အခန်း ၁၇၈၂
Vol. 119 Ch. 1782
အပိုင်း ( 1782 ) ဂိုဏ်းချုပ်ငယ်။
ယခုအချိန်တွင် လုမင်ထက် အားကောင်းသော ပါရမီရှင်တချို့ ရှိကောင်းရှိနိုင်သည်။ သို့ရာတွင်၊ အနှစ်နှစ်ဆယ်ကြာပြီးသည့်နောက် လုမင်သည် သူ့မျိုးဆက်တူများထက် အားနည်းနေမှာမဟုတ်ဘူးဟု ယုံကြည်ခဲ့သည်။
သူ့တွင် ဤကဲ့သို့ ယုံကြည်မှုပင်မရှိလျှင် အထွတ်အထိပ်ကို မည်သို့ရောက်ရှိနိုင်မည်နည်း။
ဤသည်မှာ သေမင်း၏သားတော်နှင့် အတူတူပင်။ ပြိုင်စံရှားသော ပါရမီရှင်တိုင်းက လူတိုင်းကို ဖိနှိပ်နိုင်မည်ဟု မိမိကိုယ်ကို ယုံကြည်မှုရှိသည်။
"ကောင်းပြီလေ၊ မင်း သူတို့အားလုံးကို ဖိနှိပ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။
"အကြီးအကဲ၊ နောက်ထပ် ဘာရှိသေးသလဲ"
လုမင်က ဝတ်စုံဖြူဝတ် အဘိုးအိုကို ကြည့်လိုက်ပြန်သည်။
"လာမယ်လေ"
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြုံးလိုက်သည်။ သူ့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာ၏။ သူက ပြောလိုက်သည်။
"ဒီမှာ ဟွင်းယွမ်ဂိုဏ်းက အမွေဆက်ခံသူအားလုံးရဲ့ စာရင်း... ရှေးခေတ်ကတည်းက အခုချိန်ထိ လူအများအပြား ရှိခဲ့တယ်။ ဒီလူတွေက ကြေးအဆင့် အမွေဆက်ခံသူတွေနဲ့ ငွေအဆင့် အမွေဆက်ခံသူတွေပဲ။ သူတို့အားလုံးက အဆင့်မြင့် အမွေဆက်ခံသူတွေရဲ့ အမိန့်ကို နာခံဖို့ ကျမ်းသစ္စာကျိန်ဆိုပြီးကြပြီ။ ကြည့်လိုက်ပါ"
ဝတ်စုံဖြူဝတ် အဘိုးအိုက ကျောက်စိမ်းတံဆိပ်ပြားကို လုမင်အား ပေးလိုက်သည်။ လုမင်လည်း ဝိညာဉ်အသိဖြင့် စစ်ဆေးကြည့်လိုက်၏။ နာမည်ပေါင်း နှစ်ရာကျော်ကို ချက်ချင်း တွေ့လိုက်ရလေသည်။
"အကြီးအကဲ၊ ဒီလောက် နှစ်တွေအကြာကြီးမှာ လူနှစ်ရာပဲ အမွေဆက်ခံသူ ဖြစ်လာကြတာလား"
လုမင် အံ့ဩသွားသည်။ ယခုတစ်ကြိမ်တည်းမှာပင် လူခုနစ်ယောက် ရှိနေခဲ့သည် မဟုတ်လော။
"အမွေခံဖြစ်ဖို့က လွယ်တယ်ထင်လို့လား။ ဒီတစ်ခေါက်မှာ မင်းတို့ လူအများကြီးရှိရတဲ့ အကြောင်းရင်းက ပါရမီရှင်တွေ စုရုံးနေတဲ့ ရွှေခေတ်ဖြစ်လို့ပဲ၊ အဲဒါကြောင့်ပဲ အမွေဆက်ခံသူ ခုနစ်ဦး ပါ၀င်လာခဲ့တာ။ အရင်တုန်းကဆိုရင် နှစ်ပေါင်းများစွာကြာတဲ့အထိ အမွေဆက်ခံသူတစ်ဦး ထွက်ပေါ်လာခဲတယ်"
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။
