမှုဖြင့် တဒုန်းဒုန်း ခုန်ပေါက်လာတော့သည်။

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြုံးပြီး ပြောလိုက်သည်။

"ဟုတ်တာပေါ့၊ ငွေအဆင့် အမွေဆက်ခံသူတွေအတွက် ဆုလာဘ်တွေက ဒီလောက်ပဲမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ ကျင့်ကြံမှုအခြေခံက အခု သူတော်စင်နယ်ပယ်မှာပဲ ရှိနေသေးတာကြောင့် နိယာမတစ်ခုကိုပဲ လေ့ကျင့်နိုင်တယ်။ နောက်ပြီးတော့ အားလုံးက နတ်ဘုရားစွမ်းရည်တွေကို လေ့ကျင့်ထားတာကြောင့် နောက်ထပ် အမွေတွေကို မလိုအပ်တော့ဘူး။ ဒါပေမဲ့ သိုင်းဧကရာဇ်ကို ဖြတ်ကျော်ပြီးရင် နိယာမအမျိုးအစားများစွာကို လေ့ကျင့်နိုင်စွမ်းရှိလာလိမ့်မယ်။ နိယာမတွေကို ပေါင်းစည်းနိုင်သရွေ့ မင်းတို့ရဲ့ စွမ်းအားက ပိုပြီးတော့ သန်မာလာမှာပဲ။ ဒါကြောင့် မင်းတို့ သိုင်းဧကရာဇ်နယ်ပယ်ကိုရောက်ပြီးရင် ဒီကိုလာပြီး အမွေအနှစ်ရယူဖို့ အခွင့်အရေးရှိလိမ့်မယ်"

"နောက်ပြီးတော့ မင်းတို့ဟာ ငွေအဆင့် အမွေဆက်ခံသူတွေ ဖြစ်တဲ့အတွက် ငွေအဆင့် အမွေခံတံဆိပ်ပ်ပြားကို ငါပေးမယ်။ အနာဂတ်မှာ မင်းတို့က ဟွင်းယွမ်ဂိုဏ်းရဲ့ အင်အား တစ်စိတ်တစ်ပိုင်းကို စုစည်းနိုင်ပြီး မင်းတို့ထက် အဆင့်နိမ့်တဲ့ အမွေဆက်ခံသူတွေက မင်းတို့ရဲ့အမိန့်ကို နာခံရလိမ့်မယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။ ယင်းက ဟွမ်လင်နှင့် အခြားသူများ၏ မျက်လုံးများကို ပို၍ ပို၍ တောက်ပလာစေခဲ့ပေသည်။

"အကြီးအကဲ၊ ဒီအတွက် ဘယ်လိုအခြေအနေတွေကို သဘောတူရမှာလဲ"

သူတို့ခြောက်ယောက်ထဲမှ ချောမောလှပသော မိန်းကလေးတစ်ယောက်က မေးလိုက်သည်။

ထိုမိန်းမပျိုက နတ်သမီးလေးတစ်ပါးကဲ့သို့ လှပပြီး ဟွမ်လင်ထက် မနိမ့်ကျပေ။ ထို့ပြင်၊ သူမ၏ လှုပ်ရှားမှုတိုင်းက အဆုံးမဲ့ သွေးဆောင်မှုတို့ ပြည့်နှက်နေခဲ့သည်။

"အခြေအနေတွေက ရိုးရှင်းပါတယ်။ မင်းတို့က ငွေအဆင့် အမွေဆက်ခံသူ ဖြစ်တဲ့အတွက် ရွှေအဆင့် အမွေဆက်ခံသူရဲ့ စကားကို နားထောင်ရလိမ့်မယ်"

၀တ်စုံဖြူဝတ် အဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။

"တစ်ယောက်ယောက်က ရွှေအဆင့် အမွေဆက်ခံသူ ဖြစ်လာပြီလား"

လူငယ်တစ်ယောက်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။

ဤလူငယ်က သေခြင်းနိယာမကို ချုပ်ကိုင်ထားသော သေမင်း၏သားတော် ဖြစ်၏။

"အမှန်ပဲ၊ မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးတဲ့နောက် ဒီတစ်ခေါက်မှာ တစ်စုံတစ်ယောက်က ရွှေအဆင့် အမွေဆက်ခံသူ ဖြစ်လာခဲ့ပြီ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

