← Chapters

အခန်း ၁၇၈၇

Vol. 120 Ch. 1787

အခန်း ၁၇၈၇

Vol. 120 Ch. 1787

အပိုင်း ( 1787 ) ဝမ်ဖျင်ယန်းနှင့် တိုက်ပွဲ။

"လုမင်၊ မင်း လူယုတ်မာကောင်၊ နတ်သမီးထျန်းယီကို ဘယ်လိုတောင် ပရောပရည်လုပ်ဝံ့တာလဲ။ ငါမင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်မယ်"

ဝမ်ဖျင်ယန်းက ဟိန်းဟောက်လိုက်သည်။

ရွှေကျီးကန်း ပဉ္စမမင်းသားနှင့် အခြားလူများကလည်း သူ့အား အေးစက်စွာ ကြည့်နေကြ၏။

"ပါးစပ်ပိတ်ထားစမ်း၊ နတ်သမီးထျန်းယီကတောင် ဘာမှ မပြောသေးဘူး၊ မင်း ခုန်ပေါက်နေဝံ့တယ်။ ဒါက ရှက်စရာလို့ မထင်ဘူးလား"

လုမင်က ကြိမ်းမောင်းလိုက်သည်။

ထိုအခါမှ ဝမ်ဖျင်ယန်းသည် လော့ထျန်းယီကို ကြည့်လိုက်မိသည်။ လော့ထျန်းယီက စိတ်ထဲမထားသလို ရှိနေတာကို တွေ့လိုက်ရ၏။ ထို့နောက် လုမင်ကိုကြည့်ရင်း သူ့မျက်နှာက နီရဲလာတော့သည်။

ဟုတ်သည်၊ လော့ထျန်းယီက ဘာမျှမပြောခြင်းမှာ သူမ လက်ခံထားခြင်းပင်။ ဤအခြေအနေတွင် သူ ခုန်ပေါက်ဝံ့တာက အမှန်တကယ် ရှက်စရာကောင်းသည်။

"လုမင်၊ ဒီကိုဆင်းလာစမ်း။ မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ။ မင်းက စန်းပြည်နယ်ကလာတဲ့ တောက်ပသော သူတော်စင်တစ်ပါးပဲ။ ဧကရာဇ်အဆင့် အင်အားစုကတောင် မဟုတ်ဘူး။ နတ်သမီးလော့ထျန်းယီရဲ့ဘေးမှာ ရပ်တည်ရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"

ဝမ်ဖျင်ယန်းက အော်လိုက်သည်။

"ဪ၊ မင်းကတော့ အင်အားစုကြီးကနေ ဆင်းသက်လာလို့ မြင့်မြတ်တယ်ပေါ့။ တကယ်ဆိုရင် မင်းက ရှက်ရမှာ၊ မင်းက အင်အားစုကြီးကနေ မွေးဖွားလာပေမဲ့ ကျင့်ကြံမှုအခြေခံက ဒီလောက်နိမ့်ကျနေသေးတယ်။ တကယ့်အမှိုက်ပဲ၊ အဟက်..."

လုမင်က လှောင်ပြောင်လိုက်၏။

"မင်းဘာပြောလိုက်တာလဲ။ လုမင်၊ အခု ငါမင်းကို စိန်ခေါ်မယ်... မင်း လက်ခံရဲလား။ တကယ့် အမှိုက်အစစ်က ဘယ်သူလဲဆိုတာ ကြည့်ရအောင်"

ဝမ်ဖျင်ယန်းက ဟိန်းဟောက်လိုက်သည်။ သူက လုမင်ကို အပိုင်းပိုင်း ခုတ်ထစ်ရန် မစောင့်နိုင်တော့ပေ။

ယနေ့တွင်၊ သူက လုမင်ကို နင်းချေပြီး ဆိုးဆိုးရွားရွား အရှက်ခွဲလိုသည်။

"ကောင်းပြီ၊ ငါ မင်းကို ဒီအခွင့်အရေး ပေးမယ်"

