← Chapters

အခန်း ၁၇၉၀

Vol. 120 Ch. 1790

အခန်း ၁၇၉၀

Vol. 120 Ch. 1790

အပိုင်း ( 1790 ) နှင်းနဂါးအတွက် လေလံဆွဲခြင်း။

"ငြိမ်ကြပါ"

စင်ပေါ်မှ လူကြီးတစ်ယောက်က သူ့လက်ကို မြှောက်ပြလိုက်ရာ လူအုပ်ကြီးက ငြိမ်သက်သွားကြသည်။

"အားလုံးကို မိတ်ဆက်ပေးပါရစေ၊ ဒါက သူတော်စင်တစ်ပိုင်းအဆင့် နှင်းနဂါးပါ။ အစစ်အမှန်နဂါးတွေက ရှားပါးတယ်၊ ထူးထူးကဲကဲ လှပတဲ့ အစစ်အမှန်နဂါးဆိုရင် ပိုပြီးတော့တောင် ရှားပါသေးတယ်။ အားလုံးပဲ စိတ်ဝင်စားတယ်ဆိုရင် ဝယ်ယူပြီး ကစားလို့ရပါတယ်။ အခုလေလံကို စလိုက်ရအောင်။ အမြင့်ဆုံး လေလံဆွဲသူက ရပါလိမ့်မယ်။ ကြမ်းခင်းဈေးကတော့ အဆင့်မြင့် ကျောက်ကြမ်းတစ်သိန်းပါ"

လူကြီး၏စကားက လူအများ၏ မျက်လုံးများကို တောက်ပစေခဲ့သည်။

"အစစ်အမှန်နဂါးမှာတောင် နှင်းနဂါးက ရှားပါးတယ်လို့ ဆိုနိုင်တယ်။ ဒီလိုရှားပါးတဲ့ အလှလေးဆိုရင် ပိုတောင်ရှားသေးတယ်။ သူ့ကိုဝယ်ပြီး ကစားလိုက်ရရင် တကယ်စိတ်လှုပ်ရှားဖို့ကောင်းလိမ့်မယ်"

"ဟီးဟီး၊ ကျုပ် အရင်က အစစ်အမှန်နဂါးတွေနဲ့ မကစားဖူးဘူး။ သူတို့က ဘယ်လိုပုံစံရှိပြီး လူသားတွေနဲ့ ဘယ်လိုကွာခြားမှုတွေရှိတယ်ဆိုတာ သိချင်မိတယ်။ ကျုပ်ယူမယ်ကွာ"

"အိပ်မက်မက်နေလိုက်လေ၊ အဲဒါက ကျုပ်ဟာပဲ"

လူများစွာက ရွယ်နင်ရှင်းအား စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေကြသည်။

ရွယ်နင်ရှင်း၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်နေ၏။ လုမင်၏ သတ်ဖြတ်လိုစိတ်မှာတော့ ပို၍ပင် အားကောင်းလာတော့သည်။

"အဆင့်မြင့်ကျောက်ကြမ်း တစ်သိန်းခွဲပေးမယ်"

"တစ်သိန်းခြောက်သောင်း ပေးမယ်"

"နှစ်သိန်းကွ"

"...."

လူများက စတင် ဈေးပေးလာကြသည်။ လူအုပ်ကြီးက စိတ်အားထက်သန်စွာဖြင့် ဈေးပေးကြ၏။ မကြာမီ၊ ဈေးနှုန်းက ‌အဆင့်မြင့်ကျောက်ကြမ်း သုံးသိန်းအထိ ရောက်လာတော့သည်။

သူတော်စင်တစ်ပိုင်းအဆင့် အစစ်အမှန်နဂါးကို အဆင့်မြင့် ကျောက်ကြမ်းသုံးသိန်း ပေးဝယ်ခြင်းက ကျိန်းသေပေါက် ဈေးကြီးသည်။