ယင်းက သူတို့ခြောက်ယောက်၏ မျက်နှာကို အမူအရာပျက်စေခဲ့ပေသည်။

သူတို့အားလုံးက မာနကြီးကြသည်။ အခြား ပါရမီရှင်များကို ဖြတ်ကျော်ပြီး အထွတ်အထိပ်သို့ ရောက်ရှိရန် ဆန္ဒရှိကြ၏။

ယခုတော့ အခြား ပါရမီရှင်၏ စကားကို နာခံရတော့မည်။ ဒါကို သူတို့က မည်သို့လက်ခံနိုင်မည်နည်း။

အထူးသဖြင့် သေမင်း၏သားတော်... သူသည် နတ်ဘုရား၏သားတော်ဖြစ်ပြီး အနာဂတ်တွင် ထိပ်တန်းကျွမ်းကျင်သူဖြစ်လာရန် ရည်မှန်းထားသည်။ တခြားသူများစကားကို သူ အဘယ်သို့ နားထောင်နိုင်မည်နည်း။

"အကြီးအကဲ၊ ကျုပ်က လက်မခံဘူးဆိုရင် ဘယ်လိုလုပ်မလဲ"

သေမင်း၏သားတော်က မေးသည်။

"မင်း ငါ့စကားကို နားမထောင်ရင် မင်းကို ဖယ်ထုတ်လိုက်မှာဖြစ်ပြီး ငွေအဆင့် အမွေဆက်ခံသူအဖြစ် အခွင့်အရေးတွေ မရှိတော့ဘူး"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်၏။

ယင်းက လူငယ်ခြောက်ဦး၏ မျက်နှာများကို ရှုံ့မဲ့သွားစေသည်။

ကံကောင်းခြင်းက ရရှိမလိုနှင့် ဝေးကွာရတော့မည်။ ယင်းက လက်ခံနိုင်ရန် ခက်ခဲသည်။

"နောက်ပြီးတော့ ဒါဟာ နှုတ်ကတိ မဟုတ်ဘူး၊ ရွှေအဆင့် အမွေဆက်ခံသူရဲ့ အမိန့်ကို နာခံပါမယ်လို့ သွေးသစ္စာကျိန်ဆိုရမယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

"အကြီးအကဲ၊ ရွှေအဆင့် အမွေဆက်ခံသူရဲ့ အမိန့်ကို နာခံဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဖက်လူက သူ့ရဲ့ အဆင့်အတန်းကို အသုံးချပြီး ကျွန်မတို့ မဖြည့်ဆည်းပေးနိုင်တဲ့ တောင်းဆိုမှုတွေ လုပ်လာခဲ့ရင် သူ့အမိန့်ကို နာခံသင့်သလား"

မိန်းမလှလေးက မေးသည်။

"ဒါက အင်မတန် ရိုးရှင်းပါတယ်။ သွေးသစ္စာကျိန်ဆိုတဲ့အခါ အခြေအနေအချို့ကို ထပ်ထည့်လို့ရတယ်။ တစ်ဖက်လူရဲ့ အမိန့်တွေက မင်း အဆိုပြုထားတဲ့ အခြေအနေတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် သဘာဝအတိုင်း နာခံစရာ မလိုဘူး။ ဒါက သစ္စာကို ဖောက်ဖျက်မှာလည်း မဟုတ်ဘူး"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

လူငယ်ခြောက်ဦး၏ မျက်လုံးများက အရောင်လက်သွားကြသည်။ သို့သော်လည်း သိပ်ပြီး လက်မခံလိုသေးပေ။

ဝတ်စုံဖြူဝတ် အဘိုးအိုက တစ်ချက်ဝေ့ကြည့်ပြီးနောက် ပြောလိုက်သည်။

"ဒါပေါ့၊ ငါ မင်းတို့ကို နောက်ထပ် အခွင့်အရေးတစ်ခုလည်း ပေးနိုင်သေးတယ်။ မင်းတို့ကို အချိန် အနှစ် နှစ်ဆယ် ပေးမယ်၊ အနှစ် နှစ်ဆယ်ပြီးရင် ရွှေအဆင့် အမွေဆက်ခံသူကို စိန်ခေါ်နိုင်တယ်။ မင်းတို့ အနိုင်ရမယ်ဆိုရင် သူ့ကို အစားထိုးပြီး ရွှေအဆင့် အမွေဆက်ခံသူအသစ်ဖြစ်လာလိမ့်မယ်"

"အနှစ်နှစ်ဆယ်"

