← Chapters

အခန်း ၁၇၈၈

Vol. 120 Ch. 1788

အခန်း ၁၇၈၈

Vol. 120 Ch. 1788

အပိုင်း ( 1788 ) အားလုံးကို သိမ်းယူလိုက်ခြင်း။

တက်ရောက်လာသူအားလုံး အံ့သြသွားကြသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက လူတိုင်း၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သွားပြီ။

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ။ လွန်ခဲ့တဲ့ လအနည်းငယ်က လုမင်ဟာ အစွမ်းထက်ပေမဲ့ ​​ဒီတိုက်ခိုက်ရေးအင်အားနဲ့တော့ ဝေးကွာနေသေးတယ်"

"သူရဲ့ ကျင့်ကြံမှုကလည်း တိုးတက်လာပြီး တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီဟ။ ဒါက ဘယ်လိုဖြစ်ရတာလဲ။ လွန်ခဲ့တဲ့ လအနည်းငယ်ကတောင် သူ့ရဲ့ ကျင့်ကြံမှုက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်မှာပဲ ရှိသေးတာ"

"ဟွမ်လင်နဲ့ လုံချန်ရဲ့ ကျင့်ကြံမှုအဆင့်တွေကလည်း အများကြီး တိုးတက်လာတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က ဟွင်းယွမ်တံဆိပ်ပြား ရရှိထားတဲ့ ပါရမီရှင်တွေဟာ စမ်းသပ်မှုမှာ ပါဝင်ဖို့ ဟွင်းယွမ်ဂိုဏ်းကို သွားခဲ့ကြတယ်တဲ့။ လုမင်၊ ဟွမ်လင်နဲ့ လုံချန်တို့ကလည်း ဟွင်းယွမ်တံဆိပ်ပြားကို ရရှိခဲ့တယ်လို့ ကြားတယ်"

"ဟွင်းယွမ်ဂိုဏ်းရဲ့ စမ်းသပ်မှုမှာ အခွင့်အလမ်းကောင်းတွေရှိတယ်တဲ့။ ဒါက အမှန်တကယ်ဖြစ်ပုံရတယ်"

လူအုပ်ကြီးက ဆွေးနွေး‌လိုက်ကြလေသည်။ မကြာမီ၊ တစ်စုံတစ်ယောက်က အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။

ဟွင်းယွမ်ဂိုဏ်း၏ စမ်းသပ်မှုက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ဆယ်စုနှစ်အနည်းငယ်ကြာတိုင်း၊ ပါရမီရှင်အုပ်စုတစ်စုက စမ်းသပ်မှုတွင် ပါဝင်ကြရသည်။ ထို့ကြောင့် နားလည်ရန် လွယ်ကူပေသည်။

သို့သော်လည်း လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်းဖြစ်နေဆဲ ဖြစ်သည်။‌ တောက်ပသော သူတော်စင်နယ်ပယ် ကျင့်ကြံမှုဖြင့် မဟာသူတော်စင်တစ်ပါးကို တိုက်ခိုက်နိုင်၏။ ထို့ပြင်၊ သူ၏ ပြိုင်ဘက်မှာလည်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

"ဝုန်း... ဝုန်း"

လုမင်က တစ်ဖက်လူနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်မိပြီးနောက် အမြန်ပြန်ဆုတ်သွားခဲ့သည်။

"မင်းရှုံးသွားပြီ"

ဝမ်ဖျင်ယန်းက အော်ပြောလိုက်သည်။

"မင်းက ကိုယ့်ကိုယ်ကိုယ် အများကြီးပိုတွက်နေတာပဲ။ တံဆိပ်ခတ်"

လုမင်က ပြောလိုက်၏။ ထို့နောက်၊ ဝမ်ဖျင်ယန်း၏ လက်ထဲမှ လှံရှည်ကို ထူထပ်စွာ ထုပ်ပိုးထားသော ရွန်းများ ပေါ်လာတော့သည်။ ရွန်းများက လှံရှည်မှတဆင့် ဝမ်ဖျင်ယန်း၏ ခန္ဓာကိုယ်သို့ တိုးဝင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တံဆိပ်ခတ်ခြင်း စွမ်းအားတစ်ခုအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။

"ချီးပဲ၊ ဒါက ဘာကြီးလဲ"