"နောက်ပြီးတော့ ငါမင်းကို ပြောလိုက်မယ်၊ ဒီလူတွေထဲမှာ တချို့က အပြည့်အဝ မကြီးပြင်းလာခင် တိုက်ပွဲတွေထဲ ကျဆုံးသွားကြတယ်။ တချို့ကတော့ ထိပ်သီး အကျော်အမော်တွေဖြစ်လာပြီး ကြောက်စရာကောင်းတဲ့ အင်အားစုတွေ တည်ထောင်နိုင်ခဲ့ကြတယ်။ အများစုက ဧကရာဇ်တွေတောင် ဖြစ်လာကြပြီလေ"
"ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံမှုက ပိုအားကောင်းလေ၊ မင်းရဲ့ သစ္စာကို ခံနိုင်ရည် ပိုအားကောင်းလေပဲ။ မင်းက သူတို့ဆီကို အခုရောက်သွားရင် အစွမ်းထက်တဲ့ အကျော်အမော်က မင်းစကားကို နားထောင်မှာမဟုတ်ဘူး။ မင်းကိုတောင် သတ်သွားနိုင်တယ်။ အဲဒါကို မင်း သိထားရလိမ့်မယ်"
ဝတ်စုံဖြူဝတ် အဘိုးအိုက သတိပေးလိုက်သည်။
"ဟာ... ခင်ဗျား တကယ်ပြောနေတာလား"
လုမင် ဆွံ့အသွားသည်။
သူ့ထက် နိမ့်ကျသူများက သူ့အမိန့်ကို နားထောင်နိုင်သော်လည်း၊ ပိုအားကောင်းသူများကတော့ ဂရုစိုက်မည် မဟုတ်ပေ။ သို့ဆိုလျှင်၊ ဤစာရင်း ရှိခြင်း၊ မရှိခြင်းက ဘာများထူးခြားဦးမှာလဲ။ သူတို့က လုံးဝ မရှိသလိုပင် ဖြစ်သည်။
"ဒါပေါ့၊ သူတို့ထဲမှာ တချို့ကတော့ ဟွင်းယွမ်ဂိုဏ်းကို သစ္စာစောင့်သိပြီး အဆင့်မြင့် အမွေဆက်ခံသူတွေရဲ့ စကားကို နားထောင်ကောင်း နားထောင်မယ်ဆိုတာကို ငါတို့ မငြင်းနိုင်ဘူး၊ ဒါကို မင်း ဆုပ်ကိုင်ထားသင့်တယ်"
ဝတ်စုံဖြူဝတ် အဘိုးအိုက ထပ်မံပြောလိုက်သည်။
လုမင် စိတ်ဓာတ်ကျလွန်းသဖြင့် သွေးအန်တော့မည်။ ဝတ်စုံဖြူဝတ် အဘိုးအိုက သူ့ကို လှည့်စားနေဟည်ဟုပင် ရုတ်တရက် ခံစားလိုက်ရသည်။
ဆုပ်ကိုင်မလား။ သူက ဘယ်လိုလုပ်ပြီး ဆုပ်ကိုင်နိုင်မှာလဲ။
ဟွင်းယွမ်ဂိုဏ်းအပေါ် သစ္စာစောင့်သိသူ ဟုတ်၏၊မဟုတ်၏ သူ မည်ကဲ့သို့ သိရှိနိုင်မည်နည်း။ အကယ်၍ သူက ဟွင်းယွမ်ဂိုဏ်း၏ ရွှေအဆင့်အမွေခံဖြစ်ကြောင်း အော်ဟစ်ပြောဆိုပြီး ပြေးသွားဝံ့လျှင် ထိပ်သီးအကျော်အမော်၏ ရိုက်သတ်ခြင်း ခံလိုက်ရလိမ့်မည်။
အချိန်ကြာလေ၊ သွေးသစ္စာ၏ စည်းနှောင်မှု အားနည်းလေ ဖြစ်သည်။ ထို့ပြင် ကျင့်ကြံမှုအခြေခံက အားကောင်းလေ၊ သစ္စာ၏ စည်းနှောင်မှုက အားနညနည်လေလေပင်။ အချို့သော အကျော်အမော်များက ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်နိုင်သော စွမ်းရည်ရှိကြသည်။ သူတို့အတွက် မည်သည့်ကျမ်းသစ္စာမဆို အသုံးမဝင်ပေ။
"ဟမ်"
ရုတ်တရက်၊ လုမင်၏ ဝိညာဉ်အသိက နာမည်တစ်ခုကို သတိပြုမိလိုက်သည်။
တိရှစ်ထျန်း...