ထိုအချိန်တွင် လူခြောက်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

သူတို့အတွက်တော့ အနှစ်နှစ်ဆယ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလိမ့်မည်။

အထူးသဖြင့် သေမင်း၏သားတော်။ သူသည် မျိုးဆက်တူတွင် မည်သူ့ကိုမဆို အနိုင်ယူနိုင်မည်ဟု အပြည့်အဝ ယုံကြည်မှုရှိသည်။

"ကောင်းပြီ၊ ကျုပ်သဘောတူတယ်"

သေမင်း၏သားတော်က ဦးစွာ ပြောလိုက်သည်။

"အကြီးအကဲ၊ ရွှေအဆင့် အမွေဆက်ခံသူရဲ့ အသွင်အပြင်ကို ပြနိုင်မလား"

ထိုအခိုက်တွင် ဟွမ်လင်က ပြောလိုက်သည်။ သူမ၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်များ လင်းလက်နေ၏။

လုမင်က ဤနေရာတွင် မရှိပေ။ လုမင်၏ အရည်အချင်းဖြင့် သူက အမွေဆက်ခံသူ မဖြစ်လာတာ ‌မဖြစ်နိုင်ဘူး မဟုတ်လား။

သူမ သိချင်နေခဲ့သည်။

"ရပါတယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြုံးလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ပုံရိပ်တစ်ခုက လေထဲတွင် ပေါ်လာ၏။

ဒါက လုမင်၏ပုံရိပ် ဖြစ်တော့သည်။

"လုမင်"

"ဒါက လုမင်ပဲ"

ဟွမ်လင်နှင့် လုံချန်၏ မျက်လုံးများက တောက်ပလာကြသည်။

"သူလား"

သေမင်းရဲ့သားတော်၏ မျက်လုံးများက အံ့ဩတုန်လှုပ်မှု အလင်းရောင်တို့ ပေါ်လာခဲ့သည်။

တခြားသူများလည်း ထိုကဲ့သို့ပင်။

"ဒါက တကယ်ကို သူပဲ၊ သူ့အရည်အချင်းက ကြောက်စရာကောင်းလွန်းတယ်"

အခြားလူငယ်တစ်ဦးက ပြောလိုက်သည်။

လုမင်သည် ယခင်က ချောက်နက်ကြီးကို ဖြတ်ကျော်သောအခါ ပထမနေရာကို ရရှိနိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် ကစဉ့်ကလျားခန္ဓာကိုပင် အနိုင်ယူခဲ့၏။ လုမင်ကို သူတို့ မှတ်သားမိသည်မှာ ကြာပြီ။

"အကြီးအကဲ၊ ကျွန်မ သဘောတူပါတယ်"

ဟွမ်လင်က ပြောလိုက်သည်။

"ကျုပ်လည်း သဘောတူပါတယ်"

လုံချန်ကလည်း ပြောလိုက်၏။

ယခုအခါ လူသုံးယောက်က သဘော‌တူသွားပြီ။

"ကျွန်မလည်း သဘောတူပါတယ်"

ထူးထူးကဲကဲ လှပသော မိန်းကလေးကလည်း ပြုံးလိုက်သည်။ သူမသည် အလွန်ချစ်စရာကောင်းသောကြောင့် သေမင်း၏သားတော်နှင့် အခြားလူများသည်ပင် သူမကို နောက်ထပ် အကြိမ်အနည်းငယ် လှည့်ကြည့်လိုက်မိသည်။

နောက်ဆုံးတွင် ကျန်လူနှစ်ယောက်လည်း သဘောတူလိုက်ကြလေသည်။

"ကောင်းပြီ၊ မင်းတို့အားလုံး သွေးသစ္စာကျိန်ဆိုလိုက်ကြပါ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

ချက်ချင်းဆိုသလိုပင်၊ အားလုံးက သွေးသစ္စာကျိန်ဆိုလိုက်ကြသည်။ ဟုတ်ပေသည်၊ သူတို့က သွေးသစ္စာမှာ အခြေအနေတချို့ကို ထည့်သွင်းထားသည်။ သာမန်အမိန့်များကို လက်ခံနိုင်သော်လည်း အထူးအမိန့်များကိုတော့ နားမထောင်ရပေ။