ဝမ်ဖျင်ယန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက အစွမ်းကုန်သုံးပြီး တံဆိပ်ကိုချိုးဖျက်ရန် ကြိုးစား၏။ သို့သော်လည်း လုမင်သည် အစောပိုင်းက သူနှင့် အကြိမ်ပေါင်းများစွာ ထိုးနှက်ခဲ့ဖူးသည်။ ထိုတိုက်ခိုက်မှုများမှ ကြောက်စရာကောင်းသော တံဆိပ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ မည်ကဲ့သို့ အလွယ်တကူ ချိုးဖောက်နိုင်မည်နည်း။

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလိုက်သည်။ လျှပ်တပြက်အတွင်း လုမင်က ဝမ်ဖျင်ယန်း၏ရှေ့သို့ ရောက်သွား၏။ သူက ဝမ်ဖျင်ယန်းကို လက်သီးဖြင့် ထိုးချလိုက်သည်။ ဝမ်ဖျင်ယန်းမှာ နာကျင်စွာ အော်ဟစ်ရင်း လွင့်စဉ်သွားတော့သည်။ သူ့ခန္ဓာကိုယ်မှ အရိုးကျိုးသံများလည်း ထွက်ပေါ်လာခဲ့သည်။

"ဝါးမျို"

လုမင်က ဝါးမျိုခြင်းစွမ်းအားကို ထုတ်ဖော်လိုက်သည်။ ဝါးမျိုခြင်းစွမ်းအားက ဝမ်ဖျင်ယန်း၏ သူတော်စင်လက်နက်ကို လွှမ်းမိုးသွား၏။ ၎င်းက ဝမ်ဖျင်ယန်းကို သူ၏ သူတော်စင်လက်နက်များအား ပြန်မရုတ်သိမ်းနိုင်အောင် တားဆီးလိုက်ခြင်း ဖြစ်သည်။ ထို့နောက်တွင်၊ လုမင်က သူ၏ သူတော်စင်စွမ်းအားကို အသုံးပြုပြီး ချိတ်ဆက်မှုကို ဖြတ်တောက်ကာ သူတော်စင်လက်နက်အားလုံးကို သိမ်းယူလိုက်တော့သည်။

"ငါ့ရဲ့ သူတော်စင်လက်နက်တွေ"

ဝမ်ဖျင်ယန်းက သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။ ဒေါသထွက်လွန်းသဖြင့် သူ့ပါးစပ်ထဲမှ သွေးများ ထပ်မံအန်ထွက်သွား၏။

တောက်ပသော သူတော်စင်လက်နက် တစ်ရာ့ငါးဆယ်၊ မဟာသူတော်စင်လက်နက် ဆယ့်နှစ်ခုနှင့် အန္တိမသူတော်စင်လက်နက်တစ်ခု... အားလုံးက လုမင်၏ လက်ထဲကို ရောက်သွားပြီ။ သူ့နှလုံးသားက သွေးများ စီးကျလာခဲ့ရသည်။

ဝမ်မျိုးနွယ်၏ လက်နက်တစ်သောင်းတာအိုကျမ်းက အစွမ်းထက်သော်လည်း ချို့ယွင်းချက်တစ်ခု ရှိသည်။ ၎င်းမှာ ငွေအမြောက်အမြားလိုအပ်ခြင်းပင်။ တံဆိပ်ခတ်ရန် သူတော်စင်လက်နက် အများအပြားကို လိုအပ်သည်။ ယင်းက ကြောက်စရာကောင်းသော‌ ငွေကြေးပမာဏတစ်ခု လိုအပ်၏။

ဤလက်နက်များက သူ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများ ဖြစ်သည်။ ယခုတော့ အားလုံးသွားပြီ။ လုမင်က လုယူသွားခဲ့သည်။

"ငါပြောပါတယ်၊ ဒါက ငါ့ရဲ့အပိုင်ပဲလို့"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဝမ်ဖျင်ယန်းအနားတွင် ပေါ်လာသည်။ သူက ဝမ်ဖျင်ယန်းကို ငုံ့ကြည့်ပြီး အေးစက်စက် ပြောလိုက်၏။

"အခုသိပြီလား၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်မြင့်ရင်တောင် ဘာများထူးခြားလဲ"

"မင်း..."