ဒီနာမည်က တိမိသားစုက ပတ်သက်နေသလော။
"အကြီးအကဲ၊ ဒီတိရှစ်ထျန်းက ဘယ်သူလဲ။ သူ့အကြောင်း အချက်အလက်တွေ ရှိသေးလား"
လုမင်က မေးလိုက်သည်။
"အရင်လူတွေရဲ့ လက်ရှိအခြေအနေကို ငါလည်း သိပ်ပြီး မသိပါဘူး။ ဒါပေမဲ့ ဒီတိရှစ်ထျန်းကတော့ သေချာပေါက် အသက်ရှင်နေသေးတယ်။ နောက်ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုက အရမ်း နက်ရှိုင်းတယ်။ မင်းမှာ ရွှေအဆင့် အမွေဆက်ခံသူရဲ့ တံဆိပ်ပြားရှိတယ်လေ၊ နောင်မှာ အဆင့်နိမ့် အမွေဆက်ခံသူ တံဆိပ်ပြားတစ်ခုအနီးကို ရောက်သွားခဲ့ရင် မင်းက သူတို့ကို ခံစားနိုင်လိမ့်မယ်"
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြော၏။
လုမင် ခေါင်းညိတ်လိုက်သည်။ ဤတိရှစ်ထျန်းက တိမိသားစုမှ အကျော်အမော်တစ်ဦး ဖြစ်ရိုးမှန်လျှင် သူ့အမိန့်ကို နာခံပါမည်လော။
"အကြီးအကဲ၊ ဒီစာရင်းက သိပ်ပြီး အသုံးမဝင်ဘူး။ ကျုပ်အတွက် တခြားဆုလာဘ်တွေ ရှိသေးသလား"
လုမင်က ဝတ်စုံဖြူဝတ် အဘိုးအိုကို ဆက်ကြည့်လိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှုအခြေခံက အားနည်းနေသေးတယ်။ ဧကရာဇ်အဆင့်ကိုရောက်မှ အစွမ်းထက်တဲ့ အမွေတချို့ကို လေ့ကျင့်နိုင်မှာ"
ဝတ်စုံဖြူဝတ် အဘိုးအိုက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"မဟုတ်သေးဘူးလေ၊ အစီရင်နိယာမနဲ့ ပတ်သက်တဲ့ ပညာရပ်တစ်ခုခု မရှိဘူးလား"
လုမင်က မေးလိုက်၏။
သူ၏ အစီရင်နိယာမက နတ်ဘုရားစွမ်းရည်မရှိသောကြောင့် ၎င်း၏စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ပေ။
"အစီရင်နိယာမလား။ ငါ့မှာ အစီရင်နိယာမကို မှတ်တမ်းတင်ထားတဲ့ ကျမ်းစာလိပ်ကိုးတွဲက တစ်ခုရှိတယ်။ ဒီမှာ ကြည့်လိုက်"
ဝတ်စုံဖြူဝတ် အဘိုးအိုက ခဏမျှ စဉ်းစားနေပြီးနောက် လက်ဝါးဖြန့်လိုက်သည်။ သူ့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။
လုမင် အလွန်ဝမ်းသာသွား၏။ သူက ၎င်းကို အလျင်အမြန်ယူကာ ဝိညာဉ်အသိဖြင့် စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းပင်၊ အံ့ဖွယ်ကောင်းသော အချက်အလက်များကို တွေ့လိုက်ရတော့သည်။
"အစီရင်နိယာမရဲ့ ကျမ်းစာလိပ်ကိုးတွဲက အစီရင်နိယာမကို လေ့ကျင့်ဖို့ အမြင့်ဆုံး နည်းလမ်းတစ်ခုပဲ။ အဲဒါကို ထိပ်သီး အကျော်အမော်တစ်ဦးက ဖန်တီးထားတာ၊ ဒါပေမဲ့ ငါ့ဆီမှာတော့ ကျမ်းစာလိပ်ကိုးတွဲအထဲက တစ်ခုပဲရှိတယ်။ ကျန်တာကို မင်းဘာသာ ရှာဖွေရလိမ့်မယ်"