အဆင့်မြင့် ကျောက်ကြမ်းတစ်ခုက အလယ်အလတ်တန်းစား ကျောက်ကြမ်းတစ်သောင်းနှင့် ညီမျှ၏။

အဆင့်မြင့်ကျောက်ကြမ်း သုံးသိန်းက အလယ်အလတ်တန်းစား ကျောက်ကြမ်း သုံးဘီလီယံနှင့် ညီမျှသည်။

"လေးသိန်း"

လုမင်၏ အသံ ထွက်ပေါ်လာသည်။ သူက ဈေးနှုန်းကို တစ်သိန်းတိတိ တိုးပေးလိုက်၏။

လူတော်တော်များများက တစ်သိန်းတိတိ ဈေးမြှင့်လိုက်ခြင်းကြောင့် ခေါင်းယမ်းကုန်ကြသည်။ ဤဈေးနှုန်းသည် အလွန်မြင့်မား၏။ သူတော်စင်တစ်ပိုင်းအဆင့် အစစ်အမှန်နဂါးအတွက် ဤဈေးနှုန်းက မတန်ပေ။

"လေးသိန်းခွဲ"

ထိုအချိန်တွင်၊ အသံတစ်ခု ထွက်ပေါ်လာသည်။ ဆိုးသွမ်းသော မျက်နှာအမူအရာဖြင့် လူငယ်တစ်ယောက်က လုမင်ကိုကြည့်ပြီး ပြောလိုက်သည်။

"ကောင်လေး၊ ငါ့ကိုယှဥ်ပြိုင်ချင်ရင် မင်းဘယ်လောက်ချမ်းသာလဲ ကြည့်ရအောင်"

"ငါးသိန်း"

မဆိုင်းမတွဘဲ လုမင်က ဈေးမြှင့်လိုက်သည်။

"ငါးသိန်းခွဲ"

ထိုလူငယ်ကလည်း မတွန့်ဆုတ်ပေ။

ဘေးနားတွင် အခြားလူများက ပင့်သက်ရှိုက်လိုက်မိကြသည်။ ငါးသိန်းခွဲ... ဤဈေးက အလွန်အံ့သြဖို့ကောင်းနေပြီ။ ထိုအချိန်တွင် လူအများစုက လေလံဆွဲခြင်းကို စွန့်လွှတ်ကာ ခေါင်းယမ်းလိုက်ကြသည်။

"ခြောက်သိန်း"

လုမင်က စျေးနှုန်းကို ဆက်လက်မြှင့်တင်ခဲ့သည်။

"ခြောက်သိန်းခွဲ"

တစ်ဖက်လူငယ်က ထပ်မံ ဈေးပေးလိုက်၏။ သို့သော်လည်း သူ့နှလုံးသားက နာကျင်လာသည်မှာ သိသာသည်။ ခြောက်သိန်းခွဲက အလွန် အံ့ဩဖွယ်ကောင်းသော ဈေးနှုန်းတစ်ခု ဖြစ်နေပြီ။ ၎င်းက အလယ်အလတ်တန်းစား မဟုတ်ဘဲ အဆင့်မြင့်ကျောက်ကြမ်း ဖြစ်သည်။

'ဟွမ်လင်၊ လုံချန်... ငါ့ကို ကျောက်ကြမ်းတွေ ခဏချေးပါ'

လုမင်က ဟွမ်လင်နှင့် လုံချန်တို့ထံ အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'ပြဿနာမရှိဘူး'

'မင်းလိုချင်သလောက်ပေးပါ'

ဟွမ်လင်နှင့် လုံချန်တို့က ပြောလိုက်၏။

"ဆယ်သိန်း"

ဤတစ်ကြိမ်တွင်၊ လုမင်က စျေးနှုန်းကို ဆယ်သိန်းအထိ တိုက်ရိုက်မြှင့်တင်ခဲ့သည်။

ရွယ်နင်ရှင်းကို ကယ်တင်နိုင်သရွေ့၊ သူသည် ကျောက်ကြမ်းမည်မျှ သုံးစွဲရပါစေ ဂရုမစိုက်ပေ။

"ဝှါး"