ဝမ်ဖျင်ယန်းမှာ သွေးများ ထပ်မံအန်ထွက်လာပြန်သည်။ သူ့မျက်လုံးများက လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။ သူက လုမင်ကို စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။

"လုမင်၊ ငါ့ရဲ့ သူတော်စင်လက်နက်အားလုံးကို ပြန်ပေးလိုက်ရင် ပိုကောင်းမယ်။ အဲဒါတွေကို မင်း မယူနိုင်ဘူး။ မဟုတ်ရင် ငါ့ရဲ့ ဝမ်မျိုးနွယ်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"

"ဟာဟားဟား၊ မင်းက တကယ်ကို အမှိုက်ပဲ။ မင်းရဲ့ မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုနဲ့ တောက်ပသော သူတော်စင်ကိုတောင် မယှဉ်နိုင်ဘူး။ အခု မင်းက ငါ့ကို မင်းရဲ့‌နောက်ခံအင်အားနဲ့ ခြိမ်းခြောက်နေပြီ။ ဒါက ဝမ်မျိုးနွယ်ရဲ့ ပုံစံလား၊ ဒါက မင်းရဲ့ ဂုဏ်ယူဝံ့ကြွားနိုင်ခြင်းလား။ မင်းလို အမှိုက်တစ်စက အင်အားစုကြီးတွေမှာ မွေးဖွားလာရင်တောင် အမြဲတမ်း အမှိုက်တစ်စဖြစ်နေမှာပဲ။ မင်းလိုကောင် အများကြီးဆိုရင်တောင်မှ ငါ့ရဲ့ လက်တစ်ဖက်တည်းနဲ့ ရိုက်သတ်ပစ်နိုင်တယ်။ ထွက်သွားစမ်း"

လုမင်က ရယ်မောလိုက်သည်။ သူက ဝမ်ဖျင်ယန်း၏ ဦးခေါင်းကိုကန်ပြီး တိုက်ပွဲစင်မြင့်မှ ထုတ်ပစ်လိုက်၏။

"လုမင်၊ မင်းစောင့်နေပါ"

တစ်ဖက်တွင်၊ ဝမ်ထျန်းလုံက ပြေးထွက်လာကာ ဝမ်ဖျင်ယန်းကို ဖေးမလိုက်သည်။ ထို့နောက်တွင်၊ သူတို့က ကောင်းကင်သို့ ပျံတက်ကာ ဤနေရာမှ ထွက်သွားးတော့သည်။ ဤနေရာတွင် ဆက်နေခြင်းက ရှက်စရာကောင်းလွန်းသည်။

"ဘယ်သူက ငါ့ကို တိုက်ခိုက်ချင်သေးလဲ"

လုမင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အထူးသဖြင့် ရွှေကျီးကန်းမျိုးနွယ်ဝင်များကို ကြည့်လိုက်စဉ်တွင်၊ သူ့မျက်လုံးများက လျှပ်စီးလက်နေပုံရ၏။

ရွှေကျီးကန်း ပဉ္စမမင်းသားနှင့် ရွှေကျီးကန်း ဆဋ္ဌမမင်းသားတို့၏ မျက်နှာများက မည်းမှောင်သွားကြသည်။

သို့သော်လည်း လုမင်၏ တိုက်ခိုက်ရေးစွမ်းအားက နားမလည်နိုင်လောက်အောင်ပင်။ ဝမ်ဖျင်ယန်းနှင့် တိုက်ခိုက်ချိန်မှာပင် သူ၏ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ပေ။ အနည်းဆုံးတော့၊ လုမင်က ကစဉ့်ကလျား နိယာမ၏ စွမ်းအား ထုတ်လွှတ်သည်ကို သူတို့ မမြင်ခဲ့ပါချေ။ ထို့ကြောင့် ရွှေကျီးကန်း ပဉ္စမမြောက်မင်းသားသည် မာနကြီးသော်လည်း လုမင်နှင့် တိုက်ခိုက်ရန် ယုံကြည်မှုမရှိ ဖြစ်နေသည်။ သူကိုယ်တိုင် တက်သွားလျှင်လည်း အရှက်ကွဲလိမ့်မည်။