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။
'စိတ်မကောင်းစရာပဲ'
လုမင်လည်း သူ့စိတ်ထဲမှ သက်ပြင်းချပြီး ကျမ်းစာလိပ်ကို သိမ်းထားလိုက်လေသည်။ ထို့နောက် မျှော်လင့်ချက်တို့ဖြင့် ဝတ်စုံဖြူဝတ် အဘိုးအိုကိုကြည့်ကာ ပြောလိုက်သည်။
"အကြီးအကဲ၊ ခင်ဗျားမှာ တခြားဆုလာဘ်တွေ ပေးစရာရှိသေးလား"
ဝတ်စုံဖြူ အဘိုးအို၏ မျက်ခုံးများက တလှုပ်လှုပ် ဖြစ်လာသည်။
ဒီကလေးက လောဘကြီးလွန်းတယ်။
"ငါ့မှာ နတ်အရှိန်အဝါစွမ်းရည်လို့ခေါ်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်။ အဲဒါက လူတစ်ယောက်ရဲ့ အရှိန်အဝါကို ပြောင်းလဲပြီး ဖုံးကွယ်နိုင်တယ်။ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအခြေခံအရ သာမန် ဧကရာဇ်ငယ်တွေတောင် ဂရုတစိုက် မခံစားဘဲ သိရှိနိုင်မှာ မဟုတ်ဘူး"
ဝတ်စုံဖြူဝတ် အဘိုးအိုက စကားဆုံးသောအခါ သူ့လက်ထဲတွင် နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။
"ဧကရာဇ်ငယ်အဆင့် အကျော်အမော်ကိုတောင် လှည့်စားနိုင်တာလား။ ဒါက ပန်တုန်အရှိန်အဝါစွမ်းရည်ထက် ပိုပြီး အစွမ်းထက်တာပဲ"
လုမင်လည်း အံ့အားသင့်သွားပြီးနောက် အလွန်ဝမ်းသာသွားသည်။
"ပန်တုန်အရှိန်အဝါစွမ်းရည်လား၊ အဲဒါက နတ်အရှိန်အဝါစွမ်းရည်ရဲ့ ရိုးရှင်းတဲ့ မူတစ်ခုပဲလေ"
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
လုမင်က ဝမ်းသာအားရ လက်ခံလိုက်လေသည်။
"ကောင်းပြီလေ၊ တခြားသူတွေနဲ့တွေ့ဖို့ မင်းကို ပို့ပေးလိုက်တော့မယ်"
အဘိုးအိုက လုမင် ထပ်မေးလာမှာကို ကြောက်ရွံ့သကဲ့သို့၊ လုမင်ကို စကားပြောခွင့်မပေးတော့ပေ။ သူ့လက်ကို ဝှေ့ယမ်းပြီး လုမင်ကို ခေါ်သွားခဲ့သည်။ နောက်အခိုက်အတန့်တွင် လုမင်က အခြားခန်းမတစ်ခုတွင် ပေါ်လာခဲ့လေသည်။
ဤခန်းမသည် လုံချန်၊ ဟွမ်လင်နှင့် အခြားသူများရှိနေသည့်နေရာ ဖြစ်သည်။
လုမင် ပေါ်လာသည်နှင့် တပြိုင်နက်၊ လူခြောက်ယောက်လုံးက ကြည့်လိုက်ကြသည်။
"လုမင်"
လုမင်ကို တွေ့ရသောအခါ ဟွမ်လင်က ဝမ်းသာသွားပြီး အမြန်လျှောက်လာသည်။
"ဟားဟားဟား၊ ငါတို့က သူ့ကို အခု သူ့နာမည်နဲ့ မခေါ်သင့်တော့ဘူး။ သူ့ကို ဂိုဏ်းချုပ်ငယ်လို့ ခေါ်သင့်တယ်"
လုံချန်က ရယ်မောလိုက်သည်။
လုမင်သည် ရွှေအဆင့် အမွေဆက်ခံသူတစ်ဦးဖြစ်ပြီး အနာဂတ်တွင် ဟွင်းယွမ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ရာထူးကို အမွေဆက်ခံမည် ဖြစ်သည်။ ထို့ကြောင့် သူ့ကို ဂိုဏ်းချုပ်ငယ်ဟု ခေါ်ခြင်းမှာ သင့်လျော်ပေသည်။