ကျယ်လောင်သော အသက်ပြင်းပြင်းရှူသံများကို နေရာအနှံ့မှ ကြားလာရသည်။ လုမင်က အမှန်တကယ်ပင် ဈေးနှုန်း ဆယ်သိန်းအထိ မြှင့်တင်လိုက်၏။

"ဒီလူက ဘယ်သူလဲဟ။ အစစ်အမှန်နဂါး မိန်းကလေးတစ်ယောက်အတွက် အဆင့်မြင့် ကျောက်ကြမ်းဆယ်သိန်းကို သုံးစွဲဖို့ ဆန္ဒရှိနေတယ်"

"ကျုပ်မှတ်မိပြီ၊ သူက လုမင်ပဲ။ သူ့ကို ဒီလောက်စိတ်အားထက်သန်သူဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ သူ့ဘေးမှာ ဟွမ်လင်လို မိန်းမလှလေး ရှိနေတာတောင်မှ ဒီအစစ်အမှန်နဂါးကိုဝယ်ဖို့ ငွေအများကြီး အကုန်အကျခံနေသေးတယ်။ သူ့ရဲ့အကြိုက်က တကယ်ကို ထူးခြားတယ်"

"လူငယ်လေးတွေက တကယ်ကို တက်ကြွပါပေတယ်"

အားလုံးက ဆွေးနွေးလိုက်ကြသည်။ လူကြီးတချို့ပင်လျှင် သက်ပြင်းချလိုက်ကြလေသည်။

"ဒီလူတွေ ဘာတွေလျှောက်ပြောနေကြတာလဲ မသိဘူး"

ဟွမ်လင် ရှက်ရွံ့သွားသည်။

အခြားသူများအပြင်၊ ဈေးပေးနေသော လူငယ်လေးပင်လျှင် မျက်နှာအမူအရာပြောင်းလဲသွားရသည်။ သူက ရုန်းကန်နေပုံရ၏။ အဆုံးတွင်၊ သူက ရွယ်နင်ရှင်းကို တွန့်ဆုတ်စွာဖြင့်ကြည့်ကာ ခေါင်းယမ်းလိုက်လေသည်။ သူက လေလံဆွဲတာကို စွန့်လွှတ်ခဲ့ကြောင်း ထင်ရှားသည်။

အဆင့်မြင့် ကျောက်ကြမ်းဆယ်သိန်းက အလွန်မြင့်မားသော တန်ကြေးပင်။

"ဆယ်သိန်း... ဆယ်သိန်းထက် စျေးပိုပေးမဲ့သူရှိသေးသလား။ ဒါက နှင်းနဂါးနော်၊ အစစ်အမှန်နဂါးမျိုးနွယ်မှာတောင် ဒါက အင်မတန် ရှားပါးတယ်ဆိုတာ သိထားရမယ်။ ပုံမှန်ဆိုရင် ငွေရှိရင်တောင်မှ ဝယ်လို့ရနိုင်တာမဟုတ်ဘူး"

စင်မြင့်ပေါ်မှ လူကြီးက ဈေးပိုပေးရန် မျှော်လင့်ရင်း ပြောလိုက်သည်။

သို့သော်လည်း လူအများ၏ မျက်လုံးအကြည့်များက တောက်လောင်နေသည့်တိုင် ခေါင်းယမ်းနေကြဆဲပင်။

အဆင့်မြင့် ကျောက်ကြမ်းဆယ်သိန်းက အလွန်မြင့်မားသည်။

"ဆယ်သိန်း၊ ဆယ်သိန်းထက် ဈေးပိုပေးမဲ့သူ ရှိသေးလား"

လူကြီးက ဆက်အော်လိုက်သည်။

သို့သော်လည်း လူကြီးက သုံးကြိမ်တိတိ အော်ခေါ်သည့်တိုင် မည်သူမျှ မပြောကြတော့ပေ။

"ကိုင်း၊ ဘယ်သူကမှ စျေးမပေးတော့ဘူးဆိုရင် ဒီနှင်းနဂါးက..."