ဤနေရာတွင် ပိုအားကောင်းသော ပါရမီရှင်များ ရှိသည်။ သို့သော်လည်း သူတို့က လုမင်ကို ရန်ငြိုးထားခြင်း မရှိပေ။ လုမင်ကဲ့သို့ အကန့်အသတ်မဲ့ အလားအလာရှိသော ပါရမီရှင်ကို အကြောင်းမရှိဘဲ မစော်ကားချင်ကြပါ။

ထို့ကြောင့် မည်သူမျှ မထွက်လာကြတော့ပေ။

"ဘယ်သူမှ မတိုက်ခိုက်ချင်ဘူးဆိုမှတော့ လက်ဖက်ရည်ပဲ ဆက်သောက်ကြရအောင်"

လုမင်က ပြုံးပြီး ထွက်သွားသည်။ သူက အဆောင်ကိုပြန်လာပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်လေသည်။

"သိပ်ပြီး နောက်မကျသေးဘူး မဟုတ်လား၊ လက်ဖက်ရည်က နွေးနေတုန်းပဲ"

ထို့နောက် တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

လုမင်က တိုက်ပွဲနှစ်ပွဲဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း အလွန်လျင်မြန်သောကြောင့် အချိန်များစွာ မကြာခဲ့ပေ။

"သခင်လေးလု သဘောကျရင် ယောင်ချစ်ကို မကြာခဏ လာလည်နိုင်ပါတယ်။ အိမ်မှာ လက်ဖက်ရည် အများကြီးရှိတယ်"

လော့ထျန်းယီက ပြုံးလိုက်သည်။

"မိန်းမလှလေးက ဖိတ်ခေါ်နေတာကို ကျုပ်က ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မှာလဲ"

လုမင်က ပြောလိုက်၏။

အခြားသူများလည်း သက်ပြင်းသာချနိုင်ခဲ့သည်။ ‌လော့ထျန်းယီက လုမင်ကို စိတ်ဝင်စားလာပုံရကြောင်း သူတို သဘောပေါက်လေသည်။

အောက်တွင်၊ ဟွမ်လင်၏ မျက်နှာအမူအရာက အလိုမကျသော အရိပ်အယောင်တို့ ပေါ်နေသည်။

"မမဟွမ်လင် မနာလိုနေပြီ"

ပူဖောင်းလေးက ခပ်တိုးတိုး ပြောလိုက်သည်။

"နင်...ကောင်မစုတ်လေး၊ ပေါက်ကရတွေ မပြောစမ်းနဲ့"

ဟွမ်လင်၏ မျက်နှာက နီမြန်းသွားသည်။ သူက ပူဖောင်းလေးကို ခပ်ဖွဖွရိုက်လိုက်လေသည်။

လုမင်က လက်ဖက်ရည်ကို သောက်နေသော်လည်း တခြားသူများကတော့ ရိုးရိုးရေကိုသာ သောက်နေရသကဲ့သို့ ဖြစ်နေသည်။ မကြာမီ၊ လူတစ်ယောက်က အကြောင်းပြချက်ရှာကာ ထွက်သွားလေသည်။ တစ်ယောက်က ဦးဆောင်သောအခါ တခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

မကြာမီ၊ လုမင်နှင့် လူအနည်းငယ်သာ ကျန်တော့သည်။

"နတ်သမီးထျန်းယီ၊ ကျုပ်တို့တွေ နောက်မှ ပြန်တွေ့ကြတာပေါ့၊ နှုတ်ဆက်ပါတယ်"

လုမင်က လက်ယှက်ပြလိုက်သည်။

"သခင်လေး၊ ယောင်ချစ်ကို မကြာခဏ လာနိုင်ပါတယ်"

လော့ထျန်းယီက ပြုံးပြီး လုမင်ကို အသံပို့လွှတ်ကာ ပြောလေသည်။

လုမင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် လုံချန်၊ ဟွမ်လင်တို့နှင့်အတူ ယောင်ချစ်မှ ထွက်လာခဲ့ကြသည်။

ဖီးနစ်နန်းတော်သို့ ပြန်ရောက်သောအခါ လုမင်က တိတ်တဆိတ် လေ့ကျင့်လေသည်။

တောင်နှင့်မြစ် ပန်းချီကားအတွင်း၌ လုမင်က ဓားတစ်ချောင်းကို ထုတ်ကာ သူ့ခန္ဓာတွင် တံဆိပ်ခတ်ရန် စီစဉ်နေသည်။