"လုံချန်... ဟွမ်လင်၊ ငါတို့က သူငယ်ချင်းတွေပဲလေ။ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ အရင်ကအတိုင်းပဲ ခေါ်ပြောလို့ရတယ်"
လုမင်က ပြုံးလျက် ပြောလိုက်သည်။
လုံချန်နှင့် ဟွမ်လင်တို့လည်း ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။ လုမင်၏ စရိုက်ကို သူတို့ ကောင်းစွာသိကြသည်။
"လော့ထျန်းယီက ဂိုဏ်းချုပ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"
ထူးထူးကဲကဲ လှပသော မိန်းကလေးက ရှေ့သို့လျှောက်လာကာ လုမင်ကို ဦးညွတ်လိုက်သည်။
"မိန်းကလေး၊ မြန်မြန်ထပါ။ ဒီလောက် ယဉ်ကျေးနေစရာ မလိုဘူး"
လုမင်က မြန်မြန်ပြောလိုက်၏။
ထို့နောက်တွင် လုမင်က အခြားလူသုံးယောက်ကို ကြည့်လိုက်သည်။
သေမင်း၏သားတော်နှင့် အခြား လူငယ်နှစ်ယောက်တို့၏ မျက်နှာပေါ်တွင် လက်မခံလိုသော အရိပ်အယောင်များကို သူမြင်ရသည်။
လုမင်ကို ဦးညွတ်ရန် သူတို့ တကယ် မလုပ်နိုင်ကြပေ။
သူတို့တစ်ဦးစီ၏ ကျင့်ကြံမှုက လုမင်ထက် မြင့်မားသည်။ သူတို့၏ နှလုံးသားထဲတွင် ဤအခြေအနေကို တကယ် မဖြတ်ကျော်နိုင်ပေ။
"မင်းတို့ မယုံကြည်သလို ငါ့ကို အထင်သေးနေကြမယ်ဆိုတာ ငါသိတယ်။ မလိုအပ်ရင် ငါမင်းတို့ကို အမိန့်ပေးမှာမဟုတ်ဘူး။ ဒီလိုပဲ အနှစ်နှစ်ဆယ်ကြာရင် ငါ့ကို စိန်ခေါ်ဖို့ အခွင့်အရေးပေးမယ်။ မင်းတို့ ငါ့ကို အနိုင်ယူနိုင်ရင် ဂိုဏ်းချုပ်ငယ်အဖြစ် ငါလေးစားမယ်"
လုမင်က ပြောလိုက်သည်။
"အနှစ်နှစ်ဆယ်ကြာရင် မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်မှာမဟုတ်ဘူး။ ဂိုဏ်းချုပ်ငယ်ရာထူးက ငါ့အတွက်ပဲ ဖြစ်ရမယ်"
သေမင်း၏သားတော်က ကြီးစိုးသည်။
"မင်းငါ့ကို စိန်ခေါ်ဖို့စောင့်နေမယ်၊ ဒါပေမဲ့ ဒီအနှစ်နှစ်ဆယ်မှာတော့ ငါက ဂိုဏ်းချုပ်ငယ်ပဲ"
လုမင် ပြောလိုက်၏။
သေမင်းရဲ့သားတော်မှာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သူ့မျက်လုံးက စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်တို့ ပေါ်လာ၏။ သူက လက်ယှက်ပြကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ငယ်"
ပြောပြီးသည်နှင့် သူက ဘေးကို ထွက်သွား၏။
အခြား လူငယ်နှစ်ယောက်လည်း ခဏစဉ်းစားနေပြီးနောက် လုမင်ကို အရိုအသေပေးလိုက်ကြတော့သည်။