လူကြီးက ကြေငြာရန် စကားစလိုက်သော်လည်း စကားမဆုံးမီ အခြားအသံတစ်ခုက နှောင့်ယှက်ခဲ့သည်။

"ခဏနေဦး၊ ဆယ့်တစ်သိန်းပေးမယ်"

အသံတစ်ခုကို ကြားလိုက်ရ၏။ ထို့နောက် စင်မြင့်နောက်ကွယ်မှ လူတချို့ ထွက်လာခဲ့သည်။

စင်မြင့်နောက်ကွယ်တွင် အခန်းအချို့ ရှိပေသည်။ ထို့နောက် ထိုနေရာမှ လူငယ်တစ်စု ထွက်လာခဲ့ကြသည်။

"ဝမ်ဖျင်ယန်း၊ ဝမ်ထျန်းပမ်း..."

လုမင်၏ မျက်လုံးများက အေးစက်သော အလင်းရောင်တို့ ထုတ်လွှတ်လိုက်သည်။

လူငယ်ဆယ်ယောက်ကျော်ရှိပြီး သူတို့အထဲမှ တချို့ကို လုမင် သိ၏။

၎င်းတို့မှာ ဝမ်ထျန်းပမ်း၊ ဝမ်ဖျင်ယန်းနှင့် ဝမ်ထျန်းလုံတို့ ဖြစ်ကြသည်။

ထို့ပြင် လုမင်က ကောင်းကင်ဝံပုလွေမျှော်စင်မှ ရှထို့နှင့် ကောင်းကင်ငှက်နန်းတော်မှ သခင်လေးထျန်းရင်တို့ကိုလည်း တွေ့ရသေးသည်။ ကျန်လူများကိုတော့ လုမင် မသိပါ။

ယခုအချိန်တွင် လေလံဆွဲခဲ့သူမှာ ဝမ်ဖျင်ယန်း ဖြစ်သည်။

"သခင်လေးတို့ ဒီကို ဘယ်လိုလုပ်ရောက်လာကြတာလဲ"

စင်မြင့်ပေါ်မှ လူကြီးက ဝမ်ဖျင်ယန်းနှင့် အခြားသူများကို ဦးညွတ်လိုက်သည်။

"ဒီမှာ လေလံတင်ဖို့ ရှားရှားပါးပါး နှင်းနဂါးတစ်ကောင်ရှိတယ်တဲ့။ ဒါကြောင့် ကျုပ်တို့လည်း စိတ်ဝင်စားပြီး ကြည့်ဖို့ရောက်လာခဲ့ကြတာ"

ဝမ်ဖျင်ယန်းက ပြောပြီးသည်နှင့် လုမင်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်နေ၏။

'လုမင်၊ ဒီလူငယ်တွေက အလုံးစုံဝိညာဉ်အလဲအလှယ်ကို တည်ထောင်ခဲ့တဲ့ အင်အားစုတွေကပဲ'

ဟွမ်လင်က လုမင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်သည်။ သူက အေးစက်စက်ဖြင့် ဝမ်ဖျင်ယန်းကို လှမ်းကြည့်ပြီး အော်ပြောလိုက်၏။

"ဆယ့်နှစ်သိန်း"

"ဟားဟားဟား... လုမင်၊ မင်းက ဒီနှင်းနဂါးကို ဒီလောက်စိတ်ဝင်စားနေမယ်လို့ ငါမမျှော်လင့်ထားဘူး။ ဒါပေမဲ့ ငါလည်း အဲဒါကို အရမ်းစိတ်ဝင်စားတယ်၊ ဆယ့်သုံးသိန်း"

ဝမ်ဖျင်ယန်းက ရယ်မောပြီး ဈေးမြှင့်လိုက်သည်။

"ဆယ့်ငါးသိန်း"

လုမင်က မျက်တောင်တစ်ချက်မခတ်ဘဲ ဈေးကို နှစ်သိန်းတိုးလိုက်၏။

"ဆယ့်ခြောက်သိန်း"

"သိန်းနှစ်ဆယ်"