လုမင်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူက လော့ထျန်းယီကို လှည့်ကြည့်ပြီး ပြောလိုက်၏။

"နတ်သမီးထျန်းယီ၊ ငါတို့ ဒီမှာ တိုက်ခိုက်လို့ရမလား"

"ရပါတယ်။ ရှင်တို့က စိတ်ဓာတ်ပြင်းပြနေမှတော့ တိုက်ပွဲစင်မြင့်ကိုဖွင့်ပြီး ရှင်တို့ ကောင်းကောင်းတိုက်ခိုက်နိုင်စေမှာပါ"

လော့ထျန်းယီက ပြံးပြီး တခြား နတ်သမီးကိုးပါးကို ခေါင်းညိတ်ပြလိုက်သည်။

နတ်သမီးကိုးပါးက ခေါင်းညိတ်ပြီး ကျယ်ဝန်းသော နေရာတစ်ခုသို့ လျှောက်သွားကြ၏။ ထို့နောက် သူတို့၏လက်များကို ဝှေ့ယမ်းလိုက်သောအခါ မြေပြင်က တောက်ပလာပြီး တိုက်ပွဲစင်မြင့်တစ်ခု ပေါ်လာတော့သည်။

"ယောင်ချစ်ရဲ့ နေရာတော်တော်များများမှာ တပည့်တွေ အချင်းချင်း သင်ယူဖို့ တည်ဆောက်ထားတဲ့ တိုက်ပွဲအဆင့်တွေ အများကြီးရှိပါတယ်။ ရှင်တို့တွေ တက်လှမ်းပြီးတော့ တိုက်ခိုက်လို့ရတယ်"

လော့ထျန်းယီက ပြုံးလိုက်သည်။

ဤအတွက် မည်သူမျှ မအံ့သြပါ။ စင်စစ်တွင်၊ အင်အားစုကြီး အများစုက သူတို့၏ နယ်မြေများတွင် တိုက်ပွဲစင်မြင့်များ တည်ဆောက်ထားကြသည်။ ပုံမှန်ချိန်တွင်၊ ၎င်းတို့ကို အစီရင်ဖြင့် ဖုံးကွယ်ထားသော်လည်း အချိန်မရွေး ဖွင့်လှစ်နိုင်ပေသည်။

"မင်းတိုက်ချင်ရင် ငါအဖော်ပြုပေးမယ်"

လုမင်က မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။

"နတ်သမီးထျန်းယီ၊ ငါ့အတွက် လက်ဖက်ရည်ငှဲ့ထားပေးပါဦး။ မင်းနဲ့အတူသောက်ရအောင် မကြာခင် ပြန်လာခဲ့မယ်"

ထိုသို့ပြောပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိုက်ပွဲစင်မြင့်ပေါ်ကို ဆင်းသက်လိုက်လေသည်။

ယင်းက ဝမ်ဖျင်ယန်းကို ဒေါသတကြီးဖြင့် အံကြိတ်စေခဲ့သည်။ လုမင်က မာနကြီးလွန်း၏။ ဒါက သူ့ကို လက်ဖက်ရည်မအေးမီ အနိုင်ယူမည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။

တကယ်ကို ရယ်စရာကောင်းလွန်းသည်။ သူ၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ်တွင် ရှိ၏။

ထို့ပြင်၊ သူက သာမန် မဟာသူတော်စင်တစ်ပါး မဟုတ်ပေ။ အလွန်သန်မာသည့် တိုက်ခိုက်နိုင်စွမ်းဖြင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။ လုမင်က သာမန်ပါရမီရှင်တစ်ဦးကို တိုက်ခိုက်နိုင်သော်လည်း သူ၏ပြိုင်ဘက်တော့ မဖြစ်နိုင်ပေ။

"လုမင်ကို ကိုင်တွယ်ဖို့ မင်းသွားစရာ မလိုပါဘူး။ ငါ သူ့ကို အမှုန့်ချေလိုက်မယ်"