"ကောင်းပြီ၊ အခု မင်းတို့ကို ငွေအဆင့် တံဆိပ်ပြားပေးမယ်။ နောက်ပြီး အာဒိကပ္ပချီကိုလည်း တံဆိပ်ပြားမှာ တံဆိပ်ခတ်ပေးလိုက်မယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ငွေဖြူရောင် တံဆိပ်ခြောက်ခု လေထဲတွင် ပေါ်လာသည်။ 'ဟွင်းယွမ်'ဟူသော စကားလုံးများကိုလည်း ၎င်းတို့ပေါ်တွင် ရေးထွင်းထား၏။

ထို့နောက် ဝတ်စုံဖြူဝတ် အဘိုးအိုက အာဒိကပ္ပချီကို တံဆိပ်ပြားများတွင် တံဆိပ်ခတ်လိုက်သည်။ ငွေရောင် တံဆိပ်ပြားခြောက်ခုက လူခြောက်ဦးဆီသို့ အသီးသီး ပျံသန်းသွား‌တော့သည်။ လူငယ်များလည်း လေးနက်သော အမူအရာများဖြင့် လက်ခံယူလိုက်ကြသည်။

.........

လုမင်၏ ခန်းမထဲတွင်၊ အာဒိကပ္ပချီသုံးခုက ဝတ်စုံဖြူဝတ် အဘိုးအို၏ လက်ထဲတွင် ပေါ်လာသည်။

"ပုံမှန်အားဖြင့်၊ ငွေအဆင့် အမွေဆက်ခံသူတွေမှာ အာဒိကပ္ပချီတစ်ခုပဲ ရှိပါတယ်။ ရွှေအဆင့် အမွေဆက်ခံသူကတော့ ချီသုံးခု ရရှိနိုင်တယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။ ထို့နောက်တွင် သူက ရွှေရောင် တံဆိပ်ပြားတစ်ခုကို ထုတ်‌ယူပြီး အာဒိကပ္ပချီသုံးခုအား တံဆိပ်ခတ်လိုက်၏။ တံဆိပ်ပြားက လုမင်ထံသို့ ပျံသန်းသွားသည်။ လုမင်လည်း ၎င်းကို လက်ခံယူပြီး တောင်နှင့်မြစ် ပန်းချီကားတွင် သိမ်းဆည်းလိုက်တော့သည်။

"တစ်ဦးတည်းသော ရွှေအဆင့် အမွေဆက်ခံသူအနေနဲ့ ဒါင ကျွန်တော်ရရှိနိုင်တဲ့ ဆုလာဘ်အကုန်လား"

လုမင်က ဝတ်စုံဖြူဝတ် အဘိုးအိုကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲလေ၊ တခြား ငွေအဆင့် အမွေဆက်ခံသူခြောက်ဦးက မင်းရဲ့စကားကို နားထောင်ရလိမ့်မယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောသည်။

လုမင်၏ မျက်လုံးများက တောက်ပလာသည်။ လူခြောက်ဦးတွင် လုံချန်နှင့် ဟွမ်လင်က သူနှင့် သူငယ်ချင်းကောင်းများ ဖြစ်ပြသည်။ သူ့ပတ်ဝန်းကျင်မှ လူများအနေဖြင့် သူတို့ကို အမိန့်ပေးခြင်း၊ မပေးခြင်းက ပြဿနာ မဟုတ်ပေ။

သို့သော်လည်း အခြားလေးယောက်မှာ အလွန်အစွမ်းထက်သော ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က အင်အားကြီး အင်အားစုများမှ ဆင်းသက်လာတာ သေချာသလောက် ဖြစ်၏။ သူတို့ကို အမိန့်ပေးနိုင်လျှင် လုမင်အတွက် အလွန် အကျိုးရှိလိမ့်မည်။

ထို့ပြင် ဤလူများက အနာဂတ်တွင် ကြီးပြင်းလာသောအခါ ထိပ်သီး အကျော်အမော်များ ဖြစ်လာမည်မှာ သေချာသည်။ သူတို့က လုမင်၏ အထောက်အပံများ ဖြစ်လာလိမ့်မည်။

"ဒါပေါ့၊ အခြေအနေတစ်ခုတော့ ရှိတယ်။ အနှစ်နှစ်ဆယ်ကြာရင် သူတို့က မင်းကို စိန်ခေါ်နိုင်တယ်။ မင်းရှုံးရင် သူတို့က မင်းရဲ့နေရာကို အစားထိုးပြီး ရွှေအဆင့် အမွေဆက်ခံသူအသစ် ဖြစ်လာလိမ့်မယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောသည်။

"အနှစ်နှစ်ဆယ်ကြာရင်လား... သူတို့က ကျုပ်ကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

လုမင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

All Chapters