နောက်ဆုံးတွင်၊ လုမင်က လူတိုင်းကို နှုတ်ဆိတ်စေသည့် ဈေးနှုန်း သိန်းနှစ်ဆယ်အထိ တိုးမြှင့်ခဲ့သည်။

ဝမ်ဖျင်ယန်းလည်း အနည်းငယ် အံ့အားသင့်သွားပြီး စျေးနှုန်းကို ဆက်လက် မမြှင့်တင်တော့ပေ။ သူက လုမင်ကိုတစ်ချက်ကြည့်ပြီးနောက် ရွယ်နင်ရှင်းကို ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်လေသည်။

"ငါနားလည်ပါပြီ၊ လုမင်... မင်းက ဒီနှင်းနဂါးကို သိတယ်မဟုတ်လား။ မင်းက ဈေးအရမ်းပေးနေတာ မဆန်းတော့ပါဘူး"

လုမင်က ဘာမှပြန်မပြောဘဲ ဝမ်ဖျင်ယန်းကို အေးစက်စက်ဖြင့် ကြည့်နေသည်။

ဝမ်ဖျင်ယန်း၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူက အသံကျယ်ကျယ်ဖြင့် ဆက်ပြောလိုက်၏။

"ဒီလိုဆိုရင် ငါတို့ ဒီနှင်းနဂါးကို ရောင်းမှာ မဟုတ်ဘူး"

"မင်းဘာပြောလိုက်တာလဲ"

လုမင်၏ မျက်လုံးများတွင် ကြောက်စရာကောင်းသော အလင်းရောင်တို့ လင်းလက်လာသည်။

"မင်း နားမကြားဘူးလား၊ ငါမင်းကို ပြောလိုက်မယ်။ ငါတို့က ဒီနှင်းနဂါးကို မရောင်းတော့ဘူး။ အလုံးစုံဝိညာဉ်အလဲအလှယ်က ငါတို့ အင်အားစုလေးခုက တည်ထောင်ခဲ့တာပဲလေ။ ရောင်းတာ မရောင်းတာက ငါတို့ရဲ့ သဘောဆန္ဒအတိုင်းပဲ"

ဝမ်ဖျင်ယန်းက လှောင်ပြောင်လိုက်သည်။

"ရှားရှားပါးပါး လှပတဲ့ နှင်းနဂါးလေး... အမှန်အတိုင်းပြောရရင် ငါ အရင်က ဒါမျိုးကို မကစားခဲ့ဖူးဘူး။ အခုတော့ တစ်ကောင်တွေ့ရပြီမို့ သိမ်းထားလိုက်တော့မယ်"

"ညီနောင်ဝမ်၊ မင်းတစ်ယောက်တည်း မရနိုင်ဘူး"

ဘေးတွင်၊ ရှထို့က အပူမီးတို့ တောက်လောင်နေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။

"ဟားဟားဟား၊ ဟုတ်ပါတယ်။ ငါတို့အားလုံးက ညီအစ်ကိုတွေပဲ။ လူတိုင်းမှာ မျှဝေခံစားခွင့်ရှိတယ်"

ဝမ်ဖျင်ယန်းက ရယ်မောလိုက်၏။ သူက လုမင်သိစေရန် တမင်ပြောဆိုနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

လုမင်၏ သတ်ဖြတ်လိုစိတ်က ပို၍ ပြင်းထန်လာတော့သည်။

လုမင်၏ ဒေါသထွက်နေသော အမူအရာကိုမြင်သောအခါ ဝမ်ဖျင်ယန်း၊ ဝမ်ထျန်းပမ်းနှင့် တခြားသူများက ကျေနပ်သွားကြသည်။ လက်စားချေနိုင်ခြင်း၏ ကျေနပ်ဝမ်းမြောက်မှုကိုလည်း ခံစားခဲ့ကြရပေသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သန်မာလျှင်ပင် ဘာဖြစ်သေးသနည်း။ ဒါက သူတို့၏ နယ်မြေ ဖြစ်သည်။ လုမင်က သူတို့ကို ဘာလုပ်နိုင်မည်နည်း။

All Chapters