ဝမ်ထျန်းပမ်းက မတ်တပ်ထရပ်ပြီး စူးရှသော မျက်လုံးများဖြင့် လုမင်ကို စိုက်ကြည့်လိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် ငါ မင်းအတွက် ထားခဲ့မယ်"

ဝမ်ဖျင်ယန်းက ခေါင်းညိတ်လိုက်သည်။ ဝမ်ထျန်းပမ်းက လုမင်ကို အနိုင်ယူပြီး ပို၍ အရှက်ရစေမည်ဆိုလျှင် သူက အဘယ်ကြောင့် မလုပ်သင့်သနည်း။

ဝမ်ထျန်းပမ်းက ရှေ့သို့ တိုးလာပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လှမ်းလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်က တခြားသူနဲ့ ပူးပေါင်းပြီး တိုက်ခိုက်တာတောင် သနားစရာကောင်းအောင် ရှုံးသေးတယ်။ မင်းတို့ ဝမ်မျိုးနွယ်ရဲ့ ခွေးအိုကြီးကြောင့်သာ မဟုတ်ရင် မင်းသေသွားလိမ့်မယ်။ ဒါကို မင်းက ထပ်လာဝံ့သေးတာလား"

လုမင်က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။

"ငါပြောခဲ့ပြီးပြီ။ နောက်ဆုံးအကြိမ် ငါ သတိလက်လွတ်ဖြစ်ခဲ့တာ၊ ဒီတစ်ခါတော့ ငါ မင်းကို သတ်မယ်"

ဝမ်ထျန်းပမ်းက အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းစက်များ ပေါ်လာ၏။ သူတော်စင်လက်နက်များ ပျံထွက်လာပြီး သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လွင့်မျောနေတော့သည်။

အထူးသဖြင့်၊ ၎င်းတို့ကြားမှ ဓားတစ်လက်မှာ ထူးထူးကဲကဲ တောက်ပသည်။ ကြောက်စရာကောင်းသော ဓားစွမ်းအင်က ကောင်းကင်သို့ ထိုးတက်သွား၏။

"ဒါဟာ အန္တိမသူတော်စင်လက်နက်ပဲ"

တစ်ယောက်ယောက်က အော်လိုက်သည်။

လုမင်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။ ဝမ်ထျန်းပမ်းက အန္တိမသူတော်စင်လက်နက်ကို တံဆိပ်ခတ်ထားခဲ့ပြီး နောက်ဆုံးအကြိမ်ထက်လည်း ပိုမိုတည်ငြိမ်လာ၏။ သူက လုမင်ကို တိုက်ခိုက်ဝံ့တာ အံ့ဩစရာမဟုတ်တော့ပေ။

နောက်ဆုံးအကြိမ်က လုမင်သည် သူ၏ အန္တိမသူတော်စင်လက်နက်ကြောင့် ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့သည်။

"သတ်"

လက်နက်စွမ်းအင်များက ဓားတွင် စုရုံးလာခဲ့သည်။ ဝမ်ထျန်းပမ်းက ဓားကိုကိုင်ဆွဲပြီး လုမင်ဆီသို့ ခုတ်ချလိုက်၏။ ၎င်း၏စွမ်းအားက အံ့မခန်းဖြစ်ကာ လူတိုင်းကို တုန်ယင်သွားစေသည်။

ဝမ်မိသားစု၏ လက်နက်တစ်သောင်းတာအိုကျမ်းက တကယ်ကို အံ့မခန်းပင်။ လူတစ်ဦး၏ ရုပ်ခန္ဓာနှင့် ကျင့်ကြံမှုအဆင့်က လုံလောက်အောင် အားကောင်းနေသရွေ့ အစွမ်းထက် လက်နက်များကို အဆက်မပြတ် တံဆိပ်ခတ်နိုင်သည်။

သာမာန် မဟာသူတော်စင်များက ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။

သို့ရာတွင်၊ လုမင်က သာမန်လူတစ်ဦး မဟုတ်ပါ။

"ဒီအန္တိမသူတော်စင်လက်နက်ကို ငါယူမယ်"