ဤဓားက ဝမ်ထျန်းပမ်းထံမှ သူယူလာခဲ့သော အန္တိမသူတော်စင်လက်နက်ပင်။

ယခုအခါ လုမင်တွင် အန္တိမသူတော်စင်လက်နက် သုံးမျိုး ရှိသည်။ ပုဆိန်၊ ဓားနှင့် လှံရှည်တို့ ဖြစ်၏။ ၎င်းတို့ထဲမှ နှစ်ခုမှာ ဝမ်ထျန်းပမ်းနှင့် ဝမ်ဖျင်ယန်းတို့ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

လုမင်က ဓားထက် လှံရှည်ကို အသုံးပြုရတာ ပိုနှစ်သက်ပေသည်။ ယခုအချိန်တွင်၊ သူက ဤဓားကို ဦးစွာတံဆိပ်ခတ်ရန် စီစဉ်ခဲ့သည်။

ဝမ်ထျန်းပမ်းသည် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုရှိသော်လည်း အန္တိမသူတော်စင်လက်နက်ကို တံဆိပ်ခတ်ရန် ဧကရာဇ်တစ်ပါး၏ အကူအညီ လိုအပ်သေးသည်။ သို့ရာတွင်၊ လုမင်၏ ဝိညာဉ်ခန္ဓာက ပိုသန်မာသည်။ ဧကရာဇ်တစ်ပါး၏ အကူအညီမပါဘဲ အောင်မြင်စွာ တံဆိပ်ခတ်နိုင်မည်ဟု သူယုံကြည်ထားပေသည်။

လုမင်လည်း လက်နက်တစ်သောင်းတာအိုကျမ်းကို အသက်သွင်းပြီး အန္တိမသူတော်စင်လက်နက်ကို စတင်တံဆိပ်ခတ်လိုက်သည်။

သူ့လက်ပေါ်တွင် အလင်းစက်တစ်ခုက တောက်ပလာသည်။ အန္တိမသူတော်စင်လက်မက် အလင်းစက်ထဲသို့ ပျံသန်းသွား၏။ ရုတ်​ချည်းဆိုသလို​၊ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာတော့သည်။

အန္တိမသူတော်စင်လက်နက်က အစွမ်းထက်လွန်းသည်။ လုမင်၏ လကါက ပေါက်ကွဲလုနီးပါး ဖောင်းကားလာ၏။ ပြင်းထန်သော နာကျင်မှုလှိုင်းလုံးများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတော့သည်။

"ထိန်းထားစမ်း"

လုမင်က နာကျင်မှုကို သည်းခံပြီး ဟိန်းဟောက်၍ လက်နက်တစ်သောင်းတာအိုကျမ်းကို အစွမ်းကုန် လှည့်ပတ်လိုက်သည်။

တဖြည်းဖြည်းနှင့်၊ အန္တိမသူတော်စင်လက်နက်၏ သူတော်စင်စွမ်းအင်က ငြိမ်သက်သွားလေသည်။ လုမင်၏လက်ကလည်း တဖြည်းဖြည်း မူလအခြေအနေသို့ပြန်ရောက်လာခဲ့သည်။

နာရီအနည်းငယ်ကြာပြီးနောက်၊ လုမင်၏ ကျင့်ကြံမှုက ပြီးဆုံးသွားလေသည်။

နောက်ဆုံးတွင်၊ သူအောင်မြင်ခဲ့သည်။

လုမင်လည်း အသက်ပြင်းပြင်းရှူလိုက်လေသည်။

အန္တိမသူတော်စင်လက်နက်ကို တံဆိပ်ခတ်ခြင်းက အန္တရာယ်များလွန်းသည်။ သတိမထားမိပါက၊ အလင်းစက် ပေါက်ကွဲထွက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားလိမ့်မည်။

သို့သော်လည်း တံဆိပ်ခတ်ခြင်း အောင်မြင်သည်နှင့်တစ်ပြိုင်နက်၊ လက်နက်တစ်သောင်းတာအိုကျမ်း၏ စွမ်းအားက တဟုန်ထိုးတက်လာမည် ဖြစ်သည်။

ယခုအခါ၊ လက်နက်တစ်သောင်းတာအိုကျမ်း၏ စွမ်းအားက ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို လိုက်မီသွားခဲ့ပြီ။

All Chapters