လုမင်က ပြောလိုက်သည်။ နောက်အခိုက်အတန့်တွင်၊ သူက ဝမ်ထျန်းပမ်းဆီသို့ ပြေးသွား၏။ သူက လက်ဝါးဖြင့် ဓားကို ရိုက်ထုတ်လိုက်တော့သည်။

လုမင်က ဝမ်ထျန်းပမ်း၏ အန္တိမသူတော်စင်လက်နက်ကို လက်ဗလာဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင်၊ ရလဒ်ကတော့ လူတိုင်း၏ မျှော်လင့်ချက်အတိုင်း မဟုတ်ပေ။

"ဒုန်း"

လုမင်၏ လက်ဝါးက ဓားကို ရိုက်မိသွားသည်။ ဓားက ပြင်းထန်စွာ တုန်ခါသွား၏။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ဝမ်ထျန်းပမ်းဆီသို့ ပြေးဝင်လာတော့သည်။

ဝမ်ထျန်းပမ်း၏ အမူအရာ ပြောင်းသွားသည်။ သူ့မျက်လုံးများက မျက်လုံးအိမ်မှ ကျွတ်ထွက်လုနီးပါး ပြူးကျယ်သွား၏။ ဓားမှ စီးဝင်လာသော အင်အားက ကြောက်မက်ဖွယ်ကောင်းကာ အဆုံးမဲ့သလိုပင်။

"ဝှစ်"

ဓားက တုန်ခါသွားသည်။ သူ့လက်ဝါးက ပေါက်ကွဲသွားပြီးနောက် ဓားမှာ လွတ်ထွက်သွား၏။ သူ့ခန္ဓာကိုယ်ကလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ လွင့်စဉ်သွားတော့သည်။ သူက တိုက်ပွဲစင်မြင့်ပေါ်တွင် လဲကျသွားကာ သွေးများ အန်ထွက်လာခဲ့သည်။ သူ့မျက်နှာကလည်း သွေးဆုတ်ဖြူရော်သွားပေသည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူတော်စင်စွမ်းအားဖြင့် ဝမ်ထျန်းပမ်း၏ အန္တိမသူတော်စင်လက်နက် ဓားကို သိမ်းယူလိုက်သည်။

လူများစွာလည်း ပင့်သက်ရှိုက်ရင်း လုမင်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြလေသည်။

ဝမ်ထျန်းပမ်းက တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။ သူက တိုက်ခိုက်မှုတစ်ခုကိုပင် မခံနိုင်ပေ။

လွန်ခဲ့သောလအနည်းငယ်က လုမင်သည် ဖီးနစ်ရေကန်တွင် ဝမ်ထျန်းပမ်း၊ ရွှေကျီးကန်း ဆဋ္ဌမမင်းသားတို့နှင့် တိုက်ခိုက်ခဲ့ဖူးသည်ကို လူအများက မှတ်မိနေသေးသည်။ ထိုတိုက်ပွဲတွင် လုမင်က ဝမ်ထျန်းပမ်းနှင့် ရွှေကျီးကန်း ဆဌမမင်းသားတို့ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရသည်။

ယခုမူ၊ လုမင်က ဝမ်ထျန်းပမ်းကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ပြီ။ ပြီးပြည့်စုံသော အောင်ပွဲဖြစ်ပြီး ဝမ်ထျန်းပမ်းမှာ‌ သွေးများ အန်ထုတ်လိုက်ရသည်။ သူ၏ အန္တိမသူတော်စင်လက်နက်ကိုပင် လုမင်က ယူဆောင်သွား၏။

လအနည်းငယ်အတွင်းမှာပင်၊ လုမင်၏ တိုက်ခိုက်ရေးအင်အားက အလွန်ကြောက်စရာကောင်းလာသည်။

"အန္တိမသူတော်စင်လက်နက်ကို ပြန်ပေးလိုက်စမ်း"

ဝမ်ဖျင်ယန်းက မတ်တပ်ထရပ်ပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ သူ့မျက်လုံးများက အေးစက်နေ၏။

"ရယ်စရာကောင်းလိုက်တာ၊ အဲဒါက ငါ့ရဲ့အောင်နိုင်မှုအကျိုးအမြဲပဲ၊ ဘာဖြစ်လို့ပေးရမှာလဲ။ မင်းမှာလည်း အန္တိမသူတော်စင်လက်နက်ရှိတယ်ဆိုရင် ထုတ်လိုက်ပါ။ အဲဒါကလည်း ငါ့ရဲ့ အောင်နိုင်မှုအကျိုးအမြတ် ဖြစ်လာလိမ့်မယ်"

လုမင်က ပြောလိုက်သည်။

"မင်းက ငါ့ရဲ့ သူတော်စင်လက်နက်ကို လိုချင်သေးတာလား။ ဒါကို မင်းလက်မခံနိုင်မှာ ငါကြောက်တယ်။ သတ်"

ဝမ်ဖျင်ယန်းက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းစက် ထွက်ပေါ်လာ၏။ သူတော်စင်လက်နက်များ ပျံထွက်လာပြီး လက်နက်စွမ်းအင်က ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

တောက်ပသောသူတော်စင်လက်နက် တစ်ရာငါးဆယ်၊ မဟာသူတော်စင်လက်နက် ဆယ့်နှစ်ခုနှင့် အန္တိမသူတော်စင်လက်နက်တစ်ခု ရှိသည်။

အန္တိမသူတော်စင်လက်နက်သည် လှံရှည် ဖြစ်၏။

လှံရှည်ကို ကိုင်ဆွဲပြီးနောက် သူ၏ အရှိန်အဝါက ပို၍ပင် ကြောက်စရာကောင်းလာတော့သည်။

"ဝှစ်"

လှံရှည်က လေထုသို့ထိုးဖောက်ကာ လုမင်ဆီသို့ ထိုးသွင်းလိုက်သည်။

ဝမ်ဖျင်ယန်းက အဆင့်နိမ့် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုအ‌ခြေခံ ရှိသည်။ တံဆိပ်ခတ်ထားသော အန္တိမသူတော်စင်လက်နက်နှင့်အတူ သူ့စွမ်းအားက ပိုကြောက်စရာကောင်းသွား၏။

သူ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း ဝမ်ထျန်းပမ်းထက် အဆများစွာ အားကောင်းသည်။

"ဝှစ်"

လုမင်က ရှေ့သို့တိုးလာပြီး လျှပ်စီးလက်သကဲ့သို့ ဝမ်ဖျင်ယန်းဆီကို ပြေးသွားသည်။ သူက သူ့လက်ဝါးကို ဓားအဖြစ်သုံး၍ ခုတ်လိုက်၏။

"ထန်"

လုမင်၏ လက်ဝါးက ဝမ်ဖျင်ယန်း၏လှံရှည်နှင့် တိုက်မိသောအခါ ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များက အနည်းငယ် တုန်ခါသွားပြီးနောက် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ပြန်တော့သည်။

မဟာသူတော်စင်နယ်ပယ်က တောက်ပသောသူတော်စင်နယ်ပယ်ထက် များစွာ ပိုအားကောင်းသည်။ ထို့ပြင်၊ ဝမ်ဖျင်ယန်း၏ ဝိညာဉ်ခန္ဓာက အလယ်အလတ်အဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာလည်း ဖြစ်၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းပြီး သာမန် အဆင့်နိမ့် မဟာသူတော်စင်တစ်ဦးထက် များစွာ သာလွန်သည်။

"ဝုန်း... ဝုန်း"

မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်နှင့် ဝမ်ဖျင်ယန်းက အကြိမ်ရေ ဒါဇင်နှင့်ချီကာ ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ ပြင်းထန်သော ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါနေတော့သည်။

All Chapters